လေ့လာရန် ဆောင်းပါး ၂၉
“အားနည်းတဲ့အခါ အစွမ်းခွန်အား ပြည့်နေ”
“ခရစ်တော်အတွက် ခံရတဲ့ အားနည်းခြင်း၊ စော်ကားခြင်း၊ ချို့တဲ့ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ ကျပ်တည်းခက်ခဲခြင်းတွေကို ကျွန်တော် ကျေနပ်စွာ ခံယူပါတယ်။”—၂ ကော. ၁၂:၁၀။
သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်
အကြိုသုံးသပ်ချက် *
၁။ တမန်တော် ပေါလု ဘာကို ပွင့်ပွင့်လင်းလင်း ဝန်ခံသလဲ။
တမန်တော် ပေါလုက မိမိ အားနည်းတဲ့အချိန်တွေ ရှိတတ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံတယ်။ ခန္ဓာကိုယ် “ယိုယွင်းပျက်စီးနေ” ကြောင်း၊ မှန်တာ လုပ်ဖို့ အပြင်းအထန် ကြိုးစားရကြောင်း၊ မိမိမျှော်လင့်တဲ့ နည်းအတိုင်း ဆုတောင်းချက်တွေကို ယေဟောဝါ အမြဲ အဖြေမပေးကြောင်း ဝန်ခံတယ်။ (၂ ကော. ၄:၁၆။ ၁၂:၇-၉။ ရော. ၇:၂၁-၂၃) ဆန့်ကျင်သူတွေ မိမိကို လူပျော့လူညံ့လို့ မြင်နေမှန်းလည်း သိတယ်။ * ဒါပေမဲ့ တခြားသူတွေရဲ့ အပျက်သဘောထားကြောင့်၊ ကိုယ်တိုင်ရဲ့ အားနည်းချက်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် အသုံးမကျသူလို့ မယူဆဘူး။—၂ ကော. ၁၀:၁၀-၁၂၊ ၁၇၊ ၁၈။
၂။ ၂ ကောရိန္သု ၁၂:၉၊ ၁၀ အရ ဘယ်အဖိုးတန် သင်ခန်းစာကို ပေါလု သင်ယူခဲ့သလဲ။
၂ လူတစ်ယောက် အားနည်းနေချိန်မှာတောင် အစွမ်းခွန်အား ပြည့်နေနိုင်တယ်ဆိုတဲ့ အဖိုးတန် သင်ခန်းစာကို ပေါလု သင်ယူခဲ့တယ်။ (၂ ကောရိန္သု ၁၂:၉၊ ၁၀ ကိုဖတ်ပါ။) “အားနည်းတဲ့အခါ ငါ့တန်ခိုး အပြည့်အဝ ထင်ရှား” တယ်လို့ ပေါလုကို ယေဟောဝါ ပြောတယ်။ ဆိုလိုတာက ပေါလုမှာ မရှိတဲ့ အစွမ်းခွန်အားကို ယေဟောဝါ ပေးမယ်။ ဦးဆုံး၊ ကျွန်တော်တို့ကို ဆန့်ကျင်သူတွေ စော်ကားတဲ့အခါ ဘာကြောင့် စိတ်အနှောင့်အယှက် မဖြစ်သင့်ကြောင်း ကြည့်ကြစို့။
‘စော်ကားခြင်းကို ကျေနပ်စွာ ခံယူပါ’
၃။ စော်ကားခြင်းကို ဘာကြောင့် ကျေနပ်စွာ ခံယူနိုင်သလဲ။
