လေ့လာရန် ဆောင်းပါး ၄၇
သင့်ယုံကြည်ခြင်း ဘယ်လောက် ခိုင်မာသလဲ
“သိပ်မစိုးရိမ်ပါနဲ့။ ဘုရားသခင်ကို ယုံကြည်သက်ဝင်ကြပါ။”—ယော. ၁၄:၁။
သီချင်း ၁၁၉ ယုံကြည်ခြင်း ရှိရမယ်
အကြိုသုံးသပ်ချက် *
၁။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို မေးမိနိုင်သလဲ။
မှားယွင်းတဲ့ ဘာသာရေး ဖျက်ဆီးခံရတာ၊ မာဂေါဂပြည်က ဂေါဂမင်း တိုက်ခိုက်တာ၊ အာမဂေဒုန် စစ်ပွဲ စတဲ့ ရှေ့မှာ ဖြစ်မယ့် ဖြစ်ရပ်တွေအကြောင်း စဉ်းစားလိုက်တဲ့အခါ တစ်ခါတလေ စိုးရိမ်မိသလား။ ‘အဲဒီလို ကြောက်စရာကောင်းတာတွေ ဖြစ်လာချိန်မှာ ငါ သမာဓိ စောင့်ထိန်းနိုင်ပါ့မလား’ လို့ စဉ်းစားဖူးသလား။ အဲဒီလို စဉ်းစားဖူးတယ်ဆိုရင် အဓိက ကျမ်းချက်မှာ ပါတဲ့ ယေရှုရဲ့ စကားက ကူညီပေးပါလိမ့်မယ်။ “ခင်ဗျားတို့ သိပ်မစိုးရိမ်ပါနဲ့။ ဘုရားသခင်ကို ယုံကြည်သက်ဝင်ကြပါ” လို့ တပည့်တွေကို ယေရှု ပြောတယ်။ (ယော. ၁၄:၁) ခိုင်မာတဲ့ ယုံကြည်ခြင်းက အနာဂတ်ကို ရဲရဲ ရင်ဆိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
၂။ ယုံကြည်ခြင်း ခိုင်မာအောင် ဘာလုပ်နိုင်သလဲ။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၂ လက်ရှိ ကြုံနေရတဲ့ စမ်းသပ်မှုတွေကို ဘယ်လို ဖြေရှင်းနေသလဲဆိုတာ ဆန်းစစ်ခြင်းအားဖြင့် အနာဂတ်မှာ ကြုံရမယ့် စမ်းသပ်မှုတွေကို ဘယ်လို ဖြေရှင်းရမယ်၊ ဘယ်ကဏ္ဍတွေမှာ ယုံကြည်ခြင်း ပိုခိုင်မာအောင် လုပ်ရမယ်ဆိုတာ သိလာမယ်။ စမ်းသပ်မှုတစ်ခုစီကို ခံရပ်နိုင်တာနဲ့အမျှ ယုံကြည်ခြင်း ပိုခိုင်မာလာမယ်။ ဒါက အနာဂတ်မှာ ကြုံရမယ့် စမ်းသပ်မှုတွေကို ခံရပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ယုံကြည်ခြင်း ပိုလိုအပ်တဲ့ အခြေအနေ လေးခုကို ယေရှုရဲ့ တပည့်တွေ ကြုံခဲ့ရတယ်။ အဲဒီအကြောင်း ဒီဆောင်းပါးမှာ သုံးသပ်ကြပါမယ်။ ဒီနေ့ခေတ်မှာလည်း အဲဒီလို စမ်းသပ်မှုတွေ ဘယ်လို ကြုံရနိုင်ကြောင်း၊ အဲဒါတွေက အနာဂတ်အတွက် ဘယ်လို အသင့်ပြင်ပေးကြောင်းလည်း သုံးသပ်ကြပါမယ်။
ရုပ်ပိုင်း လိုအပ်ရာတွေကို ဘုရား ထောက်မပေးမယ်ဆိုတဲ့ ယုံကြည်ခြင်း
၃။ မဿဲ ၆:၃၀၊ ၃၃ မှာ ဘယ်အချက်ကို ယေရှု ရှင်းရှင်းလင်းလင်း ဖော်ပြသလဲ။
