လေ့လာရန် ဆောင်းပါး ၄၄
ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကို ကျေးဇူးတင် လေးမြတ်ပါ
“[ယေဟောဝါရဲ့] ခိုင်မြဲတဲ့ မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။”—ဆာ. ၁၃၆:၁။
သီချင်း ၁၀၈ ဘုရားရဲ့ ခိုင်မြဲတဲ့ မေတ္တာ
အကြိုသုံးသပ်ချက် *
၁။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို အားပေးသလဲ။
ခိုင်မြဲတဲ့ မေတ္တာ ပြရတာကို ယေဟောဝါ နှစ်သက်တယ်။ (ဟော. ၆:၆) ကျေးကျွန်တွေကိုလည်း အဲဒီမေတ္တာ ပြဖို့ တိုက်တွန်းတယ်။ “သစ္စာစောင့်သိမှု၊” မူရင်းစကားအရ “ခိုင်မြဲတဲ့ မေတ္တာ” ကို “မြတ်နိုးဖို့” ပရောဖက် မိက္ခာကတစ်ဆင့် အားပေးတယ်။ (မိ. ၆:၈) ဒါပေမဲ့ ခိုင်မြဲတဲ့ မေတ္တာဆိုတာ ဘာကို ဆိုလိုကြောင်း အရင် သိဖို့ လိုတယ်။
၂။ ခိုင်မြဲတဲ့ မေတ္တာဆိုတာ ဘာလဲ။
၂ ခိုင်မြဲတဲ့ မေတ္တာဆိုတာ ဘာလဲ။ ကမ္ဘာသစ် ဘာသာပြန်ကျမ်း မှာ “ခိုင်မြဲတဲ့ မေတ္တာ” ဆိုတဲ့ အသုံးအနှုန်း အကြိမ်ပေါင်း ၂၃၀ လောက် ပါတယ်။ ကျမ်းစာ “ခက်ဆစ်” အရ ခိုင်မြဲတဲ့ မေတ္တာဆိုတာ “ကတိသစ္စာ၊ သမာဓိ၊ သစ္စာစောင့်သိမှု၊ နက်ရှိုင်းတဲ့ သံယောဇဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ မေတ္တာကို ဆိုလိုတယ်။ လူတွေအပေါ် ထားတဲ့ ဘုရားသခင့်မေတ္တာနဲ့ ဆက်စပ်ပြီး သုံးနှုန်းလေ့ရှိတယ်၊ လူလူချင်း ထားရှိတဲ့ မေတ္တာအတွက်လည်း သုံးနှုန်းလေ့ရှိတယ်။” ခိုင်မြဲတဲ့ မေတ္တာ ပြရာမှာ ယေဟောဝါဟာ အကောင်းဆုံး ပုံသက်သေပဲ။ လူသားတွေကို ယေဟောဝါ ခိုင်မြဲတဲ့ မေတ္တာ ဘယ်လို ပြကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ အချင်းချင်း ခိုင်မြဲတဲ့ မေတ္တာ ပြခြင်းအားဖြင့် ယေဟောဝါကို ဘယ်လို တုပနိုင်ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
ယေဟောဝါ ‘ခိုင်မြဲတဲ့ မေတ္တာ ကြီးမား’
၃။ မိမိအကြောင်း မောရှေကို ယေဟောဝါ ဘယ်လို ဖော်ပြသလဲ။
၃ အီဂျစ်ပြည်ကနေ အစ္စရေးတွေ ထွက်လာပြီး မကြာခင်မှာ မိမိနာမည်နဲ့ အရည်အသွေးတွေအကြောင်း မောရှေကို ယေဟောဝါ ဖော်ပြတယ်။ ‘ယေဟောဝါဟာ ကရုဏာ ရှိပြီး သနားစာနာတတ်တဲ့ ဘုရား၊ ယေဟောဝါဟာ အမျက်ထွက်ထွ. ၃၄:၆၊ ၇) ဒီစကားတွေအားဖြင့် မိမိရဲ့ ခိုင်မြဲတဲ့ မေတ္တာနဲ့ပတ်သက်တဲ့ ထူးခြားချက် တစ်ခု မောရှေကို ယေဟောဝါ ဖော်ပြတယ်။ အဲဒါ ဘာလဲ။
