လေ့လာရန် ဆောင်းပါး ၂
“ယေရှုချစ်တဲ့ တပည့်” ဆီက သင်ခန်းစာများ
“အချင်းချင်း ချစ်မြဲ ချစ်ကြစို့။ မေတ္တာဟာ ဘုရားသခင်ဆီက အရင်းခံတယ်။”—၁ ယော. ၄:၇။
သီချင်း ၁၀၅ “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ”
အကြိုသုံးသပ်ချက် *
၁။ ဘုရားမေတ္တာက သင့်ကို ဘယ်လို ခံစားရစေသလဲ။
‘ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်’ လို့ တမန်တော် ယောဟန် ရေးတယ်။ (၁ ယော. ၄:၈) ဘုရားသခင်ဟာ အသက်ရဲ့ ပင်ရင်း ဖြစ်သလို မေတ္တာရဲ့ ပင်ရင်းလည်း ဖြစ်ကြောင်း ရိုးရှင်းတဲ့ အဲဒီဖော်ပြချက်က အမှတ်ရစေတယ်။ ကျွန်တော်တို့ကို ယေဟောဝါ ချစ်တယ်။ ဘုရားရဲ့ မေတ္တာက လုံခြုံမှု ခံစားရစေပြီး ကျေနပ်ပျော်ရွှင်စေတယ်။
၂။ မဿဲ ၂၂:၃၇-၄၀ အရ အကြီးဆုံးပညတ် နှစ်ခုက ဘာလဲ။ ဒုတိယပညတ်ကို နာခံဖို့ ဘာကြောင့် ခက်နိုင်သလဲ။
၂ မေတ္တာ ပြရမယ့် ကိစ္စဟာ ခရစ်ယာန်တွေအတွက် ရွေးချယ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး။ ပညတ်ချက် ဖြစ်တယ်။ (မဿဲ ၂၂:၃၇-၄၀ ကိုဖတ်ပါ။) ယေဟောဝါအကြောင်း ကောင်းကောင်း သိလာတဲ့အခါ ပထမပညတ်ကို နာခံဖို့ လွယ်ကူလာမယ်။ ယေဟောဝါဟာ ပြည့်ဝစုံလင်တဲ့အပြင် ကျွန်တော်တို့ကိုလည်း ထောက်ထားစာနာမှု ရှိရှိ ကြင်နာစွာ ဆက်ဆံလို့ပဲ။ ဒါပေမဲ့ ဒုတိယပညတ်ကိုတော့ နာခံဖို့ ခက်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ညီအစ်ကို/မတွေ အပါအဝင် လူအားလုံး မစုံလင်ကြလို့ပဲ။ တစ်ခါတလေ ကျွန်တော်တို့ကို သူတို့ မစာမနာ ပြောမိ၊ လုပ်မိနိုင်တယ်။ ဒါကို ယေဟောဝါ သိတဲ့အတွက် အချင်းချင်း ဘာကြောင့် မေတ္တာပြသင့်ကြောင်း၊ ဘယ်လို ပြသင့်ကြောင်း သတ်သတ်မှတ်မှတ် လမ်းညွှန်ချက်တွေ ထည့်ရေးဖို့ ကျမ်းရေးသူတချို့ကို လှုံ့ဆော်ပေးခဲ့တယ်။ ကျမ်းရေးသူ တစ်ယောက်ကတော့ ယောဟန်ပါပဲ။—၁ ယော. ၃:၁၁၊ ၁၂။
၃။ ယောဟန် ဘာအကြောင်း အလေးပေးပြောသလဲ။
၁ ယော. ၄:၁၀၊ ၁၁) ဒါပေမဲ့ အဲဒီသင်ခန်းစာကို ယောဟန် သင်ယူဖို့ အချိန် အတော်ကြာခဲ့တယ်။
