လေ့လာရန် ဆောင်းပါး ၅
“ယောက်ျားရဲ့ ဦးခေါင်းဟာ ခရစ်တော်”
“ယောက်ျားရဲ့ ဦးခေါင်းဟာ ခရစ်တော်။”—၁ ကော. ၁၁:၃။
သီချင်း ၁၂ ကြီးမြတ်သောဘုရား ယေဟောဝါ
အကြိုသုံးသပ်ချက် *
၁။ ဦးစီးမှုနဲ့ပတ်သက်ပြီး ယောက်ျားတစ်ယောက်ရဲ့ ရှုမြင်ပုံကို ဘယ်အချက်တွေက ဩဇာလွှမ်းမိုးနိုင်သလဲ။
“ဦးစီးမှု” ဆိုတဲ့ စကားလုံးကို သင် ဘယ်လို နားလည်သလဲ။ အမျိုးသားတချို့က ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ မိသားစုနောက်ခံအတိုင်း ဇနီး၊ သားသမီးကို ဆက်ဆံကြတယ်။ ဥရောပမှာ နေတဲ့ ညီအစ်မ ယာနီတာက “ကျွန်မ နေတဲ့ ဒေသမှာ မိန်းမတွေဟာ ယောက်ျားတွေထက် နိမ့်ကျတယ်၊ မိန်းမတွေကို ကျွန်တွေလိုပဲ သဘောထားသင့်တယ်ဆိုတဲ့ အယူအဆ စွဲကပ်နေတယ်” လို့ ပြောတယ်။ အမေရိကန်မှာ နေတဲ့ ညီအစ်ကို လုခ်ကလည်း “ဖခင်တချို့က မိန်းမဆိုတာ အလှကြည့်ဖို့ပဲ၊ သူတို့ရဲ့ စကား နားထောင်ဖို့ မဟုတ်ဘူး၊ သူတို့ရဲ့ သဘောထားက အရေးမကြီးဘူးဆိုပြီး သားတွေကို သင်ပေးကြတယ်” လို့ ပြောတယ်။ ဒါပေမဲ့ ယေဟောဝါကတော့ အမျိုးသမီးတွေကို အဲဒီလို မဆက်ဆံစေချင်ဘူး။ (မာကု ၇:၁၃ နဲ့ နှိုင်းယှဉ်ပါ။) ဒါဆိုရင် ယောက်ျားတစ်ယောက်ဟာ အိမ်ထောင်ဦးစီးကောင်း ဘယ်လို ဖြစ်လာနိုင်သလဲ။
၂။ အိမ်ထောင်ဦးစီးတစ်ယောက် ဘာတွေကို နားလည်ရမလဲ။ ဘာကြောင့်လဲ။
၂ ယောက်ျားတစ်ယောက် အိမ်ထောင်ဦးစီးကောင်း ဖြစ်ဖို့ဆိုရင် ယေဟောဝါရဲ့ တောင်းဆိုချက်တွေကို အရင် နားလည်ရမယ်။ ဦးစီးမှု အစီအစဉ်ကို ယေဟောဝါ ဘာကြောင့် အစပြုခဲ့ကြောင်း၊ ယေဟောဝါနဲ့ ယေရှုရဲ့ ပုံနမူနာကို ဘယ်လို တုပနိုင်ကြောင်းလည်း နားလည်ရမယ်။ အဲဒီအချက်တွေကို နားလည်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါက အိမ်ထောင်ဦးစီးတွေကို အခွင့်အာဏာ အတော်အတန် ပေးထားပြီး ပညာရှိရှိ အသုံးပြုဖို့ မျှော်လင့်လို့ပဲ။—လု. ၁၂:၄၈။
ဦးစီးမှုဆိုတာ ဘာလဲ
၃။ ၁ ကောရိန္သု ၁၁:၃ မှာပါတဲ့ စကားတွေအရ ဦးစီးမှုအကြောင်း ဘာသိရသလဲ။
၃ ၁ ကောရိန္သု ၁၁:၃ ကိုဖတ်ပါ။ စကြဝဠာ မိသားစုကို ယေဟောဝါ ဘယ်လို ဖွဲ့စည်းထားကြောင်း အဲဒီအခန်းငယ်က ဖော်ပြတယ်။ ဦးစီးမှုလို့ ပြောတဲ့အခါ အခွင့်အာဏာ ရတာနဲ့ တာဝန်ယူရတာဆိုပြီး အပိုင်း နှစ်ပိုင်း ပါတယ်။ ယေဟောဝါဟာ ဦးခေါင်း ဖြစ်တဲ့အတွက် အချုပ်အခြာ အာဏာပိုင်ရှင် ဖြစ်တယ်။ တခြားသူတွေကိုလည်း အခွင့်အာဏာတချို့ ပေးအပ်ထားတယ်။ ဒါပေမဲ့ အဲဒီအခွင့်အာဏာ အသုံးပြုပုံနဲ့ပတ်သက်ပြီး သူတို့ ဘုရားနဲ့ စာရင်းရှင်းရမယ်။ (ရော. ၁၄:၁၀။ ဧ. ၃:၁၄၊ ၁၅) ယေရှုကို အသင်းတော်ရဲ့ ဦးခေါင်းအဖြစ် ယေဟောဝါ အခွင့်အာဏာ ပေးထားတယ်။ ယေရှုက ကျွန်တော်တို့ကို ဘယ်လို ဆက်ဆံတယ်ဆိုတာနဲ့ပတ်သက်ပြီး ယေဟောဝါနဲ့ စာရင်းရှင်းရမယ်။ (၁ ကော. ၁၅:၂၇) ခင်ပွန်းကို မိသားစုရဲ့ ဦးခေါင်းအဖြစ် ယေဟောဝါ အခွင့်အာဏာ ပေးထားတယ်။ ခင်ပွန်းက မိသားစုကို ဘယ်လို ဆက်ဆံတယ်ဆိုတာနဲ့ပတ်သက်ပြီး ယေဟောဝါနဲ့ရော ယေရှုနဲ့ပါ စာရင်းရှင်းရမယ်။—၁ ပေ. ၃:၇။
၄။ ယေဟောဝါနဲ့ ယေရှုမှာ ဘယ်အခွင့်အာဏာ ရှိသလဲ။
၄ ယေဟောဝါဟာ စကြဝဠာ မိသားစုရဲ့ ဦးစီးအနေနဲ့ သားသမီးတွေအတွက် စည်းမျဉ်း ထုတ်ပိုင်ခွင့်၊ စည်းမျဉ်းအတိုင်း လိုက်အောင် ကြပ်မတ်ပိုင်ခွင့် ရှိတယ်။ (ဟေရှာ. ၃၃:၂၂) ယေရှုလည်း အသင်းတော်ရဲ့ ဦးခေါင်းအနေနဲ့ စည်းမျဉ်း ထုတ်ပိုင်ခွင့်၊ စည်းမျဉ်း လိုက်အောင် ကြပ်မတ်ပိုင်ခွင့် ရှိတယ်။—ဂလ. ၆:၂။ ကော. ၁:၁၈-၂၀။
၅။ ခရစ်ယာန် မိသားစုရဲ့ ဦးစီးမှာ ဘယ်အခွင့်အာဏာ ရှိသလဲ။ ဘယ်အကန့်အသတ်တွေ ရှိသလဲ။
၅ ယေဟောဝါနဲ့ ယေရှုလိုပဲ ခရစ်ယာန် မိသားစုရဲ့ ဦးစီးမှာလည်း မိသားစုအတွက် စည်းမျဉ်း ထုတ်ပိုင်ခွင့် ရှိတယ်။ (ရော. ၇:၂။ ဧ. ၆:၄) ဒါပေမဲ့ အိမ်ထောင်ဦးစီးရဲ့ အခွင့်အာဏာဟာ အကန့်အသတ် ရှိတယ်။ ဥပမာ၊ သူထုတ်တဲ့ စည်းမျဉ်းတွေဟာ ကျမ်းစာမူတွေကို အခြေခံသင့်တယ်။ (ပညာ. ၃:၅၊ ၆) မိသားစုဝင် မဟုတ်သူတွေအတွက် စည်းမျဉ်း ထုတ်ပိုင်ခွင့် မရှိဘူး။ (ရော. ၁၄:၄) သားသမီးတွေ ကြီးပြင်းလာပြီး အိမ်ခွဲသွားတဲ့အခါ မိဘကို ဆက်လေးစားမှာ ဖြစ်ပေမဲ့ အိမ်ထောင်ဦးစီးရဲ့ ဦးစီးမှုအောက် မရှိတော့ဘူး။—မ. ၁၉:၅။
ဦးစီးမှု အစီအစဉ်ကို ယေဟောဝါ ဘာကြောင့် အစပြုခဲ့သလဲ
၆။ ဦးစီးမှု အစီအစဉ်ကို ယေဟောဝါ ဘာကြောင့် အစပြုခဲ့သလဲ။
၆ ယေဟောဝါဟာ မိသားစုကို ချစ်လို့ ဦးစီးမှု အစီအစဉ်ကို အစပြုခဲ့တယ်။ ဒါဟာ ဘုရားပေး လက်ဆောင်ပါ။ ဦးစီးမှု အစီအစဉ်ကြောင့် ယေဟောဝါရဲ့ မိသားစုဟာ ငြိမ်သက်ပြီး စည်းစနစ်တကျ ရှိနေတယ်။ (၁ ကော. ၁၄:၃၃၊ ၄၀) ဦးစီးမှု အစီအစဉ်သာ မရှိရင် ပရမ်းပတာ ဖြစ်နေပြီး ပျော်ရွှင်မှုလည်း ရှိမှာ မဟုတ်ဘူး။ ဥပမာ၊ အပြီးသတ် ဆုံးဖြတ်ချက် ဘယ်သူ ချမလဲ၊ အဲဒီဆုံးဖြတ်ချက်အတိုင်း ဘယ်သူ ဦးဆောင်လုပ်မလဲဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ဘူး။