၃ ကျွန်တော်တို့ ဘယ်သူမှ စော်ကားမခံချင်ကြပါဘူး။ ဒါပေမဲ့ ရန်သူတွေ စော်ကားပြောဆိုတာကို အလွန်အမင်း အာရုံစိုက်မယ်ဆိုရင် စိတ်ဓာတ်ကျလာနိုင်တယ်။ (ပညာ. ၂၄:၁၀) ဒါဆိုရင် စော်ကားမှုတွေကို ဘယ်လို သဘောထားသင့်သလဲ။ ပေါလုလိုပဲ ‘စော်ကားခြင်းကို ကျေနပ်စွာ ခံယူ’ နိုင်တယ်။ (၂ ကော. ၁၂:၁၀) ဘာကြောင့်လဲ။ ယေရှုရဲ့ နောက်လိုက်စစ်တွေ ဖြစ်လို့သာ စော်ကားမှုတွေ၊ ဆန့်ကျင်မှုတွေ ခံရတာ ဖြစ်လို့ပဲ။ (၁ ပေ. ၄:၁၄) နောက်လိုက်တွေ ညှဉ်းဆဲခံရမယ်လို့ ယေရှု ပြောခဲ့တယ်။ (ယော. ၁၅:၁၈-၂၀) ပထမရာစုမှာ အဲဒီအတိုင်း ဖြစ်ခဲ့တယ်။ ဂရိယဉ်ကျေးမှု လွှမ်းမိုးခံရသူတွေက ခရစ်ယာန်တွေကို ဉာဏ်ရည်နိမ့်သူတွေ၊ နိမ့်ကျသူတွေလို့ မြင်တယ်။ တမန်တော် ပေတရုနဲ့ ယောဟန်ကို “ပညာမတတ်သူတွေ၊ သာမန်လူတွေ” လို့ ဂျူးတွေ မြင်ခဲ့ကြသလိုပဲ။ (တ. ၄:၁၃) ခရစ်ယာန်တွေဟာ နိုင်ငံရေး နောက်ခံ၊ စစ်အင်အား မရှိတဲ့အပြင် ဝိုင်းကြဉ်ခံရတဲ့အတွက် အားနည်းပုံပေါက်နေတယ်။
၄။ ဆန့်ကျင်သူတွေ မကောင်းမြင်ပေမဲ့ အစောပိုင်း ခရစ်ယာန်တွေ ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ။
၄ ဆန့်ကျင်သူတွေ မကောင်းမြင်လို့ အဲဒီအစောပိုင်း ခရစ်ယာန်တွေ ရပ်တန့်သွားသလား။ မရပ်တန့်ခဲ့ဘူး။ ဥပမာ၊ တမန်တော် ပေတရုနဲ့ ယောဟန်ဟာ ယေရှုနောက် လိုက်လို့၊ တခြားသူတွေကို ဟောပြောလို့ ညှဉ်းဆဲခံရတာကို ဂုဏ်ယူစရာအဖြစ် ယူမှတ်တယ်။ (တ. ၄:၁၈-၂၁။ ၅:၂၇-၂၉၊ ၄၀-၄၂) တကယ်တော့ နှိမ့်ချမှု ရှိတဲ့ အဲဒီအစောပိုင်း ခရစ်ယာန်တွေဟာ ဆန့်ကျင်သူတွေထက်တောင် လူတွေကို အကျိုးပြုတယ်။ ဥပမာ၊ အဲဒီခရစ်ယာန်တချို့ ရေးတဲ့ ကျမ်းစောင်တွေဟာ လူသန်းပေါင်းများစွာကို အကူအညီနဲ့ မျှော်လင့်ချက် ပေးနေတုန်းပဲ။ သူတို့ ဟောခဲ့တဲ့ နိုင်ငံတော်ဟာ အခု တည်ရှိနေရုံသာမက မကြာခင် လူအားလုံးကို အုပ်ချုပ်တော့မယ်။ (မ. ၂၄:၁၄) အဲဒီသစ္စာရှိ ခရစ်ယာန်တွေဟာ အခု ကောင်းကင်မှာ ဘုရင် ဖြစ်နေပြီ။ သူတို့ကို ညှဉ်းဆဲခဲ့တဲ့ ရောမအာဏာစက်ကတော့ ကျရှုံးသွားတာ ကြာပြီ။ ဆန့်ကျင်သူတွေလည်း သေကုန်ပြီ။ ရှင်ပြန်ထမြောက်လာရင်တောင် သူတို့ မုန်းခဲ့တဲ့ ခရစ်ယာန်တွေရဲ့ နိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ လက်အောက်ခံတွေ ဖြစ်ကြမှာ။—ဗျာ. ၅:၁၀။
၅။ ယောဟန် ၁၅:၁၉ အရ ယေဟောဝါရဲ့ ကျေးကျွန်တွေ ဘာကြောင့် အထင်သေးခံရသလဲ။
