မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာစရာ အကြံပြုလွှာ

လေ့လာစရာ အကြံပြုလွှာ

ဘာကို ဦးစားပေး ဖတ်မလဲ ဆုံးဖြတ်ပါ

ကျွန်တော်တို့အားလုံး ကိုယ်ပိုင် လေ့လာမှု လုပ်ဖို့ အချိန် အကန့်အသတ်ပဲ ရကြတယ်။ အချိန် နည်းနည်းလေးနဲ့ အကျိုးများများ ရအောင် ဘာလုပ်နိုင်သလဲ။ အချိန်ပေး ဖတ်ပါ။ အကြောင်းအရာ အများကြီးကို အပေါ်ယံ လျှပ်ဖတ်သွားမယ့်အစား နည်းနည်းလောက်ကိုပဲ သေသေချာချာ လေ့လာတာ ပိုအကျိုးရှိတယ်။

ဘာကို ဦးစားပေး ဖတ်မလဲ ဆုံးဖြတ်ပါ။ (ဧ. ၅:၁၅၊ ၁၆) ဒီအကြံပြုချက်တွေကို သုံးသပ်ကြည့်ပါ–

  • နေ့တိုင်း ကျမ်းစာ ဖတ်ပါ။ (ဆာ. ၁:၂) အပတ်တိုင်း ကြားရက် အစည်းအဝေးမှာ လေ့လာမယ့် ကျမ်းစာ အခန်းကြီးတွေကနေ စဖတ်တာ အကျိုးရှိနိုင်တယ်။

  • ကင်းမျှော်စင် သင်တန်းနဲ့ ကြားရက် အစည်းအဝေးအတွက် ပြင်ဆင်ပါ။ မှတ်ချက် ပေးနိုင်အောင် ပြင်ပါ။—ဆာ. ၂၂:၂၂

  • အချိန်ရရင် ရသလို လူထု မဂ္ဂဇင်းတွေ၊ ဗီဒီယိုတွေ၊ jw.org မှာ တင်ထားတာတွေကို အချိန်နဲ့ တစ်ပြေးညီ လိုက်ဖတ်၊ လိုက်ကြည့်ပါ။

  • အကြောင်းအရာတစ်ခုခုကို ရှာဖွေလေ့လာပါ။ ကြုံနေရတဲ့ အခက်အခဲ၊ သိချင်နေတဲ့ မေးခွန်း၊ ပိုနားလည်ချင်တဲ့ ကျမ်းစာ အကြောင်းအရာကို ရှာဖွေလို့ ရတယ်။ ဘာတွေ ရှာဖွေလေ့လာလို့ ရတယ်ဆိုတာ နမူနာ သိချင်ရင် jw.org မှာ ရှိတဲ့ “ကျမ်းစာလေ့လာမှု ကဏ္ဍ” မှာ ကြည့်ပါ။