၃ အိမ်ထောင်ဦးစီး တစ်ယောက်အနေနဲ့ မိသားစုရဲ့ စားဝတ်နေရေးကို ဖူဖူလုံလုံ ထောက်မပေးချင်တာ သဘာဝပါပဲ။ ဒီနောက်ဆုံးကာလမှာ အဲဒီလို မဿဲ ၆:၃၀၊ ၃၃ ကို ဖတ်ပါ။) ကျွန်တော်တို့ကို ယေဟောဝါ ပစ်ထားမှာ မဟုတ်ကြောင်း အပြည့်အဝ ယုံကြည်တယ်ဆိုရင် ဘုရားနိုင်ငံတော်ကို ဆက်ဦးစားထားနိုင်ကြပါလိမ့်မယ်။ ယေဟောဝါရဲ့ ရုပ်ပိုင်း ထောက်မပေးမှုကို ခံစားရတဲ့အခါ ဘုရားနဲ့ ပိုရင်းနှီးလာမယ်။ ယုံကြည်ခြင်း ပိုခိုင်မာလာမယ်။
ထောက်မပေးဖို့ အမြဲတော့ မလွယ်ဘူး။ အလုပ်ပြုတ်သွားတာမျိုး၊ အတတ်နိုင်ဆုံး ကြိုးစားတဲ့ကြား အလုပ် နောက်တစ်ခု ပြန်ရှာလို့ မရတာမျိုး ဖြစ်နိုင်တယ်။ ခရစ်ယာန်တွေနဲ့ မကိုက်တဲ့ အလုပ် ဖြစ်နေလို့ ငြင်းလိုက်ရတာမျိုးလည်း ရှိနိုင်တယ်။ အဲဒီလို အခြေအနေမျိုးမှာ မိသားစုရဲ့ လိုအပ်ရာတွေကို ယေဟောဝါ တစ်နည်းနည်းနဲ့ ထောက်မပေးမယ်ဆိုတာ အခိုင်အမာ ယုံကြည်ဖို့ လိုတယ်။ အဲဒီအချက်ကို တောင်ပေါ်တရားတော်မှာ ယေရှု ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ (၄-၅။ ရုပ်ပိုင်း လိုအပ်ချက်တွေကြောင့် မိသားစုတစ်စု စိုးရိမ်ပူပန်နေချိန်မှာ ဘယ်လို အကူအညီ ရခဲ့သလဲ။
၄ ရုပ်ပိုင်း လိုအပ်ရာတွေကြောင့် စိုးရိမ်ပူပန်နေတဲ့ မိသားစုတစ်စုကို ယေဟောဝါ ဘယ်လို ကူညီပေးကြောင်း သုံးသပ်ကြည့်ပါ။ ဗင်နီဇွဲလားမှာ တစ်ချိန်က ကက်စ်ထရိုတို့ မိသားစုဟာ ကိုယ်ပိုင် လယ်ကွက်လေးနဲ့ ဖူဖူလုံလုံ နေနိုင်ခဲ့ကြတယ်။ နောက်ပိုင်း၊ လက်နက်ကိုင်တွေ ရောက်လာပြီး လယ်ကို သိမ်းလိုက်ကြတယ်။ “အခုတော့ ငှားထားတဲ့ မြေကွက်လေးမှာပဲ စိုက်ပျိုးနေရတယ်။ မနက်မိုးလင်းတာနဲ့ တစ်နေ့တာ လိုအပ်ရာတွေကို ထောက်ပံ့ပေးဖို့ ယေဟောဝါဆီ ဆုတောင်းတယ်” လို့ ဖခင် မီဂူလ် ပြောတယ်။ သူတို့မိသားစုအတွက် ဘဝဟာ ခက်ခဲပေမဲ့ နေ့စဉ် လိုအပ်ရာတွေကို ကောင်းကင်ဖခင် ထောက်မပေးမယ်ဆိုတာ အပြည့်အဝ ယုံကြည်စိတ်ချတဲ့အတွက် အစည်းအဝေးတွေ မှန်မှန် တက်တယ်၊ ဟောပြောခြင်းမှာ ပါဝင်တယ်။ ဘဝမှာ နိုင်ငံတော်ကို ဦးစားထားလို့ သူတို့ လိုအပ်ရာတွေကို ယေဟောဝါ ထောက်ပံ့ပေးတယ်။
၅ မီဂူလ်နဲ့ ဇနီး ယူရီဟာ ခက်ခဲချိန်တစ်လျှောက် ယေဟောဝါ ဘယ်လို ထောက်မပေးတယ်ဆိုတာကို အာရုံစိုက်ကြတယ်။ လိုအပ်ရာတွေ ထောက်မပေးဖို့၊ သင့်တော်တဲ့ အလုပ် ရှာတွေ့နိုင်ဖို့ တစ်ခါတလေ ယုံကြည်သူချင်းတွေကို သုံးပြီး ယေဟောဝါ ကူညီပေးတယ်။ တစ်ခါတလေမှာတော့ ဌာနခွဲ ကယ်ဆယ်ရေး အစီအစဉ်တွေကနေ အခြေခံ လိုအပ်ရာတွေကို ထောက်ပံ့ပေးတယ်။ သူတို့ကို ယေဟောဝါ ဘယ်တော့မှ မစွန့်ပစ်ပါဘူး။ ဒါကြောင့် သူတို့မိသားစု ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ ယေဟောဝါရဲ့ အကူအညီကို ကိုယ်တွေ့ ခံစားရပြီးနောက် “ယေဟောဝါရဲ့ လက်တော်ကို ဒီလိုထင်ထင်ရှားရှား မြင်ရတာ သိပ်အားရှိတယ်။ အမြဲ အားကိုးနိုင်တဲ့ မိတ်ဆွေအဖြစ် ဘုရားကို မြင်လာပြီ။ ကျွန်မတို့ မိသားစု ကြုံရတဲ့ စမ်းသပ်မှုတွေက အနာဂတ်မှာ ကြုံရမယ့် ပိုပြင်းထန်တဲ့ စမ်းသပ်မှုတွေအတွက် အသင့်ပြင်ပေးတာ” လို့ သမီးကြီး ယိုစလင်း ပြောတယ်။
၆။ စီးပွားရေး အခက်အခဲ ကြုံရချိန်မှာ ယုံကြည်ခြင်း ခိုင်မာအောင် ဘယ်လို လုပ်နိုင်သလဲ။
၆ သင်ကော စီးပွားရေး အခက်အခဲ ရင်ဆိုင်နေရသလား။ ဒါဆိုရင် သိပ်ခက်ခဲနေမှာပဲ။ ဒါပေမဲ့ အခက်အခဲတွေကြား ယုံကြည်ခြင်း ခိုင်မာအောင် တည်ဆောက်နိုင်ပါတယ်။ မဿဲ ၆:၂၅-၃၄ မှာ ပါတဲ့ ယေရှုရဲ့ စကားတွေကို ဆုတောင်းပြီး ဖတ်ပါ။ တွေးတောဆင်ခြင်ပါ။ ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ အလုပ်များနေသူတွေကို ယေဟောဝါ ကူညီထောက်မပေးတဲ့ ဒီနေ့ခေတ် တွေ့ကြုံမှုတွေကို စဉ်းစားပါ။ (၁ ကော. ၁၅:၅၈) ဒါဆိုရင် ကိုယ်နဲ့ အခြေအနေ တူတဲ့ တခြားသူတွေကို ယေဟောဝါ ကူညီပေးခဲ့သလို ကိုယ့်ကိုလည်း ကူညီပေးမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု ခိုင်မာလာပါလိမ့်မယ်။ သင် ဘာလိုအပ်တယ်၊ ဘယ်လို ကူညီပေးရမယ်ဆိုတာ ဘုရား သိတယ်။ ဘဝမှာ ယေဟောဝါရဲ့ အကူအညီကို ခံစားရတာနဲ့အမျှ ယုံကြည်ခြင်း ပိုခိုင်မာလာမယ်။ အနာဂတ်မှာ ကြုံရမယ့် ပိုဆိုးတဲ့ အခက်အခဲတွေကို ခံရပ်နိုင်ပါလိမ့်မယ်။—ဟဗ. ၃:၁၇၊ ၁၈။
ပြဿနာတွေကို ခံရပ်နိုင်တဲ့ ယုံကြည်ခြင်း
၇။ မဿဲ ၈:၂၃-၂၆ အရ “မုန်တိုင်း” က တပည့်တွေရဲ့ ယုံကြည်ခြင်းကို ဘယ်လို စမ်းသပ်မှု ဖြစ်စေသလဲ။
၇ တစ်ချိန်မှာ ယေရှုနဲ့ တပည့်တွေ ပင်လယ်မှာ မုန်တိုင်း ကြုံရတယ်။ အဲဒီအခြေအနေကို သုံးပြီး တပည့်တွေရဲ့ ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ဖို့ လိုကြောင်း နားလည်အောင် ယေရှု ကူညီပေးတယ်။ (မဿဲ ၈:၂၃-၂၆ ကို ဖတ်ပါ။) မုန်တိုင်းကြောင့် လှိုင်းထန်လာပြီး လှေထဲ ရေတွေ ဝင်လာပေမဲ့ ယေရှုကတော့ အိပ်ပျော်နေတယ်။ တပည့်တွေ ကြောက်လန့်တကြား ယေရှုကို နှိုးပြီး ကယ်ဖို့ ပြောတဲ့အခါ “ယုံကြည်ခြင်း နည်းသူတို့၊ ဘာလို့ ကြောက်နေတာလဲ” ဆိုပြီး ဆုံးမတယ်။ ယေရှုနဲ့ မိမိတို့ကို ယေဟောဝါ အပြည့်အဝ ကာကွယ်ပေးနိုင်စွမ်း ရှိကြောင်း တပည့်တွေ သိသင့်တယ်။ ဘာသင်ခန်းစာ ရသလဲ။ ပကတိ မုန်တိုင်းဖြစ်စေ၊ မုန်တိုင်းလို ကြီးမားတဲ့ ပြဿနာတွေကိုဖြစ်စေ ခံရပ်နိုင်ဖို့ ခိုင်မာတဲ့ ယုံကြည်ခြင်းက ကူညီပေးနိုင်တယ်။
