လေ့လာရန် ဆောင်းပါး ၃
ဘုရားသခင်နဲ့ ခရစ်တော်ကို တခြားသိုးအဝင် လူအုပ်ကြီး ချီးမွမ်း
“ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဘုရားသခင်နဲ့ သိုးသငယ်ရဲ့ ကျေးဇူးတော်ကြောင့် ငါတို့ ကယ်တင်ခြင်း ရတာ။”—ဗျာ. ၇:၁၀။
သီချင်း ၁၄ မြေကြီးဘုရင်သစ်ကို ချီးမွမ်းခြင်း
အကြိုသုံးသပ်ချက် *
၁။ ၁၉၃၅ အစည်းအဝေးကြီးတစ်ခုမှာ ကြားရတဲ့ ဟောပြောချက်က လူငယ်တစ်ယောက်အပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲ။
ကျမ်းစာကျောင်းသားတွေလို့ အရင်က ခေါ်တဲ့ ယေဟောဝါသက်သေ မိသားစုတစ်စုမှာ သားသုံးယောက်၊ သမီးနှစ်ယောက် ရှိတယ်။ ယေဟောဝါဘုရားကို ဝတ်ပြုဖို့၊ ယေရှုခရစ်ကို တုပဖို့ သားသမီးတွေကို သင်ပေးတယ်။ ၁၉၂၆ မှာ ၁၈ နှစ်အရွယ် သားအလတ် နှစ်ခြင်းခံတယ်။ အဲဒီတုန်းက ကျမ်းစာကျောင်းသားအားလုံးလိုပဲ ဒီသစ္စာရှိ လူငယ်လေးဟာ နှစ်တိုင်း သခင့်ညစာစားပွဲမှာ မုန့်နဲ့ ဝိုင် သုံးဆောင်တယ်။ ဒါပေမဲ့ “လူအုပ်ကြီး” လို့ ခေါင်းစဉ် ရှိတဲ့ သမိုင်းဝင် ဟောပြောချက်ကြောင့် အနာဂတ် မျှော်လင့်ချက် ပြောင်းသွားတယ်။ အဲဒီဟောပြောချက်ကို ၁၉၃၅၊ အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီ အစည်းအဝေးကြီးမှာ ဂျေ အက်ဖ် ရပ်သဖော့ ဟောခဲ့တယ်။ အဲဒီအစည်းအဝေးမှာ ကျမ်းစာကျောင်းသားတွေ ဘာအကြောင်း သိခဲ့ရသလဲ။
၂။ ဘယ်စိတ်လှုပ်ရှားစရာ အမှန်တရားကို ညီအစ်ကို ရပ်သဖော့ ရှင်းပြသလဲ။
၂ ဗျာဒိတ် ၇:၉ မှာ ဖော်ပြထားတဲ့ “လူအုပ်ကြီး” မှာ ဘယ်သူတွေ ပါမယ်ဆိုတာ ညီအစ်ကို ရပ်သဖော့ ရှင်းပြတယ်။ အဲဒီအချိန်ထိ ဒီအုပ်စုဟာ ဘိသိက်ခံတွေလောက် သစ္စာမတည်ကြည်တဲ့ ဒုတိယ ကောင်းကင်အတန်းအစား ဖြစ်တယ်လို့ လက်ခံထားကြတာ။ လူအုပ်ကြီးဟာ ကောင်းကင်သွားဖို့ ရွေးချယ်မခံရကြောင်း၊ “ကြီးစွာသောဒုက္ခ” ကနေ လွတ်မြောက်ပြီး မြေကြီးပေါ် ထာဝစဉ် အသက်ရှင်မယ့် ခရစ်တော်ရဲ့ တခြားသိုးတွေ * ဖြစ်ကြောင်း ညီအစ်ကို ရပ်သဖော့ ကျမ်းချက်တွေနဲ့ ရှင်းပြတယ်။ (ဗျာ. ၇:၁၄) “ဒီသိုးခြံထဲက မဟုတ်တဲ့ တခြားသိုးတွေကို ကျွန်တော် ပိုင်သေးတယ်။ အဲဒီသိုးတွေကိုလည်း ဦးဆောင်ရမယ်။ သူတို့က ကျွန်တော့်အသံကို နားထောင်တယ်။ ဒါကြောင့် သိုးတစ်အုပ်တည်း၊ သိုးထိန်းတစ်ယောက်တည်း