မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် မှတ်မိသလား

သင် မှတ်မိသလား

မကြာ​သေး​မီ​က ထုတ်​ဝေ​ခဲ့​တဲ့ ကင်း​မျှော်​စင်​စာ​စောင်​တွေ​ကို သင် သေသေချာ​ချာ​ဖတ်​ရှု​သလား။ အောက်​ပါ​မေး​ခွန်း​တွေ​ကို သင် ဖြေနိုင်​သလား​ဆို​တာ စမ်း​ကြည့်​ပါ–

မဿဲ ၁၈:၁၅–၁၇ မှာ ပါ​တဲ့ အကြံ​ဉာဏ်​မှာ ဘယ်​အပြစ်​မျိုး​ကို ယေရှု ပြောနေ​တာ​လဲ။

သက်​ဆိုင်​သူ​တွေ အချင်း​ချင်း ဖြေရှင်း​လို့​ရ​နိုင်​တဲ့​ကိစ္စ​တွေ​ကို ယေရှု ပြော​နေ​တာ​ဖြစ်​တယ်။ ဖြေရှင်း​လို့ မရ​ရင် နှင်​ထုတ်​နိုင်​လောက်​တဲ့​အထိ ကြီး​လေး​တဲ့​အပြစ်​မျိုး ဖြစ်တယ်။ ဥပမာ၊ အသရေ​ဖျက်​မှု၊ လိမ်​လည်​မှု​တို့ ဖြစ်နိုင်​တယ်။—w​16.05 စာ. ၇

ကျမ်း​စာ​ဖတ်​ရှု​ခြင်း​က​နေ ပို​အကျိုး​ရ​အောင် ဘာ​လုပ်​နိုင်​သလဲ။

အောက်​ပါ​အတိုင်း လုပ်​ပါ– အမြင်​ကျယ်​ကျယ်​ထား​ပြီး ဖတ်​ရှု​ပါ။ လက်​တွေ့​ကျင့်​သုံး​နိုင်​တဲ့ အချက်​တွေ​ကို ရှာ​ဖွေ​ပါ။ ‘ဒီ​အချက်​ကို သုံး​ပြီး တ​ခြား​သူ​တွေ​ကို ငါ​ဘယ်​လို ကူညီ​ပေး​နိုင်​သလဲ’ စ​တဲ့ မေး​ခွန်း​တွေ ကိုယ့်​ကိုယ်​ကိုယ် မေး​ပါ။ ဖတ်​နေ​တဲ့​အကြောင်း​ကို ရှာ​ဖွေ​လေ့​လာ​ဖို့ ရ​နိုင်​တဲ့​ကိ​ရိ​ယာ​တွေ​ကို အသုံး​ပြု​ပါ။—w​16.05 စာ. ၂၄-၂၆

ခ​ရစ်​ယာန်​တစ်​ယောက် ရှင်​ပြန်​ထမြောက်​ခြင်း​ကို ယုံ​ကြည်​ပေမဲ့ ဝမ်းနည်း​ပူ​ဆွေး​တာ မှား​သလား။

ရှင်​ပြန်​ထ​မြောက်​ခြင်း​ကို ယုံ​ကြည်​ခြင်း​က ခရစ်​ယာန်​တစ်​ယောက် ခံစား​ရ​နိုင်​တဲ့ ဆုံး​ၡုံး​မှု​ကို မဖြေဖျောက်​ပေး​နိုင်​ဘူး။ စာ​ရာ​သေဆုံး​ချိန်မှာ အာဗြဟံ ငို​ကြွေး​မြည်​တမ်း​ခဲ့​တယ်။ (က. ၂၃:၂) တ​ဖြည်း​ဖြည်း ဝမ်း​နည်း​ပူ​ဆွေး​မှု လျော့​ပါး​လာ​ပါ​လိမ့်​မယ်။—wp​16.3 စာ. ၄