၈-၉။ အဲနယ်ရဲ့ ယုံကြည်ခြင်း ဘယ်လို စမ်းသပ်ခံရသလဲ။ သူ့ကို ဘာက ကူညီပေးသလဲ။
၈ ခက်ခဲတဲ့ စမ်းသပ်မှုကို ခံရပ်ခဲ့လို့ ယုံကြည်ခြင်း ခိုင်မာလာတဲ့ ပွာတိုရီကိုက တစ်ကိုယ်ရေ ညီအစ်မ အဲနယ်အကြောင်း စဉ်းစားကြည့်ပါ။ သူဟာ ပကတိ မုန်တိုင်းကို ရင်ဆိုင်ခဲ့ရတာ။ ၂၀၁၇ မှာ ဟာရီကိန်း မာရီယာကြောင့် အဲနယ်ရဲ့ အိမ် ပျက်စီးသွားတယ်။ အလုပ်လည်း မရှိတော့ဘူး။ “ဒီလိုခက်ခဲတဲ့အချိန်မှာ စိုးရိမ်ပူပန်မိပေမဲ့ ယေဟောဝါကို ယုံကြည်ကိုးစားပြီး ဆုတောင်းတဲ့အတွက် ထိတ်ထိတ်ပျာပျာ မဖြစ်ဘူး” လို့ ပြောတယ်။
၉ စမ်းသပ်မှုကို ခံရပ်နိုင်ဖို့ ကူညီပေးခဲ့တဲ့အရာ နောက်တစ်ခုကတော့ နာခံခြင်းပဲလို့ အဲနယ် ပြောတယ်။ “အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်တွေကို လိုက်လျှောက်တာက စိတ်တည်ငြိမ်အောင် ကူညီပေးတယ်။ ညီအစ်ကို/မတွေရဲ့ ရုပ်ပိုင်း၊ ဘုရားရေးရာပိုင်း ကူညီ၊ အားပေးမှုတွေကတစ်ဆင့် ယေဟောဝါရဲ့ အကူအညီကို ခံစားရတယ်။ ကျွန်မ တောင်းတာထက် ယေဟောဝါ ပိုလုပ်ပေးလို့ ယုံကြည်ခြင်း ခိုင်မာလာတယ်” လို့ ပြောတယ်။
၁၀။ “မုန်တိုင်း” ကြုံနေရရင် ဘာလုပ်နိုင်သလဲ။
၁၀ သင်ကိုယ်တိုင်ကော ဘဝမှာ “မုန်တိုင်း” နဲ့ ကြုံနေရသလား။ သဘာဝဘေး ဖြစ်နိုင်တယ်။ ကျန်းမာရေး ပြဿနာလိုမျိုး ပုံဆောင် မုန်တိုင်းလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် စိတ်ဓာတ်ကျပြီး ဘာလုပ်ရမှန်း မသိအောင် ဖြစ်မိနိုင်တယ်။ ဒါပေမဲ့ စိုးရိမ်ပူပန်လွန်းပြီး ယေဟောဝါကို မယုံကြည်တော့တာမျိုး မဖြစ်ပါစေနဲ့။ ထက်ထက်သန်သန် ဆုတောင်းပြီး ယေဟောဝါနဲ့ ရင်းနှီးအောင် လုပ်ပါ။ ဆာ. ၇၇:၁၁၊ ၁၂) အခုကော၊ နောင်ကော သင့်ကို ယေဟောဝါ ဘယ်တော့မှ မစွန့်ဘူးဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။
အရင်က ယေဟောဝါ ကူညီပေးခဲ့တာတွေကို ပြန်တွေးပြီး ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ပါ။ (၁၁။ ဦးဆောင်နေသူတွေကို နာခံဖို့ ဘာကြောင့် စိတ်ပိုင်းဖြတ်ထားသင့်သလဲ။
၁၁ အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ဘာတွေက ကူညီပေးနိုင်သေးသလဲ။ အဲနယ် ပြောသလို နာခံမှုပါပဲ။ ယေဟောဝါနဲ့ ယေရှု ယုံကြည်စိတ်ချသူတွေကို ယုံကြည်ပါ။ တစ်ခါတလေ ကိုယ့်အတွက် အဓိပ္ပာယ် မရှိဘူးလို့ ထင်ရတဲ့ လမ်းညွှန်မှုတွေကို ဦးဆောင်သူတွေ ပေးလာနိုင်တယ်။ ဒါပေမဲ့ နာခံမှုကို ယေဟောဝါ ကောင်းချီးပေးတယ်။ နာခံမှုဟာ အသက် ကယ်နိုင်ကြောင်း ကျမ်းစာထဲက ပုံနမူနာတွေ၊ သစ္စာရှိ ညီအစ်ကို/မတွေရဲ့ တွေ့ကြုံမှုတွေကနေ သိရတယ်။ (ထွ. ၁၄:၁-၄။ ၂ ရာ. ၂၀:၁၇) အဲဒါတွေကို တွေးတောဆင်ခြင်ပါ။ ဒါဆိုရင် အခုရော၊ အနာဂတ်မှာပါ အဖွဲ့အစည်း အစီအစဉ်အတိုင်း ပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ခိုင်မာလာပါလိမ့်မယ်။ (ဟီ. ၁၃:၁၇) မကြာခင် ရောက်လာမယ့် ကြီးစွာသော ဒုက္ခကိုလည်း ကြောက်မှာ မဟုတ်ဘူး။—ပညာ. ၃:၂၅။
မတရားမှုကို ခံရပ်နိုင်တဲ့ ယုံကြည်ခြင်း
၁၂။ လုကာ ၁၈:၁-၈ မှာ ယုံကြည်ခြင်းနဲ့ ခံနိုင်ရည်ကို ဘယ်လို ဆက်စပ်ဖော်ပြထားသလဲ။
၁၂ မတရားမှုက တပည့်တွေရဲ့ ယုံကြည်ခြင်းကို စမ်းသပ်မှု ဖြစ်စေမယ်ဆိုတာ ယေရှု သိတယ်။ ဒါကို ခံရပ်နိုင်အောင် ကူညီပေးဖို့ လုကာကျမ်းမှာ ပါတဲ့ ပုံဥပမာတစ်ခု ပြောပြတယ်။ မဖြောင့်မတ်တဲ့ တရားသူကြီးဆီ တရားမျှတမှု ရဖို့ တောင်းဆိုတဲ့ မုဆိုးမအကြောင်း ဖြစ်တယ်။ ဇွဲမလျှော့ဘဲ တောင်းရင် ရမယ်ဆိုတာ မုဆိုးမ သိတယ်။ နောက်ဆုံး၊ တောင်းတဲ့အတိုင်း တရားသူကြီး စီရင်ပေးလိုက်တယ်။ ဘာသင်ခန်းစာ ရသလဲ။ ယေဟောဝါဟာ မတရားတဲ့သူ မဟုတ်ဘူး။ ဒါကြောင့် “ဘုရားသခင်ဆိုရင် သူ ရွေးချယ်ထားတဲ့သူတွေ နေ့ညမပြတ် တောင်းလျှောက်တဲ့အခါ တရားသဖြင့် မစီရင်ပေးဘဲ နေပါ့မလား” လို့ ယေရှု ပြောတယ်။ (လုကာ ၁၈:၁-၈ ကို ဖတ်ပါ။) “လူသား ရောက်လာတဲ့အခါ ကမ္ဘာပေါ်မှာ အဲဒီလို ယုံကြည်ခြင်းမျိုး တွေ့ရပါ့မလား” လို့လည်း ဆက်ပြောတယ်။ မတရားမှုတွေ ကြုံရတဲ့အခါ မုဆိုးမလို ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိကြောင်း ကျွန်တော်တို့ရဲ့ စိတ်ရှည်မှု၊ ဇွဲထက်သန်မှုအားဖြင့် သက်သေပြဖို့ လိုတယ်။ အဲဒီလို ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိမယ်ဆိုရင် ကျွန်တော်တို့ကို ယေဟောဝါ အနှေးနဲ့ အမြန် ကူညီပေးမယ်ဆိုတာ စိတ်ချလာမယ်။ ဆုတောင်းခြင်းရဲ့ အစွမ်းကိုလည်း ယုံကြည်ရမယ်။ တစ်ခါတလေ ထင်မှတ်မထားတဲ့ နည်းနဲ့ ဆုတောင်းချက် အဖြေ ရတာမျိုး ရှိနိုင်တယ်။
