မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် မှတ်မိသလား

သင် မှတ်မိသလား

မကြာသေးမီ​က ထုတ်ဝေ​ခဲ့​တဲ့ ကင်းမျှော်စင် တွေ​ကို သင် သေသေချာချာ ဖတ်ရှု​သလား။ အောက်ပါ​မေးခွန်းတွေကို ဖြေနိုင်​သလား​ဆိုတာ စမ်း​ကြည့်​ပါ–

ဘိသိက်​ခံ​တွေ​ကို ဘယ်လို ဆက်ဆံ​သင့်သလဲ။

သူတို့ရဲ့ ယုံကြည်ခြင်းကို ကျွန်တော်​တို့ အတုယူ​တယ်။ ဒါပေမဲ့ အလွန်အကျွံ မချီးမြှောက်​ဘူး။ သူတို့ရဲ့ မျှော်လင့်ချက်​နဲ့​ပတ်သက်ပြီး အတွင်းကျကျ မမေးမြန်းဘူး။—က​၂၀.၀၁၊ စာ. ၂၉

သင့်ကို ယေဟောဝါ သတိထား​မိ​ကြောင်း ဘယ်​အချက်​တွေ​က ယုံကြည်​စိတ်ချ​စေ​သလဲ။

သင် မမွေးခင်​ကတည်းက သင့်ကို ယေဟောဝါ သိတယ်။ ဆုတောင်းချက်​တွေ​ကို နားထောင်ပေး​တယ်။ စိတ်နှလုံး​ထဲ ဘာ​ရှိတယ်၊ ဘာ​တွေး​နေတယ်​ဆိုတာ သိတယ်။ သင့်​လုပ်ရပ်တွေ​က ဘုရား​ရဲ့ ခံစားချက်​အပေါ် သက်ရောက်မှု ရှိတယ်။ (၁ ရာ. ၂၈:၉။ ပညာ. ၂၇:၁၁) သင့်ကို ယေဟောဝါ ကိုယ်တိုင် ဆွဲဆောင်​ခဲ့​တယ်။—က​၂၀.၀၂၊ စာ. ၁၂

ဘယ်​အချိန်​မှာ စကားပြော​ပြီး ဘယ်​အချိန်​မှာ နှုတ်ဆိတ်​နေ​သင့်သလဲ။

ယေဟောဝါ​အကြောင်း ကျွန်တော်​တို့ ဝမ်းမြောက်​ဝမ်းသာ ပြော​တယ်။ တစ်ယောက်ယောက် လမ်းမှား​တော့​မယ်​ဆိုတာ ရိပ်မိ​တဲ့​အခါ သတိပေး​တယ်။ အကြီးအကဲ​တွေ​က လိုအပ်​တဲ့​အခါ အကြံပေး​ဆုံးမ​တယ်။ ပိတ်ပင်​ထား​တဲ့ နိုင်ငံ​ရဲ့ လုပ်ငန်း လုပ်ဆောင်ပုံ အသေးစိတ်​အချက်​တွေ​ကို ကျွန်တော်​တို့ မပြောဘူး။ မမေး​ဘူး။ လျှို့ဝှက်​ထား​ရမယ့် ကိစ္စ​တွေ​ကို ထုတ်​မပြောဘူး။—က​၂၀.၀၃၊ စာ. ၂၀-၂၁

ယောလ အခန်းကြီး ၂ မှာ ပါ​တဲ့ ကျိုင်းကောင်​နဲ့ ဗျာဒိတ် အခန်းကြီး ၉ မှာ ပါ​တဲ့ ကျိုင်းကောင် ဘာကွာ​သလဲ။

ယောလ ၂:၂၀-၂၉ မှာ ဘုရား​က ကျိုင်းကောင်​တွေ​ကို မောင်းထုတ်ပြီး သူတို့​ကြောင့် ပျက်စီး​သွားတာကို ပြန်​လျော်​ပေး​မယ်​လို့ ကတိပေး​တယ်။ အဲဒီနောက် စွမ်းအားတော် သွန်းလောင်း​တယ်။ အစ္စရေး​ပြည်​ကို ဗာဗုလုန်​တွေ ဝင်ရောက်​တိုက်ခိုက်​ချိန်​နဲ့ နောက်ပိုင်း​မှာ အဲဒီ​အချက်​တွေ ပြည့်စုံ​ခဲ့​တယ်။ ဗျာဒိတ် ၉:၁-၁၁ မှာ ကျိုင်းကောင်​တွေ​နဲ့ တူ​တဲ့ ဘိသိက်ခံ​တွေ​အကြောင်း ပြော​တယ်။ သူတို့က ဒီ​စနစ်ဆိုး​နဲ့​ပတ်သက်​တဲ့ ဘုရားသခင့် တရား​စီရင်ချက်​ကို ကြေညာ​နေကြ​တယ်။ အဲဒါ​က ဒီ​လောကရဲ့ ဘက်တော်သား​တွေ​ကို စိတ်​အနှောင့်အယှက် ဖြစ်စေ​တယ်။—က​၂၀.၀၄၊ စာ. ၃-၆

