“တိုင်းတစ်ပါးသားတွေ” ရဲ့ သားသမီးတွေကို ကူညီပေးခြင်း
“ကျွန်တော့်ရဲ့ သားသမီးတွေ အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေတဲ့အကြောင်း ကြားသိရတာထက် ပိုဝမ်းသာစရာကောင်းတဲ့သတင်း မရှိတော့ပါဘူး။”—၃ ယော. ၄။
၁၊ ၂။ (က) ပြောင်းရွှေ့လာတဲ့ သားသမီးများစွာ ဘာပြဿနာ ကြုံရသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။
“ငယ်ငယ်တုန်းက အိမ်နဲ့ အသင်းတော်မှာ ပြောင်းရွှေ့လာတဲ့ မိဘတွေရဲ့ ဘာသာစကားကို ပြောတယ်။ ဒါပေမဲ့ ကျောင်းစတက်တော့ ဒေသခံဘာသာစကား ပြောရတာ ပိုကြိုက်လာတယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ ပြောင်းပြန်ဖြစ်သွားတယ်။ အစည်းအဝေးတွေကို နားမလည်တော့ဘူး။ မိဘတွေရဲ့ ယဉ်ကျေးမှုကိုလည်း မသိတော့ဘူး” လို့ ဂျော်ရှုဝါ ပြောတယ်။ ဂျော်ရှုဝါရဲ့ အဖြစ်မျိုး ဖြစ်တတ်ပါတယ်။
၂ ဒီနေ့ လူပေါင်း သန်း ၂၄၀ ကျော်ဟာ မွေးရပ်တိုင်းပြည် ပြင်ပမှာ နေထိုင်ကြရတယ်။ ပြောင်းရွှေ့လာတဲ့ မိဘ ဖြစ်မယ်ဆိုရင် ယေဟောဝါကို ချစ်တတ်လာအောင်၊ “အမှန်တရား လမ်းစဉ်မှာ လျှောက်လှမ်းနေ” အောင် သားသမီးတွေကို ဘယ်လို အကောင်းဆုံး ကူညီပေးနိုင်သလဲ။ (၃ ယော. ၄) တခြားသူတွေကကော ဘယ်လို ကူညီပေးနိုင်မလဲ။
မိဘတို့၊ ပုံသက်သေကောင်း ပြပါ
၃၊ ၄။ (က) သားသမီးတွေအတွက် မိဘတွေ ပုံသက်သေကောင်း ဘယ်လို ချမှတ်နိုင်သလဲ။ (ခ) သားသမီးတွေဆီကနေ မိဘတွေ ဘာကို မမျှော်လင့်သင့်သလဲ။
၃ မိဘတို့၊ သားသမီးတွေ ထာဝရအသက်လမ်းပေါ် စလျှောက်ဖို့ မိဘတွေရဲ့ ပုံသက်သေက သိပ်အရေးကြီးတယ်။ ‘ဘုရားသခင်ရဲ့ နိုင်ငံတော်ကို’ မိဘတွေ “အမြဲ ဦးစားထား” မ. ၆:၃၃၊ ၃၄) ရိုးရိုးကုပ်ကုပ် နေထိုင်ပါ။ ရုပ်ဝတ္ထုပစ္စည်းထက် ဘုရားရေးရာကို ဦးစားထားပါ။ အကြွေးမတင်အောင် ကြိုးစားပါ။ ယေဟောဝါရဲ့ မျက်နှာသာရဖို့ “ကောင်းကင်ဘဏ္ဍာ” ဆည်းပူးပါ။ စည်းစိမ်ချမ်းသာ၊ “လူတွေရဲ့ မျက်နှာသာ” ကို မရှာပါနဲ့။—မာကု ၁၀:၂၁၊ ၂၂ ကိုဖတ်ပါ။ ယော. ၁၂:၄၃။
တာ သားသမီးတွေ မြင်တဲ့အခါ နေ့စဉ်လိုအပ်ရာတွေအတွက် ယေဟောဝါကို အားကိုးတတ်လာမယ်။ (၄ သားသမီးတွေအတွက် အချိန်မပေးနိုင်လောက်တဲ့အထိ အလုပ်မများပါနဲ့။ ကိုယ်တိုင်အတွက်၊ မိဘအတွက် ထင်ပေါ်ကျော်ကြားမှု၊ စည်းစိမ်ချမ်းသာ မရှာဘဲ ယေဟောဝါကို ဦးစားထားဖို့ ဆုံးဖြတ်လို့ ဂုဏ်ယူကြောင်း သားသမီးတွေကို သိစေပါ။ မိဘတွေ အေးအေးဆေးဆေး နေနိုင်ဖို့ သားသမီးတွေ ထောက်ပံ့ရမယ်ဆိုတဲ့ ခရစ်ယာန်မဆန်တဲ့အမြင်မျိုး ရှောင်ပါ။ “သားသမီးတွေက မိဘအတွက် ဥစ္စာစုဆောင်းပေးရတာ မဟုတ်ဘူး။ မိဘတွေကသာ သားသမီးတွေအတွက် စုဆောင်းပေးရ” ကြောင်း သတိရပါ။—၂ ကော. ၁၂:၁၄။
