လေ့လာရန် ဆောင်းပါး ၂၆
စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ တခြားသူတွေကို ကူညီပါ
“ခင်ဗျားတို့အားလုံး တစ်စိတ်တစ်သဘောတည်း ဖြစ်ပါ။ ကိုယ်ချင်းစာပါ။ ညီရင်းအစ်ကိုမေတ္တာနဲ့ ချစ်ခင်ပါ။ ချစ်ခင်စာနာခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြပါ။” —၁ ပေ. ၃:၈။
သီချင်း ၁၀၇ မေတ္တာစံနမူနာ
အကြိုသုံးသပ်ချက် *
၁။ မေတ္တာရှင် ဖခင် ယေဟောဝါကို ဘယ်လို တုပနိုင်မလဲ။
ယေဟောဝါက ကျွန်တော်တို့ကို အလွန်ချစ်တယ်။ (ယော. ၃:၁၆) မေတ္တာရှင် ဖခင်ကို ကျွန်တော်တို့ တုပချင်တယ်။ ဒါကြောင့် လူအားလုံးကို၊ အထူးသဖြင့် “ယုံကြည်ခြင်းတူတဲ့သူတွေကို” ‘ကိုယ်ချင်းစာမှု၊ ညီရင်းအစ်ကိုမေတ္တာ၊ ချစ်ခင်စာနာမှု’ ပြဖို့ ကြိုးစားကြတယ်။ (၁ ပေ. ၃:၈။ ဂလ. ၆:၁၀) စိတ်ဖိစီးစရာ ပြဿနာတွေ ကြုံနေရတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ကူညီပေးချင်တယ်။
၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။
၂ ယေဟောဝါရဲ့ မိသားစုဝင် ဖြစ်ချင်သူအားလုံးဟာ စိတ်ဖိစီးစရာ အခြေအနေတွေ ကြုံကြရတယ်။ (မာ. ၁၀:၂၉၊ ၃၀) ဒီစနစ်ရဲ့အဆုံး နီးလာတာနဲ့အမျှ စမ်းသပ်မှုတွေကို ပိုကြုံရနိုင်တယ်။ အချင်းချင်း ဘယ်လို ကူညီနိုင်မလဲ။ လောတ၊ ယောဘ၊ နောမိတို့ရဲ့ ကျမ်းစာမှတ်တမ်းကနေ ဘာသင်ယူနိုင်ကြောင်း သုံးသပ်ကြည့်ကြစို့။ ညီအစ်ကို/မတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတချို့အကြောင်း၊ သူတို့ကို ဘယ်လို ကူညီပေးနိုင်ကြောင်းကိုလည်း သုံးသပ်ကြမယ်။
စိတ်ရှည်ပါ
၃။ ၂ ပေတရု ၂:၇၊ ၈ မှာပါတဲ့အတိုင်း လောတ ဘယ်ဆုံးဖြတ်ချက်အမှားကို ချခဲ့သလဲ။ ဘာရလဒ်တွေ ရခဲ့သလဲ။
၃ အကျင့်ပျက်တဲ့ သောဒုံမြို့သားတွေနဲ့အတူ နေထိုင်ဖို့ လောတ ရွေးချယ်တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပါပဲ။ (၂ ပေတရု ၂:၇၊ ၈ ကိုဖတ်ပါ။) အဲဒီဒေသဟာ သီးနှံဖြစ်ထွန်းပေမဲ့ လောတ အခက်အခဲများစွာ ကြုံခဲ့ရတယ်။ (က. ၁၃:၈-၁၃။ ၁၄:၁၂) လောတရဲ့ဇနီးဟာ မြို့ကို ဒါမှမဟုတ် မြို့ထဲက လူတချို့ကို ခင်တွယ်နေလို့ ယေဟောဝါကို မနာခံခဲ့တာ ဖြစ်နိုင်တယ်။ ဒါကြောင့် မြို့အပေါ် မီးနဲ့ ကန့်ကို ဘုရား ရွာကျစေတဲ့အခါ သူအသက်ဆုံးရှုံးခဲ့တယ်။ လောတရဲ့ သမီးနှစ်ယောက်နဲ့ စေ့စပ်ထားတဲ့ အမျိုးသားတွေလည်း သောဒုံမြို့ ဖျက်ဆီးခံရချိန်မှာ သေဆုံးသွားတယ်။ လောတဟာ အိမ်နဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားတယ်။ အဆိုးဆုံးကတော့ ဇနီးကို ဆုံးရှုံးလိုက်ရတာပဲ။ (က. ၁၉:၁၂-၁၄၊ ၁၇၊ ၂၆) အဲဒီလို စိတ်ဖိစီးမှုတွေကို လောတ ကြုံရချိန်မှာ ယေဟောဝါ စိတ်မရှည်နိုင်ဘဲ ဖြစ်ခဲ့သလား။ မဖြစ်ခဲ့ပါဘူး။
၄။ လောတကို ယေဟောဝါ ဘယ်လို စိတ်ရှည်မှု ပြခဲ့သလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၄ သောဒုံမြို့မှာ နေဖို့ လောတ ရွေးချယ်ပေမဲ့ ယေဟောဝါက သူနဲ့ မိသားစုကို ကယ်ဖို့ ကောင်းကင်တမန်တွေကို ထောက်ထားစာနာစွာ စေလွှတ်ပေးတယ်။ ဒါပေမဲ့ လောတဟာ ကောင်းကင်တမန်တွေရဲ့ စကားကို နာခံပြီး သောဒုံမြို့ကနေ ချက်ချင်း ထွက်မယ့်အစား “အချိန်ဆွဲ” နေတယ်။ ဒါကြောင့် ကောင်းကင်တမန်တွေက လောတကို လက်ဆွဲပြီး မြို့ပြင်ထွက်ပြေးဖို့ ကူညီပေးခဲ့ရတယ်။ (က. ၁၉:၁၅၊ ၁၆) တောင်ပေါ်ကို ပြေးဖို့ ကောင်းကင်တမန်တွေ ပြောတဲ့အခါမှာလည်း နာခံမယ့်အစား အနီးအနားက မြို့ကို ပြေးပါရစေလို့ တောင်းဆိုတယ်။ (က. ၁၉:၁၇-၂၀) ယေဟောဝါ စိတ်ရှည်စွာ နားထောင်ပြီး ခွင့်ပြုလိုက်တယ်။ နောက်ပိုင်း အဲဒီမြို့မှာ မနေရဲလို့ ယေဟောဝါပြောတဲ့ တောင်တန်းဒေသကိုပဲ ပြောင်းခဲ့ရတယ်။ (က. ၁၉:၃၀) လောတကို ယေဟောဝါ အလွန် စိတ်ရှည်ခဲ့တယ်။ ဘုရားကို ကျွန်တော်တို့ ဘယ်လို တုပနိုင်သလဲ။
၅-၆။ ဘုရားသခင်ကို တုပရာမှာ ၁ သက်သာလောနိတ် ၅:၁၄ ကို ဘယ်လို ကျင့်သုံးနိုင်သလဲ။
၅ ညီအစ်ကို/မတစ်ယောက်ဟာ လောတလို ဆုံးဖြတ်ချက် အမှားတွေ ချမိပြီး ကြီးလေးတဲ့ ပြဿနာတွေ ကြုံနေရတယ် ဆိုရင်ကော။ သင် ဘာလုပ်မလဲ။ စိုက်တဲ့အတိုင်း ရိတ်ရတာပဲလို့ ပြောမိနိုင်တယ်။ အဲဒါ မှန်နိုင်ပါတယ်။ (ဂလ. ၆:၇) ဒါပေမဲ့ လောတကို ကူညီခဲ့တဲ့ ယေဟောဝါကို တုပရင် ပိုကောင်းပါတယ်။ ဘယ်လို တုပနိုင်မလဲ။