ဒီနေ့​ခေတ်​မှာ မြောက်ဘုရင် ဘယ်သူလဲ။

ရုရှား​နဲ့ မဟာမိတ်​နိုင်ငံ​တွေ ဖြစ်တယ်။ ဘုရား​လူမျိုး​နဲ့ တိုက်ရိုက် ဆက်နွှယ်မှု ရှိတယ်။ ဟောပြောခြင်း​လုပ်ငန်း​ကို ပိတ်ပင်​တယ်။ သက်သေခံတွေကို မုန်းတယ်။ တောင်​ဘုရင်​နဲ့ ဆိုင်ပြိုင်​တိုက်ခိုက်​တယ်။—က​၂၀.၀၅၊ စာ. ၁၃

“စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်​လာတဲ့ အရည်အသွေးတွေ” ထဲမှာ ဂလာတိ ၅:၂၂၊ ၂၃ မှာ ဖော်ပြ​ထား​တဲ့ အရည်အသွေး ကိုးခု​ပဲ ပါ​တာ​လား။

မဟုတ်ပါဘူး။ ဖြောင့်မတ်ခြင်း​လို​မျိုး တခြား​အရည်အသွေးကောင်း​တွေ ရှိလာဖို့လည်း သန့်ရှင်းသော စွမ်းအားတော်​က ကူညီ​ပေး​တယ်။ (ဧ. ၅:၈၊ ၉)—က​၂၀.၀၆၊ စာ. ၁၇

အွန်လိုင်းမှာ ကိုယ့်​အကြောင်း ပို့​စ်​တွေ တင်​ခြင်း​ရဲ့ အန္တရာယ်​တစ်ခု​က ဘာလဲ။

တင်​လိုက်တဲ့ ပို့စ်​ကြောင့် ကိုယ့်ကို ကြွားဝါ​သူ၊ နှိမ့်ချမှု မရှိသူ​လို့ တခြား​သူတွေ မြင်​သွားနိုင်တယ်။—က​၂၀.၀၇၊ စာ. ၆-၇

ကျွမ်းကျင်​တဲ့ တံငါသည်​တွေ​ဆီကနေ ခရစ်ယာန်​တွေ ဘာ​သင်ယူ​နိုင်​သလဲ။

တံငါသည်​တွေ​ဟာ ငါး​အများဆုံး တွေ့​နိုင်​မယ့် အချိန်၊ နေရာမှာ ဖမ်း​ကြတယ်။ သင့်တော်​တဲ့ ကိရိယာ​တွေ သုံး​တတ်​ဖို့ လေ့ကျင့်​ထား​ကြတယ်။ အခြေအနေ အပြောင်းအလဲ​တွေ​ကြား ရဲစွမ်းသတ္တိ​ရှိ​ရှိ လုပ်ဆောင်ကြတယ်။ ကျွန်တော်​တို့​လည်း အမှုဆောင်​လုပ်ငန်းမှာ အလားတူ လုပ်ဆောင်​နိုင်တယ်။—က​၂၀.၀၉၊ စာ. ၅

ယေဟောဝါ​ကို ချစ်တဲ့ မေတ္တာ တိုးများ​လာဖို့ ကျမ်းစာ​သင်သားတွေကို ကူညီ​ပေး​နိုင်​တဲ့ နည်းလမ်း​တချို့က ဘာတွေလဲ။

ကျမ်းစာ နေ့တိုင်း ဖတ်​ဖို့၊ တွေးတော​ဆင်ခြင်​ဖို့ အားပေးနိုင်တယ်။ ဆုတောင်း​တတ်​အောင် သင်ပေး​နိုင်တယ်။—က​၂၀.၁၁၊ စာ. ၄

“ခရစ်တော်​ကြောင့် လူအားလုံး အသက်ရှင်​ရလိမ့်မယ်” ဆို​တဲ့​ထဲမှာ ဘယ်​သူတွေ ပါ​သလဲ။—၁ ကော. ၁၅:၂၂

လူအားလုံး ထမြောက်​မယ်​လို့ တမန်​တော် ပေါလု ပြော​နေတာ မဟုတ်ဘူး။ “ခရစ်တော်​ယေရှုနဲ့ တစ်စိတ်​တစ်​ဝမ်း​တည်း ဖြစ်စေ​ဖို့ ဘုရားသခင် သီးသန့်​ဖယ်​ထား” တဲ့ ဘိသိက်ခံ ခရစ်ယာန်​တွေ​ကို ရည်ညွှန်း​နေတာ ဖြစ်တယ်။ (၁ ကော. ၁:၂။ ၁၅:၁၈)—က​၂၀.၁၂၊ စာ. ၅-၆

ဘိသိက်ခံ​တွေ​ဟာ “နောက်ဆုံး​ခရာမှုတ်​ချိန် အတောအတွင်းမှာ တစ်ခဏချင်း မျက်စိ​တစ်မှိတ်​အတွင်း ပြောင်းလဲ​သွား” ပြီးနောက် ဘာလုပ်​ကြ​မလဲ။—၁ ကော. ၁၅:၅၁-၅၃

ခရစ်တော်​နဲ့​အတူ လူတွေကို သံ​လှံတံ​နဲ့ အုပ်ချုပ်​ကြလိမ့်မယ်။ (ဗျာ. ၂:၂၆၊ ၂၇)—က​၂၀.၁၂၊ စာ. ၁၂-၁၃