နှေးပြီး ခိုင်မြဲတဲ့ မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ ဘုရား၊ လူထောင်ပေါင်းများစွာကို ခိုင်မြဲတဲ့ မေတ္တာ ပြတဲ့ ဘုရား၊ အမှားတွေ၊ ကျူးလွန်မှုတွေ၊ အပြစ်တွေကို ခွင့်လွှတ်တဲ့ ဘုရားပဲ’ လို့ ပြောတယ်။ (၄-၅။ (က) မိမိကိုယ်တိုင်အကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြသလဲ။ (ခ) ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။
၄ ခိုင်မြဲတဲ့ မေတ္တာ ရှိရုံသာမက ‘ခိုင်မြဲတဲ့ မေတ္တာ ကြီးမား’ တယ်ဆိုပြီး မိမိအကြောင်း ယေဟောဝါ ဖော်ပြတယ်။ အဲဒီအသုံးအနှုန်း ကျမ်းစာမှာ ခြောက်ကြိမ် ပါတယ်။ (တော. ၁၄:၁၈။ နေ. ၉:၁၇။ ဆာ. ၈၆:၁၅။ ၁၀၃:၈။ ယောလ ၂:၁၃။ ယောန ၄:၂) သုံးနှုန်းတဲ့ အကြိမ်တိုင်း လူတွေကို မဟုတ်ဘဲ ယေဟောဝါကိုပဲ ဆိုလိုတယ်။ မိမိကိုယ်တိုင်နဲ့ပတ်သက်ပြီး ယေဟောဝါ အဲဒီလို ဖော်ပြတာ ထူးခြားတယ်။ ခိုင်မြဲတဲ့ မေတ္တာဟာ ဘုရားအတွက် သိပ်အရေးပါတာ ထင်ရှားတယ်။ * ဒါကြောင့် ဘုရင် ဒါဝိဒ်က ‘ယေဟောဝါဘုရား၊ ခိုင်မြဲတဲ့ မေတ္တာတော်ဟာ ကောင်းကင်အထိ မြင့်မားလှတယ်။ အို ဘုရားသခင်၊ ခိုင်မြဲတဲ့ မေတ္တာတော်ဟာ အဖိုးထိုက်လှတယ်။ အတောင်တော် အရိပ်အောက်မှာ လူသားတွေ ခိုလှုံကြတယ်’ လို့ ပြောခဲ့တာ မဆန်းပါဘူး။ (ဆာ. ၃၆:၅၊ ၇) ဒါဝိဒ်လိုပဲ ဘုရားရဲ့ ခိုင်မြဲတဲ့ မေတ္တာကို ကျွန်တော်တို့ တကယ် ကျေးဇူးတင် လေးမြတ်သလား။
၅ ခိုင်မြဲတဲ့ မေတ္တာအကြောင်း ပိုနားလည်ဖို့ မေးခွန်း နှစ်ခုကို ဆွေးနွေးကြစို့– ဘယ်သူတွေကို ယေဟောဝါ ခိုင်မြဲတဲ့ မေတ္တာ ပြသလဲ။ ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရနိုင်သလဲ။
ဘယ်သူတွေကို ယေဟောဝါ ခိုင်မြဲတဲ့ မေတ္တာ ပြသလဲ
၆။ ဘယ်သူတွေကို ယေဟောဝါ ခိုင်မြဲတဲ့ မေတ္တာ ပြသလဲ။
၆ ဘယ်သူတွေကို ယေဟောဝါ ခိုင်မြဲတဲ့ မေတ္တာ ပြသလဲ။ လူတိုင်းကို ပြတာတော့ မဟုတ်ဘူး။ မိမိနဲ့ အထူး ဆက်ဆံရေး ရှိသူတွေကိုသာ ပြတာ ဖြစ်တယ်။ ယေဟောဝါဟာ မိတ်ဆွေတွေအပေါ် သစ္စာရှိတယ်။ သူတို့နဲ့ပတ်သက်ပြီး သိပ်ကောင်းတဲ့ ရည်ရွယ်ချက် ရှိတယ်။ ဘယ်တော့မှ မေတ္တာ ပျက်မှာ မဟုတ်ဘူး။