၅ ဒီနေ့လည်း ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ ပညာမတတ်၊ အားနည်းသူတွေဆိုပြီး အထင်သေးလှောင်ပြောင်ခံရလေ့ရှိတယ်။ ဘာကြောင့်လဲ။ ပတ်ဝန်းကျင်က လူတွေနဲ့ သဘောထား မတူလို့ပဲ။ ကျွန်တော်တို့က နှိမ့်ချဖို့၊ နူးညံ့ဖို့၊ နာခံဖို့ ကြိုးစားတယ်။ လောက,ကလူတွေကတော့ မာနကြီးတယ်၊ မောက်မာတယ်၊ ပုန်ကန်ချင်ကြတယ်။ ဒါ့အပြင် ကျွန်တော်တို့က နိုင်ငံရေး၊ စစ်ရေးမှာ မပါဘူး။ လောကရဲ့ ပုံသွင်းမှု မခံတဲ့အတွက် သူတို့ထက် နိမ့်ကျတယ်လို့ မြင်နေကြတယ်။—ယောဟန် ၁၅:၁၉ ကိုဖတ်ပါ။ ရော. ၁၂:၂။
၆။ ကျေးကျွန်တွေအားဖြင့် ယေဟောဝါ ဘာတွေ ပြီးမြောက်အောင် လုပ်ဆောင်နေသလဲ။
၆ လောက,က ဘယ်လိုပဲ မြင်ပါစေ ယေဟောဝါက ကျွန်တော်တို့ကို သုံးပြီး ကြီးမားတဲ့ အရာတွေကို ပြီးမြောက်အောင် လုပ်ဆောင်နေတယ်။ ဟောပြောခြင်းလုပ်ငန်းဟာ တစ်ခါနဲ့မှ မတူအောင် အောင်မြင်ပြီးမြောက်နေတယ်။ ဘုရားကျေးကျွန်တွေဟာ ကမ္ဘာပေါ်မှာ ဘာသာအပြန်ရဆုံး၊ အဖြန့်ဝေရဆုံး စာပေတွေ ထုတ်နေတယ်။ ကျမ်းစာ သုံးပြီး လူသန်းပေါင်းများစွာရဲ့ ဘဝ တိုးတက်လာအောင် ကူညီပေးနေတယ်။ ဒါတွေအားလုံးဟာ ကြီးမားတဲ့ အလုပ်တွေ ပြီးမြောက်ဖို့ အားနည်းပုံရသူတွေကို အသုံးပြုနေတဲ့ ယေဟောဝါကြောင့်ပါပဲ။ ကျွန်တော်တို့ တစ်ယောက်ချင်းစီကိုကော အစွမ်းခွန်အား ပြည့်လာအောင် ယေဟောဝါ ကူညီပေးနိုင်သလား။ ဘုရားအကူအညီ ရဖို့ ကျွန်တော်တို့ ဘာလုပ်ရမလဲ။ တမန်တော် ပေါလုဆီကနေ သင်ယူနိုင်တဲ့ အချက်သုံးချက်ကို ဆွေးနွေးကြစို့။
ကိုယ့်အစွမ်းခွန်အားကို အားမကိုးပါနဲ့
၇။ ပေါလုဆီကနေ သင်ယူနိုင်တဲ့ သင်ခန်းစာတစ်ခုက ဘာလဲ။
၇ ပေါလုဆီကနေ သင်ယူနိုင်တဲ့ သင်ခန်းစာ တစ်ခုကတော့ ယေဟောဝါရဲ့ အမှုဆောင်တဲ့အခါ ကိုယ့်အစွမ်းအစ၊ ကိုယ့်ခွန်အားကို အားမကိုးဖို့ ဖြစ်တယ်။ လူ့အမြင်အရ ပေါလုမှာ မာနတက်စရာ၊ ကိုယ့်ကိုယ်ကိုယ် အားကိုးချင်စရာ အကြောင်းရင်းတွေ ရှိတယ်။ ရောမလက်အောက်ခံ ပြည်နယ်တစ်ခုရဲ့ မြို့တော် တာရှုမှာ ကြီးပြင်းလာတယ်။ တာရှုမြို့ဟာ ပညာရေး အခွင့်အလမ်း များတဲ့ ကြွယ်ဝတဲ့ မြို့ဖြစ်တယ်။ ပေါလုဟာ သူ့ခေတ်အခါက လူတွေ ရိုသေလေးစားကြတဲ့ ဂျူးခေါင်းဆောင် ဂါမလျေလဆီမှာ ပညာသင်ယူခဲ့တဲ့ ပညာတတ်တစ်ယောက် ဖြစ်တယ်။ (တ. ၅:၃၄။ ၂၂:၃) ပေါလုဟာ ဂျူးအသိုင်းအဝိုင်းမှာ အရေးပါသူ ဖြစ်ခဲ့တယ်။ “ဂျူးဘာသာမှာ လူမျိုးတူ၊ ရွယ်တူတွေထက် ကျွန်တော် ပိုပြီး ထွန်းပေါက်ခဲ့တယ်” လို့ ပြောတယ်။ (ဂလ. ၁:၁၃၊ ၁၄။ တ. ၂၆:၄) ဒါပေမဲ့ ပေါလု ကိုယ့်ကိုယ်ကိုယ် အားမကိုးဘူး။