၆ လောတကို သတိပေးဖို့သာမက သောဒုံမြို့ ပျက်စီးခြင်းဘေးကနေ လွတ်အောင် ကူညီဖို့ ကောင်းကင်တမန်တွေကို ယေဟောဝါ စေလွှတ်ခဲ့တယ်။ ကျွန်တော်တို့လည်း ညီအစ်ကိုတစ်ယောက် ဒုက္ခရောက်တော့မယ်ဆိုတာ သိရင် သတိပေးရမယ်။ ဒါပေမဲ့ အကူအညီလည်း ပေးရမယ်။ ကျမ်းစာအခြေပြု ဆုံးမစကားကို သူ ချက်ချင်း မလိုက်နာရင်တောင် စိတ်ရှည်ပါ။ ကောင်းကင်တမန်နှစ်ပါးကို တုပပါ။ လက်လျှော့ပြီး ပစ်ထားမယ့်အစား လက်တွေ့ကျကျ ကူညီပေးပါ။ (၁ ယော. ၃:၁၈) သူ့လက်ကို ဆွဲပါ။ ဆိုလိုတာက ကျမ်းစာအကြံဉာဏ်ကို လိုက်နာဖို့ ကူညီပေးပါ။—၁ သက်သာလောနိတ် ၅:၁၄ ကိုဖတ်ပါ။
၇။ လောတအပေါ်ထားတဲ့ ယေဟောဝါရဲ့ သဘောထားကို ဘယ်လို တုပနိုင်မလဲ။
၇ လောတရဲ့ မစုံလင်မှုတွေကို ယေဟောဝါ အာရုံမစိုက်ခဲ့ဘူး။ နောက်ပိုင်းမှာ လောတကို ဖြောင့်မတ်သူအဖြစ် ဖော်ပြဖို့ တမန်တော် ပေတရုကို စွမ်းအားတော်အားဖြင့် ညွှန်ကြားတယ်။ အမှားတွေကို ယေဟောဝါ အာရုံမစိုက်လို့ ကျေးဇူးတင်စရာပါပဲ။ (ဆာ. ၁၃၀:၃) လောတအပေါ်ထားတဲ့ ယေဟောဝါရဲ့ သဘောထားကို တုပနိုင်မလား။ ညီအစ်ကို/မတွေရဲ့ အရည်အသွေးကောင်းတွေကို အာရုံစိုက်မယ်ဆိုရင် သူတို့အပေါ် ပိုစိတ်ရှည်လာပါလိမ့်မယ်။ ဒါဆို သူတို့လည်း ကိုယ့်ရဲ့ အကူအညီကို ပိုလက်ခံလာပါလိမ့်မယ်။
ထောက်ထားစာနာပါ
၈။ ထောက်ထားစာနာမှုက ဘာလုပ်ဖို့ လှုံ့ဆော်ပေးမလဲ။
၈ ယောဘ ဒုက္ခရောက်တာကျတော့ ဆုံးဖြတ်ချက်အမှားကြောင့် မဟုတ်ဘူး။ သူဟာ ဒုက္ခမျိုးစုံ ကြုံခဲ့ရတယ်။ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးတယ်။ အသိုင်းအဝိုင်းမှာ နာမည်ပျက်