၇။ လူအားလုံးကို ယေဟောဝါ ဘယ်လို မေတ္တာ ပြသလဲ။
၇ လူအားလုံးကို ယေဟောဝါ မေတ္တာ ပြတယ်။ “ဘုရားသခင်က လူ့လောကကို အလွန် ချစ်တယ်။ ဒါကြောင့် မိမိရဲ့ သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက် ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ယော. ၃:၁၊ ၁၆။ မ. ၅:၄၄၊ ၄၅။
ပေးအပ်ခဲ့တယ်” လို့ နိကောဒင်ဆိုတဲ့ အမျိုးသားကို ယေရှု ပြောတယ်။—၈-၉။ (က) ကျေးကျွန်တွေကို ယေဟောဝါ ဘာကြောင့် ခိုင်မြဲတဲ့ မေတ္တာ ပြသလဲ။ (ခ) အခု ဘာအကြောင်း ဆွေးနွေးကြမလဲ။
၈ အစောပိုင်းမှာ ဖော်ပြသလို ယေဟောဝါဟာ မိမိနဲ့ အထူး ဆက်ဆံရေး ရှိတဲ့ ကျေးကျွန်တွေကိုသာ ခိုင်မြဲတဲ့ မေတ္တာ ပြတယ်။ ဒါကို ဘုရင် ဒါဝိဒ်နဲ့ ပရောဖက် ဒံယေလရဲ့ စကားကနေ သိရတယ်။ ဥပမာ၊ “ကိုယ်တော့်ကို သိကျွမ်းသူတွေအပေါ် ခိုင်မြဲတဲ့ မေတ္တာ ဆက်ပြလှည့်ပါ၊” “ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကတော့ မိမိကို ကြောက်ရွံ့သူတွေအပေါ် ထာဝစဉ် တည်မြဲတယ်” လို့ ဒါဝိဒ် ပြောတယ်။ ‘အို စစ်မှန်တဲ့ ဘုရား ယေဟောဝါ၊ ကိုယ်တော်ဟာ ကိုယ်တော့်ကို ချစ်ပြီး ပညတ်စောင့်ထိန်းသူတွေကို ခိုင်မြဲတဲ့ မေတ္တာ ပြတဲ့ အရှင်ပါ’ လို့ ဒံယေလ ပြောတယ်။ (ဆာ. ၃၆:၁၀။ ၁၀၃:၁၇။ ဒံ. ၉:၄) အဲဒီစကားတွေအရ မိမိကို သိကျွမ်း၊ ကြောက်ရွံ့၊ ချစ်ပြီး ပညတ်စောင့်ထိန်းတဲ့၊ နည်းမှန်လမ်းကျ ဝတ်ပြုနေတဲ့ ကျေးကျွန်တွေကိုသာ ယေဟောဝါ ခိုင်မြဲတဲ့ မေတ္တာ ပြတယ်။
၉ ယေဟောဝါကို ဝတ်မပြုခင်တုန်းက ကျွန်တော်တို့ဟာ လူအားလုံးကို ပြတဲ့ ဘုရားမေတ္တာ ခံစားရတယ်။ (ဆာ. ၁၀၄:၁၄) ဘုရားကျေးကျွန် ဖြစ်လာချိန်မှာတော့ ဘုရားရဲ့ ခိုင်မြဲတဲ့ မေတ္တာကို ခံစားရတယ်။ “ငါ့ရဲ့ ခိုင်မြဲတဲ့ မေတ္တာကိုတော့ မင်းဆီကနေ မရုပ်သိမ်းဘူး” လို့ ယေဟောဝါ ကတိပေးထားတယ်။ (ဟေရှာ. ၅၄:၁၀) ဒါဝိဒ် ကိုယ်တွေ့ သိခဲ့သလို “ယေဟောဝါက မိမိအပေါ် သစ္စာစောင့်သိသူကို အရေးတယူ ဆက်ဆံတယ်။” (ဆာ. ၄:၃) ယေဟောဝါရဲ့ အထူး ဂရုစိုက်စောင့်ရှောက်မှုကို ဘယ်လို တုံ့ပြန်သင့်သလဲ။ “ဉာဏ်ပညာရှိသူကတော့ ဒါတွေကို