၈။ ဖိလိပ္ပိ ၃:၈ အရ စွန့်လွှတ်လိုက်ရတာတွေကို ပေါလု ဘယ်လို သဘောထားသလဲ။ ဘာကြောင့် ‘အားနည်းခြင်းကို ကျေနပ်စွာ ခံယူ’ သလဲ။
၈ ပေါလုဟာ တခြားသူတွေ အထင်ကြီးတဲ့အရာတွေကို “အမှိုက်သရိုက်” လို့ သဘောထားပြီး လိုလိုလားလား စွန့်လွှတ်ခဲ့တယ်။ (ဖိလိပ္ပိ ၃:၈ ကိုဖတ်ပါ။) ခရစ်တော်ရဲ့ နောက်လိုက် ဖြစ်လာလို့ ပေးဆပ်ရတာတွေတော့ ရှိတယ်။ ကိုယ့်လူမျိုးချင်းတွေ မုန်းတာ ခံရတယ်။ (တ. ၂၃:၁၂-၁၄) ရောမနိုင်ငံသား အချင်းချင်း ရိုက်နှက်၊ ထောင်ချတာ ခံရတယ်။ (တ. ၁၆:၁၉-၂၄၊ ၃၇) ဒါ့အပြင် ကိုယ်တိုင်ရဲ့ အားနည်းချက်တွေကိုလည်း သိလာတယ်။ (ရော. ၇:၂၁-၂၅) ဒါပေမဲ့ ဆန့်ကျင်သူတွေကြောင့်၊ ကိုယ်တိုင်ရဲ့ အားနည်းချက်တွေကြောင့် ခရစ်တော်နောက် ဆက်မလိုက်ဘဲ မနေဘူး။ ‘အားနည်းခြင်းကို ကျေနပ်စွာ ခံယူ’ တယ်။ ဘာကြောင့်လဲဆိုတော့ အားနည်းတဲ့အခါ ဘုရား ကူညီပေးတာကို မြင်ခွင့်ရလို့ပဲ။—၂ ကော. ၄:၇။ ၁၂:၁၀။
၉။ ကိုယ့်ကို အားနည်းသူလို့ မြင်စေတဲ့အရာတွေနဲ့ပတ်သက်ပြီး ဘယ်လို သဘောထားသင့်သလဲ။
၉ ယေဟောဝါဆီက အစွမ်းခွန်အား ရချင်တယ်ဆိုရင် ကာယခွန်အား၊ ပညာရေး၊ ယဉ်ကျေးမှု နောက်ခံ၊ စည်းစိမ်ဥစ္စာတွေကို အားမကိုးရဘူး။ အဲဒါတွေက ကျွန်တော်တို့ကို ယေဟောဝါအတွက် အသုံးဝင်သူ ဖြစ်စေတာ မဟုတ်ဘူး။ တကယ်တော့ ဘုရားကျေးကျွန်တွေထဲမှာ “ပညာရှိ၁ ကော. ၁:၂၆၊ ၂၇) ဒါကြောင့် ကာယခွန်အား၊ ပညာရေး၊ ယဉ်ကျေးမှု နောက်ခံ၊ စည်းစိမ်ဥစ္စာ မရှိလို့ ယေဟောဝါအတွက် အမှုမဆောင်နိုင်ဘူးလို့ မတွေးပါနဲ့။ အဲဒီအစား ယေဟောဝါရဲ့ တန်ခိုးတော် ထင်ရှားတာကို မြင်ရမယ့် အခွင့်အရေးလို့ ရှုမြင်ပါ။ ဥပမာ၊ သင့်ယုံကြည်ချက်ကို တိုက်ခိုက်နေသူတွေကြောင့် ကြောက်စိတ်ဝင်လာတဲ့အခါ ယုံကြည်ချက်ကို ခုခံကာကွယ်ရဲတဲ့ သတ္တိ ပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ (ဧ. ၆:၁၉၊ ၂၀) ကျန်းမာရေး ပြဿနာ ကြုံနေရတယ်ဆိုရင် အမှုတော်မှာ အတတ်နိုင်ဆုံး ပါဝင်နိုင်အောင် လိုအပ်တဲ့ အစွမ်းခွန်အား ပေးဖို့ ဆုတောင်းပါ။ ယေဟောဝါရဲ့ အကူအညီကို မြင်တွေ့ရတဲ့အခါတိုင်း ယုံကြည်ခြင်း ခိုင်မာပြီး အားရှိလာမယ်။
