ကင်းမျှော်စင်—လေ့လာရန် စာစောင် ဇွန် ၂၀၂၀
ဒီစာစောင်မှာ ၂၀၂၀၊ ဩဂုတ် ၃-၃၀ အထိ လေ့လာရန် ဆောင်းပါးတွေ ပါဝင်တယ်။
“နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ”
လေ့လာရန် ဆောင်းပါး ၂၃– ၂၀၂၀၊ ဩဂုတ် ၃-၉။ အသိဉာဏ်ရှိတဲ့ ဖန်ဆင်းခံအားလုံးအတွက် ဘယ်အရေးကိစ္စက အရေးကြီးသလဲ။ ဘာကြောင့် အရေးကြီးသလဲ။ ကျွန်တော်တို့ ဘယ်လို ပါဝင်ပတ်သက်နေသလဲ။ အဲဒီမေးခွန်းတွေရဲ့ အဖြေကို သိရှိခြင်းက ယေဟောဝါနဲ့ ဆက်ဆံရေးကို ပိုခိုင်ခံ့စေပါလိမ့်မယ်။
“နာမတော်ကို ကြောက်ရွံ့တတ်ဖို့ စိတ်ကို စုစည်းပေးပါ”
လေ့လာရန် ဆောင်းပါး ၂၄– ၂၀၂၀၊ ဩဂုတ် ၁၀-၁၆။ ဆာလံ ၈၆:၁၁၊ ၁၂ မှာ မှတ်တမ်းတင်ထားတဲ့ ဘုရင်ဒါဝိဒ်ရဲ့ ဆုတောင်းချက်ကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ယေဟောဝါရဲ့ နာမတော်ကို ကြောက်ရွံ့တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ နာမတော်ကို ဘာကြောင့် ကြောက်ရွံ့သင့်သလဲ။ ဘုရားကို ကြောက်ရွံ့ခြင်းက အမှားမလုပ်မိအောင် ဘယ်လို ကာကွယ်ပေးသလဲ။
စာရှုသူများထံမှ မေးခွန်းလွှာ
“စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” ထဲမှာ ဂလာတိ ၅:၂၂၊ ၂၃ မှာ ဖော်ပြထားတဲ့ အရည်အသွေးတွေပဲ ပါတာလား။
‘ငါကိုယ်တိုင် ငါ့သိုးတွေကို လိုက်ရှာမယ်’
လေ့လာရန် ဆောင်းပါး ၂၅– ၂၀၂၀၊ ဩဂုတ် ၁၇-၂၃။ နှစ်ပေါင်းများစွာ ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်ခဲ့သူတချို့ အသင်းတော်နဲ့ ဘာကြောင့် ဝေးကွာသွားသလဲ။ သူတို့နဲ့ပတ်သက်ပြီး ဘုရား ဘယ်လို ခံစားရသလဲ။ ဒီဆောင်းပါးမှာ အဲဒီမေးခွန်းတွေရဲ့ အဖြေကို သုံးသပ်သွားပါမယ်။ ရှေးအချိန်တုန်းက မိမိဆီကနေ ခဏတဖြုတ် ဝေးကွာသွားသူတချို့ကို ယေဟောဝါ ကူညီပေးခဲ့ပုံကနေ ဘာသင်ယူနိုင်ကြောင်းကိုလည်း ဆွေးနွေးပါမယ်။
“ငါ့ဆီ ပြန်လာကြ”
လေ့လာရန် ဆောင်းပါး ၂၆– ၂၀၂၀၊ ဩဂုတ် ၂၄-၃၀။ ယေဟောဝါက အသင်းတော်နဲ့ မပေါင်းသင်းတော့သူတွေကို မိမိဆီ ပြန်လှည့်လာစေချင်တယ်။ “ငါ့ဆီ ပြန်လာကြ” ဆိုတဲ့ ယေဟောဝါရဲ့ ဖိတ်ခေါ်ချက် လက်ခံလိုသူတွေကို ကျွန်တော်တို့ များစွာ ကူညီပေးနိုင်တယ်။ ဘယ်လို ကူညီပေးနိုင်ကြောင်း ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။