သတိထားမိပြီး ယေဟောဝါ ပြတဲ့ ခိုင်မြဲတဲ့ မေတ္တာအကြောင်း အသေအချာ စဉ်းစားဆင်ခြင်လိမ့်မယ်” လို့ ဆာလံဆရာ ပြောတယ်။ (ဆာ. ၁၀၇:၄၃) အဲဒီအချက်ကို စိတ်စွဲမှတ်ရင်း ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကနေ ကျေးကျွန်တွေ အကျိုးရနေတဲ့ နည်းသုံးနည်းအကြောင်း ဆွေးနွေးကြည့်ကြစို့။
ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကနေ ဘယ်လို အကျိုးရနိုင်သလဲ
၁၀။ ဘုရားရဲ့ ခိုင်မြဲတဲ့ မေတ္တာက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးသလဲ။ (ဆာလံ ၃၁:၇)
၁၀ ဘုရားရဲ့ ခိုင်မြဲတဲ့ မေတ္တာ အမြဲ တည်တယ်။ ခိုင်မြဲတဲ့ မေတ္တာအကြောင်း ဆာလံ ၁၃၆ မှာ ၂၆ ကြိမ် ဖော်ပြထားတယ်။ အခန်းငယ် ၁ မှာ “ယေဟောဝါကို ကျေးဇူးတင် ကြ။ ဘုရားသခင်ဟာ ကောင်းမြတ်တယ်။ ခိုင်မြဲတဲ့ မေတ္တာတော် ထာဝစဉ် တည်မြဲတယ်” လို့ ပြောထားတယ်။ (ဆာ. ၁၃၆:၁) အခန်းငယ် ၂ ကနေ ၂၆ မှာ “ခိုင်မြဲတဲ့ မေတ္တာတော် ထာဝစဉ် တည်မြဲတယ်” ဆိုတဲ့ စကားစု တောက်လျှောက် ဖတ်ရတယ်။ ဒါက လူမျိုးတော်အပေါ် ထားတဲ့ ဘုရားမေတ္တာ ပြောင်းလဲမှာ မဟုတ်ကြောင်း စိတ်ချစေတယ်။ ကျေးကျွန်တွေကို နည်းလမ်းများစွာနဲ့ ခိုင်မြဲတဲ့ မေတ္တာ မပြတ်တမ်း ပြနေလို့ အံ့ဩစရာပါပဲ။ ကျေးကျွန်တွေအပေါ် လွယ်လွယ်နဲ့ မေတ္တာ မပျက်ကြောင်း သိရတာ အားရှိစရာပါပဲ။ အထူးသဖြင့် သူတို့ ဒုက္ခရောက်ချိန်မှာ ဘုရား မစွန့်ဘူး။ ကျွန်တော်တို့ အကျိုးရပုံ– ကျွန်တော်တို့နဲ့အတူ ယေဟောဝါ ရှိနေမှန်း သိရတာက ပျော်ရွှင်စေပြီး ဒုက္ခတွေကို ခံရပ်ဖို့၊ အသက်လမ်းပေါ် ဆက်လျှောက်ဖို့ လိုအပ်တဲ့ ခွန်အား ရစေတယ်။—ဆာလံ ၃၁:၇ ကို ဖတ်ပါ။
၁၁။ ဆာလံ ၈၆:၅ အရ ခွင့်လွှတ်ဖို့ ယေဟောဝါကို ဘာက လှုံ့ဆော်ပေးသလဲ။
၁၁ ဘုရားရဲ့ ခိုင်မြဲတဲ့ မေတ္တာက ခွင့်လွှတ်ဖို့ လှုံ့ဆော်ပေးတယ်။ အပြစ်ကျူးလွန်သူတစ်ယောက် နောင်တ ရပြီး အပြစ်လမ်းစဉ်ကို စွန့်လိုက်တဲ့အခါ ခိုင်မြဲတဲ့ မေတ္တာက ခွင့်လွှတ်ဖို့ ဘုရားကို လှုံ့ဆော်ပေးတယ်။ “ငါတို့ကို အပြစ်ရှိတဲ့အလျောက် ဒဏ်မပေးဘူး။ အမှားရှိတဲ့အလျောက် ပြန်မဆပ်ပေးဘူး” လို့ ဆာလံဆရာ ဒါဝိဒ် ပြောတယ်။ (ဆာ. ၁၀၃:၈-၁၁) အပြစ်ရှိတယ်ဆိုတဲ့ သိစိတ်ဟာ ဝန်ထုပ်လို ဘယ်လောက် လေးလံကြောင်း ဒါဝိဒ် ကိုယ်တွေ့ သိခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါဟာ “ခွင့်လွှတ်ဖို့ အသင့်ရှိ” ကြောင်းလည်း သိခဲ့ရတယ်။ ခွင့်လွှတ်ဖို့ ဘုရားကို ဘာက လှုံ့ဆော်ပေးသလဲ။ အဖြေကို ဆာလံ ၈၆:၅ မှာ တွေ့ရတယ်။ (ဖတ်ပါ။) ဒါဝိဒ်ရဲ့ စကားက ဖော်ပြတဲ့အတိုင်း ယေဟောဝါဟာ ဆုတောင်းသူ အားလုံးအပေါ် ခိုင်မြဲတဲ့ မေတ္တာ ကြီးမားတဲ့အတွက် ခွင့်လွှတ်ပေးတယ်။
၁၂-၁၃။ အရင်က အမှားတွေအတွက် အပြစ်ရှိတယ်လို့ ခံစားနေရတယ်ဆိုရင် ဘာက စိတ်သက်သာရာ ရစေမလဲ။
၁၂ အပြစ်လုပ်မိတဲ့အခါ ဝမ်းနည်းတာ ကောင်းပါတယ်။ နောင်တ ရဖို့၊ အမှားကို ပြုပြင်ဖို့ လှုံ့ဆော်ပေးနိုင်လို့ပဲ။ ဒါပေမဲ့ တချို့က အရင်က လုပ်မိတဲ့ အမှားတွေကြောင့် အပြစ်ရှိတယ်လို့ ခံစားနေရဆဲပဲ။ ဘယ်လောက်ပဲ နောင်တ ရပါစေ ယေဟောဝါ ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေဆဲပဲ။ သင် အဲဒီလို ခံစားနေရတယ်ဆိုရင် ကျေးကျွန်တွေကို ဘုရား ခိုင်မြဲတဲ့
မေတ္တာ လိုလိုလားလား ပြကြောင်း နားလည်ထားတာက စိတ်သက်သာရာ ရစေပါလိမ့်မယ်။၁၃ ကျွန်တော်တို့ အကျိုးရပုံ– ကျွန်တော်တို့ မစုံလင်ပေမဲ့ ယေဟောဝါကို ကြည်လင်တဲ့ သိစိတ်နဲ့ ပျော်ရွှင်စွာ ဝတ်ပြုနိုင်တယ်။ “သားတော် ယေရှုရဲ့ သွေးက ကျွန်တော်တို့ရဲ့ အပြစ်အားလုံးကို သန့်စင်ပေး” လို့သာ အဲဒီလို ဝတ်ပြုနိုင်တာ။ (၁ ယော. ၁:၇) ကိုယ့်အားနည်းချက်တချို့ကြောင့် စိတ်ဓာတ်ကျနေတယ်ဆိုရင် နောင်တယူတဲ့ အပြစ်ကျူးလွန်သူတွေကို ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိကြောင်း သတိရပါ။ ခိုင်မြဲတဲ့ မေတ္တာနဲ့ ခွင့်လွှတ်မှု ဆက်စပ်နေကြောင်း ဒါဝိဒ် ဒီလိုပြောတယ်– “မိုးကောင်းကင်ဟာ မြေကြီးထက် မြင့်မားသလို ဘုရားကို ကြောက်ရွံ့သူတွေအပေါ် ခိုင်မြဲတဲ့ မေတ္တာတော် ကြီးမားလှတယ်။ နေထွက်ရာအရပ်နဲ့ နေဝင်ရာအရပ် အလှမ်းဝေးသလို အပြစ်တွေကို ငါတို့နဲ့ အလှမ်းဝေးစေတယ်။” (ဆာ. ၁၀၃:၁၁၊ ၁၂) ယေဟောဝါဟာ တကယ်ပဲ “အကြွင်းမဲ့ ခွင့်လွှတ်” ဖို့ အသင့်ရှိပါတယ်။—ဟေရှာ. ၅၅:၇။
၁၄။ ဘုရားသခင့် ခိုင်မြဲတဲ့ မေတ္တာရဲ့ ကာကွယ်မှုကို ဒါဝိဒ် ဘယ်လို ဖော်ပြသလဲ။