ရတယ်။ ရောဂါဆိုး ခံစားရတယ်။ သားသမီးအားလုံး သေဆုံးသွားတယ်။ မိတ်ဆွေ အတုအယောင် သုံးယောက်ရဲ့ မဟုတ်မမှန် စွပ်စွဲတာကို ခံရတယ်။ သူတို့သုံးယောက်က ယောဘကို ဘာကြောင့် မစာနာကြတာလဲ။ အပေါ်ယံကိုပဲ ကြည့်လို့ပါ။ ဒါကြောင့် တလွဲကောက်ချက်ချပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတယ်။ အဲဒီလိုအမှားမျိုး ကျွန်တော်တို့ မလုပ်မိအောင် ဘယ်လို ရှောင်နိုင်မလဲ။ လူတစ်ယောက်ရဲ့ အခြေအနေကို ယေဟောဝါပဲ အတိအကျ သိတယ်ဆိုတာ အသိအမှတ်ပြုရမယ်။ သူပြောတာကို ဂရုစိုက် နားထောင်ပါ။ နားထောင်ရုံသာမက ထပ်တူ မျှဝေခံစားပါ။ ဒါမှသာ စစ်မှန်တဲ့ ကိုယ်ချင်းစာနာမှု ပြနိုင်မယ်။၉။ ထောက်ထားစာနာမှုက ဘာမလုပ်ဖို့ ကူညီပေးသလဲ။ ဘာကြောင့်လဲ။
၉ ထောက်ထားစာနာမှုက တခြားသူ ကြုံနေရတဲ့ ပြဿနာတွေအကြောင်း အတင်းအဖျင်း မပြောဖို့ ကူညီပေးတယ်။ အတင်းအဖျင်း ပြောသူဟာ အသင်းတော်ကို မတည်ဆောက်ဘဲ ပြိုကွဲစေတယ်။ (ပညာ. ၂၀:၁၉။ ရော. ၁၄:၁၉) ကြင်နာမှုမဲ့သူ၊ စာနာမှုမဲ့သူ ဖြစ်တယ်။ သူ့စကားက ဒုက္ခရောက်နေသူကို ပိုနာကျင်စေနိုင်တယ်။ (ပညာ. ၁၂:၁၈။ ဧဖက် ၄:၃၁၊ ၃၂) ဒါကြောင့် အတင်းအဖျင်း ပြောမယ့်အစား အခက်အခဲ ကြုံနေရသူရဲ့ အရည်အသွေးကောင်းကို ရှာပြီး ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ စဉ်းစားရင် ပိုကောင်းတယ်။
၁၀။ ယောဘ ၆:၂၊ ၃ က ကျွန်တော်တို့ကို ဘာသင်ပေးသလဲ။
၁၀ ယောဘ ၆:၂၊ ၃ ကိုဖတ်ပါ။ ယောဘ “မဆင်မခြင် ပြော” မိတဲ့အခါတွေလည်း ရှိတယ်။ နောက်ပိုင်း စကားတချို့ကို ပြန်ရုပ်သိမ်းခဲ့တယ်။ (ယောဘ ၄၂:၆) ယောဘလိုပဲ ဖိစီးမှုကြုံနေရသူဟာ နောက်မှ နောင်တရမယ့် စကားတွေကို မဆင်မခြင် ပြောမိနိုင်တယ်။ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်မလဲ။ ပြစ်တင်ဝေဖန်မယ့်အစား ထောက်ထားစာနာမှု ပြသင့်တယ်။ ကျွန်တော်တို့အားလုံးကို ဒီလို ပြဿနာ တွေ၊ ဖိစီးမှုတွေ ယေဟောဝါ မကြုံစေချင်ဘူးဆိုတာ သတိရပါ။ ဒါကြောင့် ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တစ်ယောက် စိတ်ဖိစီးမှုကြောင့် မဆင်မခြင် ပြောမိတဲ့အခါ နားလည်ပေးပါ။ ယေဟောဝါအကြောင်း၊ ကျွန်တော်တို့အကြောင်း မဟုတ်မမှန်တာတွေ သူပြောလာရင် ချက်ချင်း စိတ်မဆိုးပါနဲ့။ မဝေဖန်လိုက်ပါနဲ့။—ပညာ. ၁၉:၁၁။