မိဘတို့၊ ဘာသာစကား အတားအဆီးကို ကျော်လွှားပါ
၅။ သားသမီးတွေကို ယေဟောဝါအကြောင်း မိဘတွေ ဘာကြောင့် ပြောပြရမလဲ။
၅ ကြိုဟောထားတဲ့အတိုင်း “ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးတွေ” ယေဟောဝါရဲ့ အဖွဲ့အစည်းထဲ စုရုံးရောက်ရှိလာနေတယ်။ (ဇာ. ၈:၂၃) ဒါပေမဲ့ ဘာသာစကား အတားအဆီးကြောင့် သားသမီးတွေကို အမှန်တရားအကြောင်း သင်ပေးဖို့ အခက်တွေ့နိုင်တယ်။ သားသမီးတွေဟာ မိဘတွေအတွက် အရေးကြီးဆုံး ကျမ်းစာသင်သားတွေပါ။ ယေဟောဝါကို “သိကျွမ်း” မှ ထာဝရအသက် ရကြမှာ။ (ယော. ၁၇:၃) ယေဟောဝါရဲ့ သွန်သင်ချက်တွေအကြောင်း သားသမီးတွေ သိဖို့ သင့်တော်တဲ့အခါတိုင်း “ပြောပြ” နေရမယ်။—တရားဟောရာ ၆:၆၊ ၇ ကိုဖတ်ပါ။
၆။ မိဘတွေရဲ့ ဘာသာစကားကို သားသမီးတွေ တတ်မယ်ဆိုရင် ဘာအကျိုးရနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
၆ သားသမီးတွေဟာ ကျောင်းနဲ့ ပတ်ဝန်းကျင်ကနေ ဒေသခံ ဘာသာစကား သင်ယူနိုင်တယ်။ ဒါပေမဲ့ မိဘတွေနဲ့ မကြာခဏ ပြောဆိုဆက်သွယ်မှပဲ မိဘတွေရဲ့ ဘာသာစကားကို တတ်မယ်။ မိဘရဲ့ ဘာသာစကားကို သားသမီးတွေ တတ်ထားရင် သူတို့ရဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုနားလည်နိုင်မယ်။ တခြားအကျိုးကျေးဇူးတွေလည်း ရရှိမယ်။ ဘာသာစကားနှစ်မျိုး တတ်ထားရင် သားသမီးတွေရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း တိုးတက်လာမယ်။ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမယ်။ အမှုဆောင်လုပ်ငန်းလည်း တိုးချဲ့နိုင်မယ်။ “ဘာသာခြားစကားပြော အသင်းတော်နဲ့ ပေါင်းရတာ ပျော်စရာပဲ။ ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ရတာ သိပ်ကောင်းတာပဲ” လို့ ပြောင်းရွှေ့လာတဲ့ မိဘရဲ့ သမီး ကာရိုလီနာ ပြောတယ်။
၇။ မိသားစုမှာ ဘာသာစကား အတားအဆီး ရှိနေရင် ဘာလုပ်မလဲ။