သူ၊ တန်ခိုးအာဏာရှိသူ၊ မင်းမျိုးမင်းနွယ်တွေ” သိပ်မပါဘူး။ ယေဟောဝါက “လောကမှာ အားနည်းတယ်လို့ ထင်ရသူတွေကို ရွေးချယ်” ထားတာ။ (ကျမ်းစာပုံနမူနာတွေကနေ သင်ယူပါ
၁၀။ ဟီဘရူး ၁၁:၃၂-၃၄ မှာပါတဲ့ သစ္စာရှိ ကျမ်းစာပုံနမူနာတွေကို ဘာကြောင့် လေ့လာသင့်သလဲ။
၁၀ ပေါလုဟာ ကျမ်းစောင်တွေကို ထက်ထက်သန်သန် လေ့လာတယ်။ အချက်အလက်တွေကိုသာမက ကျမ်းစာမှာပါတဲ့ သစ္စာရှိ ကျေးကျွန်တွေရဲ့ ပုံနမူနာကိုလည်း လေ့လာတယ်။ ဟီဘရူး ခရစ်ယာန်တွေဆီ စာရေးတုန်းက ရှေးသစ္စာရှိ ကျေးကျွန်တွေအကြောင်း တွေးတောဖို့ ထည့်ရေးခဲ့တယ်။ (ဟီဘရူး ၁၁:၃၂-၃၄ ကိုဖတ်ပါ။) သူတို့ထဲက တစ်ယောက်ဖြစ်တဲ့ ဘုရင်ဒါဝိဒ်အကြောင်း စဉ်းစားကြည့်ပါ။ ရန်သူတွေသာမက မိတ်ဆွေဟောင်းတချို့ ဆန့်ကျင်တာကို ခံရတယ်။ ဒါဝိဒ်အသက်တာအကြောင်း တွေးတောခြင်းကနေ ပေါလု ဘာခွန်အား ရခဲ့သလဲ။ ကျွန်တော်တို့ကော ပေါလုကို ဘယ်လို တုပနိုင်သလဲ။ ဒါဝိဒ်အကြောင်း လေ့လာတဲ့အခါ နားလည်လာပါလိမ့်မယ်။
၁၁။ ဒါဝိဒ် ဘာကြောင့် အားနည်းပုံရသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၁၁ လူထွားကြီး ဂေါလျတ်က ဒါဝိဒ်ကို အားနည်းသူလို့ မြင်တယ်။ ဒါဝိဒ်ကို တွေ့တော့ “အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ပြီး လှောင်ရယ်တယ်။” ဂေါလျတ်က လူကောင်ကြီးတယ်။ စစ်လက်နက် ပြည့်စုံတယ်။ စစ်ရည်ဝတယ်။ ဒါဝိဒ်ကျတော့ စစ်လက်နက် အပြည့်အစုံ မပါတဲ့အပြင် အတွေ့အကြုံ မရှိတဲ့ လူငယ်လေး ဖြစ်လို့ အားနည်းပုံရတယ်။ ဒါပေမဲ့ အစွမ်းခွန်အား ရဖို့ ယေဟောဝါကို အားကိုးတဲ့အတွက် ရန်သူကို အောင်နိုင်ခဲ့တယ်။—၁ ရှ. ၁၇:၄၁-၄၅၊ ၅၀။
၁၂။ ဘယ်အခက်အခဲကိုလည်း ဒါဝိဒ် ကြုံခဲ့ရသလဲ။
၁၂ နောက်အခက်အခဲတစ်ခုကိုလည်း ဒါဝိဒ် ကြုံခဲ့ရတယ်။ အဲဒီအခက်အခဲကြောင့် အားငယ်ပြီး ဘာမှ မတတ်နိုင်ဘူးလို့ ခံစားခဲ့ရနိုင်တယ်။ ဒါဝိဒ်ဟာ ယေဟောဝါ ခန့်အပ်ထားတဲ့ အစ္စရေးဘုရင် ရှောလုလက်အောက်မှာ သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့တယ်။ ပထမတော့ ဒါဝိဒ်ကို ဘုရင်ရှောလု ချစ်ခင်နှစ်သက်တယ်။ နောက်ပိုင်း မာနစိတ်ကြောင့် ဒါဝိဒ်ကို မနာလို ဖြစ်လာတယ်။ ကောင်းကောင်း မဆက်ဆံတော့ဘူး။ သတ်ဖို့တောင် ကြိုးစားခဲ့တယ်။—၁ ရှ. ၁၈:၆-၉၊ ၂၉။ ၁၉:၉-၁၁။