၃ ခရစ်ယာန်တွေ မေတ္တာပြရမယ်လို့ မိမိရေးတဲ့ စာတွေမှာ ယောဟန် အလေးပေးပြောတယ်။ ယောဟန် ခရစ်ဝင်ကျမ်းမှာ မေတ္တာအကြောင်း ယောဟန် ရေးထားတာဟာ တခြား ခရစ်ဝင်ကျမ်း သုံးစောင်မှာထက် ပိုများတယ်။ ယောဟန် ခရစ်ဝင်ကျမ်းနဲ့ တခြား ကျမ်းစောင်တွေကို ရေးသားချိန်မှာ ယောဟန် အသက် တစ်ရာလောက် ရှိပြီ။ ခရစ်ယာန်တစ်ယောက် လုပ်ဆောင်သမျှဟာ မေတ္တာကို အခြေခံသင့်ကြောင်း အဲဒီကျမ်းစောင်တွေက သင်ပေးတယ်။ (၄။ တခြားသူတွေကို ယောဟန် အမြဲ မေတ္တာ ပြခဲ့သလား။
၄ ယောဟန်ဟာ လူငယ်ဘဝတုန်းက အမြဲ မေတ္တာ ပြခဲ့တာတော့ မဟုတ်ဘူး။ ဥပမာ၊ တစ်ခါက ယေရှုနဲ့အတူ တပည့်တွေ ရှမာရိနယ်ကို ဖြတ်ပြီး ဂျေရုဆလင်ကို သွားကြတယ်။ ရှမာရိရွာတစ်ရွာ ရောက်တော့ ရွာသားတွေ မကြိုဆိုကြဘူး။ ယောဟန် ဘယ်လို တုံ့ပြန်သလဲ။ ကောင်းကင်ကနေ မီးကျစေပြီး ဖျက်ဆီးပစ်ရမလားလို့ ယေရှုဆီ တောင်းဆိုခဲ့တယ်။ (လု. ၉:၅၂-၅၆) နောက်တစ်ကြိမ်မှာလည်း တမန်တော် အချင်းချင်းကို မေတ္တာ ပြဖို့ ပျက်ကွက်ခဲ့တယ်။ ယောဟန်နဲ့ အစ်ကို ယာကုပ်က နိုင်ငံတော်မှာ ထင်ပေါ်တဲ့နေရာ ရဖို့ မိခင်ကတစ်ဆင့် ယေရှုဆီ တောင်းဆိုခဲ့ပုံရတယ်။ အဲဒီအကြောင်း တခြား တမန်တော်တွေ သိသွားတဲ့အခါ စိတ်ဆိုးကြတယ်။ (မ. ၂၀:၂၀၊ ၂၁၊ ၂၄) အဲဒီလိုအမှားတွေ ရှိတာတောင် ယောဟန်ကို ယေရှု ချစ်တယ်။—ယော. ၂၁:၇။
၅။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၅ ယောဟန်ရဲ့ ပုံနမူနာအကြောင်း၊ သူရေးခဲ့တဲ့ အကြောင်းအရာ တချို့အကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ ညီအစ်ကို/မတွေကို ဘယ်လို မေတ္တာပြနိုင်ကြောင်း၊ မိသားစုကို အိမ်ထောင်ဦးစီးတွေ ဘယ်လို မေတ္တာပြနိုင်ကြောင်း သိလာရပါမယ်။
လုပ်ရပ်နဲ့ ပြတဲ့ မေတ္တာ
၆။ ကျွန်တော်တို့ကို ချစ်ကြောင်း ယေဟောဝါ ဘယ်လို ပြသလဲ။
၆ ချိုသာတဲ့စကားတွေ ပြောရုံနဲ့ မေတ္တာပြတာပဲလို့ ကျွန်တော်တို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ မေတ္တာ ဖြစ်ဖို့ဆိုရင် လုပ်ရပ် ပါရမယ်။ (ယာကုပ် ၂:၁၇၊ ၂၆ နဲ့ နှိုင်းယှဉ်ပါ။) ဥပမာ၊ ကျွန်တော်တို့ကို ယေဟောဝါ ချစ်တယ်။ (၁ ယော. ၄:၁၉) ချစ်တယ်ဆိုတဲ့ အကြောင်း