မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပြုံးလေး တစ်ချက်

အပြုံးလေး တစ်ချက်

ဖိလစ်ပိုင်​နိုင်ငံ၊ ဘာဂီယို​မြို့၊ လမ်း​တစ်​လမ်းမှာ အမျိုးသမီး နှစ်ယောက် လျှောက်လာ​တယ်။ အများ​ရှေ့ သက်သေခံခြင်း စင်​ကို သတိထား​မိ​ပေမဲ့ အနားကို​တော့ မသွား​ဘူး။ စင်​နား​မှာ ရပ်နေတဲ့ ညီအစ်မ ဟယ်လန်​က သူတို့ကို လှိုက်လှိုက်လှဲလှဲ ပြုံးပြ​တယ်။ အမျိုးသမီးတွေ ကိုယ့်​လမ်း​ကိုယ် ဆက်သွား​ပေမဲ့ ညီအစ်မ​ရဲ့ နွေးထွေး​တဲ့ အပြုံး​ကို​တော့ စွဲမှတ်​သွား​ကြတယ်။

နောက်ပိုင်း၊ အဲဒီ​အမျိုးသမီးတွေ ဘတ်စ်​ကား စီး​ပြီး အိမ်​ပြန်သွား​နေတုန်း jw.org ဆိုင်းဘုတ် အကြီးကြီး တပ်ထား​တဲ့ နိုင်ငံတော် ခန်းမ​ကို လှမ်း​တွေ့​တယ်။ အစောပိုင်း​တုန်း​က သက်သေခံ​ခြင်း စင်​မှာ တွေ့ခဲ့​တဲ့ စာလုံး​တွေ​ပဲ​ဆိုတာ သတိ​ရ​သွားပြီး နှစ်ယောက်​သား ဘတ်စ်​ကား​ပေါ်​က ဆင်း​လိုက်တယ်။ နိုင်ငံတော်​ခန်းမ ဂိတ်​တံခါး​မှာ ကပ်​ထား​တဲ့ အသင်းတော် အစည်းအဝေး အချိန်ဇယား​ကို သွား​ကြည့်​တယ်။

အဲဒီ​အပတ်​မှာ ကျင်းပ​တဲ့ အစည်းအဝေး​တစ်ခု​ကို တက်​ကြတယ်။ နိုင်ငံတော်​ခန်းမ​ထဲ ဝင်​သွားတဲ့အခါ ဟယ်လန်​ကို တွေ့လိုက်​ရလို့ သိပ်​အံ့ဩ​သွားတယ်။ သူတို့ကို လှိုက်လှိုက်လှဲလှဲ ပြုံးပြ​ခဲ့​တဲ့ အမျိုးသမီး ဖြစ်​မှန်း ချက်ချင်း မှတ်မိ​ကြတယ်။ ဟယ်လန်​က “ကျွန်မ​ဆီ သူတို့ လျှောက်လာ​တော့ ကျွန်မ အမှား​တစ်ခုခုများ လုပ်ထား​မိ​လို့လား​ဆိုပြီး အရမ်း စိတ်ပူ​သွားတယ်” လို့ ပြော​တယ်။ အမျိုးသမီး နှစ်ယောက်​က ဟယ်လန်​ကို သက်သေခံခြင်း စင်​မှာ တွေ့ဖူး​တဲ့​အကြောင်း ရှင်းပြ​ကြတယ်။

အမျိုးသမီး နှစ်ယောက်​ဟာ အစည်းအဝေး အစီအစဉ်နဲ့ ပေါင်းသင်းမှု​ကို သိပ်​သဘောကျ​သွားတယ်။ အစည်းအဝေး အပြီး တခြား​သူတွေ သန့်ရှင်းရေး​လုပ်​နေတာ မြင်​တော့ ဝိုင်းကူ​လို့ ရမလား​လို့ မေးကြတယ်။ တစ်ယောက်​က​တော့ အခု ဖိလစ်ပိုင်​မှာ မနေ​တော့​ဘူး။ နောက်​တစ်ယောက်​က​တော့ အစည်းအဝေးတွေ တက်​နေပြီး ကျမ်းစာ စလေ့လာ​နေတယ်။ ဒါတွေ​အားလုံး​ဟာ အပြုံး​လေး​တစ်ချက်​ကနေ အစပြု​ခဲ့​တာ။