၁၃။ ဘုရင်ရှောလုရဲ့ မတရားဆက်ဆံမှုကို ခံရတဲ့အခါ ဒါဝိဒ် ဘယ်လို တုံ့ပြန်သလဲ။
၁၃ ဘုရင် ရှောလုရဲ့ မတရားဆက်ဆံမှုကို ခံရပေမဲ့ ယေဟောဝါ ခန့်အပ်ထားတဲ့ ဘုရင်ကို ဒါဝိဒ် ဆက်လေးစားခဲ့တယ်။ (၁ ရှ. ၂၄:၆) ရှောလုရဲ့ မကောင်းတဲ့ လုပ်ရပ်တွေအတွက် ယေဟောဝါကို အပြစ်မတင်ခဲ့ဘူး။ အဲဒီအစား ဒီခက်ခဲတဲ့ စမ်းသပ်မှုကို ခံရပ်နိုင်ဖို့ လိုအပ်တဲ့ အစွမ်းခွန်အားအတွက် ယေဟောဝါကို အားကိုးခဲ့တယ်။—ဆာ. ၁၈:၁၊ ထိပ်စီး။
၁၄။ ဒါဝိဒ်လိုပဲ ဘယ်အခက်အခဲတွေကို တမန်တော် ပေါလု ကြုံခဲ့ရသလဲ။
၁၄ တမန်တော် ပေါလုလည်း ဒါဝိဒ်လို ကြုံခဲ့ရတယ်။ ရန်သူတွေက ပေါလုထက် အင်အားကြီးတယ်။ သူ့ခေတ်အခါက ဩဇာရှိ ခေါင်းဆောင်တွေ ပေါလုကို မုန်းတယ်။ ရိုက်နှက်တယ်။ ထောင်ချတယ်။ မိတ်ဆွေတွေလည်း သူ့အပေါ် မကောင်းကြဘူး။ အသင်းတော်က ခရစ်ယာန်တချို့၂ ကော. ၁၂:၁၁။ ဖိ. ၃:၁၈) ဒါပေမဲ့ ဆန့်ကျင်သူအားလုံးကို ပေါလု အနိုင်ယူခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။ ဆန့်ကျင်မှုတွေကြား ဆက်ဟောပြောခြင်းအားဖြင့်ပါပဲ။ မိမိကို စိတ်ပျက်အောင် လုပ်တဲ့ ညီအစ်ကို/မတွေအပေါ် ဆက်သစ္စာရှိတယ်။ အရေးကြီးဆုံးကတော့ ဘုရားအပေါ် သက်ဆုံးတိုင် သစ္စာတည်ကြည်တယ်။ (၂ တိ. ၄:၈) အခက်အခဲတွေကို ကျော်လွှားနိုင်တာဟာ ကိုယ်တိုင်ရဲ့ အစွမ်းအစကြောင့် မဟုတ်ဘဲ ယေဟောဝါကို အားကိုးခဲ့လို့ပါပဲ။
တောင် ပေါလုကို ဆန့်ကျင်ကြတယ်။ (၁၅။ ဘယ်လိုနည်းနဲ့ အဆိုးကို အကောင်းနဲ့ အနိုင်ယူနိုင်သလဲ။
၁၅ သင်ကော အတန်းဖော်၊ အလုပ်ဖော်၊ ယေဟောဝါသက်သေ မဟုတ်တဲ့ မိသားစုဝင်တွေရဲ့ စော်ကားမှု၊ ဆန့်ကျင်မှု ခံနေရသလား။ အသင်းတော်မှာ တစ်ယောက်ယောက်က ကိုယ့်ကို ကောင်းကောင်း မဆက်ဆံတာမျိုး ကြုံနေရသလား။ ဒါဆိုရင် ဒါဝိဒ်နဲ့ ပေါလုရဲ့ ပုံသက်သေကို သတိရပါ။ “အကောင်းနဲ့ တုံ့ပြန်ပြီး အဆိုးကို အမြဲ အနိုင်ယူ” နိုင်ပါတယ်။ (ရော. ၁၂:၂၁) ဆန့်ကျင်မှုတွေ ကြုံရတဲ့အခါ ဂေါလျတ်ကို ဒါဝိဒ် တိုက်သလို