၇ ပြောင်းရွှေ့လာတဲ့သားသမီးတွေဟာ ဒေသခံယဉ်ကျေးမှုနဲ့ ဘာသာစကား တတ်သွားတဲ့အခါ မိဘတွေရဲ့ ဘာသာစကားကို မပြောချင်တော့ဘူး။ ပြောလည်း မပြောတတ်တော့ဘူး။ သားသမီးတွေ အဲဒီလို ဖြစ်နေရင် ဒေသခံဘာသာစကား နည်းနည်း သင်ယူနိုင်မလား။ သူတို့ပြောတဲ့စကား၊ အပန်းဖြေမှု၊ ကျောင်းစာတွေကို နားလည်ရင်၊ ဆရာ/မတွေနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ရင် သားသမီးတွေကို ခရစ်ယာန်တွေအဖြစ် ပိုပြုစုပျိုးထောင်နိုင်မယ်။ ဘာသာစကားအသစ် သင်ယူရာမှာ အချိန်၊ အားထုတ်မှု၊ နှိမ့်ချမှုတော့ လိုတယ်။ သင့်ကလေး နားမကြားဖြစ်နေရင် ဆက်သွယ်နိုင်ဖို့ လက်သင်္ကေတပြစကားကို ကြိုးစားသင်ယူမယ် မဟုတ်လား။ ဘာသာခြားစကားပြောတဲ့ သားသမီးတွေအတွက်လည်း အလားတူ ကြိုးစားသင့်တယ် မဟုတ်လား။ *
၈။ ဒေသခံဘာသာစကားကို မိဘတွေ သိပ်နားမလည်ရင်တောင် သားသမီးတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။
၈ ပြောင်းရွှေ့လာတဲ့ မိဘတွေအနေနဲ့ သားသမီးတွေရဲ့ ဘာသာစကားအသစ်ကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ဖို့ လက်တွေ့မှာ မလွယ်လှဘူး။ ဒီအတားအဆီးကြောင့် “သမ္မာကျမ်းစာ” ပါ နက်နဲတဲ့ အကြောင်းအရာတွေကို သင်ပေး၂ တိ. ၃:၁၅) အဲဒီလိုဖြစ်နေရင်တောင် သားသမီးတွေ ယေဟောဝါကို သိလာဖို့၊ ချစ်လာဖို့ ကူညီပေးနိုင်ပါသေးတယ်။ “ကျွန်တော်တို့ နားအလည်ဆုံး ဘာသာစကားကို အမေကတော့ နည်းနည်းပဲ နားလည်တယ်။ အမနဲ့ ကျွန်တော်က အမေ့ဘာသာစကားကို ကောင်းကောင်း မတတ်ဘူး။ ဒါပေမဲ့ အမေ လေ့လာတာ၊ ဆုတောင်းတာ၊ အပတ်တိုင်း မိသားစု ဝတ်ပြုမှု လုပ်တာကို တွေ့နေရတော့ ယေဟောဝါကို သိကျွမ်းဖို့ သိပ်အရေးကြီးမှန်း သဘောပေါက်လာတယ်” လို့ အကြီးအကဲ ရှန်က ပြောတယ်။
ဖို့ အခက်တွေ့နိုင်တယ်။ (၉။ ဘာသာစကားနှစ်မျိုး သင်ယူဖို့ လိုအပ်နိုင်တဲ့ သားသမီးတွေကို မိဘတွေ ဘယ်လို ကူညီပေးနိုင်သလဲ။
၉ သားသမီးတချို့ဟာ ကျောင်းသုံးဘာသာစကား၊ အိမ်သုံးဘာသာစကား နှစ်မျိုးစလုံးနဲ့ ယေဟောဝါအကြောင်း သင်ယူဖို့ လိုတယ်။ အဲဒါကြောင့် မိဘတချို့က ဘာသာစကားနှစ်မျိုးစလုံးနဲ့ ပုံနှိပ်စာပေ၊ အသံသွင်းထားရာတွေ၊ ဗီဒီယိုတွေကို အသုံးပြုကြတယ်။ သားသမီးတွေ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲအောင် ကူညီပေးဖို့ ပြောင်းရွှေ့လာတဲ့မိဘတွေ ပိုအချိန်ပေးရတယ်၊ ပိုကြိုးစားရတယ်။
ဘယ်ဘာသာခြားစကားပြော အသင်းတော်နဲ့ ပူးပေါင်းသင့်သလဲ
၁၀။ (က) ဘယ်ဘာသာစကားပြော အသင်းတော်မှာ တက်ရောက်မယ်ဆိုတာ ဘယ်သူက ဆုံးဖြတ်ရမလဲ။ (ခ) ဆုံးဖြတ်ချက် မချခင် ဘာလုပ်သင့်သလဲ။
