မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာစရာ အကြံပြုလွှာ

အာရုံနှစ်ပြီး လေ့လာနိုင်မယ့်နေရာ ဘယ်လို ရှာမလဲ

အာရုံနှစ်ပြီး လေ့လာနိုင်မယ့်နေရာ ဘယ်လို ရှာမလဲ

ကိုယ်ပိုင်လေ့လာမှုကနေ ပိုအကျိုးရချင်သလား။ အာရုံနှစ်ပြီး လေ့လာနိုင်ဖို့ ဒီနည်းတွေကို စမ်းကြည့်ပါ။

  • သင့်တော်တဲ့နေရာ ရွေးပါ။ သေသပ်သန့်ရှင်းတဲ့၊ အလင်းရောင် ကောင်းကောင်း ရတဲ့နေရာ ရွေးပါ။ စာကြည့်စားပွဲမှာ လေ့လာနိုင်တယ်။ ဒါမှမဟုတ် အိမ်ပြင် ထွက်ပြီး လေ့လာနိုင်တယ်။ သက်သောင့်သက်သာ ရှိတဲ့နေရာတော့ ဖြစ်ပါစေ။

  • သီးသန့်ဖြစ်မယ့်နေရာ ရှာပါ။ “ခပ်စောစော” အချိန်၊ “လူသူကင်းဝေးတဲ့နေရာ” မှာ ယေရှု ဆုတောင်းတယ်။ (မာ. ၁:၃၅) သီးသန့်ဖြစ်မယ့်နေရာ သင် ရှာမတွေ့ဘူးဆိုရင် မိသားစုဝင်တွေ၊ အတူနေသူတွေကို သင် ဘယ်အချိန် လေ့လာမှု လုပ်မယ်ဆိုတာ ပြောပြထားပါ။ လေ့လာချိန်အတွင်း မနှောင့်ယှက်ဖို့ တောင်းဆိုပါ။

  • အာရုံနှစ်ထားပါ။ ဖုန်း၊ တက်ဘလက် သုံးပြီး ကိုယ်ပိုင်လေ့လာမှု လုပ်တယ်ဆိုရင် အာရုံမပျံ့စေဖို့ ဖုန်းသံ ပိတ်ထားပါ။ လေ့လာနေတုန်း လုပ်စရာတစ်ခုခု အတွေးထဲ ပေါ်လာရင် ချရေးထားပြီး နောက်မှ လုပ်ပါ။ အာရုံမစိုက်နိုင်တော့ရင် ခဏတစ်ဖြုတ် နားပါ။ လမ်းလျှောက်ပါ။ အညောင်းအညာ ဖြေပါ။