၇။ ဧဖက် ၅:၂၅၊ ၂၈ အရ အမျိုးသမီးတွေကို အမျိုးသားတွေ ဘယ်လို ဆက်ဆံဖို့ ယေဟောဝါ အလိုရှိသလဲ။
၇ ဘုရားရဲ့ ဦးစီးမှု အစီအစဉ် အလွန်ကောင်းပေမဲ့ ခင်ပွန်းတွေ ဖိနှိပ်တယ်၊ ကြီးစိုးတယ်လို့ ဒီနေ့ခေတ် အမျိုးသမီး များစွာ ဘာကြောင့် ခံစားနေရသလဲ။ ဘာကြောင့်လဲဆိုတော့ အမျိုးသား အများစုက မိသားစုအတွက် ယေဟောဝါ ချမှတ်ထားတဲ့ စံနှုန်းတွေကို လျစ်လျူရှုပြီး ရိုးရာ ဓလေ့ထုံးစံတွေကို လိုက်နေကြလို့ပဲ။ ဇနီးနဲ့ ဆက်ဆံတဲ့အခါ ကိုယ့်ရဲ့ အတ္တဆန္ဒကိုပဲ ရှေ့တန်းတင်ကြတယ်။ ဥပမာ၊ ကိုယ်လေးစားခံရဖို့၊ တခြားသူတွေရှေ့ “ယောက်ျားပီသကြောင်း” ပြဖို့ ဇနီးကို ကြီးစိုးကြတယ်။ ချစ်လာအောင် အတင်းလုပ်ယူလို့ မရပေမဲ့ ကြောက်အောင်တော့ ခြောက်လို့ရတယ်ဆိုပြီး တွေးကြတယ်။ ကြောက်စိတ်ကို နင်းပြီး ဇနီးကို ထိန်းချုပ်ဖို့ ကြိုးစားကြတယ်။ * အဲဒီလို အတွေးအခေါ်၊ လုပ်ရပ်တွေဟာ မှားတယ်။ အမျိုးသမီးတွေကို မလေးစားရာ ရောက်တယ်။ ယေဟောဝါ ဖြစ်စေချင်တာနဲ့ လုံးဝ ဆန့်ကျင်တယ်။—ဧဖက် ၅:၂၅၊ ၂၈ ကိုဖတ်ပါ။
ယောက်ျားတစ်ယောက် ဘယ်လိုနည်းနဲ့ အိမ်ထောင်ဦးစီးကောင်း ဖြစ်လာနိုင်သလဲ
၈။ ယောက်ျားတစ်ယောက် ဘယ်လိုနည်းနဲ့ အိမ်ထောင်ဦးစီးကောင်း ဖြစ်လာနိုင်သလဲ။
၈ ယောက်ျားတစ်ယောက်ဟာ ယေဟောဝါနဲ့ ယေရှုကို တုပခြင်းအားဖြင့် အိမ်ထောင်ဦးစီးကောင်း ဖြစ်လာနိုင်တယ်။ ယေဟောဝါနဲ့ ယေရှု ပြတဲ့ အရည်အသွေး နှစ်ခုကိုပဲ သုံးသပ်ကြည့်ပါ။ ကိုယ့်မိသားစုနဲ့ ဆက်ဆံတဲ့အခါ အဲဒီအရည်အသွေးတွေကို ဘယ်လို ပြနိုင်ကြောင်း သတိပြုကြည့်ပါ။
၉။ ယေဟောဝါ နှိမ့်ချမှု ဘယ်လို ပြသလဲ။
၉ နှိမ့်ချမှု။ ယေဟောဝါဟာ စကြဝဠာမှာ ပညာအရှိဆုံး ဖြစ်ပေမဲ့ ကျေးကျွန်တွေရဲ့ သဘောထားကို နားထောင်ပေးတယ်။ (က. ၁၈:၂၃၊ ၂၄၊ ၃၂) အကြံပြုခွင့် ပေးတယ်။ (၁ ဘု. ၂၂:၁၉-၂၂) ကိုယ်တိုင် ပြည့်ဝစုံလင်ပေမဲ့ ကျွန်တော်တို့ဆီက စုံလင်မှုကို မမျှော်လင့်ဘူး။ မိမိကို ဝတ်ပြုနေတဲ့ မစုံလင်သူတွေ အောင်မြင်ဖို့ ကူညီပေးတယ်။ (ဆာ. ၁၁၃:၆၊ ၇) ကျမ်းစာမှာ ယေဟောဝါကို “ကူညီမစရှင်” လို့တောင် ခေါ်ထားတယ်။ (ဆာ. ၂၇:၉။ ဟီ. ၁၃:၆) ယေဟောဝါရဲ့ နှိမ့်ချမှုကြောင့်သာ ကြီးမြတ်တဲ့အလုပ်တွေကို လုပ်ဆောင်နိုင်တာ ဖြစ်ကြောင်း ဘုရင်ဒါဝိဒ် အသိအမှတ်ပြုတယ်။—၂ ရှ. ၂၂:၃၆။
