မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် မှတ်မိသလား

သင် မှတ်မိသလား

ဒီနှစ်မှာ ထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင် တွေကို သင် သေသေချာချာ ဖတ်ရှုသလား။ အောက်ပါမေးခွန်းတွေကို ဖြေနိုင်သလားဆိုတာ စမ်းကြည့်ပါ–

“စိတ်သဘောကို ပြုပြင်ပြောင်းလဲ” တယ်ဆိုတာ ဘာကို ဆိုလိုသလဲ (ရော. ၁၂:၂)

ကောင်းတာလေးတွေ လုပ်ရုံနဲ့ မလုံလောက်ဘူး။ ကိုယ့်ရဲ့ အတွင်းလူကို သေသေချာချာ ဆန်းစစ်ရမယ်။ ယေဟောဝါရဲ့ စံနှုန်းနဲ့ အနီးစပ်ဆုံး ဖြစ်အောင် လိုအပ်သလို ပြုပြင်ပြောင်းလဲရမယ်။—က၂၃.၀၁၊ စာ. ၈

ကမ္ဘာ့ဖြစ်ရပ်တွေကို စောင့်ကြည့်ရာမှာ ဘယ်လို မျှမျှတတ ရှိနိုင်သလဲ

လက်ရှိ ကမ္ဘာ့ဖြစ်ရပ်တွေက ကျမ်းစာ ပရောဖက်ပြုချက်တွေကို ဘယ်လို ပြည့်စုံနေစေကြောင်း ကျွန်တော်တို့ စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ ခန့်မှန်းပြောမယ့်အစား အဖွဲ့အစည်း ပြင်ဆင်ပေးထားတဲ့ ကျမ်းစာအခြေပြု စာပေတွေကို အခြေခံပြီး ဆွေးနွေးချင်ကြတယ်။ အသင်းတော်ရဲ့ စည်းလုံးမှု မပျက်စီးစေချင်လို့ပါ။ (၁ ကော. ၁:၁၀)—က၂၃.၀၂၊ စာ. ၁၆

ယေရှုရဲ့ နှစ်ခြင်းနဲ့ နောက်လိုက်တွေရဲ့ နှစ်ခြင်း ဘာကွာသလဲ

ယေရှုဟာ ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံထားတဲ့ လူမျိုးအဖြစ် မွေးလာလို့ ကျွန်တော်တို့လို ဆက်ကပ်အပ်နှံစရာ မလိုဘူး။ စုံလင်သူ၊ အပြစ်ကင်းသူ ဖြစ်လို့ အပြစ်လမ်းစဉ်အတွက် နောင်တ ယူစရာ မလိုဘူး။—က၂၃.၀၃၊ စာ. ၅

အစည်းအဝေးမှာ တခြားသူတွေ မှတ်ချက်ပေးနိုင်အောင် ဘယ်လို ကူညီနိုင်သလဲ

လူများများ မှတ်ချက် ပေးခွင့် ရအောင် တိုတိုတုတ်တုတ် ဖြေနိုင်တယ်။ အချက် အများကြီး ထည့်ပြောတာမျိုး ရှောင်နိုင်တယ်။ ဒါဆိုရင် တခြားသူတွေ ဖြေစရာ ကျန်မယ်။—က၂၃.၀၄၊ စာ. ၂၃

ဟေရှာယ ၃၅:၈ မှာ ဖော်ပြထားတဲ့ “သန့်ရှင်းတဲ့ လမ်း” က ဘာကို ရည်ညွှန်းသလဲ

ဂျူးတွေ ဗာဗုလုန်ပြည်ကနေ နေရင်းပြည် ပြန်တဲ့ လမ်းမကို ရည်ညွှန်းတယ်။ ဒီနေ့ခေတ်မှာကော။ ၁၉၁၉ မတိုင်ခင် ရာစုနှစ်တွေမှာ ကျမ်းစာ ဘာသာပြန်၊ ပုံနှိပ်ခြင်းနဲ့ တခြားလုပ်ဆောင်မှုတွေအားဖြင့် လမ်းကို အသင့်ပြင်တယ်။ “သန့်ရှင်းတဲ့ လမ်း” မှာ ဆက်လျှောက်နေတာက အခုကော၊ နိုင်ငံတော် ကောင်းချီးတွေ ရမယ့် အနာဂတ်မှာပါ ယေဟောဝါကို ဆက်ဝတ်ပြုဖို့ ကူညီပေးတယ်။—က၂၃.၀၅၊ စာ. ၁၅-၁၉

ဘယ်မိန်းမနှစ်ယောက်အကြောင်း အခြေခံပြီး ပညာအလိမ္မာ အခန်းကြီး ၉ မှာ အကြံပေးသလဲ

“မိုက်မဲတဲ့ မိန်းမ” ခေါ်ရာနောက် လိုက်ရင် “သင်္ချိုင်း” မှာ အဆုံးသတ်ရမယ်၊ “စစ်မှန်တဲ့ ဉာဏ်ပညာ” ကို ကိုယ်စားပြုတဲ့ မိန်းမနောက် လိုက်ရင် “သိနားလည်မှု လမ်းစဉ်အတိုင်း ရှေ့ဆက် လျှောက်လှမ်း” ရမယ်၊ အသက်ရမယ်လို့ ပညာအလိမ္မာကျမ်းမှာ ဖော်ပြတယ်။ (ပညာ. ၉:၁၊ ၆၊ ၁၃၊ ၁၈)—က၂၃.၀၆၊ စာ. ၂၂-၂၄