ကျမ်းစာမှာ လှလှပပ ဖော်ကျူးထားတယ်။ (ဆာ. ၂၅:၁၀။ ရော. ၈:၃၈၊ ၃၉) ဒါပေမဲ့ ဘုရားရဲ့ အပြောကြောင့်သာ မဟုတ်ဘဲ လုပ်ရပ်ကြောင့်ပါ ဘုရားမေတ္တာကို ကျွန်တော်တို့ သိရတယ်။ “ဘုရားသခင်က တစ်ဦးတည်းသောသားကို ဒီလောကဆီ စေလွှတ်ပြီး သူ့အားဖြင့် အသက်လမ်း ဖွင့်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ကို ဘုရားသခင် ဘယ်လောက် ချစ်မှန်း ပေါ်လွင်ထင်ရှားတယ်” လို့ ယောဟန် ပြောတယ်။ (၁ ယော. ၄:၉) ကျွန်တော်တို့အတွက် ဝေဒနာခံပြီး သေဆုံးဖို့ အချစ်ဆုံးသားကိုတောင် ယေဟောဝါ ပေးခဲ့တယ်။ (ယော. ၃:၁၆) ယေဟောဝါရဲ့ မေတ္တာကို သံသယဝင်စရာ လိုသေးလို့လား။
၇။ ကျွန်တော်တို့ကို ချစ်ကြောင်း ယေရှု ဘယ်လို ပြသလဲ။
၇ ယေရှုလည်း တပည့်တွေကို ချစ်ကြောင်း ထုတ်ပြောတယ်။ (ယော. ၁၃:၁။ ၁၅:၁၅) သူတို့ကို သာမက ကျွန်တော်တို့ကိုပါ ချစ်ကြောင်း အပြောနဲ့ရော လုပ်ရပ်နဲ့ပါ ပြခဲ့တယ်။ “မိတ်ဆွေတွေအတွက် အသက်စွန့်တာထက် ပိုမွန်မြတ်တဲ့ မေတ္တာဆိုတာ မရှိဘူး” လို့ ယေရှု ပြောတယ်။ (ယော. ၁၅:၁၃) ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့တာတွေကို စဉ်းစားလိုက်တဲ့အခါ ဘယ်လို ခံစားရသင့်သလဲ။
၈။ ၁ ယောဟန် ၃:၁၈ အရ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။
၈ ယေဟောဝါနဲ့ ယေရှုကို ချစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။ နာခံခြင်းအားဖြင့်ပါပဲ။ (ယော. ၁၄:၁၅။ ၁ ယော. ၅:၃) အချင်းချင်း ချစ်ဖို့လည်း ယေရှု သတ်သတ်မှတ်မှတ် မိန့်မှာတယ်။ (ယော. ၁၃:၃၄၊ ၃၅) ညီအစ်ကို/မတွေကို ချစ်ကြောင်း အပြောလောက်သာ မဟုတ်ဘဲ လုပ်ရပ်နဲ့ပါ ပြရမယ်။ (၁ ယောဟန် ၃:၁၈ ကိုဖတ်ပါ။) သူတို့ကို ချစ်ကြောင်း ဘယ်လို သတ်သတ်မှတ်မှတ် ပြနိုင်သလဲ။
ညီအစ်ကို/မတွေကို ချစ်ပါ
၉။ မေတ္တာက ဘာလုပ်ဖို့ ယောဟန်ကို လှုံ့ဆော်ပေးသလဲ။