၁၀။ ယေရှု နှိမ့်ချမှု ဘယ်လို ပြသလဲ။
၁၀ ယေရှုရဲ့ ပုံနမူနာကိုလည်း စဉ်းစားကြည့်ပါ။ ဆရာသခင် ဖြစ်ပေမဲ့ တပည့်တွေကို ခြေဆေးပေးတယ်။ အဲဒီမှတ်တမ်းကို ကျမ်းစာမှာ ယေဟောဝါ ဘာကြောင့် မှတ်တမ်းတင်စေသလဲ။ အိမ်ထောင်ဦးစီးတွေ အပါအဝင် လူတိုင်း လိုက်လျှောက်ရမယ့် စံနမူနာ ဖြစ်စေဖို့ပဲ။ “ဒါဟာ ခင်ဗျားတို့အတွက် ကျွန်တော် ပြတဲ့ စံနမူနာပဲ။ ကျွန်တော် လုပ်သလို ခင်ဗျားတို့ လိုက်လုပ်ကြပါ” လို့ ယေရှု ပြောတယ်။ (ယော. ၁၃:၁၂-၁၇) ယေရှုမှာ အခွင့်အာဏာ များစွာ ရှိပေမဲ့ တခြားသူတွေကို စေခိုင်းမယ့်အစား ကိုယ်တိုင် အစေခံခဲ့တယ်။—မ. ၂၀:၂၈။
၁၁။ နှိမ့်ချမှုနဲ့ပတ်သက်ပြီး ယေဟောဝါနဲ့ ယေရှုရဲ့ ပုံနမူနာကနေ အိမ်ထောင်ဦးစီး ဘာသင်ယူနိုင်သလဲ။
၁၁ ကျွန်တော်တို့အတွက် သင်ခန်းစာ။ အိမ်ထောင်ဦးစီးဟာ နည်းများစွာနဲ့ နှိမ့်ချမှု ပြနိုင်တယ်။ ဥပမာ၊ ဇနီးနဲ့ သားသမီးတွေဆီက ပြည့်ဝစုံလင်မှုကို မမျှော်လင့်ဘူး။ သဘောထား မတိုက်ဆိုင်တဲ့ အခါတွေမှာတောင် သူတို့ ပြောတာကို နားထောင်ပေးတယ်။ အမေရိကန်မှာ နေတဲ့ မာလီ ဒီလိုပြောတယ်– “တစ်ခါတလေ ကျွန်မတို့ ဇနီးမောင်နှံ သဘောထား မတိုက်ဆိုင်တဲ့ အခါတွေ ရှိတယ်။ ဒါပေမဲ့ ခင်ပွန်းက ဆုံးဖြတ်ချက် မချခင် ကျွန်မရဲ့ သဘောထားကို အမြဲ မေးပြီး
ထည့်စဉ်းစားပေးလို့ ကျွန်မကို တန်ဖိုးထားတယ်၊ လေးစားတယ်လို့ ခံစားရတယ်။” အဲဒီအပြင် အိမ်မှုကိစ္စ လုပ်တာ မိန်းမအလုပ်လို့ ယူဆတဲ့ အသိုင်းအဝိုင်းမှာတောင် နှိမ့်ချမှု ရှိတဲ့ ခင်ပွန်းဟာ ဝိုင်းကူပေးတယ်။ ဒါပေမဲ့ တစ်ခါတလေ ခက်ခဲနိုင်တယ်။ ဘာကြောင့်လဲ။ ညီအစ်မ ရေချယ် ဒီလိုပြောတယ်– “ကျွန်မတို့ ဒေသမှာ ယောက်ျားတစ်ယောက် ပန်းကန် ဆေးတယ်၊ အိမ်သန့်ရှင်းရေး လုပ်တယ်ဆိုရင် အိမ်နီးချင်းတွေနဲ့ ဆွေမျိုးတွေက ‘ယောက်ျားမှ ဟုတ်သေးရဲ့လား’ လို့ ပြောကြတယ်။ မယားကြောက်လို့ ထင်ကြတယ်။” သင့်ဒေသမှာ အဲဒီလိုသဘောထားမျိုး ရှိတယ်ဆိုရင် ယေရှုကို သတိရပါ။ ခြေဆေးပေးတာဟာ ကျွန်တစ်ယောက်ရဲ့ အလုပ်လို့ လူတွေ ယူဆတာတောင် တပည့်တွေကို ခြေဆေးပေးခဲ့တယ်။ အိမ်ထောင်ဦးစီးကောင်းဟာ ကိုယ်ဘယ်လောက် အာဏာရှိတယ်ဆိုတာ ပြဖို့ မဟုတ်ဘဲ ဇနီးနဲ့ သားသမီးတွေ ပျော်ဖို့ အဓိက ထားတယ်။ နှိမ့်ချမှုအပြင် တခြား ဘယ်အရည်အသွေး လိုအပ်သေးသလဲ။၁၂။ မေတ္တာက ယေဟောဝါနဲ့ ယေရှုကို ဘာလုပ်ဖို့ လှုံ့ဆော်ပေးသလဲ။