လောတနဲ့ ဆက်ဆံရာမှာ ဘုရားရဲ့ နှိမ့်ချမှု၊ အကျိုးသင့်အကြောင်းသင့် ရှိမှု ဘယ်လို ပေါ်လွင်သလဲ

သောဒုံကနေ တောင်တန်းဒေသဘက် ထွက်ပြေးဖို့ လောတကို ယေဟောဝါ ညွှန်ကြားတယ်။ ဇောရမြို့ကိုပဲ ပြေးပါရစေလို့ လောတ တောင်းဆိုတော့ ဘုရား လိုက်လျောပေးတယ်။—က၂၃.၀၇၊ စာ. ၂၁

ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယိုတွေ ခင်ပွန်း ကြည့်နေရင် ဇနီး ဘာလုပ်နိုင်သလဲ

ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ရဘူး။ ဘုရားနဲ့ ကိုယ့်ဆက်ဆံရေးကို အာရုံစိုက်သင့်တယ်။ စိတ်သောက ရောက်ခဲ့ပေမဲ့ ဘုရားဆီက နှစ်သိမ့်မှု ရတဲ့ အမျိုးသမီးတွေအကြောင်း ကျမ်းမှတ်တမ်းတွေ တွေးတောသင့်တယ်။ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်မိသွားနိုင်တဲ့ အခြေအနေတွေ ရှောင်ဖို့ ခင်ပွန်းကို ကူညီနိုင်တယ်။—က၂၃.၀၈၊ စာ. ၁၄-၁၇

ယုံကြည်ချက်အကြောင်း မေးခံရတဲ့အခါ နူးညံ့သိမ်မွေ့ဖို့ ထိုးထွင်းဉာဏ်က ဘယ်လို ကူညီပေးနိုင်သလဲ

တစ်ယောက်ယောက် မေးခွန်း မေးတဲ့အခါ၊ ငြင်းတဲ့အခါ သူ့စိတ်ထဲ ဘာရှိသလဲ သိနိုင်မယ့် အခွင့်အရေးလို့ မြင်ပါ။ ဒါဆိုရင် သိမ်သိမ်မွေ့မွေ့ ဖြေရှင်းပြောပြနိုင်မယ်။—က၂၃.၀၉၊ စာ. ၁၇

အားအင် ရဖို့ မာရိ လုပ်ခဲ့ရာကနေ ဘာသင်ယူနိုင်သလဲ

မေရှိယကို မွေးဖွား၊ ပျိုးထောင်ရမယ်ဆိုတာ သိလိုက်ချိန်မှာ တခြားသူတွေဆီကနေ မာရိ အားယူတယ်။ မာရိကို ဂါဗြေလနဲ့ ဧလိရှဗက် အားပေးတယ်။ ကျွန်တော်တို့လည်း ညီအစ်ကို/မတွေဆီကနေ အားပေးမှု ရနိုင်တယ်။—က၂၃.၁၀၊ စာ. ၁၅

ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို ဖြေပေးနိုင်သလဲ

ဆုတောင်းတဲ့အခါ နားထောင်မယ်လို့ ဘုရား ကတိပေးတယ်။ မိမိရည်ရွယ်ချက်နဲ့ ချိန်ထိုးတယ်။ (ယေ. ၂၉:၁၂) တောင်းတာ တူပေမဲ့ ဘုရား ဖြေတာ တူချင်မှ တူမယ်။ ဒါပေမဲ့ အမြဲ ထောက်မပေးမယ်။—က၂၃.၁၁၊ စာ. ၂၁-၂၂

“မျှော်လင့်ချက်” အကြောင်း ရောမ ၅:၂ မှာ ဖော်ပြထားတယ်။ ဘာကြောင့် အခန်းငယ် ၄ မှာ ထပ်ဆွေးနွေးသလဲ

လူတစ်ယောက် သတင်းကောင်း ကြားချိန်မှာ ပရဒိသု ကမ္ဘာမြေမှာ အသက်ရှင်ဖို့ မျှော်လင့်ချက်အကြောင်း သိလာတယ်။ ဆင်းရဲဒုက္ခ ကြုံရတာနဲ့အမျှ၊ ခံနိုင်ရည် ရှိတာနဲ့အမျှ ဘုရားနှစ်သက်လက်ခံမှု ရနေတယ်ဆိုတဲ့ အသိကြောင့် မျှော်လင့်ချက် ခိုင်မာသည်ထက် ခိုင်မာလာတယ်။ မျှော်လင့်ချက်ကို ပိုတန်ဖိုးထားလာတယ်။—က၂၃.၁၂၊ စာ. ၁၂-၁၃