ကျမ်းစာအသုံးအနှုန်း
သင် ယုံကြည်ခြင်း ရှိသလား
ယေဟောဝါဘုရားရဲ့ နှစ်သက်မှု ရဖို့ဆိုရင် ယုံကြည်ခြင်း ရှိရမယ်။ ဒါပေမဲ့ “လူတိုင်း ယုံကြည်ခြင်း ရှိတာ မဟုတ်ဘူး” လို့ ကျမ်းစာ ဆိုတယ်။ (၂ သက်. ၃:၂) မိမိကို လိုက်လံနှိပ်စက်နေတဲ့ “ဆိုးညစ်ယုတ်မာသူတွေ” ကို ရည်ညွှန်းပြီး တမန်တော် ပေါလု ပြောနေတာ။ ဒါပေမဲ့ ပေါလုရဲ့ စကားဟာ တခြားသူတွေနဲ့လည်း သက်ဆိုင်တယ်။ တချို့က ဖန်ဆင်းရှင် ရှိတယ်ဆိုတာ မယုံဘူး။ (ရော. ၁:၂၀) တချို့ကျတော့ တန်ခိုးကြီးတယ်လို့ သူတို့ ထင်တဲ့ ပုဂ္ဂိုလ် ဒါမှမဟုတ် အရာဝတ္ထုတွေကို ယုံတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဘုရားနှစ်သက်မှု ရစေတဲ့ ယုံကြည်ခြင်းဆိုတာ အဲဒီလိုယုံကြည်ခြင်းမျိုး မဟုတ်ဘူး။
ယေဟောဝါဘုရား ရှိတယ်၊ ယုံကြည်ခြင်း ခိုင်မာသူတွေကို “ဆုချတဲ့အရှင်” ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ရမယ်။ (ဟီ. ၁၁:၆) ယုံကြည်ခြင်းဟာ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး ဖြစ်တယ်။ ဒါကြောင့် စွမ်းအားတော် ရဖို့ ယေဟောဝါဆီ တောင်းခံရမယ်။ (လု. ၁၁:၉၊ ၁၀၊ ၁၃) စွမ်းအားတော် ရနိုင်တဲ့ နောက်တစ်နည်းကတော့ စွမ်းအားတော်လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစာကို ဖတ်တာပါ။ ကျမ်းစာဖတ်ပြီးရင် ဖတ်တာကို စဉ်းစားဆင်ခြင်ရမယ်။ လက်တွေ့လိုက်နာရမယ်။ ဒါဆိုရင် ဘုရားနှစ်သက်မှု ရစေတဲ့ ယုံကြည်ခြင်း ရှိကြောင်း ပေါ်လွင်တဲ့ ဘဝပုံစံနဲ့ နေထိုင်နိုင်ဖို့ စွမ်းအားတော် ကူညီပေးပါလိမ့်မယ်။