၁၄ ဘုရားသခင့် ခိုင်မြဲတဲ့ မေတ္တာက ဘုရားရေးရာဘက် ကာကွယ်မှု ပေးတယ်။ “ကိုယ်တော်ဟာ ပုန်းခိုရာနေရာပါ။ ကျွန်တော် ဒုက္ခမရောက်ရအောင် ကာကွယ်စောင့်ရှောက်ပေးလိမ့်မယ်။ လွတ်မြောက်သွားလို့ ရွှင်လန်းစွာ သီဆိုတဲ့ သီချင်းသံတွေနဲ့ ကျွန်တော့်ကို ခြံရံပေးလိမ့်မယ်။ . . . ယေဟောဝါကို ယုံကြည်ကိုးစားသူကိုတော့ ခိုင်မြဲတဲ့ မေတ္တာတော် ဝိုင်းရံနေတယ်” လို့ ယေဟောဝါဆီ ဒါဝိဒ် ဆုတောင်းတယ်။ (ဆာ. ၃၂:၇၊ ၁၀) ရှေးခေတ်တုန်းက မြို့ရိုးတွေဟာ မြို့သားတွေကို ကာကွယ်ပေးသလို ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကလည်း ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်စေနိုင်တဲ့ အရာမှန်သမျှကနေ ကာကွယ်ပေးတယ်။ အဲဒီအပြင် ကျွန်တော်တို့ကို မိမိဆီ ဆွဲဆောင်ဖို့ ခိုင်မြဲတဲ့ မေတ္တာက ဘုရားကို လှုံ့ဆော်ပေးတယ်။—ယေ. ၃၁:၃။
၁၅။ ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာဟာ ခိုလှုံရာ၊ ရဲတိုက်နဲ့ ဘယ်လို တူသလဲ။
၁၅ ဘုရားလူမျိုး ခံစားနေရတဲ့ ကာကွယ်မှုကို ဒါဝိဒ် နောက်တစ်မျိုး နှိုင်းယှဉ်ဖော်ပြတယ်။ ‘ဘုရားသခင်ဟာ လုံခြုံတဲ့ ခိုလှုံရာ၊ ကျွန်တော့်ကို ခိုင်မြဲတဲ့ မေတ္တာ ပြတဲ့ ဘုရား ဖြစ်တယ်’ လို့ ပြောတယ်။ ‘ဘုရားဟာ ငါ့ကို ခိုင်မြဲတဲ့ မေတ္တာ ပြတဲ့ အရှင်၊ ငါ့ရဲတိုက်၊ လုံခြုံတဲ့ ခိုလှုံရာ၊ ကယ်တင်ရှင်ပါ။ ငါ့ဒိုင်းလွှား၊ ငါခိုလှုံတဲ့ အရှင်ပါ’ လို့လည်း ပြောတယ်။ (ဆာ. ၅၉:၁၇။ ၁၄၄:၂) ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကို ခိုလှုံရာ၊ ရဲတိုက်နဲ့ ဒါဝိဒ် ဘာကြောင့် ခိုင်းနှိုင်းတာလဲ။ ကျွန်တော်တို့ ဘယ်နေရာမှာပဲ နေထိုင်ပါစေ ဘုရားကျေးကျွန် ဖြစ်နေသရွေ့ ဘုရားနဲ့ အဖိုးတန် ဆက်ဆံရေး ဆက်ရှိနေအောင် ဘုရားသခင် ကာကွယ်ပေးပါလိမ့်မယ်။ ဆာလံ ၉၁ မှာ အဲဒီလို အာမခံထားတယ်။ ‘“ကိုယ်တော်ဟာ ကျွန်တော့်ခိုလှုံရာ၊ ကျွန်တော့်ရဲတိုက်” လို့ ယေဟောဝါကို ငါပြောမယ်’ ဆိုပြီး ဆာလံဆရာ ပြောတယ်။ (ဆာ. ၉၁:၁-၃၊ ၉၊ ၁၄) မောရှေလည်း အလားတူ နှိုင်းယှဉ်တယ်။ (ဆာ. ၉၀:၁၊ အောက်ခြေမှတ်ချက်) “ဘုရားသခင်ဟာ ရှေးကတည်းက ခိုလှုံရာပဲ။ ထာဝရ လက်ရုံးတော်က မင်းကို ထောက်မပေးတယ်” လို့ မသေဆုံးခင်လေးမှာ မောရှေ ပြောတယ်။ (တရား. ၃၃:၂၇) “ထာဝရ လက်ရုံးတော်က မင်းကို ထောက်မပေးတယ်” ဆိုတဲ့ စကားစုက ယေဟောဝါအကြောင်း ဘာဖော်ပြသလဲ။