ဖြစ်လိမ့်မယ်” လို့ ယေရှု ကတိပေးတယ်။ (ယော. ၁၀:၁၆) အဲဒီ “တခြားသိုး” ဆိုတာ မြေကြီး ပရဒိသုမှာ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိတဲ့ သစ္စာရှိ ယေဟောဝါသက်သေတွေ ဖြစ်တယ်။ (မ. ၂၅:၃၁-၃၃၊ ၄၆) ဒီကျမ်းစာအမှန်တရား နားလည်မှုသစ်က အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ၁၈ နှစ်အရွယ် ညီအစ်ကိုလေး အပါအဝင် ယေဟောဝါကျေးကျွန်များစွာရဲ့ အသက်တာကို ဘယ်လို ပြောင်းလဲစေခဲ့ကြောင်း ကြည့်ကြစို့။—ဆာ. ၉၇:၁၁။ ပညာ. ၄:၁၈။
နားလည်မှုသစ်က လူထောင်ပေါင်းများစွာရဲ့ အသက်တာကို ပြောင်းလဲစေ
၃-၄။ ၁၉၃၅ အစည်းအဝေးကြီးမှာ ထောင်နဲ့ချီတဲ့ လူတွေဟာ သူတို့ရဲ့ မျှော်လင့်ချက်နဲ့ပတ်သက်ပြီး ဘာကို သဘောပေါက်သွားသလဲ။ ဘာကြောင့်လဲ။
၃ “မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူအားလုံး မတ်တတ်ရပ်ပေးပါ” လို့ ဟောပြောသူ ပြောလိုက်တဲ့အခါ ၂၀,၀၀၀ လောက် ရှိတဲ့ ပရိသတ်ထဲက ထက်ဝက်ကျော် မတ်တတ်ရပ်ကြတယ်လို့ မျက်မြင်သက်သေတစ်ယောက် ပြောပြတယ်။ “ကြည့်လိုက်ပါ။ တကယ့် လူအုပ်ကြီးပါပဲ” လို့ ညီအစ်ကို ရပ်သဖော့ ပြောလိုက်တဲ့အခါ ပရိသတ်အားလုံး ဝမ်းသာအားရ လက်ခုပ်တီးကြတယ်။ မိမိတို့ ကောင်းကင်သွားဖို့ ရွေးချယ်မခံရကြောင်း၊ စွမ်းအားတော်နဲ့ ဘိသိက်ပေးမခံရကြောင်း မတ်တတ်ရပ်သူတွေ သဘောပေါက်ကြတယ်။ နောက်နေ့မှာ လူသစ် ၈၄၀ နှစ်ခြင်းခံတယ်။ သူတို့ထဲက အများစုဟာ တခြားသိုးတွေ ဖြစ်တယ်။
၄ အဲဒီဟောပြောချက်ကို ကြားပြီးနောက် အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ လူငယ်လေး အပါအဝင် ထောင်နဲ့ချီတဲ့ တခြားသူတွေဟာ သခင့်ညစာစားပွဲမှာ မုန့်နဲ့ ဝိုင် မသုံးဆောင်ကြတော့ဘူး။ “၁၉၃၅ ခုနှစ် အောက်မေ့ရာပွဲဟာ ကျွန်တော် မုန့်နဲ့ ဝိုင် သုံးဆောင်တဲ့ နောက်ဆုံးနှစ်ပဲ။ ကောင်းကင်သွားဖို့ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးမခံရမှန်း၊ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ပြီး ကမ္ဘာကို ပရဒိသု ဖြစ်လာအောင် ကူညီပေးဖို့ မျှော်လင့်ချက် ရှိမှန်း သဘောပေါက်သွားလို့ပါ” ဆိုပြီး ညီအစ်ကိုတစ်ယောက် နှိမ့်ချစွာ ပြောခဲ့တာကို လူများစွာ သဘောတူကြတယ်။ (ရော. ၈:၁၆၊ ၁၇။ ၂ ကော. ၁:၂၁၊ ၂၂) အဲဒီအချိန်ကစပြီး အရေအတွက် တိုးပွားလာတဲ့ လူအုပ်ကြီးဟာ ဘိသိက်ခံ အကြွင်းအကျန် * နဲ့ ပူးပေါင်းလုပ်ဆောင်နေကြတယ်။