၉ ယောဟန်ဟာ မိသားစုရဲ့ ငါးဖမ်းလုပ်ငန်းမှာ ဖခင်နဲ့အတူ ငွေရှာလို့ ရတယ်။ ဒါပေမဲ့ ကျန်ဘဝတစ်လျှောက်လုံး ယေဟောဝါနဲ့ ယေရှုအကြောင်း အမှန်တရား သိအောင် တခြားသူတွေကို ကူညီပေးခဲ့တယ်။ ယောဟန် ရွေးတဲ့ ဘဝဟာ လွယ်ကူတာတော့ မဟုတ်ဘူး။ ယေရှုအကြောင်း ဟောပြောလို့ နှိပ်စက်ခံရတယ်။ ပထမရာစု ကုန်ခါနီး အသက်ကြီးခါမှ နယ်နှင်ခံရတယ်။ (တ. ၃:၁။ ၄:၁-၃။ ၅:၁၈။ ဗျာ. ၁:၉) ဒါပေမဲ့ အဲဒီလို အချိန်မှာတောင် တခြားသူတွေအတွက် စဉ်းစားပေးနေတုန်းပဲ။ ဥပမာ၊ ပတ်မုကျွန်းမှာ ရှိနေတုန်း ရတဲ့ ဗျာဒိတ်တော်ကို ရေးမှတ်ပြီး “မကြာမီ ဖြစ်ပျက်မယ့်အရာတွေ” ကို အသင်းတော်တွေ သိစေဖို့ ပို့ပေးခဲ့တယ်။ (ဗျာ. ၁:၁) ပတ်မုကျွန်းကနေ လွတ်လာပြီးနောက် ယေရှုရဲ့ ဘဝနဲ့ အမှုဆောင်လုပ်ငန်းအကြောင်း ခရစ်ဝင်ကျမ်းကို ရေးခဲ့ပုံရတယ်။ ညီအစ်ကို/မတွေကို အားပေးတည်ဆောက်ဖို့ စာသုံးစောင်ကိုလည်း ရေးခဲ့တယ်။ ယောဟန်ရဲ့ ကိုယ်ကျိုးစွန့်လမ်းစဉ်ကို ဘယ်လို တုပနိုင်သလဲ။
၁၀။ လူတွေကို ချစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၀ ကိုယ့်ဘဝမှာ ရွေးချယ်လုပ်ဆောင်တဲ့အရာတွေအားဖြင့် တခြားသူတွေကို ချစ်ကြောင်း ပြနိုင်တယ်။ စာတန့်စနစ်က ကိုယ့်အချိန်၊ ခွန်အား ရှိသမျှကို ကိုယ့်အတွက် ငွေရှာဖို့၊ နာမည်ကြီးအောင် လုပ်ဖို့ပဲ သုံးစေချင်တယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ကိုယ်ကျိုးစွန့် ခရစ်ယာန်တွေဟာ ဟောပြောခြင်း၊ ယေဟောဝါနဲ့ ရင်းနှီးလာအောင် လူတွေကို ကူညီခြင်းမှာ အတတ်နိုင်ဆုံး အချိန်ပေးနေကြတယ်။ တချို့ဆိုရင် အချိန်ပြည့်တောင် ဟောပြောသွန်သင်နေကြတယ်။
၁၁။ သစ္စာရှိ ခရစ်ယာန်များစွာဟာ ယေဟောဝါနဲ့ ညီအစ်ကို/မတွေကို ချစ်ကြောင်း ဘယ်လို ပြနေကြသလဲ။
၁၁ သစ္စာရှိ ခရစ်ယာန်များစွာဟာ ကိုယ်တိုင်နဲ့ မိသားစုကို ထောက်ပံ့ဖို့ အချိန်ပြည့် အလုပ်လုပ်ကြရတယ်။ ဒါတောင် ဘုရားအဖွဲ့အစည်းကို အတတ်နိုင်ဆုံး ထောက်မနေကြတယ်။ ဥပမာ၊ တချို့က ဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ကူညီပေးကြတယ်။ ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေ ထည့်ကြတယ်။ ဘုရားနဲ့ လူလူချင်းကို ချစ်လို့ အဲဒီလို လုပ်ဆောင်နေကြတာ။ အသင်းတော် အစည်းအဝေးတွေ တက်ရောက်ခြင်း၊ ပါဝင်ခြင်းအားဖြင့်လည်း အပတ်တိုင်း ညီအစ်ကို/မတွေကို ချစ်ကြောင်း ပြနေကြတယ်။ မောပန်းပေမဲ့ အစည်းအဝေးတွေ တက်ဖြစ်အောင် တက်ကြတယ်။ မှတ်ချက်ပေးရမှာ ကြောက်ပေမဲ့ ကြိုးစားပြီး မှတ်ချက်ပေးကြတယ်။ အားလုံးဟီ. ၁၀:၂၄၊ ၂၅) ညီအစ်ကို/မတွေရဲ့ လုပ်ဆောင်မှုတွေအတွက် ကျေးဇူးတင်စရာပါပဲ။