၁၂ မေတ္တာ။ ယေဟောဝါ လုပ်ဆောင်သမျှဟာ မေတ္တာကို အခြေခံတယ်။ (၁ ယော. ၄:၇၊ ၈) ကျမ်းစာနဲ့ အဖွဲ့အစည်းကတစ်ဆင့် ကျွန်တော်တို့ရဲ့ ဘုရားရေးရာ လိုအပ်ချက်ကို မေတ္တာပါစွာ ဖြည့်ဆည်းပေးတယ်။ ကျွန်တော်တို့ကို ချစ်တယ်ဆိုတာ ယုံကြည်စိတ်ချစေခြင်းအားဖြင့်လည်း စိတ်ပိုင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးတယ်။ ရုပ်ပိုင်း လိုအပ်ချက်ကော။ ကျွန်တော်တို့ “ခံစားနိုင်အောင် အရာခပ်သိမ်းကို အလျှံပယ် ပေးသနား” ထားတယ်။ (၁ တိ. ၆:၁၇) အမှား လုပ်မိတဲ့အခါ တည့်မတ်ပေးတယ်။ မေတ္တာ မပျက်ဘူး။ မေတ္တာကြောင့် ရွေးဖိုးကိုလည်း စီစဉ်ပေးတယ်။ ယေရှုကော။ ကျွန်တော်တို့ကို ချစ်လွန်းလို့ အသက်တောင် ပေးခဲ့တယ်။ (ယော. ၃:၁၆။ ၁၅:၁၃) သစ္စာစောင့်သိသူတွေအပေါ် ထားတဲ့ ယေဟောဝါနဲ့ ယေရှုရဲ့ မေတ္တာကို ဘာကမှ မတားဆီးနိုင်ဘူး။—ယော. ၁၃:၁။ ရော. ၈:၃၅၊ ၃၈၊ ၃၉။
၁၃။ မိသားစုကို အိမ်ထောင်ဦးစီး မေတ္တာပြဖို့ ဘာကြောင့် အရေးကြီးသလဲ။ (“ အိမ်ထောင်ကျခါစ အမျိုးသားတစ်ယောက် ဇနီးရဲ့ လေးစားမှု ရနိုင်ပုံ” လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၃ ကျွန်တော်တို့အတွက် သင်ခန်းစာ။ အိမ်ထောင်ဦးစီး လုပ်ဆောင်သမျှဟာ မေတ္တာကို အခြေခံသင့်တယ်။ ဘာကြောင့် အရေးကြီးသလဲ။ “မြင်နေရတဲ့ ညီအစ်ကို [မိသားစု] ကို မချစ်ရင် မမြင်ရတဲ့ ဘုရားသခင်ကို မချစ်၁ ယော. ၄:၁၁၊ ၂၀) မိသားစုကို ချစ်တဲ့၊ ယေဟောဝါနဲ့ ယေရှုကို တုပချင်တဲ့ ယောက်ျားဟာ မိသားစုရဲ့ ဘုရားရေးရာပိုင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်။ (၁ တိ. ၅:၈) သားသမီးတွေကို လေ့ကျင့်၊ ဆုံးမပေးမယ်။ ယေဟောဝါကို ဂုဏ်တင်တဲ့၊ မိသားစုကို အကျိုးပြုတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ကြိုးစားပါလိမ့်မယ်။ အဲဒါတွေအကြောင်း၊ ယေဟောဝါနဲ့ ယေရှုကို အိမ်ထောင်ဦးစီး ဘယ်လို တုပနိုင်ကြောင်း ဆွေးနွေးကြည့်ကြစို့။
နိုင်ဘူး” လို့ တမန်တော် ယောဟန် ပြောတယ်။ (အိမ်ထောင်ဦးစီး လုပ်သင့်ရာ
၁၄။ မိသားစုရဲ့ ဘုရားရေးရာ လိုအပ်ချက်ကို အိမ်ထောင်ဦးစီး ဘယ်လို ဖြည့်ဆည်းပေးသလဲ။