ကျွန်တော်တို့ တိုက်ခိုက်မှာတော့ မဟုတ်ဘူး။ အဲဒီအစား လူတွေရဲ့ စိတ်နှလုံးထဲ ကျမ်းစာအမှန်တရား အမြစ်စွဲသွားအောင် ကူညီပေးခြင်းအားဖြင့် အဆိုးကို အကောင်းနဲ့ အနိုင်ယူကြတယ်။ ယုံကြည်ချက်အကြောင်း မေးမြန်းခံရတဲ့အခါ ကျမ်းစာ သုံးပြီး ဖြေဆိုခြင်း၊ ကိုယ့်အပေါ် ကောင်းကောင်း မဆက်ဆံသူတွေကို လေးစားမှု၊ ကြင်နာမှု ပြခြင်း၊ ရန်သူအပါအဝင် လူတိုင်းကို ကောင်းမှုပြုခြင်းအားဖြင့် အနိုင်ယူနိုင်ပါတယ်။—မ. ၅:၄၄။ ၁ ပေ. ၃:၁၅-၁၇။
တခြားသူတွေဆီက အကူအညီကို လက်ခံပါ
၁၆-၁၇။ ဘယ်အချက်ကို ပေါလု တစ်သက်လုံး အမှတ်ရနေသလဲ။
၁၆ ခရစ်တော်ရဲ့ တပည့် ဖြစ်မလာခင်မှာ တမန်တော် ပေါလုဟာ ရိုင်းစိုင်းသူ၊ ခရစ်တော်ရဲ့ နောက်လိုက်တွေကို ညှဉ်းပန်းနှိပ်စက်သူ ဖြစ်ခဲ့တယ်။ (တ. ၇:၅၈။ ၁ တိ. ၁:၁၃) အသင်းတော်ကို ဒုက္ခမပေးတော့ဖို့ ယေရှုကိုယ်တိုင် တားခဲ့ရတယ်။ ပေါလုကို ယေရှု ကောင်းကင်ကနေ စကားပြောပြီး မျက်စိကွယ်အောင် ဒဏ်ပေးလိုက်တယ်။ မျက်စိပြန်မြင်လာဖို့ ပေါလုဟာ မိမိ နှိပ်စက်ခဲ့ဖူးသူတွေဆီကနေ အကူအညီ ယူရတယ်။ အာနနိလို့ ခေါ်တဲ့ တပည့်က မျက်စိပြန်မြင်အောင် ကူညီပေးတဲ့အခါ ပေါလု နှိမ့်ချစွာ လက်ခံခဲ့တယ်။—တ. ၉:၃-၉၊ ၁၇၊ ၁၈။
၁၇ နောက်ပိုင်း ပေါလုဟာ ခရစ်ယာန်အသင်းတော်မှာ လူသိများလာတယ်။ ဒါပေမဲ့ ဒမတ်စကတ်မြို့ကို သွားတဲ့ ကော. ၄:၁၀၊ ၁၁။
လမ်းမှာ ယေရှု သင်ပေးခဲ့တဲ့ သင်ခန်းစာကို တစ်သက်လုံး မမေ့တော့ဘူး။ နှိမ့်ချမှု ဆက်ပြတယ်။ ညီအစ်ကို/မတွေရဲ့ အကူအညီကို လိုလိုလားလား လက်ခံတယ်။ အဲဒီညီအစ်ကို/မတွေဟာ မိမိကို ‘အားပေးထောက်မသူတွေ’ ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုတယ်။—၁၈။ တခြားသူတွေဆီကနေ အကူအညီ ယူဖို့ တစ်ခါတလေ ဘာကြောင့် တွန့်ဆုတ်မိနိုင်သလဲ။
၁၈ ပေါလုဆီကနေ ဘာသင်ယူနိုင်သလဲ။ ယေဟောဝါလူမျိုးနဲ့ ပူးပေါင်းခါစမှာ ကျွန်တော်တို့ဟာ အမှန်တရား သက်တမ်းနုသေးမှန်း၊ သင်ယူစရာများစွာ ရှိသေးမှန်း အသိအမှတ်ပြုပြီး တခြားသူတွေဆီက အကူအညီကို လိုလိုလားလား လက်ခံကြတယ်။ (၁ ကော. ၃:၁၊ ၂) အခုကော။ ယေဟောဝါကို အမှုဆောင်လာတာ နှစ်တွေ ကြာလာပြီး အတွေ့အကြုံ အတော်အတန် ရလာတော့ တခြားသူတွေဆီက၊ အထူးသဖြင့် ကိုယ့်လောက် အမှန်တရား သက်တမ်း မရှိသူဆီက အကူအညီကို လက်ခံဖို့ လိုလိုလားလား သိပ်မရှိတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ခွန်အားပေးဖို့ ညီအစ်ကို/မတွေကို ယေဟောဝါ သုံးလေ့ရှိတယ်။ (ရော. ၁:၁၁၊ ၁၂) ယေဟောဝါဆီက အစွမ်းခွန်အား လိုချင်ရင် အဲဒီအချက်ကို အသိအမှတ်ပြုရမယ်။
၁၉။ ပေါလု ဘာကြောင့် ပြီးမြောက်အောင်မြင်ခဲ့သလဲ။
၁၉ ပေါလုဟာ ခရစ်ယာန် ဖြစ်လာပြီးနောက် များစွာ ပြီးမြောက်အောင်မြင်ခဲ့တယ်။ ဘာကြောင့်လဲ။ အောင်မြင်မှုဟာ ယေဟောဝါကို မှီခိုအားထားမှု၊ နှိမ့်ချမှုပေါ်သာ မူတည်ပြီး လူတစ်ယောက်ရဲ့ ကာယခွန်အား၊ ပညာရေး၊ ချမ်းသာကြွယ်ဝမှု၊ လူမှုရေး နောက်ခံပေါ် မမူတည်ကြောင်း အသိအမှတ်ပြုလို့ပဲ။ ကျွန်တော်တို့လည်း (၁) ယေဟောဝါကို အားကိုးခြင်း၊ (၂) ကျမ်းစာပုံနမူနာတွေကနေ သင်ယူခြင်း၊ (၃) ညီအစ်ကို/မတွေရဲ့ အကူအညီကို လက်ခံခြင်းအားဖြင့် ပေါလုကို တုပကြပါစို့။ ဒါဆိုရင် ဘယ်လောက်ပဲ အားနည်းတယ်လို့ ခံစားရပါစေ ယေဟောဝါက အစွမ်းခွန်အားနဲ့ ပြည့်စေပါလိမ့်မယ်။
သီချင်း ၇၁ ငါတို့ ယေဟောဝါရဲ့ တပ်တော်
^ အပိုဒ်၊ 5 ဒီဆောင်းပါးမှာ တမန်တော် ပေါလုရဲ့ ပုံသက်သေကို ဆွေးနွေးပါမယ်။ ကျွန်တော်တို့ နှိမ့်ချမယ်ဆိုရင် ကဲ့ရဲ့လှောင်ပြောင်မှုတွေကို ခံရပ်ဖို့၊ အားနည်းချက်တွေကို ကျော်လွှားဖို့ လိုအပ်တဲ့ အစွမ်းခွန်အား ယေဟောဝါ ပေးမယ်ဆိုတာ တွေ့ရပါမယ်။
^ အပိုဒ်၊ 1 စကားလုံး ရှင်းလင်းချက်– မစုံလင်လို့၊ ဆင်းရဲချို့တဲ့လို့၊ မကျန်းမာလို့၊ အတန်းပညာ မရှိလို့စတဲ့ အကြောင်းရင်း အမျိုးမျိုးကြောင့် အားနည်းတယ်လို့ ခံစားရနိုင်တယ်။ ဒါ့အပြင် ရန်သူတွေက ကျွန်တော်တို့ သိမ်ငယ်စိတ် ဝင်အောင် နှုတ်နဲ့ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ တိုက်ခိုက်ကြတယ်။
^ အပိုဒ်၊ 57 ပုံအညွှန်း– ခရစ်တော်အကြောင်း ဟောပြောဖို့ သွားတဲ့အခါ ဖာရိရှဲဘဝက အရာတွေကို ပေါလု ချန်ထားခဲ့။ အဲဒီထဲမှာ လောက စာလိပ်တွေ၊ ကျမ်းလိပ်တွေ ပါနိုင်။
^ အပိုဒ်၊ 61 ပုံအညွှန်း– အလုပ်ဖော်တစ်ယောက်အတွက် ကျင်းပတဲ့ မွေးနေ့ပွဲမှာ ပါဝင်ဖို့ ညီအစ်ကိုတစ်ယောက် ဖိအားပေးခံနေရစဉ်။