မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာစရာ အကြောင်းအရာ

ပုံဆွဲပြီး မှတ်ပါ

ပုံဆွဲပြီး မှတ်ပါ

လေ့လာဖတ်ရှုခဲ့တာတွေကို မှတ်မိဖို့ ခက်တတ်တယ်။ ဒါပေမဲ့ ယေရှုရဲ့ သွန်သင်ချက်တွေဆိုရင် ကျွန်တော်တို့ ကောင်းကောင်း မှတ်မိကြတယ်။ ဘာကြောင့်လဲ။ ပုံဥပမာတွေ သုံးပြီး ယေရှု သွန်သင်ပေးလေ့ရှိလို့ပါ။ ပုံဥပမာတွေကို စိတ်ကူးထဲ ပုံဖော်ကြည့်တဲ့အခါ မှတ်မိဖို့ လွယ်သွားတယ်။ သင် လေ့လာဖတ်ရှုခဲ့တာတွေကိုလည်း စိတ်ကူးထဲ ပုံဖော်ကြည့်ရင် ပိုမှတ်မိနိုင်တယ်။ စိတ်ကူးထဲ ပုံပေါ်လာအောင် လုပ်နိုင်တဲ့ တစ်နည်းကတော့ ပုံဆွဲတာပါ။

လေ့လာသင်ယူခဲ့တာတွေကို ပုံဆွဲပြီး မှတ်သူတွေဟာ ပိုမှတ်မိလေ့ရှိကြတယ်။ ဒီနည်းဟာ စကားလုံးတွေ မှတ်တဲ့အခါမှာသာမက အဓိကအချက်တွေ မှတ်တဲ့အခါမှာပါ အလုပ်ဖြစ်တယ်ဆိုတာ သူတို့ သတိထားမိကြတယ်။ သူတို့ ဆွဲတဲ့ ပုံတွေကို ကြည့်လိုက်ရင် အနုပညာလက်ရာမြောက်မနေပါဘူး။ ရိုးရိုးလေးပဲ ပုံကြမ်းဆွဲထားတာပါ။ ပုံဆွဲပြီး မှတ်တဲ့နည်းဟာ အထူးသဖြင့် သက်ကြီးပိုင်းတွေအတွက် အကျိုးရှိတယ်။

သင် နောက်တစ်ခါ လေ့လာမှုလုပ်တဲ့အခါ လေ့လာဖတ်ရှုခဲ့တာတွေကို ပုံဆွဲပြီး မှတ်ကြည့်ပါ။ တော်တော် မှတ်မိတာပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ်တောင် အံ့ဩသွားရနိုင်တယ်။