၁၃။ ဆုတောင်းခြင်းက မိသားစုတစ်စုကို ဘယ်လို ကူညီပေးသလဲ။
၁၃ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ နေတဲ့ ညီအစ်မ ဗာရိုအကြောင်း စဉ်းစားကြည့်ပါ။ လက်နက်ကိုင်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် မယုံကြည်သူ ခင်ပွန်း၊ ၁၅ နှစ်အရွယ် သမီးနဲ့အတူ ရွာကနေ ထွက်ပြေးခဲ့ရတယ်။ လမ်းမှာ လက်နက်ကိုင်တွေနဲ့ တွေ့တော့ အဖမ်းခံရပြီး သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံရတယ်။ ဗာရို ငိုတဲ့အခါ သမီးဖြစ်သူက အမေ စိတ်တည်ငြိမ်အောင် ယေဟောဝါရဲ့ နာမည် သုံးပြီး မဿဲ ၆:၉-၁၃ မှာ အဲဒီဆုတောင်းနည်း ပါတယ်” လို့ ပြန်ဖြေတယ်။ ခေါင်းဆောင်က “မိဘတွေနဲ့အတူ သွားတော့။ မင်းတို့ရဲ့ ဘုရား ယေဟောဝါ ကာကွယ်ပေးပါစေ” လို့ ပြောတယ်။
အသံ ကျယ်ကျယ် ဆုတောင်းပေးတယ်။ ဆုတောင်းလို့လည်း ပြီးရော လက်နက်ကိုင် ခေါင်းဆောင်က “ဆုတောင်းတတ်အောင် မင်းကို ဘယ်သူ သင်ပေးတာလဲ” လို့ မေးတယ်။ “အမေ သင်ပေးတာ။၁၄။ ဘာက ယုံကြည်ခြင်း စမ်းသပ်မှု ဖြစ်စေနိုင်သလဲ။ ခံရပ်နိုင်ဖို့ ဘာက ကူညီပေးမလဲ။
၁၄ ဆုတောင်းခြင်းရဲ့ အစွမ်းကို လျှော့မတွက်ဖို့ အဲဒီလို တွေ့ကြုံမှုတွေက ဖော်ပြတယ်။ ဒါပေမဲ့ ဆုတောင်းချက်တွေ ချက်ချင်း အဖြေမရရင်ကော။ ယေရှုရဲ့ ပုံဥပမာထဲက မုဆိုးမလိုပဲ သင့်ကို ဘုရား စွန့်မှာ မဟုတ်ကြောင်း၊ အချိန်တန်တဲ့အခါ တစ်နည်းနည်းနဲ့ အဖြေပေးမှာ ဖြစ်ကြောင်း စိတ်ချပြီး ဆက်ဆုတောင်းပါ။ စွမ်းအားတော် ဆက်တောင်းခံပါ။ (ဖိ. ၄:၁၃) အရင်က ကြုံခဲ့တဲ့ ဒုက္ခတွေကို မေ့သွားတဲ့အထိ မကြာခင် ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးမယ်ဆိုတာ သတိရပါ။ အခက်အခဲတွေကို ယေဟောဝါရဲ့ အကူအညီနဲ့ သစ္စာရှိရှိ ခံရပ်တာနဲ့အမျှ ရှေ့မှာ ကြုံရမယ့်အရာတွေအတွက် ယုံကြည်ခြင်း ပိုခိုင်မာလာပါလိမ့်မယ်။—၁ ပေ. ၁:၆၊ ၇။
အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ ယုံကြည်ခြင်း
၁၅။ မဿဲ ၁၇:၁၉၊ ၂၀ အရ ယေရှုရဲ့ တပည့်တွေ ဘယ်အခက်အခဲ ရင်ဆိုင်ရသလဲ။