ယေဇကျေလ အခန်း​ကြီး ၉ မှာ​ ဖော်ပြထား​တဲ့ မင်​အိုး​ပါ​တဲ့​သူ​နဲ့ ကွပ်မျက်​စ​ရာ လက်​နက် ကိုင်​ထား​တဲ့ လူခြောက်​ယောက်​က ဘယ်​သူ​တွေ​ကို ပုံဆောင်​သလဲ။

သူတို့​ဟာ ဂျေရု​ဆ​လင်​မြို့ ဖျက်​ဆီး​ခြင်း​မှာ ပါ​ဝင်​ခဲ့​တဲ့၊ အာ​မဂေဒုန် ဖျက်​ဆီး​ခြင်း​မှာ ပါဝင်​ဦး​မယ့် ကောင်း​ကင်​စစ်​တပ်​ကို ပုံ​ဆောင်​တယ်။ ဒီ​နေ့​ခေတ် ပြည့်​စုံ​မှု​မှာ မင်​အိုး​ပါ​တဲ့​သူ​က ကယ်​တင်​ခံ​ရ​မယ့်​သူ​တွေ​ကို မှတ်​သား​တဲ့ ယေရှု​ခ​ရစ်​ကို ပုံ​ဆောင်​တယ်။—w​16.06 စာ. ၁၆-၁၇

ကျမ်း​စာ​ဟာ ဘယ်​လို အန္တရာယ်​တွေ​ကြား​မှာ ဆက်​တည်​ရှိ​ခဲ့​သလဲ။

(၁) ကျူ​ရွက်၊ သား​ရေ​စ​တဲ့ ပျက်​စီး​နိုင်တဲ့​ စာရေး​ကိ​ရိ​ယာ၊ (၂) ကျမ်း​စာ​ကို ဖျက်​ဆီး​ဖို့ ကြိုး​စား​ခဲ့​တဲ့ နိုင်​ငံ​ရေး၊ ဘာ​သာ​ရေး ခေါင်း​ဆောင်​တွေ​ရဲ့ ဆန့်​ကျင်​မှု၊ (၃) ကျမ်း​စာ​သတင်း​တ​ရား​ကို ပြောင်း​လဲ​ဖို့ လူ​တ​ချို့​ရဲ့ ကြိုး​စား​မှု။—wp​16.4 စာ. ၄-၇

ခ​ရစ်​ယာန်​တစ်​ယောက် ဘဝ​ကို ဘယ်​နည်း​တွေ​နဲ့ ရိုး​ရှင်း​စေ​နိုင်​သလဲ။

တ​ကယ်​လို​အပ်​တဲ့ ပစ္စည်း​တွေ​ကို စာ​ရင်း​လုပ်​ပါ။ မလို​အပ်​တဲ့ အသုံး​စ​ရိတ်​ကို လျှော့​ချ​ပါ။ လက်​တွေ့​ကျ​တဲ့ ဘတ်​ဂျက်​တစ်​ခု ရေး​ဆွဲ​ပါ။ မသုံး​တဲ့​ပစ္စည်း​တွေ​ကို ရှင်း​ထုတ်​ပါ။ အကြွေး​တွေ​ကို အမြန်​ဆုံး ပြန်​ဆပ်​ပါ။ အလုပ်​ချိန် လျှော့​ချ​ပါ။ အမှု​ဆောင်​လုပ်ငန်း တိုး​ချဲ့​ဖို့ စီစဉ်​ပါ။—w​16.07 စာ. ၁၀

ရွှေ​ငွေ​ထက် တန်​ဖိုး​ရှိ​တဲ့ ဘယ်​အရာ​ကို ကျမ်း​စာ​မှာ ဖော်ပြထား​သလဲ။

ဘု​ရား​ရေးရာ ဉာဏ်​ပညာ​ဟာ ရွှေ​ငွေ​ထက် တန်​ဖိုး​ရှိ​တယ်​လို့ ယောဘ ၂၈:၁၂၊ ၁၅ မှာ ဖော်ပြထား​တယ်။ ဉာဏ်​ပညာ​ကို ရှာ​ဖွေ​စဉ် နှိမ့်​ချ​နေ​ဖို့၊ ယုံ​ကြည်​ခြင်း ခိုင်​မာ​နေ​ဖို့ ကြိုး​စား​အား​ထုတ်​ပါ။—w​16.08 စာ. ၁၈-၁၉