၅။ မုန့်နဲ့ ဝိုင် မသုံးဆောင်တော့သူတွေကို ယေဟောဝါ ဘယ်လို ရှုမြင်သလဲ။
၅ ၁၉၃၅ နောက်ပိုင်း မုန့်နဲ့ ဝိုင် မသုံးဆောင်တော့သူတွေကို ယေဟောဝါ ဘယ်လို ရှုမြင်သလဲ။ ဒီနေ့အချိန်မှာ နှစ်ခြင်းခံပြီးသား သက်သေခံတစ်ယောက်ဟာ သခင့်ညစာစားပွဲမှာ မုန့်နဲ့ ဝိုင် သုံးဆောင်နေပြီး ကိုယ် တကယ် ဘိသိက်ပေးမခံရမှန်း နောက်မှ နားလည်သွားတယ်ဆိုရင်ကော။ (၁ ကော. ၁၁:၂၈) တချို့က ကိုယ့်မျှော်လင့်ချက်နဲ့ပတ်သက်ပြီး နားလည်မှု လွဲနေလို့ သုံးဆောင်ခဲ့ကြတာ။ ဒါပေမဲ့ အမှားကို နှိမ့်ချစွာ အသိအမှတ်ပြုပြီး မုန့်နဲ့ ဝိုင် မသုံးဆောင်တော့ဘူး၊ ယေဟောဝါကို သစ္စာရှိရှိ ဆက်ဝတ်ပြုတယ်ဆိုရင် တခြားသိုးအဖြစ် သူတို့ကို ဘုရား လက်ခံမှာ သေချာပါတယ်။ မုန့်နဲ့ ဝိုင် မသုံးဆောင်တော့ပေမဲ့ သူတို့အတွက် ယေဟောဝါနဲ့ ယေရှု လုပ်ဆောင်ပေးခဲ့တာတွေကို ကျေးဇူးတင်လေးမြတ်လို့ အောက်မေ့ရာပွဲကိုတော့ တက်ကြတယ်။
အံ့ဖွယ် မျှော်လင့်ချက်
၆။ ကောင်းကင်တမန်တွေကို ဘာလုပ်ဖို့ ယေရှု အမိန့်ပေးသလဲ။
၆ ကြီးစွာသောဒုက္ခ မကြာခင် ရောက်တော့မှာ ဖြစ်လို့ ဘိသိက်ခံ ခရစ်ယာန်တွေနဲ့ တခြားသိုးအဝင် လူအုပ်ကြီးအကြောင်း ဗျာဒိတ် အခန်းကြီး ၇ မှာ ဘာပြောထားသေးသလဲဆိုတာ ဆွေးနွေးတာက ကျွန်တော်တို့ကို အားရှိစေပါလိမ့်မယ်။ အရပ်လေးမျက်နှာက ဖျက်ဆီးခြင်းလေကို ဆုပ်ကိုင်ထားဖို့ ကောင်းကင်တမန်တွေကို ယေရှု အမိန့်ပေးတယ်။ ဘိသိက်ခံအားလုံးကို တံဆိပ်ခတ်လို့ မပြီးမချင်း၊ တစ်နည်းအားဖြင့် သူတို့ကို ယေဟောဝါ အပြီးသတ် အတည်မပြုမချင်း မြေကြီးပေါ် လေတွေ မတိုက်ခတ်စေဖို့ ဖြစ်တယ်။ (ဗျာ. ၇:၁-၄) ခရစ်တော်ရဲ့ ဘိသိက်ခံ ညီတွေဟာ သူတို့ရဲ့ သစ္စာရှိမှုကြောင့် ကောင်းကင်မှာ ဘုရင်တွေ၊ ပုရောဟိတ်တွေအဖြစ် ဆုချခံရမယ်။ (ဗျာ. ၂၀:၆) ဘိသိက်ခံ ၁၄၄,၀၀၀ အားလုံး ကောင်းကင်ဆုကျေးဇူး ရရှိချိန်မှာ ယေဟောဝါ၊ ယေရှုနဲ့ ကောင်းကင်တမန်တွေ သိပ်ပျော်ကြပါလိမ့်မယ်။