၁၅ အခက်အခဲတွေကို ကျော်လွှားနိုင်အောင် ယုံကြည်ခြင်းက ကူညီပေးမယ်ဆိုပြီး တပည့်တွေကို ယေရှု သင်ပေးတယ်။ (မဿဲ ၁၇:၁၉၊ ၂၀ ကို ဖတ်ပါ။) တစ်ကြိမ်မှာ တပည့်တွေဟာ နတ်ဆိုး မနှင်ထုတ်နိုင်ဘဲ ဖြစ်နေတယ်။ အရင်ကတော့ နှင်ထုတ်နိုင်တယ်။ အခု ဘာဖြစ်နေတာလဲ။ ယုံကြည်ခြင်း ပိုလိုနေတာလို့ ယေရှု ရှင်းပြတယ်။ ယုံကြည်ခြင်းသာ ရှိမယ်ဆိုရင် တောင်လို ကြီးမားတဲ့ အခက်အခဲတွေကိုတောင် ကျော်ဖြတ်နိုင်မယ်လို့ ပြောတယ်။ ဒီနေ့လည်း အဲဒီလို အခက်အခဲတွေ ရင်ဆိုင်ရနိုင်တယ်။
၁၆။ အဖြစ်ဆိုးကို ခံရပ်ဖို့ ဂေဒီကို ယုံကြည်ခြင်းက ဘယ်လို ကူညီပေးသလဲ။
၁၆ ဂွါတီမာလာက ညီအစ်မ ဂေဒီအကြောင်း စဉ်းစားကြည့်ပါ။ တစ်နေ့၊ အစည်းအဝေးပြီးလို့ အိမ်အပြန်မှာ ခင်ပွန်းဖြစ်သူ အယ်ဒီ အသတ်ခံရတယ်။ ဒီဝမ်းနည်းကြေကွဲမှုကို ခံရပ်ဖို့ ယုံကြည်ခြင်းက ဂေဒီကို ဘယ်လို ကူညီပေးသလဲ။ “ယေဟောဝါဆီ ဆုတောင်းပြီး ဝန်ထုပ်ကို ပုံအပ်လိုက်တယ်။ ဒါကြောင့် စိတ်ငြိမ်သက်မှု ရတယ်။ မိသားစုနဲ့ အသင်းတော်ထဲက မိတ်ဆွေတွေကတစ်ဆင့် ယေဟောဝါ ကူညီပေးတယ်။ အမှုဆောင်လုပ်ငန်းမှာ အလုပ်များနေတာက ဝမ်းနည်းကြေကွဲမှုကို သက်သာစေသလို နောက်နေ့အတွက် အလွန်အမင်း မစိုးရိမ်ဖို့၊ တစ်ရက်တာအတွက်ပဲ စဉ်းစားဖို့ ကူညီပေးတယ်။ ဒီအဖြစ်ဆိုး ကြုံရပြီးနောက် အနာဂတ်မှာ ဘယ်လို စမ်းသပ်မှုပဲ ကြုံရပါစေ ယေဟောဝါ၊ ယေရှု၊ အဖွဲ့အစည်းရဲ့ အကူအညီနဲ့ ရင်ဆိုင်နိုင်မယ်ဆိုတာ စိတ်ချလာတယ်” လို့ ပြောတယ်။
၁၇။ တောင်လို ကြီးမားတဲ့ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ ဘာလုပ်နိုင်သလဲ။
၁၇ ချစ်ရသူတစ်ယောက် သေဆုံးသွားလို့ ဝမ်းနည်းနေပညာ. ၁၈:၁) စိတ်ထဲမှာ ဝမ်းနည်းငိုကြွေးနေရင်တောင် ခံနိုင်ရည် တိုးများအောင် ကူညီပေးမယ့် လုပ်ဆောင်မှုတွေမှာ ပါဝင်ပါ။ (ဆာ. ၁၂၆:၅၊ ၆) အစည်းအဝေး၊ အမှုဆောင်မှာ ပုံမှန် ပါဝင်ပါ။ ကျမ်းစာ ပုံမှန် ဖတ်ပါ။ ယေဟောဝါ ပေးမယ့် ကောင်းချီးတွေကို အာရုံစိုက်နေပါ။ ယေဟောဝါရဲ့ အကူအညီကို ခံစားရတာနဲ့အမျှ ယုံကြည်ခြင်း ပိုခိုင်မာလာပါလိမ့်မယ်။
သလား။ ကျမ်းစာပါ ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းတွေကို လေ့လာခြင်းအားဖြင့် မျှော်လင့်ချက် ပိုခိုင်မာလာအောင် လုပ်ဆောင်ပါ။ မိသားစုဝင်တစ်ယောက် နှင်ထုတ်ခံရလို့ ဝမ်းနည်းနေသလား။ ဘုရားရဲ့ ဆုံးမနည်းဟာ အကောင်းဆုံး ဖြစ်ကြောင်း ယုံကြည်စိတ်ချလာအောင် ရှာဖွေလေ့လာပါ။ ဘယ်လို ပြဿနာပဲ ကြုံရပါစေ ယုံကြည်ခြင်း ခိုင်မာအောင် တည်ဆောက်ဖို့ အခွင့်အရေးအဖြစ် အသုံးချပါ။ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းပါ။ တစ်သီးပုဂ္ဂလ မနေပါနဲ့။ ညီအစ်ကို/မတွေနဲ့ ရင်းရင်းနှီးနှီး နေပါ။ (“ယုံကြည်ခြင်း တိုးများအောင် လုပ်ပေးပါ”