၁၀ “တိုင်းတစ်ပါးသားတွေ” မိမိဘာသာစကားပြော သက်သေခံတွေနဲ့ ဝေးနေတဲ့အခါ ဒေသခံဘာသာစကားပြော အသင်းတော်နဲ့ ပူးပေါင်းဖို့ လိုတယ်။ (ဆာ. ၁၄၆:၉) ဒါပေမဲ့ အနီးအနားမှာ မိခင်ဘာသာစကားပြော အသင်းတော် ရှိနေရင် ဘယ်ဘာသာစကားပြော အသင်းတော်က မိသားစုအတွက် အကောင်းဆုံး ဖြစ်မလဲဆိုတဲ့ မေးခွန်း ပေါ်လာတယ်။ အသေအချာ စဉ်းစားဆုတောင်းပါ။ ဇနီး၊ သားသမီးတွေနဲ့ တိုင်ပင်ပါ။ ပြီးမှ အိမ်ထောင်ဦးစီးက ဆုံးဖြတ်ပါ။ (၁ ကော. ၁၁:၃) အိမ်ထောင်ဦးစီးက ဘယ်အချက်တွေကို ထည့်စဉ်းစားသင့်သလဲ။ ဘယ်မူတွေကို ကျင့်သုံးမလဲ။ တချို့ကို သုံးသပ်ကြည့်ရအောင်။
၁၁၊ ၁၂။ (က) အစည်းအဝေးတွေမှာ အကျိုးခံစားနိုင်ဖို့ ဘာသာစကားက သားသမီးအပေါ် ဘယ်လို သက်ရောက်သလဲ။ (ခ) မိဘတွေရဲ့ ဘာသာစကားကို သားသမီးတချို့ ဘာကြောင့် မသင်ယူချင်ကြတာလဲ။
၁၁ သားသမီးတွေ အမှန်တကယ် လိုအပ်တာကို မိဘတွေ ထည့်စဉ်းစားပေးရမယ်။ ဘယ်ဘာသာစကားနဲ့ပဲဖြစ်ဖြစ် အမှန်တရားကို ကောင်းကောင်း နားလည်ဖို့ ပတ်စဉ် အစည်းအဝေးတွေမှာ ကျမ်းစာသွန်သင်ချက်ကို နာရီအနည်းငယ် နားထောင်ရုံထက်မက လိုအပ်တယ်။ စဉ်းစားကြည့်ပါ– နားအလည်ဆုံး ဘာသာစကားနဲ့ ကျင်းပတဲ့ အစည်းအဝေးတွေ တက်ရောက်ရုံနဲ့ပဲ အကျိုးခံစားနိုင်တယ်။ မိဘတွေ ထင်ထားတာထက် ပိုသင်ယူနိုင်တယ်။ ဘာသာစကားကို အပြည့်အဝ နားမလည်ရင်တော့ အကျိုးခံစားရမှာ မဟုတ်ဘူး။ (၁ ကောရိန္သု ၁၄:၉၊ ၁၁ ကိုဖတ်ပါ။) သားသမီးရဲ့ မိခင်ဘာသာစကားဟာ သူတွေးခေါ်ခံစားတဲ့ဘာသာစကား အမြဲဖြစ်ချင်မှဖြစ်မယ်။ သားသမီးတချို့ဟာ ရင်ထဲက မပါဘဲ မိဘတွေရဲ့ ဘာသာစကားနဲ့ မှတ်ချက်ပေးနိုင်ကြတယ်၊ သရုပ်ပြနိုင်ကြတယ်၊ ဟောပြောနိုင်ကြတယ်။
၁၂ ဒီ့အပြင် ကလေးတစ်ယောက်ရဲ့ စိတ်နှလုံးကို ဘာသာစကားကပဲ လွှမ်းမိုးထားတာ မဟုတ်ဘူး။ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဂျော်ရှုဝါလည်း အဲဒီလိုပါပဲ။ သူ့အစ်မ အက်စတာက “မိဘတွေရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဘာသာတရားတို့က သားသမီးတွေကို စုပေါင်းလွှမ်းမိုးထားတယ်” လို့ပြောတယ်။ မိဘတွေရဲ့ ယဉ်ကျေးမှုကို သားသမီးတွေ မသိဘူးဆိုရင် မိဘတွေရဲ့ ဘာသာစကားနဲ့ ယုံကြည်ခြင်းကို မသင်ယူချင်တော့ဘူး။ ပြောင်းရွှေ့လာတဲ့မိဘတွေ ဘာလုပ်နိုင်သလဲ။
