မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တွေ့ကြုံမှု

တွေ့ကြုံမှု

လူတိုင်းကို ကရုဏာ ထားခြင်း

ယေဟောဝါဟာ ကရုဏာသက်ရုံ မဟုတ်ဘဲ ကရုဏာ ပြကြောင်း ဆွေးနွေးထားတဲ့ အပြန်အလှန် ဂရုစိုက်ရမယ် ဗီဒီယိုကို နယူးဇီလန်နိုင်ငံက ညီအစ်မတစ်ယောက် ကြည့်တယ်။ (ဟေရှာ. ၆၃:၇-၉) တခြားသူတွေကို လက်တွေ့ကျကျ ကူညီခြင်းအားဖြင့် သိလာတဲ့အတိုင်း ကျင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနေ့ ကုန်စုံဆိုင်မှာ ဈေးသွားဝယ်ရင်း အိမ်ရာမဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့တော့ တစ်ခုခု ဝယ်ကျွေးချင်တယ်လို့ ပြောလိုက်တယ်။ အဲဒီအမျိုးသမီး လက်ခံတယ်။ ဒါနဲ့ စားစရာ ယူလာပေးရင်း ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မလား ဝေစာ သုံးပြီး သက်သေခံလိုက်တယ်။

အမျိုးသမီး ငိုပါလေရော။ သူ ငယ်ငယ်တုန်းက သက်သေခံ။ ဒါပေမဲ့ အမှန်တရားထဲ မရှိတာ နှစ်တော်တော် ကြာပြီ။ ယေဟောဝါဆီ ပြန်လာချင်လို့ ကူညီပေးပါဆိုပြီး တစ်လောကမှ ဆုတောင်းနေတာ။ ဒါနဲ့ သူ့ကို ကျမ်းစာအုပ် ညီအစ်မ ပေးလိုက်တယ်။ ကျမ်းစာ သင်ပေးဖို့ စီစဉ်လိုက်တယ်။ a

ယေဟောဝါကို အတုယူပြီး ဆွေမျိုးတွေ၊ အသင်းတော်က ညီအစ်ကို/မတွေ အပါအဝင် လူတိုင်းကို ကျွန်တော်တို့ ကရုဏာ ပြနိုင်တယ်။ ယေဟောဝါအကြောင်း သက်သေခံဖို့ အခွင့်အရေး ရှာခြင်းအားဖြင့်လည်း ပြနိုင်တယ်။

a မလှုပ်မရှား ဖြစ်နေသူတွေကို ကူညီနိုင်ပုံနဲ့ပတ်သက်ပြီး သိချင်ရင် ၂၀၂၀၊ ဇွန်လ ကင်းမျှော်စင် မှာ ပါတဲ့ “ငါ့ဆီ ပြန်လာကြ” ဆောင်းပါးကို ကြည့်ပါ။