၁၈။ ကိုယ့်ယုံကြည်ခြင်း အားနည်းနေမှန်း သတိထားမိရင် ဘာလုပ်နိုင်သလဲ။
၁၈ အရင်က ဒါမှမဟုတ် လောလောဆယ် ကြုံရတဲ့ ပြဿနာတွေကြောင့် ယုံကြည်ခြင်း အားနည်းနေမှန်း သတိထားမိရင် စိတ်ဓာတ်မကျပါနဲ့။ ယုံကြည်ခြင်း ခိုင်မာအောင် လုပ်နိုင်တဲ့ အခွင့်အရေးအဖြစ် ရှုမြင်ပါ။ “ယုံကြည်ခြင်း တိုးများအောင် လုပ်ပေးပါ” လို့ ယေရှုရဲ့ တမန်တော်တွေလို ဆုတောင်းပါ။ (လု. ၁၇:၅) ဒီဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့ တွေ့ကြုံမှုတွေကို တွေးတောပါ။ မီဂူလ်နဲ့ ယူရီလိုပဲ ယေဟောဝါ ကူညီပေးခဲ့တာတွေကို အမြဲ သတိရပါ။ ဗာရိုရဲ့ သမီးနဲ့ အဲနယ်လိုပဲ ဘေးကျပ်နံကျပ် အခြေအနေ ကြုံလာရင် ယေဟောဝါဆီ ထက်ထက်သန်သန် ဆုတောင်းပါ။ ဂေဒီလိုပဲ မိသားစုနဲ့ မိတ်ဆွေတွေကတစ်ဆင့် ယေဟောဝါ ကူညီပေးနိုင်တယ်ဆိုတာ အသိအမှတ်ပြုပါ။ လက်ရှိ ကြုံနေရတဲ့ အခက်အခဲတွေကို ခံရပ်ဖို့ ယေဟောဝါကို ကူညီခွင့်ပြုမယ်ဆိုရင် အနာဂတ်မှာ ကြုံရမယ့် အခက်အခဲတွေကိုလည်း ခံရပ်နိုင်အောင် ဘုရား ကူညီပေးမယ်ဆိုတာ ပိုစိတ်ချလာပါလိမ့်မယ်။
၁၉။ ယေရှု ဘာကို စိတ်ချသလဲ။ သင် ဘာစိတ်ချနိုင်သလဲ။
၁၉ တပည့်တွေရဲ့ ယုံကြည်ခြင်း အားနည်းနေတာကို ယေရှု ထောက်ပြပေမဲ့ ယေဟောဝါရဲ့ အကူအညီနဲ့ စမ်းသပ်မှုတွေကို သူတို့ အောင်မြင်စွာ ရင်ဆိုင်နိုင်မယ်ဆိုတာ စိတ်ချတယ်။ (ယော. ၁၄:၁။ ၁၆:၃၃) ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိမယ်ဆိုရင် လာမယ့် ကြီးစွာသော ဒုက္ခကို လူအုပ်ကြီး ကပ်ကျော်မယ်ဆိုတာလည်း ယေရှု စိတ်ချတယ်။ (ဗျာ. ၇:၉၊ ၁၄) သင်ကော လူအုပ်ကြီးအဝင် ဖြစ်မလား။ အခုကတည်းက ယုံကြည်ခြင်း ခိုင်မာအောင် အတတ်နိုင်ဆုံး ကြိုးစားနေမယ်ဆိုရင် ယေဟောဝါရဲ့ အကူအညီနဲ့ ဖြစ်နိုင်ပါတယ်။—ဟီ. ၁၀:၃၉။
သီချင်း ၁၁၈ ‘ယုံကြည်ခြင်း တိုးများစေပါ’
^ အပိုဒ်၊ 5 ဒီလောကစနစ် အဆုံးတိုင်မယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။ ဒါပေမဲ့ အဆုံးထိ ခံနိုင်ရည် ရှိပါ့မလားလို့ တွေးမိနိုင်တယ်။ ယုံကြည်ခြင်း ခိုင်မာစေတဲ့ တွေ့ကြုံမှုတွေ၊ လက်တွေ့ကျ သင်ခန်းစာတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။