၇။ ဗျာဒိတ် ၇:၉၊ ၁၀ မှာ ဘယ်သူတွေကို ယောဟန် မြင်သလဲ။ သူတို့ ဘာလုပ်နေသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၇ ဘုရင်၊ ပုရောဟိတ် ၁၄၄,၀၀၀ အကြောင်း ပြောပြီးနောက် အာမဂေဒုန်ကနေ လွတ်မြောက်လာတဲ့ “လူအုပ်ကြီး” ကို ယောဟန် မြင်တယ်။ ဘိသိက်ခံတွေနဲ့ မတူဘဲ လူအုပ်ကြီးဟာ အရေအတွက် ပိုများတယ်။ အကန့်အသတ် မရှိဘူး။ (ဗျာဒိတ် ၇:၉၊ ၁၀ ကိုဖတ်ပါ။) “ဝတ်လုံဖြူ ဝတ်ဆင်ထားတယ်။” ဒါက စာတန့်လောကရဲ့ “မသန့်ရှင်းတဲ့ လမ်းစဉ်နဲ့ ကင်းကင်းရှင်းရှင်း နေ” ပြီး ဘုရားနဲ့ ခရစ်တော်အပေါ် သစ္စာရှိနေတာကို ပြတယ်။ (ယာ. ၁:၂၇) ယေဟောဝါနဲ့ သိုးသငယ် ယေရှုရဲ့ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း ရတာလို့ ကြွေးကြော်ကြတယ်။ စွန်ပလွံခက်တွေကိုလည်း ကိုင်ထားတယ်။ ဒါက ယေဟောဝါ ခန့်အပ်ထားတဲ့ ဘုရင်အဖြစ် ယေရှုကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြောင်း ပြတယ်။—ယောဟန် ၁၂:၁၂၊ ၁၃ နဲ့နှိုင်းယှဉ်ပါ။
၈။ ဗျာဒိတ် ၇:၁၁၊ ၁၂ မှာ ယေဟောဝါရဲ့ ကောင်းကင်မိသားစုအကြောင်း ဘာပြောထားသလဲ။
၈ ဗျာဒိတ် ၇:၁၁၊ ၁၂ ကိုဖတ်ပါ။ ကောင်းကင်မှာ ရှိသူတွေ ဘယ်လို တုံ့ပြန်သလဲ။ လူအုပ်ကြီးကို မြင်တဲ့အခါ ယေဟောဝါရဲ့ ကောင်းကင်မိသားစုဝင် အားလုံး ဝမ်းသာပြီး ဘုရားကို ချီးမွမ်းကြတယ်။ ကြီးစွာသောဒုက္ခကနေ လူအုပ်ကြီး လွတ်မြောက်လာချိန်မှာလည်း ဝမ်းသာကြပါဦးမယ်။
၉။ ဗျာဒိတ် ၇:၁၃-၁၅ အရ လူအုပ်ကြီး အခု ဘာလုပ်နေသလဲ။
၉ ဗျာဒိတ် ၇:၁၃-၁၅ ကိုဖတ်ပါ။ လူအုပ်ကြီးဟာ “သူတို့ရဲ့ ဝတ်လုံကို သိုးသငယ်ရဲ့ သွေးနဲ့ ဖြူအောင် လျှော်ဖွပ်ခဲ့ကြ” တယ်လို့ ယောဟန် ပြောတယ်။ ဒါက ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိတာ၊ ယေဟောဝါရှေ့ ဖြောင့်မတ်တဲ့ အနေအထား ရှိတာကို ဆိုလိုတယ်။ (ဟေရှာ. ၁:၁၈) သူတို့ဟာ ယေရှုရဲ့ ပူဇော်သကာကို ယုံကြည်သက်ဝင်ပြီး ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတဲ့ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တွေ ဖြစ်တယ်။ (ယော. ၃:၃၆။ ၁ ပေ. ၃:၂၁) ဒါကြောင့် ဘုရားရဲ့ ရာဇပလ္လင်ရှေ့ ရပ်ပြီး ပုံဆောင်ဗိမာန်တော်ရဲ့ မြေကြီးရင်ပြင်မှာ “နေ့ညမပြတ် အမှုဆောင်” ခွင့် ရကြတယ်။ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ဇွဲထက်သန်စွာ ပါဝင်ပြီး နိုင်ငံတော်ကို ဦးစားထားနေကြတယ်။—မ. ၆:၃၃။ ၂၄:၁၄။ ၂၈:၁၉၊ ၂၀။
