မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာ အသုံးအနှုန်း

ရွေးဖိုး မပေးခင်က အပြစ်တွေ ခွင့်လွှတ်ခြင်း

ရွေးဖိုး မပေးခင်က အပြစ်တွေ ခွင့်လွှတ်ခြင်း

ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာကတစ်ဆင့်ပဲ ကျွန်တော်တို့ အပြစ်ခွင့်လွှတ်ခံရနိုင်တယ်။ (ဧ. ၁:၇) ဒါပေမဲ့ “[ဘုရားသခင်က] အတိတ်တုန်းက လူတွေ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ခွင့်လွှတ်ပြီး သူတို့ကို သည်းခံခဲ့တယ်” လို့ ကျမ်းစာ ဆိုတယ်။ ယေရှု ရွေးဖိုး မပေးခင်အချိန်အကြောင်း ပြောနေတာ။ (ရော. ၃:၂၅) ရွေးဖိုး မပေးရသေးပေမဲ့ ယေဟောဝါ ဘာကြောင့် ခွင့်လွှတ်နိုင်သလဲ။ ဒါ တရားမျှတမှု စံနှုန်းနဲ့ ဘာကြောင့် ညီသလဲ။

ယုံကြည်သူတွေကို ကယ်တင်မယ့် “မျိုးနွယ်” ပေါ်ပေါက်လာစေဖို့ ဆုံးဖြတ်လိုက်ချိန်ကတည်းက ယေဟောဝါအမြင်မှာ ရွေးဖိုး ပေးပြီးသလို ဖြစ်နေပြီ။ (က. ၃:၁၅။ ၂၂:၁၈) သတ်မှတ်ထားချိန်မှာ သားတော် လိုလိုလားလား ရွေးဖိုး ပေးမယ်ဆိုတာ ယေဟောဝါ စိတ်ချတယ်။ (ဂလ. ၄:၄။ ဟီ. ၁၀:၇-၁၀) မြေကြီးပေါ် ရှိစဉ် ရွေးဖိုး မပေးရသေးပေမဲ့ အပြစ်လွှတ်ပိုင်ခွင့် ယေရှုကို ပေးထားတယ်။ မိမိ ပေးမယ့် ပူဇော်သက္ကာအားဖြင့် လူတွေ အပြစ် လွတ်နိုင်မှန်း သိလို့ ယုံကြည်သူတွေကို ယေရှု ခွင့်လွှတ်ပေးတယ်။—မ. ၉:၂-၆