မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် မှတ်မိသလား

သင် မှတ်မိသလား

၂၀၁၉ ကင်းမျှော်စင် ကို အခြေခံပြီး အောက်ပါ​မေးခွန်းတွေကို သင် ဖြေနိုင်သလား။

“မင်းကို​တိုက်ခိုက်​ဖို့​လုပ်တဲ့ လက်နက်​တစ်ခု​မှ အောင်မြင်​မှာ မဟုတ်ဘူး” ဆိုတဲ့ ဘုရား​သခင့် ကတိ​က ဘာကို ဆိုလိုသလဲ။ (ဟေရှာ. ၅၄:၁၇)

‘ဒေါသူပုန်​ထတဲ့ ဖိနှိပ်​ညှဉ်းပန်း​သူတွေ’ လို အဖျက်​စွမ်းအား​တွေရဲ့ ရန်ကနေ ကျွန်တော်တို့ကို ယေဟောဝါ ကာကွယ်​ပေးမယ်​ဆိုတာ စိတ်ချ​နိုင်တယ်။ (ဟေရှာ. ၂၅:၄၊ ၅) ရန်သူတွေ ကျွန်တော်တို့ကို ထာဝစဉ် အန္တရာယ်​ပြု​နိုင်မှာ မဟုတ်ဘူး။—က​၁၉.၀၁၊ စာ. ၆-၇။

ခါနန်​လူမျိုး၊ ခေါင်းမာ​တဲ့ အစ္စရေးလူမျိုးနဲ့ ဘုရား​​ဆက်ဆံပုံ​က တရား​မျှတမှု​ကို ဘယ်လို ပေါ်လွင်​စေသလဲ။

ဘုရား​သခင်က ညစ်ညမ်း​တဲ့ လိင်​အကျင့်​မှာ ပါဝင်သူ​တွေ၊ အမျိုးသမီးနဲ့ ကလေးတွေ​အပေါ် မတရား​ဆက်ဆံ​သူတွေကို ဒဏ်​စီရင်ခဲ့​တယ်။ နာခံမှု ရှိသူတွေ၊ တခြား​သူတွေကို တရား​မျှတ​စွာ ဆက်ဆံ​သူတွေကို ကောင်းချီး​ပေးတယ်။—က​၁၉.၀၂၊ စာ. ၂၂-၂၃

မယုံကြည်သူ​တစ်ယောက် ဆုတောင်း​ချိန်မှာ ကိုယ်​ရှိနေရင် ဘာ​လုပ်သင့်သလဲ။

ရိုသေ​လေးစား​စွာ တိတ်တိတ်လေး နေသင့်​ပေမဲ့ “အာမင်” လို့ ပြောတာ၊ တခြား​သူတွေရဲ့ လက်ကို ကိုင်​တာ​မျိုး မ​လုပ်​ဘူး။ ကိုယ့်ဘာသာကိုယ် အသံတိတ် ဆုတောင်းနေ​နိုင်တယ်။—က​၁၉.၀၃၊ စာ. ၃၁

ကလေးကို မတော်မတရား​ပြုခြင်းဟာ ဘယ်လောက် ကြီးလေး​တဲ့​အပြစ် ဖြစ်သလဲ။

ကလေးကို မတော်မတရား​ပြုခြင်းဟာ ကလေး၊ အသင်းတော်၊ လောက​အာဏာပိုင်တွေ​နဲ့ ဘုရား​သခင်ကို ပြစ်မှားတဲ့​အပြစ် ဖြစ်တယ်။ မတော်မတရား​ပြုတဲ့ ကိစ္စ​ကို တိုင်ကြား​ဖို့ ဥပဒေ​ရှိရင် အဲဒီအတိုင်း အကြီးအကဲ​တွေ လုပ်ဆောင်ကြတယ်။—က​၁၉.၀၅၊ စာ. ၉-၁၀

သင့်ရဲ့ စိတ်သဘောကို ဘယ်လို ပြောင်းလဲ​နိုင်၊ တိုးတက်​စေနိုင်သလဲ။

အဓိက​အချက်​တွေ​ကတော့– ယေဟောဝါ​ဆီ ဆုတောင်းပါ။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်​ဖို့ တွေးတော​ဆင်ခြင်ပါ။ အပေါင်းအသင်း တွေကို ပညာရှိရှိ ရွေးချယ်ပါ။—က​၁၉.၀၆၊ စာ. ၁၁

