ကင်းမျှော်စင်—လေ့လာရန် စာစောင် အောက်တိုဘာ ၂၀၁၆
ဒီလထုတ်မှာ ၂၀၁၆၊ နိုဝင်ဘာ ၂၈ ကနေ ဒီဇင်ဘာ ၂၅ အထိ လေ့လာမယ့် ဆောင်းပါးတွေ ပါဝင်တယ်။
ဘဝအတ္ထုပ္ပတ္တိ
ပုံသက်သေကောင်းတွေကို တုပဖို့ ကြိုးစားခြင်း
ရင့်ကျက်တဲ့ ခရစ်ယာန်တွေရဲ့ အားပေးမှုက အကျိုးရှိတဲ့ပန်းတိုင်တွေ ချမှတ်လိုက်နာနိုင်အောင် ကူညီပေးနိုင်တယ်။ တခြားသူတွေက သောမတ်စ် မက္ကလိန်းအတွက် ပုံသက်သေကောင်း ချမှတ်ခဲ့ပုံ၊ သူက တခြားသူတွေအတွက် ပုံသက်သေကောင်း ပြန်ချမှတ်ပေးခဲ့ပုံအကြောင်း ပြောပြထားတယ်။
သူစိမ်းတွေကို ကြင်နာမှုပြဖို့ မမေ့ပါနဲ့
သူစိမ်းတွေကို ဘုရားသခင် ဘယ်လို သဘောထားသလဲ။ အသင်းတော်မှာ နိုင်ငံခြားသားတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့ သင်ဘာလုပ်နိုင်သလဲ။
တိုင်းတစ်ပါးမှာ အမှုဆောင်စဉ် ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်း ထိန်းသိမ်းထားပါ
ကိုယ်တိုင်နဲ့ မိသားစု ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိဖို့ ခရစ်ယာန်တိုင်း အဓိကထား ကာကွယ်စောင့်ရှောက်သင့်တယ်။ သင်ဟာ တိုင်းတစ်ပါးမှာ အမှုဆောင်နေတယ်ဆိုရင် ထူးခြားတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရမယ်။
“လက်တွေ့ကျ ဉာဏ်ပညာကို ကာကွယ်စောင့်ရှောက်” နေသလား
လက်တွေ့ကျ ဉာဏ်ပညာကို ဘာက အသိပညာ၊ နားလည်နိုင်စွမ်းနဲ့ ကွာခြားစေသလဲ။ အဲဒီကွာခြားချက်ကို သိရှိခြင်းက အမှန်တကယ် အကျိုးပြုနိုင်တယ်။
မျှော်လင့်တဲ့အရာအပေါ် ယုံကြည်ခြင်း ခိုင်မာစေပါ
ရှေးခေတ်နဲ့ မျက်မှောက်ခေတ် ယုံကြည်ခြင်း ပုံနမူနာတွေကနေ ခွန်အားများစွာ ရရှိနိုင်တယ်။ သင့်ရဲ့ ယုံကြည်ခြင်း ခိုင်မာအောင် ဘယ်လို လုပ်ဆောင်နိုင်သလဲ။
ယေဟောဝါရဲ့ ကတိတွေကို ယုံကြည်ကြောင်း တင်ပြပါ
ယုံကြည်ခြင်းဆိုတာ ဘာလဲ။ ပိုအရေးကြီးတာက ယုံကြည်ခြင်းကို ဘယ်လို တင်ပြနိုင်သလဲ။
သင် သိပါသလား
ပထမရာစုတုန်းက ယုဒနယ်ကို အုပ်ချုပ်တဲ့ ဂျူးအာဏာပိုင်တွေကို ရောမတွေ လွတ်လပ်ခွင့် ဘယ်လောက် ပေးထားသလဲ။ ရှေးခေတ်တုန်းက တစ်ယောက်ယောက် သူတစ်ပါးရဲ့လယ်မှာ ပေါင်းမျိုးစေ့ ကြဲတာမျိုး တကယ် ဖြစ်နိုင်သလား။