မှာ ပြဿနာကိုယ်စီ ရှိပေမဲ့ အစည်းအဝေး မစခင်နဲ့ ပြီးနောက် တခြားသူတွေကို အားပေးကြတယ်။ (၁၂။ ညီအစ်ကို/မတွေကို ချစ်ကြောင်း ယောဟန် ဘယ်နည်းနဲ့ ပြသလဲ။
၁၂ ယောဟန်ဟာ ညီအစ်ကို/မတွေကို ချီးမွမ်းခြင်းအားဖြင့် သာမက အကြံဉာဏ် ပေးခြင်းအားဖြင့်ပါ ချစ်ကြောင်း ပြတယ်။ ဥပမာ၊ ညီအစ်ကို/မတွေရဲ့ ယုံကြည်ခြင်းနဲ့ အလုပ်မွန်တွေအတွက် ချီးမွမ်းပေမဲ့ အပြစ်နဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း အကြံပေးတယ်။ (၁ ယော. ၁:၈–၂:၁၊ ၁၃၊ ၁၄) ကျွန်တော်တို့လည်း ညီအစ်ကို/မတွေ လုပ်ဆောင်တဲ့ ကောင်းမွန်ရာတွေအတွက် ချီးမွမ်းနိုင်တယ်။ ဒါပေမဲ့ တစ်ယောက်ယောက်မှာ မကောင်းတဲ့ သဘောထား၊ အကျင့် ရှိလာတာ သတိထားမိတဲ့အခါ လိမ္မာပါးနပ်စွာ အကြံပေးခြင်းအားဖြင့် မေတ္တာပြနိုင်တယ်။ မိတ်ဆွေကို အကြံပေးဖို့ သတ္တိ လိုပေမဲ့ မိတ်ဆွေစစ်ဟာ အချင်းချင်းကို ထက်မြက်စေတယ်၊ တစ်နည်းအားဖြင့် တည့်မတ်ပေးတယ်လို့ ကျမ်းစာ ပြောတယ်။—ပညာ. ၂၇:၁၇။
၁၃။ ကျွန်တော်တို့ ဘာကို ရှောင်သင့်သလဲ။
၁၃ တစ်ခါတလေ ကိုယ်မလုပ်ဖို့ ရွေးချယ်တဲ့အရာတွေအားဖြင့်လည်း ညီအစ်ကို/မတွေကို ချစ်ကြောင်း ပြကြတယ်။ ဥပမာ၊ သူတို့ ပြောလိုက်တဲ့ စကားကြောင့် ထစ်ခနဲဆို ဒေါသမထွက်ဘူး။ တစ်ကြိမ်မှာ ယေရှုက အသက်ရချင်တဲ့သူဟာ မိမိအသားကို စားပြီး သွေးကို သောက်ရမယ်လို့ တပည့်တွေကို ပြောတယ်။ (ယော. ၆:၅၃-၅၇) တပည့်အတော်များများ လန့်ပြီး ယေရှုကို စွန့်ခွာသွားကြတယ်။ ဒါပေမဲ့ ယောဟန် အပါအဝင် မိတ်ဆွေစစ်တချို့ကတော့ စွန့်မသွားဘူး။ သူတို့လည်း ယေရှု ပြောတာကို နားမလည်ဘူး။ လန့်လည်း လန့်သွားကြပုံပဲ။ ဒါပေမဲ့ ယေရှု ပြောတာ မှားနေပြီလို့တော့ မယူဆဘူး။ စိတ်အနှောင့်အယှက် မဖြစ်ဘူး။ အဲဒီအစား ယေရှု ပြောတာ အမှန်တရားပဲ ဖြစ်မယ်ဆိုတာ သိလို့ ယုံကြည်ကိုးစားခဲ့ကြတယ်။ (ယော. ၆:၆၀၊ ၆၆-၆၉) ကျွန်တော်တို့လည်း မိတ်ဆွေတွေရဲ့ အပြောကြောင့် ထစ်ခနဲဆို စိတ်မဆိုးဖို့ သိပ်အရေးကြီးတယ်။ စိတ်ဆိုးမယ့်အစား နားလည်မှု လွဲတာတွေကို ဖြေရှင်းခွင့် ပေးသင့်တယ်။—ပညာ. ၁၈:၁၃။ ဒေ. ၇:၉။
၁၄။ ညီအစ်ကို/မတွေကို ဘာကြောင့် မမုန်းသင့်သလဲ။
၁၄ ညီအစ်ကို/မတွေကို မမုန်းဖို့လည်း ယောဟန် သတိပေးတယ်။ မုန်းမယ်ဆိုရင် စာတန်ရဲ့ အသုံးတော်ခံတွေ ဖြစ်သွားမယ်။ (၁ ယော. ၂:၁၁။ ၃:၁၅) ပထမရာစုကုန်ခါနီးမှာ တချို့ အဲဒီလို ဖြစ်ခဲ့တယ်။ အချင်းချင်း မုန်းဖို့၊ စိတ်ဝမ်းကွဲ စေဖို့ စာတန် အစွမ်းကုန် ကြိုးစားနေတယ်။ ကျမ်းစောင်တွေကို ယောဟန် ရေးသားချိန်မှာ စာတန့်သဘောထား ရှိသူတချို့ အသင်းတော်ထဲ စိမ့်ဝင်နေပြီ။ ဥပမာ၊ အသင်းတော်တစ်ခုမှာ ဒယောတရပ်ဟာ အကြီးအကျယ် စိတ်ဝမ်းကွဲအောင် လုပ်တယ်။ (၃ ယော. ၉၊ ၁၀) အုပ်ချုပ်ရေးအဖွဲ့ရဲ့ နယ်လှည့်ကိုယ်စားလှယ်တွေကို မလေးစားဘူး။ သူ မကြိုက်တဲ့သူတွေအပေါ် ဧည့်ဝတ်ကျေပွန်သူတွေကို အသင်းတော်ကနေ နှင်ထုတ်ဖို့တောင် ကြိုးစားခဲ့တယ်။ တကယ့်ကို အတင့်ရဲတဲ့ လုပ်ရပ်ပဲ။ ဒီနေ့လည်း ဘုရားလူမျိုးကို စိတ်ဝမ်းကွဲအောင် လုပ်ပြီး အနိုင်ယူဖို့ စာတန် အကြီးအကျယ် ကြိုးစားနေတယ်။ မုန်းတီးစိတ်ကြောင့် စိတ်ဝမ်းကွဲသွားတာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့။
သင့်မိသားစုကို ချစ်ပါ
၁၅။ အိမ်ထောင်ဦးစီးတွေ ဘာကို သတိရသင့်သလဲ။
၁၅ မိသားစုကို ချစ်ကြောင်း အိမ်ထောင်ဦးစီးတွေ ပြနိုင်တဲ့ နည်းတစ်နည်းကတော့ လိုအပ်ရာတွေ ထောက်မပေးခြင်းပါပဲ။ (၁ တိ. ၅:၈) ဒါပေမဲ့ ရုပ်ပစ္စည်း လိုအပ်ရာတွေထက် ဘုရားရေးရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပိုအရေးကြီးကြောင်း သတိရရမယ်။ (မ. ၅:၃) အိမ်ထောင်ဦးစီးတွေအတွက် ယေရှု ချမှတ်ခဲ့တဲ့ ပုံသက်သေကို စဉ်းစားကြည့်ပါ။ သစ်တိုင်ပေါ် သေဆုံးခါနီးမှာတောင် မိသားစုအတွက် ယေရှု ထည့်စဉ်းစားပေးခဲ့တယ်။ ယေရှု အသတ်ခံရတဲ့နေရာမှာ မိခင် မာရိ ရပ်နေတယ်။ ယောဟန်လည်း