၁၄ မိသားစုရဲ့ ဘုရားရေးရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါ။ ယေရှုဟာ ဖခင်ကို တုပတဲ့အတွက် နောက်လိုက်တွေ ယုံကြည်ခြင်း ခိုင်မာနေဖို့ ကူညီပေးတယ်။ (မ. ၅:၃၊ ၆။ မာ. ၆:၃၄) အိမ်ထောင်ဦးစီးလည်း မိသားစုရဲ့ ဘုရားရေးရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဦးစားထားသင့်တယ်။ (တရား. ၆:၆-၉) ဘယ်နည်းတွေအားဖြင့်လဲ။ မိသားစုနဲ့အတူ ကျမ်းစာ ဖတ်ရှုလေ့လာခြင်း၊ အစည်းအဝေး တက်ခြင်း၊ သတင်းကောင်း ဟောခြင်း၊ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိအောင် လုပ်ပြီး ဆက်ထိန်းသိမ်းထားခြင်းအားဖြင့်ပါပဲ။
၁၅။ မိသားစုရဲ့ စိတ်ပိုင်း လိုအပ်ချက်ကို အိမ်ထောင်ဦးစီး ဘယ်လို ဖြည့်ဆည်းပေးသလဲ။
၁၅ မိသားစုရဲ့ စိတ်ပိုင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါ။ ယေရှုကို ချစ်ကြောင်း ယေဟောဝါ ပွင့်ပွင့်လင်းလင်း ထုတ်ပြောတယ်။ (မ. ၃:၁၇) ယေရှုလည်း နောက်လိုက်တွေကို ချစ်ကြောင်း အပြောနဲ့ရော အလုပ်နဲ့ပါ ဖော်ပြတယ်။ ဒါကြောင့် တပည့်တွေလည်း ယေရှုကို ချစ်ကြောင်း ထုတ်ပြောလာကြတယ်။ (ယော. ၁၅:၉၊ ၁၂၊ ၁၃။ ၂၁:၁၆) အိမ်ထောင်ဦးစီးဟာ ဇနီးနဲ့ သားသမီးတွေကို ချစ်ကြောင်း သူတို့နဲ့အတူ ကျမ်းစာ လေ့လာခြင်း စတဲ့ လုပ်ရပ်တွေအားဖြင့် ပြနိုင်တယ်။ ချစ်ကြောင်း၊ တန်ဖိုးထားကြောင်းလည်း ပြောသင့်တယ်။ သင့်တော်တဲ့အခါ တခြားသူတွေရှေ့ ချီးမွမ်းပေးသင့်တယ်။—ပညာ. ၃၁:၂၈၊ ၂၉။
၁၆။ အိမ်ထောင်ဦးစီး ဘာလုပ်ရမလဲ။ မျှတမှု ရှိအောင် ဘယ်လို လုပ်နိုင်သလဲ။
၁၆ မိသားစုရဲ့ ရုပ်ပိုင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါ။ မနာခံမှုကြောင့် အစ္စရေးတွေ အပြစ်ပေးခံရချိန်မှာတောင် သူတို့ရဲ့ အခြေခံ လိုအပ်ချက်တွေကို ယေဟောဝါ ဂရုစိုက်ပေးတယ်။ (တရား. ၂:၇။ ၂၉:၅) ဒီနေ့လည်း ကျွန်တော်တို့ရဲ့ အခြေခံ လိုအပ်ချက်တွေကို ဘုရား ဖြည့်ဆည်းပေးနေတယ်။ (မ. ၆:၃၁-၃၃။ ၇:၁၁) ယေရှုဟာ နောက်လိုက်တွေကို ကျွေးမွေးတယ်။ (မ. ၁၄:၁၇-၂၀) မကျန်းမာသူတွေကို ကုသပေးတယ်။ (မ. ၄:၂၄) အိမ်ထောင်ဦးစီးလည်း ယေဟောဝါရဲ့ မျက်နှာသာ ရဖို့ မိသားစုရဲ့ ရုပ်ပိုင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ်။ ဒါပေမဲ့ မျှတမှု ရှိဖို့ လိုတယ်။ မိသားစုရဲ့ ဘုရားရေးရာနဲ့ စိတ်ပိုင်း လိုအပ်ချက်တွေကို လျစ်လျူရှုတဲ့အထိ အလုပ်မှာပဲ နစ်နေတာမျိုး မဖြစ်သင့်ဘူး။