၁၀။ လူအုပ်ကြီး ဘာကို စိတ်ချသလဲ။ ဘယ်ကတိ ပြည့်စုံလာမလဲ။
၁၀ ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာတဲ့ လူအုပ်ကြီးဟာ ဘုရားရဲ့ ဂရုစိုက်မှု ဆက်ခံစားရမှာကို စိတ်ချကြတယ်။ “ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့အရှင်က သူတို့ကို ကာကွယ်စောင့်ရှောက်” မှာ ဖြစ်လို့ပဲ။ “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး” ဆိုတဲ့ ကတိ ပြည့်စုံလာမယ်။—ဗျာ. ၂၁:၃၊ ၄။
၁၁-၁၂။ (က) ဗျာဒိတ် ၇:၁၆၊ ၁၇ အရ လူအုပ်ကြီးအတွက် ဘယ်ကောင်းချီးတွေ စောင့်ကြိုနေသလဲ။ (ခ) အောက်မေ့ရာပွဲမှာ တခြားသိုးတွေ ဘာလုပ်နိုင်သလဲ။ ဘာကြောင့်လဲ။
ဗျာဒိတ် ၇:၁၆၊ ၁၇ ကိုဖတ်ပါ။ ဒီနေ့ ယေဟောဝါရဲ့ ကျေးကျွန်တချို့ဟာ စီးပွားရေး အကျပ်အတည်း၊ ပြည်တွင်း မငြိမ်သက်မှုနဲ့ စစ်ပွဲတွေကြောင့် ဆာလောင်မှုဒဏ်ကို ခံစားနေကြတယ်။ တချို့က ယုံကြည်ချက်ကြောင့် ထောင်ကျနေတယ်။ ဒါပေမဲ့ ဒီစနစ်ဆိုး ပျက်စီးခြင်းကနေ လွတ်မြောက်ပြီးနောက်မှာ ပကတိ အစာကော ပုံဆောင်အစာပါ အလျှံပယ် ရမယ်ဆိုတဲ့ အသိကြောင့် ပျော်ရွှင်နေကြတယ်။ စာတန့်စနစ် ဖျက်ဆီးခံရချိန် တိုင်းနိုင်ငံတွေအပေါ် သွန်းလောင်းမယ့် ယေဟောဝါရဲ့ အမျက်ဒေါသ၊ “ချစ်ချစ်တောက် အပူဒဏ်” ကို လူအုပ်ကြီး ခံရမှာ မဟုတ်ဘူး။ ကြီးစွာသောဒုက္ခ အဆုံးတိုင်ပြီးနောက် လွတ်မြောက်သူတွေကို “အသက်စမ်းရေဆီ” ယေရှု ပို့ဆောင်ပေးမယ်။ အသက်ရှင်နေသူ သန်းပေါင်းများစွာ ဘယ်တော့မှ မသေရတော့ဘူး။ အံ့ဖွယ် မျှော်လင့်ချက်ပါပဲ။—ယော. ၁၁:၂၆။
၁၁၁၂ အံ့ဖွယ် မျှော်လင့်ချက်အတွက် ယေဟောဝါနဲ့ ယေရှုကို တခြားသိုးတွေ သိပ်ကျေးဇူးတင်ကြတယ်။ ကောင်းကင်သွားဖို့ ရွေးချယ်မခံရပေမဲ့ ယေဟောဝါရှေ့မှာ သူတို့ရဲ့ တန်ဖိုးဟာ ဘိသိက်ခံတွေနဲ့ အတူတူပါပဲ။ နှစ်အုပ်စုလုံး ဘုရားနဲ့ ခရစ်တော်ကို ချီးမွမ်းနိုင်ကြတယ်။ ချီးမွမ်းနိုင်တဲ့ တစ်နည်းကတော့ သခင့်ညစာစားပွဲ တက်ရောက်ခြင်းပါပဲ။
အောက်မေ့ရာပွဲမှာ စိတ်နှလုံး အကြွင်းမဲ့ ချီးမွမ်းပါ
၁၃-၁၄။ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲကို ဘာကြောင့် တက်သင့်သလဲ။