ရှိနေတယ်။ အကြီးအကျယ် ဝေဒနာ ခံစားနေရတာတောင် မာရိကို စောင့်ရှောက်ပေးဖို့ ယောဟန်လက်ထဲ ယေရှု အပ်ခဲ့တယ်။ (ယော. ၁၉:၂၆၊ ၂၇) မာရိရဲ့ ရုပ်ပိုင်း လိုအပ်ရာတွေကို ဂရုစိုက်ပေးမယ့် သားသမီးတွေ ရှိပေမဲ့ သူတို့တစ်ယောက်မှ အဲဒီအချိန်တုန်းက တပည့် ဖြစ်ကြသေးပုံ မပေါ်ဘူး။ ဒါကြောင့် မာရိရဲ့ ရုပ်ပိုင်း၊ ဘုရားရေးရာပိုင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ယေရှု အသေအချာ စီစဉ်ပေးခဲ့တယ်။
၁၆။ ဘယ်တာဝန်ကြီးတွေ ယောဟန် ထမ်းဆောင်ခဲ့သလဲ။
၁၆ ယောဟန်ဟာ တာဝန်ကြီးတွေ ထမ်းဆောင်ခဲ့ရတယ်။ တမန်တော်တစ်ယောက်အနေနဲ့ ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ပေးရတယ်။ အိမ်ထောင်သည် ဖြစ်ပုံရတဲ့အတွက် မိသားစုရဲ့ ရုပ်ပိုင်း၊ ဘုရားရေးရာပိုင်း လိုအပ်ချက်တွေကိုလည်း ဟန်ချက်ညီညီ ဖြည့်ဆည်းပေးခဲ့ရမယ်။ (၁ ကော. ၉:၅) ဒီနေ့ခေတ် အိမ်ထောင်ဦးစီးတွေ ဘာသင်ယူနိုင်သလဲ။
၁၇။ အိမ်ထောင်ဦးစီးတွေ မိသားစုရဲ့ ဘုရားရေးရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဘာကြောင့် အရေးကြီးသလဲ။
၁၇ အိမ်ထောင်ဦးစီး ညီအစ်ကိုတစ်ယောက်မှာ တာဝန်ကြီးတွေ အတော်များများ ရှိနိုင်တယ်။ ဥပမာ၊ အလုပ်မှာ ဧ. ၆:၅၊ ၆။ တိ. ၂:၉၊ ၁၀) အသင်းတော်မှာလည်း သိုးထိန်းတာဝန်၊ ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ရမယ့် တာဝန်တွေ ရှိနိုင်တယ်။ ဇနီး၊ သားသမီးတွေနဲ့အတူ ပုံမှန် ကျမ်းစာလေ့လာဖို့လည်း အရေးကြီးတယ်။ မိသားစုရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနေတဲ့ အိမ်ထောင်ဦးစီးကို မိသားစုဝင်တွေ သိပ်ကျေးဇူးတင်လေးမြတ်ကြပါလိမ့်မယ်။—ဧ. ၅:၂၈၊ ၂၉။ ၆:၄။
ယေဟောဝါရဲ့ နာမည် မထိခိုက်အောင် အလုပ်ကြိုးစားရတယ်။ (“ကျွန်တော့်မေတ္တာကို အမြဲ ခံစားရအောင် နေကြပါ”
၁၈။ ဘာကို ယောဟန် စိတ်ချသလဲ။