၁၇။ ကျွန်တော်တို့ကို လေ့ကျင့်၊ ဆုံးမရာမှာ ယေဟောဝါနဲ့ ယေရှု ဘယ်ပုံနမူနာ ချမှတ်သလဲ။
၁၇ လေ့ကျင့်ပေးပါ။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ ဟီ. ၁၂:၇-၉) ဖခင်လိုပဲ ယေရှုလည်း နောက်လိုက်တွေကို မေတ္တာနဲ့ လေ့ကျင့်ပေးတယ်။ (ယော. ၁၅:၁၄၊ ၁၅) ခိုင်မာပြတ်သားပေမဲ့ ကြင်နာတယ်။ (မ. ၂၀:၂၄-၂၈) ကျွန်တော်တို့ မစုံလင်မှန်း၊ မှားတတ်မှန်း နားလည်ပေးတယ်။—မ. ၂၆:၄၁။
အကောင်းဆုံး အကျိုးအတွက် လေ့ကျင့်၊ ဆုံးမပေးတယ်။ (၁၈။ အိမ်ထောင်ဦးစီးကောင်းဟာ ဘာတွေကို သတိရသလဲ။
၁၈ ယေဟောဝါနဲ့ ယေရှုကို တုပတဲ့ အိမ်ထောင်ဦးစီးဟာ မိသားစုဝင်တွေ မစုံလင်မှန်း သတိရတယ်။ “တရားလွန် ဒေါသမထွက်” ဘူး။ (ကော. ၃:၁၉) ဂလာတိ ၆:၁ မှာပါတဲ့ ကျမ်းစာမူကို လက်တွေ့ကျင့်သုံးတယ်။ ကိုယ်တိုင် မစုံလင်ဘူးဆိုတာ သတိရပြီး “နူးညံ့သိမ်မွေ့တဲ့စိတ်နဲ့” တည့်မတ်ပေးတယ်။ ယေရှုလိုပဲ ပုံနမူနာနဲ့ သင်ကြားပေးတာဟာ အကောင်းဆုံး ဖြစ်မှန်း နားလည်တယ်။—၁ ပေ. ၂:၂၁။
၁၉-၂၀။ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ယေဟောဝါနဲ့ ယေရှုကို အိမ်ထောင်ဦးစီး ဘယ်လို တုပနိုင်သလဲ။
၁၉ ကိုယ်ကျိုးမဖက်တဲ့ ဆုံးဖြတ်ချက်တွေ ချပါ။ ယေဟောဝါဟာ တခြားသူတွေရဲ့ အကောင်းဆုံး အကျိုးအတွက် ဆုံးဖြတ်ချက်တွေ ချတယ်။ ဥပမာ၊ အသက်ကို ဖန်ဆင်းဖို့ ဆုံးဖြတ်တာဟာ ကိုယ့်အကျိုးအတွက် မဟုတ်ဘူး။ ကျွန်တော်တို့ကို အသက်ရှင်ရတဲ့ ပျော်ရွှင်မှု ဝေမျှပေးချင်လို့ပဲ။ ကျွန်တော်တို့ရဲ့ အပြစ်တွေအတွက် သားတော်ကို စေလွှတ်ဖို့ ဘုရားကို ဘယ်သူမှ တွန်းအားပေးလို့ မရဘူး။ ကျွန်တော်တို့ရဲ့ အကျိုးအတွက် ပူဇော်သက္ကာ ပြင်ဆင်ပေးဖို့ လိုလိုလားလား ဆုံးဖြတ်ခဲ့တာ။ ယေရှုလည်း တခြားသူတွေရဲ့ အကျိုးကို အဓိကထားပြီး ဆုံးဖြတ်ချက်တွေ ချတယ်။ (ရော. ၁၅:၃) ဥပမာ၊ ကိုယ်နားရမယ့် အချိန်ကို ဖဲ့ပြီး လူအုပ်ကို သွန်သင်ပေးဖို့ ဆုံးဖြတ်တယ်။—မာ. ၆:၃၁-၃၄။