၁၃ မကြာသေးခင် နှစ်တွေတုန်းက အောက်မေ့ရာပွဲ တက်ရောက်သူ ၁,၀၀၀ မှာ မုန့်နဲ့ ဝိုင် သုံးဆောင်သူ တစ်ယောက်လောက်ပဲ ရှိတယ်။ အသင်းတော် အများစုမှာ သုံးဆောင်သူ တစ်ယောက်မှ မရှိဘူး။ ဒါက တက်ရောက်သူအများစုဟာ မြေကြီးမျှော်လင့်ချက် ရှိသူတွေ ဖြစ်ကြောင်း ပြတယ်။ ဒါဆိုရင် သခင့်ညစာစားပွဲကို ဘာကြောင့် တက်ကြသလဲ။ မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာပွဲ တက်ရတဲ့ အကြောင်းရင်းနဲ့ အတူတူပါပဲ။ မင်္ဂလာမောင်နှံကို ချစ်ခင်လို့၊ အားပေးချင်လို့ တက်ကြတာ။ ဒီလိုပဲ တခြားသိုးတွေဟာ ခရစ်တော်နဲ့ ဘိသိက်ခံတွေကို ချစ်လို့၊ အားပေးထောက်ခံကြောင်း ပြချင်လို့ အောက်မေ့ရာပွဲ တက်ကြတယ်။ ယေရှုရဲ့ ပူဇော်သကာအတွက် ကျေးဇူးတင်ကြောင်း ပြချင်လို့လည်း ပါတယ်။ အဲဒီပူဇော်သကာကြောင့်သာ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ လမ်းပွင့်သွားတာ။
၁ ကော. ၁၁:၂၃-၂၆) ဒါကြောင့် တခြားသိုးတွေဟာ မြေကြီးပေါ်မှာ ဘိသိက်ခံ အကြွင်းအကျန် ရှိနေသရွေ့ သခင့်ညစာစားပွဲကို တက်ရောက်ကြမှာ ဖြစ်တယ်။ သူတို့နဲ့အတူ တက်ဖို့ လူတိုင်းကိုလည်း ဖိတ်ခေါ်ကြတယ်။
၁၄ အောက်မေ့ရာပွဲ တက်ရတဲ့ နောက်အရေးကြီး အကြောင်းရင်းကတော့ ယေရှုရဲ့ မိန့်မှာချက်ကို နာခံချင်လို့ပါ။ ဦးဆုံး ကျင်းပတဲ့ သခင့်ညစာစားပွဲမှာ ယေရှုက “ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲ လုပ်ပါ” လို့ သစ္စာရှိ တမန်တော်တွေကို မိန့်မှာတယ်။ (၁၅။ အောက်မေ့ရာပွဲမှာ ဘုရားနဲ့ ခရစ်တော်ကို ဘယ်လို ကိုယ်တိုင်ကိုယ်ကျ ချီးမွမ်းနိုင်သလဲ။
၁၅ အောက်မေ့ရာပွဲမှာ သီချင်းဆို၊ ဆုတောင်းတဲ့အခါ ဘုရားနဲ့ ခရစ်တော်ကို ချီးမွမ်းဖို့ အခွင့်အရေး ရကြတယ်။ ဒီနှစ်အတွက် အောက်မေ့ရာပွဲ ဟောပြောချက် ခေါင်းစဉ်ဟာ “သင့်အတွက် ဘုရားသခင်နဲ့ ခရစ်တော် လုပ်ဆောင်ပေးခဲ့ရာကို ကျေးဇူးတင်လေးမြတ်ပါ” ဖြစ်တယ်။ ဒီဟောပြောချက်က ယေဟောဝါနဲ့ ခရစ်တော်အပေါ် ကျေးဇူးတင်လေးမြတ်စိတ် တိုးများစေပါလိမ့်မယ်။ မုန့်နဲ့ ဝိုင်ကို လက်ဆင့်ကမ်းတဲ့အခါ အဲဒီအရာတွေ ကိုယ်စားပြုတဲ့ ယေရှုရဲ့ ကိုယ်ခန္ဓာနဲ့ သွေးအကြောင်း စဉ်းစားနေသင့်တယ်။ ကျွန်တော်တို့ အသက် ရဖို့ သားတော်ကို ယေဟောဝါ အသေခံစေခဲ့ကြောင်း အမှတ်ရနေသင့်တယ်။ (မ. ၂၀:၂၈) ကောင်းကင်ဖခင်နဲ့ သားတော်ကို ချစ်တဲ့သူတိုင်း အောက်မေ့ရာပွဲကို တက်ကြပါလိမ့်မယ်။