၁၈ ယောဟန်ဟာ အသက်ရှည်ရှည် နေခဲ့ရသလို ဘဝတစ်လျှောက် အချိုးအကွေ့များစွာကိုလည်း ဖြတ်သန်းခဲ့ရတယ်။ ယုံကြည်ခြင်း အားနည်းစေနိုင်တဲ့ အခက်အခဲမျိုးစုံ ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ ညီအစ်ကို/မတွေကို ချစ်ပါဆိုတဲ့ ပညတ် အပါအဝင် ယေရှုရဲ့ ပညတ်ချက်တွေကို နာခံဖို့ အမြဲ အတတ်နိုင်ဆုံး ကြိုးစားတယ်။ ဒါကြောင့် မိမိကို ယေဟောဝါနဲ့ ယေရှု ချစ်ကြောင်း၊ ဘယ်အခက်အခဲကိုမဆို ကျော်ဖြတ်နိုင်အောင် ခွန်အားပေးမှာ ဖြစ်ကြောင်း ယုံကြည်စိတ်ချတယ်။ (ယော. ၁၄:၁၅-၁၇။ ၁၅:၉၊ ၁၀။ ၁ ယော. ၄:၁၆) ညီအစ်ကို/မတွေကို မချစ်ဖို့၊ မေတ္တာ မပြဖို့ စာတန်ကော စာတန့်စနစ်ပါ ယောဟန်ကို မတားဆီးနိုင်ခဲ့ဘူး။
၁၉။ ၁ ယောဟန် ၄:၇ မှာ ဘာလုပ်ဖို့ အားပေးထားသလဲ။ ဘာကြောင့်လဲ။
၁၉ ယောဟန်လိုပဲ ကျွန်တော်တို့လည်း အမုန်းတရား ပြည့်နှက်နေတဲ့ စာတန် ထိန်းချုပ်ထားတဲ့ လောကမှာ အသက်ရှင်နေရတယ်။ (၁ ယော. ၃:၁၊ ၁၀) စာတန်က ညီအစ်ကို/မတွေအပေါ် ကျွန်တော်တို့ မေတ္တာပျက်သွားတာမျိုး ဖြစ်စေချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ခွင့်မပြုသရွေ့ သူ ဘာမှ မလုပ်နိုင်ဘူး။ ညီအစ်ကို/မတွေကို ချစ်ဖို့၊ ချစ်ကြောင်း အပြောနဲ့ရော လုပ်ရပ်နဲ့ပါ ပြဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ ဒါဆိုရင် ယေဟောဝါရဲ့ မိသားစုဝင် ဖြစ်ခွင့် ရမယ့်အပြင် ပျော်ရွှင်စရာ ဘဝကိုပါ ရရှိပါလိမ့်မယ်။—၁ ယောဟန် ၄:၇ ကိုဖတ်ပါ။
သီချင်း ၈၈ ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ
^ အပိုဒ်၊ 5 “ယေရှုချစ်တဲ့ တပည့်” ဟာ တမန်တော် ယောဟန် ဖြစ်ပုံရတယ်။ (ယော. ၂၁:၇) လူငယ်လေး ဖြစ်တာတောင် အရည်အသွေးကောင်းများစွာ ရှိထားလို့ ဖြစ်ရမယ်။ အသက်ကြီးလာတဲ့အခါ မေတ္တာအကြောင်း အကျယ်တဝင့် ရေးဖို့ သူ့ကို ယေဟောဝါ သုံးခဲ့တယ်။ ယောဟန်ရဲ့ စာတချို့အကြောင်း၊ သူ့ပုံသက်သေကနေ ဘာတွေ သင်ယူနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
^ အပိုဒ်၊ 59 ပုံအညွှန်း– အလုပ်များတဲ့ အိမ်ထောင်ဦးစီးဟာ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းမှာ ကူညီပေးနေ။ ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေ ထည့်နေ။ တခြားသူတွေကို ဖိတ်ခေါ်ပြီး မိသားစုဝတ်ပြုမှု လုပ်နေ။