၂၀ မိသားစုအတွက် ပညာရှိ ဆုံးဖြတ်ချက်တွေ ချတာဟာ အခက်ခဲဆုံးအလုပ်တစ်ခု ဖြစ်မှန်း အိမ်ထောင်ဦးစီးကောင်း သိတယ်။ ဒါကြောင့် အဲဒီတာဝန်ကို အလေးအနက် ထားတယ်။ ကိုယ့်အကြိုက်၊ ကိုယ့်ခံစားချက်ကို ဦးစားပေးပြီး ဆုံးဖြတ်တာမျိုး မလုပ်ဘူး။ ယေဟောဝါရဲ့ လေ့ကျင့်မှုကို ခံယူတယ်။ * (ပညာ. ၂:၆၊ ၇) ဒီနည်းအားဖြင့် ကိုယ့်အကျိုးထက် သူတစ်ပါးအကျိုးကို ထည့်စဉ်းစားပေးတယ်။—ဖိ. ၂:၄။
၂၁။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၂၁ ယေဟောဝါက အိမ်ထောင်ဦးစီးတွေကို ခက်ခဲတဲ့ တာဝန် ပေးထားတယ်။ အဲဒီတာဝန် ထမ်းဆောင်ပုံနဲ့ပတ်သက်ပြီး အိမ်ထောင်ဦးစီးတွေဟာ ဘုရားနဲ့ စာရင်းရှင်းရမယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ယေရှု ချမှတ်ထားတဲ့ ပုံနမူနာကို လိုက်လျှောက်ဖို့ ကြိုးစားမယ်ဆိုရင် အိမ်ထောင်ဦးစီးကောင်း ဖြစ်နိုင်ပါတယ်။ ဇနီးလည်း ကိုယ့်တာဝန်ကိုယ် ကျေမယ်ဆိုရင် ပျော်ရွှင်တဲ့ အိမ်ထောင် ဖြစ်လာပါလိမ့်မယ်။ ဦးစီးမှု အစီအစဉ်ကို ဇနီး ဘယ်လို ရှုမြင်သင့်သလဲ။ ဘယ်အခက်အခဲတွေ ရင်ဆိုင်ရသလဲ။ အဲဒီမေးခွန်းတွေကို နောက်ဆောင်းပါးမှာ ဖြေပေးပါမယ်။
သီချင်း ၁၆ ဘိသိက်ခံ သားတော်အတွက် ယေဟောဝါကို ချီးမွမ်းကြ
^ အပိုဒ်၊ 5 ယောက်ျားတစ်ယောက် အိမ်ထောင်ပြုတဲ့အခါ မိသားစုအသစ်ရဲ့ ဦးစီး ဖြစ်လာတယ်။ ဦးစီးမှုဆိုတာ ဘာလဲ၊ ယေဟောဝါ ဘာကြောင့် အစပြုခဲ့သလဲ၊ ယေဟောဝါနဲ့ ယေရှုရဲ့ ပုံနမူနာကနေ ယောက်ျားတွေ ဘာသင်ယူနိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ဒုတိယဆောင်းပါးမှာ ယေရှုနဲ့ တခြား ကျမ်းစာ ပုံနမူနာတွေကနေ ခင်ပွန်းနဲ့ ဇနီး ဘာသင်ယူနိုင်ကြောင်း ဆွေးနွေးပါမယ်။ နောက်ဆုံးဆောင်းပါးမှာတော့ အသင်းတော်ထဲက ဦးစီးမှု အစီအစဉ်အကြောင်း ဆွေးနွေးပါမယ်။
^ အပိုဒ်၊ 7 ဇနီးကို နှိပ်စက်တာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတောင် လက်ခံနိုင်စရာ ဖြစ်တယ်ဆိုတဲ့ အယူအဆကို တစ်ခါတလေ ရုပ်ရှင်တွေ၊ ဟာသစာပေတွေမှာ တင်ဆက်လေ့ရှိတယ်။ ဒါကြောင့် ဇနီးကို ကြီးစိုးတာ မမှားဘူးဆိုတဲ့ အယူအဆမျိုး လူတွေမှာ ရှိနေနိုင်တယ်။
^ အပိုဒ်၊ 20 ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ပုံနဲ့ပတ်သက်ပြီး ထပ်သိချင်ရင် ၂၀၁၁၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာ. ၁၃-၁၇၊ “ဘုရားသခင်ကို ဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေ ချပါ” ဆောင်းပါးကို ကြည့်ပါ။