မျှော်လင့်ချက် ပေးတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်ပါ
၁၆။ ဘိသိက်ခံနဲ့ တခြားသိုးတွေမှာ ဘာတူညီချက်တွေ ရှိသလဲ။
၁၆ ဘုရားသခင်ရှေ့မှာ ဘိသိက်ခံနဲ့ တခြားသိုး တန်ဖိုး မကွာပါဘူး။ နှစ်အုပ်စုလုံးကို ဘုရား ညီတူမျှတူ တန်ဖိုးထားတယ်။ တူညီတဲ့ အဖိုးအခ ဖြစ်တဲ့ ချစ်သားရဲ့ သွေးနဲ့ ဝယ်ယူထားတယ်။ မတူတာဆိုလို့ မျှော်လင့်ချက်ပဲ ရှိတယ်။ ဒါပေမဲ့ နှစ်အုပ်စုလုံး ဘုရားနဲ့ ခရစ်တော်အပေါ် သစ္စာစောင့်သိရမယ်။ (ဆာ. ၃၁:၂၃) ဘိသိက်ခံဖြစ်စေ၊ တခြားသိုးဖြစ်စေ တစ်ဦးစီရဲ့ လိုအပ်ရာပေါ် မူတည်ပြီး ယေဟောဝါ သန့်ရှင်းသော စွမ်းအားတော် ပေးကြောင်း သတိရပါ။
၁၇။ ဘိသိက်ခံ အကြွင်းအကျန်တွေ ဘာကို မျှော်လင့်နေသလဲ။
၁၇ ဘိသိက်ခံ ခရစ်ယာန်တွေဟာ မွေးကတည်းက ကောင်းကင်မျှော်လင့်ချက် ရှိတာ မဟုတ်ဘူး။ သူတို့စိတ်ထဲ ဘုရား ထည့်ပေးတာ။ ဘိသိက်ခံတွေဟာ မျှော်လင့်ချက်အကြောင်း စဉ်းစားတယ်၊ ဆုတောင်းတယ်။ ကောင်းကင်ဆုကျေးဇူး ရဖို့ မျှော်လင့်တကြီး စောင့်စားနေကြတယ်။ ကောင်းကင်မှာ ဘယ်လို ကိုယ်ခန္ဓာမျိုး ရမယ်ဆိုတာ မသိကြဘူး။ (ဖိ. ၃:၂၀၊ ၂၁။ ၁ ယော. ၃:၂) ဒါပေမဲ့ ယေဟောဝါ၊ ယေရှု၊ ကောင်းကင်တမန်တွေ၊ တခြားဘိသိက်ခံတွေနဲ့ တွေ့ရဖို့၊ ကောင်းကင်နိုင်ငံတော်မှာ သူတို့နဲ့ အတူရှိနေဖို့ မျှော်လင့်နေကြတယ်။
၁၈။ တခြားသိုးတွေ ဘာကို မျှော်လင့်နေသလဲ။
ဒေ. ၃:၁၁) ကမ္ဘာမြေတစ်ခုလုံးကို ပရဒိသုအဖြစ် ပြောင်းလဲဖို့ ကူညီပေးခွင့် ရမယ့် နေ့၊ သားသမီးတွေနဲ့အတူ ကိုယ့်အိမ်၊ ကိုယ့်ခြံမှာ ကျန်းမာပျော်ရွှင်စွာ နေရမယ့် နေ့ကို မျှော်လင့်ကြတယ်။ (ဟေရှာ. ၆၅:၂၁-၂၃) တော၊ တောင်၊ ပင်လယ်တွေကို စူးစမ်းရင်း ယေဟောဝါရဲ့ ဖန်ဆင်းခြင်း လက်ရာတွေကို လေ့လာဖို့ စောင့်မျှော်နေကြတယ်။ အပျော်ရွှင်ရဆုံးကတော့ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲသည်ထက် ခိုင်မြဲလာမယ်ဆိုတာကို သိထားခြင်းပါပဲ။
၁၈ တခြားသိုးတွေဟာ လူ့သဘာဝ ဆန္ဒအတိုင်း မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ကြတယ်။ (၁၉။ အောက်မေ့ရာပွဲက ကျွန်တော်တို့ယောက်တိုင်းကို ဘာအခွင့်အရေး ရစေသလဲ။ ဒီနှစ် အောက်မေ့ရာပွဲကို ဘယ်တော့ ကျင်းပမလဲ။