၁၆။ ဘယ်ကောင်းချီး နှစ်ခု ကျွန်တော်တို့ ရထားသလဲ။ (ဆာလံ ၁၃၆:၂၃)
၁၆ ယေဟောဝါဟာ ခိုလှုံရာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘေးကင်းလုံခြုံမှု ခံစားရတယ်။ ဒါပေမဲ့ စိတ်ဓာတ်ကျချိန်တွေ၊ ပြန်ရုန်းထဖို့ ကြိုးစားရချိန်တွေ ရှိနိုင်တယ်။ အဲဒီလို အခါမျိုးမှာ ယေဟောဝါ ဘာလုပ်ပေးမလဲ။ (ဆာလံ ၁၃၆:၂၃ ကို ဖတ်ပါ။) လက်တော်နဲ့ ချီမပြီး ပြန်ရပ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ (ဆာ. ၂၈:၉။ ၉၄:၁၈) ကျွန်တော်တို့ အကျိုးရပုံ– ဘုရားသခင့် ထောက်မမှုကို အမြဲ အားကိုးနိုင်ကြောင်း သိရတာက ဘုရားရဲ့ ကောင်းချီး နှစ်ခု ကို အမှတ်ရစေတယ်။ ပထမ၊ ဘယ်မှာပဲ နေနေ ကျွန်တော်တို့မှာ လုံခြုံတဲ့ ခိုလှုံရာ ရှိထားတယ်။ ဒုတိယ၊ ကျွန်တော်တို့ကို ကောင်းကင်ဖခင် အလွန် ဂရုစိုက်စောင့်ရှောက်တယ်။
ဘုရားသခင့် ခိုင်မြဲတဲ့ မေတ္တာကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်
၁၇။ ဘုရားသခင့် ခိုင်မြဲတဲ့ မေတ္တာကြောင့် ဘာကို ယုံကြည်စိတ်ချနိုင်သလဲ။ (ဆာလံ ၃၃:၁၈-၂၂)
၁၇ ဆွေးနွေးခဲ့တဲ့အတိုင်း စမ်းသပ်မှု ကြုံရချိန်မှာ သမာဓိ စောင့်ထိန်းနိုင်အောင် ထောက်မခြင်းအားဖြင့် ယေဟောဝါ ခိုင်မြဲတဲ့ မေတ္တာ ပြမယ်ဆိုတာ စိတ်ချနိုင်တယ်။ (၂ ကော. ၄:၇-၉) “ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကြောင့် ကျွန်တော်တို့ ဇာတ်သိမ်းသွားမှာ မဟုတ်ဘူး။ ကရုဏာတော် ဘယ်တော့မှ မကုန်ဆုံးဘူး” လို့ ပရောဖက် ယေရမိ ပြောတယ်။ (မြည်. ၃:၂၂) “ယေဟောဝါက မိမိကို ကြောက်ရွံ့သူတွေ၊ ခိုင်မြဲတဲ့ မေတ္တာတော်ကို စောင့်မျှော်နေသူတွေကို ကြည့်ရှုနေတယ်” လို့ ဆာလံဆရာ အာမခံတယ်။ ဒါကြောင့် ကျွန်တော်တို့ကို ယေဟောဝါ ခိုင်မြဲတဲ့ မေတ္တာ ဆက်ပြမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—ဆာလံ ၃၃:၁၈-၂၂ ကို ဖတ်ပါ။