၁၁။ အကြံဉာဏ် ပေးတဲ့အခါ ဧလိဟုကို အကြီးအကဲတွေ ဘယ်လို တုပနိုင်သလဲ။
၁၁ တစ်ခါတလေ ဖိစီးမှုကြုံရသူဟာ အကြံဉာဏ် ဒါမှမဟုတ် အထောက်အကူပြု ဆုံးမစကား လိုအပ်နိုင်တယ်။ (ဂလ. ၆:၁) ဒီအခြေအနေကို အကြီးအကဲတွေ ဘယ်လို ကိုင်တွယ်သင့်သလဲ။ ယောဘပြောတာကို စာနာစွာ နားထောင်ပေးတဲ့ ဧလိဟုကို တုပသင့်တယ်။ (ယောဘ ၃၃:၆၊ ၇) ဧလိဟုက ယောဘရဲ့ ခံစားချက်တွေကို နားလည်ပြီးနောက်မှ အကြံပေး၊ ဆုံးမတယ်။ ဧလိဟုရဲ့ ပုံသက်သေကို တုပတဲ့ အကြီးအကဲတွေဟာ ဂရုစိုက် နားထောင်ပြီး အခြေအနေကို နားလည်ဖို့ ကြိုးစားတယ်။ ပြီးမှ အကြံပေး၊ ဆုံးမမယ်ဆိုရင် နားထောင်သူရဲ့စိတ်ကို ပိုထိမိစေနိုင်မယ်။
ကြင်ကြင်နာနာ ပြောပါ
၁၂။ ယောက်ျားနဲ့ သားနှစ်ယောက် သေဆုံးတာက နောမိအပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။
၁၂ နောမိဟာ ယေဟောဝါကို ချစ်တဲ့ သစ္စာရှိအမျိုးသမီး ဖြစ်တယ်။ ယောက်ျားနဲ့ သားနှစ်ယောက် သေဆုံးပြီးနောက် မိမိနာမည်ကို “ခါးသီးခြင်း” လို့ အဓိပ္ပာယ်ရှိတဲ့ “မာရ” လို့ပဲ ခေါ်ကြပါဆိုပြီး ပြောခဲ့တယ်။ (ရု. ၁:၃၊ ၅၊ ၂၀၊ အောက်ခြေမှတ်ချက်၊ ၂၁) ချွေးမ ရုသဟာ နောမိ ဒုက္ခရောက်ချိန်တစ်လျှောက်လုံးမှာ အတူရှိနေခဲ့တယ်။ ရုသဟာ နောမိကို လက်တွေ့ကျကျ ကူညီရုံသာမက ကြင်ကြင်နာနာ ပြောဆိုတယ်။ ရိုးရှင်းတဲ့စကားတွေကို စိတ်ရင်းမှန်နဲ့ပြောပြီး မေတ္တာပါပါ ထောက်မပေးတယ်။—ရု. ၁:၁၆၊ ၁၇။
၁၃။ အိမ်ထောင်ဖက် ဆုံးသွားလို့ ကျန်ရစ်ခဲ့သူကို ဘာကြောင့် ထောက်မပေးဖို့ လိုသလဲ။
၁၃ ညီအစ်ကို/မတစ်ယောက်ဟာ အိမ်ထောင်ဖက် ဆုံးပါးသွားတဲ့အခါ ကျွန်တော်တို့ရဲ့ ထောက်မမှု လိုအပ်တယ်။ လင်မယားတွေကို ဘေးချင်းကပ်ပေါက်တဲ့ သစ်ပင်နှစ်ပင်နဲ့ နှိုင်းယှဉ်နိုင်တယ်။ နှစ်တွေတစ်လျှောက် အမြစ်တွေ ရစ်ပတ်နှောင်တွယ်နေတဲ့အတွက် တစ်ပင် သေတဲ့အခါ နောက်တစ်ပင်လည်း ထိခိုက်တယ်။ အလားတူပဲ အိမ်ထောင်ဖက်တစ်ဦး သေဆုံးတဲ့အခါ ကျန်ရစ်သူဟာ နှစ်ရှည်လများ စိတ်ဒဏ်ရာ ခံစားရနိုင်တယ်။ ပေါ်လာရဲ့ * ခင်ပွန်း ရုတ်တရက် ဆုံးသွားတယ်။ သူ ဒီလိုပြောတယ်– “ကျွန်မဘဝတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်ပြီး ကူကယ်ရာမဲ့ ဖြစ်သွားတယ်။ အကောင်းဆုံး မိတ်ဆွေကို ဆုံးရှုံးလိုက်ရတာပဲ။ သူ့ကို ကျွန်မ ဘာမဆို အကုန်ပြောပြတယ်။ ကျွန်မ ပျော်ရင် သူလည်း ပျော်တယ်။ ခက်ခဲချိန်တွေမှာ သူ ထောက်မပေးတယ်။ ရင်ဖွင့်ပြောတာတွေကို နားထောင်ပေးတယ်။ အခုတော့ ကျွန်မရင်တွေ ကွဲကြေကုန်ပါပြီ။”
၁၄-၁၅။ အိမ်ထောင်ဖက် ဆုံးသွားလို့ ကျန်ရစ်သူကို ဘယ်လို နှစ်သိမ့်ပေးနိုင်သလဲ။
၁၄ အိမ်ထောင်ဖက် ဆုံးသွားလို့ ကျန်ရစ်ခဲ့သူကို ဘယ်လို နှစ်သိမ့်ပေးနိုင်မလဲ။ အရေးကြီးဆုံးက ဘာပြောရမှန်း မသိရင်တောင် တစ်ခုခု ပြောပေးပါ။ အစောပိုင်းမှာ ပါတဲ့ ညီအစ်မ ပေါ်လာက “သေခြင်းအကြောင်း လူတွေ မပြောချင်ကြမှန်း သိပါတယ်။ စကားပြောမှားမှာ သူတို့ စိုးရိမ်ကြတယ်။ ဒါပေမဲ့ ဘာမှ မပြောတာက အပြောမှားတာထက် ပိုဆိုးတယ်” လို့ ပြောတယ်။ ကြီးကျယ်တဲ့ စကားတွေနဲ့ နှစ်သိမ့်ပေးဖို့ ဝမ်းနည်းကြေကွဲနေသူတွေ မမျှော်လင့်ပါဘူး။ “‘စိတ်မကောင်းပါဘူး’ လို့ မိတ်ဆွေတွေ ပြောရုံနဲ့တင် ကျေနပ်ပါတယ်” ဆိုပြီး ပေါ်လာ ပြောတယ်။
၁၅ လွန်ခဲ့တဲ့နှစ် အနည်းငယ်မှာ ဝီလျံရဲ့ ဇနီး သေဆုံးသွား
တယ်။ သူ ဒီလိုပြောတယ်– “ကျွန်တော့်ဇနီးရဲ့ ကောင်းကြောင်းကို တခြားသူတွေ ပြောတဲ့အခါ သူ့ကို ချစ်ခင်လေးစားကြမှန်း သိရလို့ ကျေနပ်လိုက်တာ။ အဲဒါက အတော့်ကို အကူအညီ ဖြစ်စေတယ်။ သူဟာ ကျွန်တော့်အတွက် တန်ဖိုးရှိသူ၊ အရေးပါသူဆိုတော့ အဲဒီလို စကားတွေက နှစ်သိမ့်မှု ဖြစ်စေတယ်။” ခင်ပွန်းဆုံးသွားတဲ့ ဘီယန်ကာ ဒီလိုပြောတယ်– “တခြားသူတွေ ကျွန်မနဲ့အတူ ဆုတောင်းပြီး ကျမ်းချက် တစ်ချက် နှစ်ချက် ဖတ်ပြတဲ့အခါ နှစ်သိမ့်မှု ရတယ်။ ကျွန်မယောက်ျားအကြောင်း သူတို့ပြောတဲ့အခါ၊ သူ့အကြောင်း ကျွန်မပြောတာကို နားထောင်ပေးကြတဲ့အခါ နှစ်သိမ့်မှု ရတယ်။”၁၆။ (က) ချစ်ရသူတစ်ဦး သေဆုံးသွားလို့ ကျန်ရစ်တဲ့သူကို ဘာလုပ်ပေးနိုင်သလဲ။ (ခ) ယာကုပ် ၁:၂၇ အရ ကျွန်တော်တို့မှာ ဘာတာဝန် ရှိသလဲ။
