မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာစရာ အကြောင်းအရာ

သစ္စာရှိသူတွေဟာ ကတိတည်

သစ္စာရှိသူတွေဟာ ကတိတည်

ယေဖသနဲ့ သမီး သစ္စာကတိ ပြုခဲ့တဲ့အတိုင်း ဘယ်လို လုပ်ခဲ့တယ်ဆိုတာ သိရဖို့ တရားသူကြီး ၁၁:၃၀-၄၀ ကို ဖတ်ပါ။

အထက်အောက်စကားတွေ ဆန်းစစ်ကြည့်ပါ။ ယေဟောဝါဆီ သစ္စာကတိပြုတာကို သစ္စာရှိ အစ္စရေးတွေ ဘယ်လို သဘောထားကြသလဲ။ (တော. ၃၀:၂) ယေဟောဝါကို ယုံကြည်ကြောင်း ယေဖသနဲ့ သမီး ဘယ်လို ပြသလဲ။—သူကြီး. ၁၁:၉-၁၁၊ ၁၉-၂၄၊ ၃၆

ထပ်လေ့လာပါ။ “ကျွန်တော် အောင်ပွဲခံပြီး ပြန်လာတဲ့အခါ အိမ်တံခါးဝမှာ ထွက်ကြိုသူ . . . ကို မီးရှို့ရာအလှူလိုပဲ ပေးလှူပါ့မယ်” လို့ ယေဖသ သစ္စာကတိပြုတာ ဘာကို ဆိုလိုသလဲ။ (က၁၆.၀၄ ၅ ပိုဒ်. ၁၂) သစ္စာကတိ တည်ဖို့ ယေဖသနဲ့ သမီး ဘာတွေ စွန့်လွှတ်ခဲ့ရသလဲ။ (က၁၆.၀၄ ၆-၇ ပိုဒ်. ၁၄-၁၆) ဒီနေ့ခေတ် ခရစ်ယာန်တွေအတွက် အရေးကြီးတဲ့ သစ္စာကတိတချို့က ဘာတွေလဲ။—က၁၇.၀၄ ၅-၈ ပိုဒ်. ၁၀-၁၉

သင်ခန်းစာတွေ စဉ်းစားပါ။ ဒီလိုစဉ်းစားပါ–

  • ‘ဆက်ကပ်အပ်နှံခြင်းကတိ တည်ဖို့ ဘာက ကူညီပေးနိုင်သလဲ။’ (က၂၀.၀၃ ၁၃ ပိုဒ်. ၂၀)

  • ‘ယေဟောဝါအတွက် ပိုအမှုဆောင်နိုင်အောင် ဘာတွေ စွန့်လွှတ်နိုင်သလဲ။’

  • ‘အိမ်ထောင်ကတိသစ္စာ တည်ဖို့ ငါ့ကို ဘာက ကူညီပေးနိုင်သလဲ။’ (မ. ၁၉:၅၊ ၆။ ဧ. ၅:၂၈-၃၃)