လေ့လာစရာ အကြံပြုလွှာ
“အသစ် တင်ထားရာများ” အပိုင်းကို ထိထိရောက်ရောက် သုံးပါ
JW Library® နဲ့ jw.org မှာ ရှိတဲ့ “အသစ် တင်ထားရာများ” အပိုင်းမှာ နောက်ဆုံးထုတ် ဆောင်းပါး၊ ဗီဒီယိုတွေ ဖော်ပြပေးတယ်။ နောက်ဆုံးထုတ်တွေ ရှာဖို့ ဒီအပိုင်းကို ဘယ်လို သုံးနိုင်သလဲ။
JW Library
ဆောင်းပါးအသစ် ထွက်တိုင်း သက်ဆိုင်ရာ ဆောင်းပါးတွဲကို အက်ပ်ဒိတ် (update) လုပ်ပေးတယ်။ ဒါကြောင့် “အသစ် တင်ထားရာများ” အပိုင်းမှာ ဆောင်းပါးတွဲတစ်ခု ပေါ်လာပြီဆိုရင် အဲဒီဆောင်းပါးတွဲရဲ့ နောက်ဆုံး ဗားရှင်းကို ကူးယူနိုင်တယ်။ ရက်စွဲအလိုက် စီထားတဲ့ စာရင်းရဲ့ ထိပ်ဆုံးမှာ ဆောင်းပါးအသစ်ကို ဖတ်နိုင်တယ်။
မဂ္ဂဇင်းလိုမျိုး စာပေတွေဆိုရင် ကျွန်တော်တို့ တစ်ထိုင်တည်း မဖတ်နိုင်ကြဘူး။ အပြီးထိ မဖတ်ရသေးတဲ့ စာပေတွေကို အကြိုက်ဆုံး စာရင်းမှာ ထည့်ထားပြီး ဆက်ဖတ်နိုင်တယ်။ အပြီးထိ ဖတ်ပြီးသွားရင် အကြိုက်ဆုံး စာရင်းကနေ ဖယ်လိုက်နိုင်တယ်။
JW.ORG
တချို့ သတင်းတွေ၊ ကြေညာချက်တွေက jw.org ဝက်ဘ်ဆိုက်မှာပဲ ပေါ်ပြီး JW Library မှာ မပေါ်ဘူး။ ဒါကြောင့် နောက်ဆုံးထုတ် ဆောင်းပါးတွေကို ဝက်ဘ်ဆိုက်မှာ ရှိတဲ့ “အသစ် တင်ထားရာများ” အပိုင်းမှာ မှန်မှန် ဝင်ကြည့်ပါ။