၁၉ ဆက်ကပ်အပ်နှံထားတဲ့ ကျေးကျွန်ယောက်တိုင်းကို အံ့ဖွယ် အနာဂတ် မျှော်လင့်ချက် ယေဟောဝါ ပေးထားတယ်။ (ယေ. ၂၉:၁၁) ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲက ကျွန်တော်တို့ ထာဝရအသက် ရနိုင်အောင် ဘုရားနဲ့ ခရစ်တော် လုပ်ဆောင်ပေးခဲ့ရာတွေအတွက် ချီးမွမ်းဖို့ အခွင့်အရေး ရစေတယ်။ အောက်မေ့ရာပွဲဟာ ခရစ်ယာန်စစ်တွေအတွက် အရေးကြီးဆုံး အစည်းအဝေးပါပဲ။ ဒီပွဲကို ၂၀၂၁၊ မတ် ၂၇၊ စနေနေ့ နေဝင်ပြီးနောက်မှာ ကျင်းပပါမယ်။ ဒီနှစ် အောက်မေ့ရာပွဲကို လူများစွာ လွတ်လွတ်လပ်လပ် တက်နိုင်မယ်။ တချို့ကတော့ ဆန့်ကျင်မှုတွေကြားကနေ တက်ရမယ်။ တချို့က ဒီပွဲကို ထောင်ထဲမှာ ကျင်းပကြမယ်။ ယေဟောဝါ၊ ယေရှု၊ ကောင်းကင်တမန်တွေနဲ့ ရှင်ပြန်ထမြောက်ပြီး ဘိသိက်ခံတွေရဲ့ ကြည့်ရှုမှုအောက်မှာ အသင်းတော်တိုင်း၊ အုပ်စုတိုင်း၊ ယောက်တိုင်း အောက်မေ့ရာပွဲကို ပျော်ရွှင်စွာ ကျင်းပနိုင်ကြပါစေ။
သီချင်း ၁၅၀ ကယ်တင်ခံရဖို့ ဘုရားသခင်ကို ရှာပါ
^ အပိုဒ်၊ 5 ၂၀၂၁၊ မတ် ၂၇ ဟာ ယေဟောဝါသက်သေတွေအတွက် အထူးနေ့ ဖြစ်တယ်။ အဲဒီညနေမှာ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲကို ကျင်းပကြမှာ ဖြစ်တယ်။ တက်ရောက်သူ အများစုဟာ ယေရှု ပြောတဲ့ “တခြားသိုး” အုပ်စုဝင် ဖြစ်တယ်။ အဲဒီအုပ်စုအကြောင်း ဘယ်စိတ်လှုပ်ရှားစရာ အမှန်တရားကို ၁၉၃၅ မှာ သိခဲ့ရသလဲ။ ကြီးစွာသောဒုက္ခပြီးနောက် တခြားသိုးတွေအတွက် ဘယ်စိတ်လှုပ်ရှားစရာ အနာဂတ် စောင့်ကြိုနေသလဲ။ အောက်မေ့ရာပွဲမှာ ဘုရားနဲ့ ခရစ်တော်ကို တခြားသိုးတွေ ဘယ်လိုနည်းနဲ့ ချီးမွမ်းနိုင်သလဲ။
^ အပိုဒ်၊ 2 စကားလုံး ရှင်းလင်းချက်– တခြားသိုးထဲမှာ နောက်ဆုံးကာလတစ်လျှောက် စုသိမ်းခံရသူတွေ ပါဝင်တယ်။ သူတို့က ခရစ်တော်နောက် လိုက်ကြတယ်။ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိကြတယ်။ လူအုပ်ကြီးဆိုတာ တခြားသိုး အုပ်စုဝင် ဖြစ်တယ်။ ကြီးစွာသောဒုက္ခအတွင်း လူတွေကို ခရစ်တော် တရားစီရင်ချိန်မှာ အသက်ရှင်နေပြီး ကြီးစွာသောဒုက္ခကနေ လွတ်မြောက်မယ်။
^ အပိုဒ်၊ 4 စကားလုံး ရှင်းလင်းချက်– “အကြွင်းအကျန်” ဆိုတာ မြေကြီးပေါ် အသက်ရှင်နေဆဲ ဖြစ်ပြီး သခင့်ညစာစားပွဲမှာ မုန့်နဲ့ ဝိုင် သုံးဆောင်တဲ့ ဘိသိက်ခံ အကြွင်းအကျန်ကို ဆိုလိုတယ်။