၁၆ မုဆိုးမ နောမိနားမှာ အမြဲရှိနေပေးတဲ့ ရုသလိုပဲ ချစ်ရသူ သေဆုံးလို့ ကျန်ရစ်သူတွေကို အမြဲ ထောက်မပေးဖို့ လိုတယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ပေါ်လာ ဒီလိုပြောတယ်– “ကျွန်မယောက်ျား ဆုံးပြီးပြီးချင်းမှာ အကူအညီတွေ အများကြီး ရတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ လူတွေလည်း ပုံမှန် ပြန်ဖြစ်သွားကြတယ်။ ကျွန်မရဲ့ဘဝကတော့ လုံးလုံးပြောင်းလဲသွားပြီ။ ဝမ်းနည်းပူဆွေးသူတွေဟာ လနဲ့ချီ၊ နှစ်နဲ့ချီပြီး ထောက်မမှု လိုနေဆဲပဲဆိုတာကို လူတွေ အသိအမှတ်ပြုတာ အကူအညီဖြစ်စေတယ်။” တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြပါဘူး။ တချို့က အခြေအနေသစ်မှာ အမြန် နေသားကျသွားတယ်။ တချို့ကျတော့ အိမ်ထောင်ဖက်နဲ့ အတူလုပ်ဆောင်ခဲ့တာတွေကို အမှတ်ရတိုင်း နာကျင်ခံစားနေတတ်တယ်။ ဝမ်းနည်းပုံချင်း မတူကြဘူး။ အိမ်ထောင်ဖက် သေဆုံးသွားလို့ ကျန်ရစ်သူတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ ယာကုပ် ၁:၂၇ ကိုဖတ်ပါ။
အခွင့်ထူးနဲ့ တာဝန် ပေးအပ်ထားကြောင်း သတိရကြပါစို့။—၁၇။ အိမ်ထောင်ဖက်ရဲ့ စွန့်ပစ်မှု ခံရသူတွေ ဘာကြောင့် ထောက်မမှု လိုအပ်သလဲ။
၁၇ အိမ်ထောင်သည်တချို့က အိမ်ထောင်ဖက် စွန့်သွားလို့ သောကဖိစီးမှု ကြုံရကြတယ်။ ခင်ပွန်းဖြစ်သူ နောက်မိန်းမ ယူသွားတဲ့အခါ ဂျွိုက်စ် ဒီလိုပြောတယ်– “အိမ်ထောင်ဖက် သေဆုံးတာထက် ကွာရှင်းလိုက်ရတဲ့ စိတ်ဒဏ်ရာက ပိုဆိုးတယ်။ မတော်တဆဖြစ်လို့၊ နေမကောင်းလို့ သေသွားရင် သူ့မှာ ရွေးချယ်စရာ မရှိဘူး။ အခုတော့ ကျွန်မကို တမင်စွန့်သွားတာ။ အရှက်ကွဲပြီး သိက္ခာကျတယ်လို့ ခံစားရတယ်။”
၁၈။ အိမ်ထောင်ဖက် မရှိတော့တဲ့သူတွေကို ဘယ်လို ကူညီပေးနိုင်မလဲ။