နှိပ်စက်​ညှဉ်းပန်းမှု​အတွက် အခု​ကတည်းက ဘယ်လို အသင့်ပြင်​နိုင်သလဲ။

ယေဟောဝါနဲ့ ပို​ရင်းနှီးအောင် လုပ်ဖို့ လိုတယ်။ သင့်ကို ဘုရား​ ချစ်ကြောင်း၊ ဘယ်တော့မှ စွန့်ပစ်​မှာ မဟုတ်​ကြောင်း ယုံကြည်​စိတ်ချပါ။ နေ့တိုင်း ကျမ်းစာ ဖတ်ပါ။ ပုံမှန် ဆုတောင်းပါ။ နိုင်ငံတော်​ကောင်းချီးတွေ ပြည့်စုံ​တော့​မယ်​ဆိုတာ စိတ်ချပါ။ အကြိုက်ဆုံး ကျမ်းချက်တွေ၊ ချီးမွမ်း​သီချင်းတွေကို အလွတ်ကျက်​ထားပါ။—က​၁၉.၀၇၊ စာ. ၂-၄

ဆွေမျိုးတွေ ကယ်တင်​ခံရဖို့ ဘယ်လို ကူညီ​ပေးနိုင်သလဲ။

ကိုယ်ချင်းစာ​ကြောင်း ပြဖို့ အရေးကြီးတယ်။ ကိုယ့်ရဲ့ အမူအကျင့်ကောင်း​အားဖြင့် သက်သေခံချက်​ကောင်း ဖြစ်စေပါ။ စိတ်ရှည်ပါ။ လိမ္မာ​ပါးနပ်​ပါ။—က​၁၉.၀၈၊ စာ. ၁၅-၁၇

မဿဲ ၁၁:၂၈ မှာ ယေရှု ကတိပေးသလို ကျွန်တော်တို့ ဘယ်လို လန်းဆန်းမှု ရနိုင်မလဲ။

ကျွန်တော်တို့မှာ မေတ္တာ​ရှိတဲ့ ခရစ်ယာန် ကြီးကြပ်မှူးတွေ၊ အကောင်းဆုံး မိတ်ဆွေတွေနဲ့ အကောင်းဆုံး အလုပ် ရှိ​ထားတယ်။—က​၁၉.၀၉၊ စာ. ၂၃

ဘုရား​သခင်က ကျွန်တော်တို့ကို လုပ်ဆောင်​နိုင်စွမ်း​နဲ့ လုပ်ဆောင်​ချင်စိတ် ဘယ်လို ပေးနိုင်သလဲ။ (ဖိ. ၂:၁၃)

ကျမ်းစာဖတ်​ပြီး တွေးတော​ဆင်ခြင်တဲ့​အခါ ဘုရား​သခင်က ကျွန်တော်တို့ကို ခွန်အားပြ​ည့်​စေနိုင်ပြီး အလိုတော် ထမ်းဆောင်​ချင်စိတ်​နဲ့ ထမ်းဆောင်​နိုင်စွမ်း ပေး​နိုင်တယ်။ ဘုရား​သခင့် စွမ်းအားတော်​က ကျွန်တော်တို့ရဲ့ စွမ်းရည်တွေကို တိုးတက်စေ​နိုင်တယ်။—က​၁၉.၁၀၊ စာ. ၂၁

ဆုံးဖြတ်ချက် မချခင် ဘယ်အချက်တွေ လုပ်ဆောင်သင့်သလဲ။

အချက်​ငါးချက်​ကတော့– နှံ့နှံ့စပ်စပ် ရှာဖွေ​လေ့လာပါ။ ဉာဏ်ပညာ ရဖို့ ဆုတောင်းပါ။ ကိုယ့်ရဲ့ စိတ်ရင်းကို ဆန်းစစ်ပါ။ သတ်သတ်မှတ်မှတ် ပန်းတိုင်​ထားပါ။ လက်တွေ့ကျပါ။—က​၁၉.၁၁၊ စာ. ၂၇-၂၉

ဝိညာဉ် မသေ​ဘူးဆိုတဲ့ အယူအဆ​ဟာ ဧဝကို စာတန် ပြောတဲ့​စကား​ကနေ စ​လာတာ​လား။

အဲဒီလို ဖြစ်​ပုံ​မရဘူး။ စာတန်​က ဧဝကို လုံးဝ မသေ​ဘူးလို့ ပြောခဲ့တာ​ဖြစ်တယ်။ ကိုယ်ခန္ဓာသာ သေပြီး ဝိညာဉ် ဆက်​အသက်ရှင်နေ​မယ်​လို့ မပြောခဲ့ဘူး။ မှားယွင်းတဲ့ ဘာသာရေး အယူဝါဒ မှန်သမျှဟာ ရေလွှမ်းမိုး​ဘေးမှာ ပျက်စီး​သွားတယ်။ ဝိညာဉ် မသေ​ဘူးဆိုတဲ့ ယုံကြည်ချက်​ဟာ ဘေဘယ်​ရဲတိုက် တည်ဆောက်သူတွေကို ဘုရား​ တ​ကွဲ​တ​ပြား မဖြစ်စေ​ခင်မှာ ပေါ်ပေါက်​လာ​ပုံ​ရတယ်။ —က​၁၉.၁၂၊ စာ. ၁၅