၁၈-၁၉။ (က) ဘယ်အချက်ကို စိတ်စွဲမှတ်ထားသင့်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၁၈ ဘယ်အချက်ကို စိတ်စွဲမှတ်ထားသင့်သလဲ။ ယေဟောဝါကို ဝတ်မပြုခင်တုန်းက လူအားလုံးအပေါ် ပြတဲ့ ဘုရားမေတ္တာကို ကျွန်တော်တို့ ခံစားခဲ့ရတယ်။ ဘုရားကျေးကျွန် ဖြစ်လာချိန်မှာတော့ ဘုရားရဲ့ ခိုင်မြဲတဲ့ မေတ္တာကို ခံစားရတယ်။ အဲဒီမေတ္တာကြောင့် ကျွန်တော်တို့ကို ယေဟောဝါ ကာကွယ်ပေးမယ်။ မိမိအနီးအနားမှာ အမြဲ စောင့်ရှောက်ပေးမယ်။ ကတိတွေ ပြည့်စုံအောင် လုပ်ပေးမယ်။ ကျွန်တော်တို့ကို အောင်မြင်စေချင်တယ်။ (ဆာ. ၄၆:၁၊ ၂၊ ၇) ဒါကြောင့် ဘယ်အခက်အခဲပဲ ရင်ဆိုင်ရပါစေ သမာဓိ စောင့်ထိန်းနိုင်အောင် လိုအပ်တဲ့ ခွန်အားကို ယေဟောဝါ ပေးပါလိမ့်မယ်။
၁၉ ကျေးကျွန်တွေကို ယေဟောဝါ ခိုင်မြဲတဲ့ မေတ္တာ ဘယ်လို ပြကြောင်း သိခဲ့ရပြီ။ ကျွန်တော်တို့ အချင်းချင်း ခိုင်မြဲတဲ့ မေတ္တာ ပြဖို့လည်း ဘုရား မျှော်လင့်တယ်။ ဘယ်လို ပြနိုင်ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
သီချင်း ၁၃၆ ယေဟောဝါဆီက “ပြီးပြည့်စုံတဲ့ ဆု”
^ အပိုဒ်၊ 5 ခိုင်မြဲတဲ့ မေတ္တာဆိုတာ ဘာလဲ။ ဘယ်သူတွေကို ယေဟောဝါ ခိုင်မြဲတဲ့ မေတ္တာ ပြသလဲ။ ခိုင်မြဲတဲ့ မေတ္တာ ပြခံရသူတွေ ဘာအကျိုးတွေ ရသလဲ။ အဲဒီမေးခွန်းတွေကို ပထမ ဆောင်းပါး နှစ်ခုမှာ ဆွေးနွေးကြပါမယ်။
^ အပိုဒ်၊ 4 ဘုရားသခင့် ခိုင်မြဲတဲ့ မေတ္တာ ကြီးမားကြောင်း တခြား ကျမ်းချက်တွေမှာလည်း ဖော်ပြထားတယ်။—နေဟမိ ၁၃:၂၂။ ဆာလံ ၆၉:၁၃။ ၁၀၆:၇။ မြည်တမ်းစကား ၃:၃၂ တို့ကို ကြည့်ပါ။
^ အပိုဒ်၊ 54 ပုံအညွှန်း– ကျေးကျွန်တွေ အပါအဝင် လူအားလုံးကို ယေဟောဝါ မေတ္တာပြ။ လူအုပ်စုပုံ အပေါ်မှာ ပြထားတဲ့ ပုံအဝိုင်းလေးတွေက ဘုရား မေတ္တာ ပြပုံ အမျိုးမျိုးကို ဖော်ပြ။ အဓိကနည်းကတော့ ရွေးဖိုး အစီအစဉ်ကနေ အကျိုးရအောင် အခွင့်အရေး ပေးခြင်းပဲ။
^ အပိုဒ်၊ 62 ပုံအညွှန်း– ယေဟောဝါရဲ့ ကျေးကျွန် ဖြစ်လာပြီး ရွေးဖိုးကို ယုံကြည်သူတွေဟာ ဘုရားမေတ္တာကို နောက်တစ်နည်းနဲ့ ခံစားရ။ လူအားလုံးကို ပြတဲ့ မေတ္တာအပြင် ဘုရားရဲ့ ခိုင်မြဲတဲ့ မေတ္တာကို သူတို့ ခံစားရ။ အဲဒါတွေကို ပုံအဝိုင်းလေးတွေနဲ့ ဖော်ပြထား။