၁၈ အိမ်ထောင်ဖက် မရှိတော့တဲ့သူတွေကို မေတ္တာပါတဲ့ လုပ်ရပ်လေးတွေအားဖြင့် ချစ်ခင်ကြောင်း ပြနိုင်တယ်။ မိတ်ဆွေကောင်းတွေကို သူတို့ ပိုလိုအပ်တယ်။ (ပညာ. ၁၇:၁၇) သူတို့ရဲ့ မိတ်ဆွေဖြစ်ကြောင်း သင် ဘယ်လို ပြနိုင်သလဲ။ ထမင်း ဖိတ်ကျွေးနိုင်တယ်။ အတူအပန်းဖြေဖို့၊ အတူအမှုဆောင်ဖို့ ဖိတ်ခေါ်နိုင်တယ်။ မိသားစုဝတ်ပြုမှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်နိုင်တယ်။ အဲဒီလိုလုပ်ရင် “စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိ” ပြီး “မုဆိုးမတွေကို ကာကွယ်ပေးတဲ့” ယေဟောဝါ ပျော်ရွှင်ပါလိမ့်မယ်။—ဆာ. ၃၄:၁၈။ ၆၈:၅။
၁၉။ ၁ ပေတရု ၃:၈ အရ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။
၁၉ မကြာခင် မြေကြီးကို ဘုရားသခင့် နိုင်ငံတော် အုပ်ချုပ်တဲ့အခါ “ဒုက္ခတွေကို မေ့လျော့သွား” ပါလိမ့်မယ်။ “အရင်တုန်းက ဖြစ်ခဲ့တာတွေကို သတိရတော့မှာ မဟုတ်ဘူး။ အဲဒါတွေဟာ စိတ်ထဲပေါ်လာတော့မှာ မဟုတ်ဘူး။” အဲဒီအချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။ (ဟေရှာ. ၆၅:၁၆၊ ၁၇) အဲဒီနေ့ရောက်တဲ့အထိ အချင်းချင်း ထောက်မကြပါစို့။ ညီအစ်ကို/မတွေကို ချစ်ကြောင်း အပြော၊ အလုပ်အားဖြင့် တင်ပြကြပါစို့။—၁ ပေတရု ၃:၈ ကိုဖတ်ပါ။
သီချင်း ၁၁၁ တို့ဝမ်းမြောက်ရတဲ့အကြောင်းများ
^ အပိုဒ်၊ 5 လောတ၊ ယောဘ၊ နောမိတို့ဟာ ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြု ကြပေမဲ့ ဖိစီးမှုတွေ ကြုံခဲ့ရတယ်။ သူတို့ဆီကနေ ဘာသင်ယူနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ အခက်အခဲ ရင်ဆိုင်နေရတဲ့ ညီအစ်ကို/မတွေကို စိတ်ရှည်ဖို့၊ ထောက်ထားစာနာဖို့၊ ကြင်ကြင်နာနာ ပြောဖို့ ဘာကြောင့် အရေးကြီးကြောင်းကိုလည်း ဆွေးနွေးကြပါမယ်။
^ အပိုဒ်၊ 13 အမည်လွှဲ။
^ အပိုဒ်၊ 57 ပုံအညွှန်း– ညီအစ်ကိုတစ်ယောက် စိတ်ဆိုးပြီး “မဆင်မခြင် ပြော” တာကို အကြီးအကဲတစ်ယောက် စိတ်ရှည်စွာ နားထောင်ပေးနေ။ နောက်ပိုင်း သူ စိတ်ဆိုးပြေသွားချိန်မှာ အကြီးအကဲက ကြင်နာစွာ တည့်မတ်ပေးနေ။
^ အပိုဒ်၊ 59 ပုံအညွှန်း– လူငယ်ဇနီးမောင်နှံဟာ မကြာခင်က ဇနီး သေဆုံးသွားတဲ့ ညီအစ်ကိုနဲ့ အချိန်ပေး ပေါင်းသင်းနေ။ အမှတ်ရစရာတွေကို ပြန်ပြောနေကြ။