ညီ​အစ်​ကို​တစ်​ယောက် မုတ်​ဆိတ်​မွေး​ထား​တာ သင့်​တော်​သလား။

ယဉ်​ကျေး​မှု​တ​ချို့​မှာ သပ်​သပ်​ရပ်ရပ် တိထား​တဲ့ မုတ်​ဆိတ်​မွေး​ဟာ သင့်​တော်​ပြီး သတင်း​ကောင်း​ကို​လည်း အတား​အဆီး မဖြစ်​စေ​ဘူး။ တ​ချို့​က​တော့ မထား​ဖို့ ဆုံး​ဖြတ်​ကြ​တယ်။ (၁ ကော. ၈:၉) ယဉ်​ကျေး​မှု​တ​ချို့​နဲ့ နိုင်​ငံ​တွေ​မှာ​ကျ​တော့ မုတ်​ဆိတ်​မွေး ထား​တာ ယေဟော​ဝါ သက်​သေတွေ​အတွက် မသင့်​တော်​ဘူး​လို့ ယူ​ဆ​ကြ​တယ်။—w​16.09 စာ. ၂၁

ဒါဝိဒ်​နဲ့ ဂေါ​လျတ်​တို့​အကြောင်း ကျမ်း​စာ မှတ်​တမ်း​ကို ဘာ​ကြောင့် ယုံ​ကြည်​စိတ်ချ​နိုင်​သလဲ။

ဂေါ​လျတ်​ရဲ့​အရပ်​ဟာ အခု​ခေတ် အရပ်​အရှည်​ဆုံး​လို့ မှတ်​တမ်း​တင်​ခံ​ရ​သူ​ထက် ခြောက်​လက်​မပဲ ပို​ရှည်​တယ်။ ဒါဝိဒ်​ဟာ သက်​ရှိ​ထင်​ရှား​ခဲ့​တဲ့ တ​ကယ့်​ပု​ဂ္ဂိုလ်​ဖြစ်​တယ်။ ရှေး​ခေတ် ကျောက်​စာ​တစ်​ချပ်​မှာ ဒါဝိဒ်​ရဲ့ အိမ်​တော်​အကြောင်း ဖော်ပြထား​ပြီး ယေရှု​လည်း ပြော​ခဲ့​တယ်။ မှတ်​တမ်း​ပါ​ဖြစ်​ရပ်​တွေ​ဟာ တ​ကယ်​တည်​ရှိ​တဲ့ နေ​ရာ​တွေ​နဲ့ ကိုက်​ညီ​တယ်။—wp​16.5 စာ. ၁၃

အသိ​ပညာ၊ နား​လည်​နိုင်​စွမ်း၊ ဉာဏ်​ပညာ​တို့ ဘယ်​လို ကွာ​ခြား​သလဲ။

အသိ​ပညာ​ရှိ​တဲ့​သူ​က အချက်​အလက်​တွေ​ကို ဆည်း​ပူး​တယ်။ နား​လည်​နိုင်​စွမ်း​ရှိ​သူ​က အချက်​အလက်​တွေ​ကို ဆက်​စပ်​တတ်​တယ်။ ဉာဏ်​ပညာ​ရှိ​တဲ့​သူ​က​တော့ အသိ​ပညာ​နဲ့ နားလည်​နိုင်​စွမ်း​ကို ပေါင်း​ပြီး လက်​တွေ့​ကျကျ လုပ်​ဆောင်​နိုင်​တယ်။—w​16.10 စာ. ၁၈