၁၃၊ ၁၄။ (က) ပြောင်းရွှေ့လာတဲ့ မောင်နှံတစ်စုံဟာ မိသားစုလိုက် ဒေသခံ ဘာသာစကားပြော အသင်းတော်ကို ဘာကြောင့် ပြောင်းရွှေ့ခဲ့ကြတာလဲ။ (ခ) ယုံကြည်ခြင်း ခိုင်မာနေအောင် မိဘတွေ ဘယ်လို လုပ်ခဲ့ကြသလဲ။
၁၃ ခရစ်ယာန်မိဘတွေဟာ ကိုယ့်အကြိုက်ထက် သားသမီးတွေရဲ့ အကျိုးကို ဦးစားပေးကြတယ်။ (၁ ကော. ၁၀:၂၄) ဂျော်ရှုဝါနဲ့ အက်စတာတို့ရဲ့ ဖခင် ဆယ်မြူယယ် ဒီလိုပြောတယ်– “ဘယ်ဘာသာစကားက သားသမီးတွေအတွက် ဘုရားရေးရာမှာ ပိုအကျိုးရှိသလဲဆိုတာ သိအောင် ကျွန်တော့်ဇနီးနဲ့ ကျွန်တော် လေ့လာတယ်။ ဉာဏ်ပညာရဖို့ ဆုတောင်းကြတယ်။ အဖြေကတော့ ကျွန်တော်တို့အတွက် အဆင်ပြေလှတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဘာသာစကားနဲ့ ကျင်းပတဲ့ အစည်းအဝေးတွေကနေ သားသမီးတွေ အကျိုးနည်းနည်းပဲ ရတာကို သိလာတဲ့အခါ ဒေသခံ ဘာသာစကားပြော အသင်းတော်ကို ပြောင်းရွှေ့ဖို ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ အတူတူ အစည်းအဝေး တက်ကြတယ်၊ အမှုဆောင်ထွက်ကြတယ်။ အတူတူ စားသောက်ဖို့၊ ခရီးထွက်ဖို့ ဒေသခံ မိတ်ဆွေတွေကိုလည်း ဖိတ်ခေါ်ကြတယ်။ ဒါတွေက ညီအစ်ကိုတွေကို ပိုသိကျွမ်းဖို့၊ ယေဟောဝါကို ဘုရားအဖြစ်လောက်သာ မဟုတ်ဘဲ ဖခင်၊ မိတ်ဆွေအဖြစ်လည်း သိကျွမ်းလာဖို့ သားသမီးတွေကို ကူညီပေးတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ ဘာသာစကားကို သားသမီးတွေ ကျွမ်းကျင်ဖို့ထက် ပိုအရေးကြီးတယ်လို့ ယူဆကြတယ်။”
၁၄ ဆယ်မြူယယ် ဆက်ပြောတယ်– “ကျွန်တော့်ဇနီးနဲ့ ကျွန်တော် ယုံကြည်ခြင်း ခိုင်မာနေဖို့ ကျွန်တော်တို့ ဘာသာစကားနဲ့ ကျင်းပတဲ့ အစည်းအဝေးတွေကိုလည်း တက်တယ်။ တကယ် အလုပ်များပြီး ပင်ပန်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကြိုးစားမှုနဲ့ စွန့်လွှတ်အနစ်နာခံမှုကို ကောင်းချီးပေးလို့ ယေဟောဝါကို ကျေးဇူးတင်ပါတယ်။ အခု သားသမီး သုံးယောက်စလုံး အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေကြတယ်။”
လူငယ်တို့ လုပ်ဆောင်နိုင်ရာ
၁၅။ ဒေသခံ ဘာသာစကားပြော အသင်းတော်မှာ ပိုလုပ်ဆောင်နိုင်တယ်လို့ ညီအစ်မ ခရစ္စတီးနား ဘာကြောင့် ခံစားရသလဲ။
၁၅ နားအလည်ဆုံး ဘာသာစကားပြော အသင်းတော်မှာ ယေဟောဝါကို ပိုကောင်းကောင်း အမှုဆောင်နိုင်ကြောင်း အရွယ်ရောက်တဲ့ သားသမီးတွေ သိလာနိုင်တယ်။ အဲဒီလိုဖြစ်လို့ သားသမီးတွေက ကိုယ့်ကို ငြင်းပယ်တယ်လို့ မိဘတွေ မခံစားသင့်ဘူး။ “မိဘတွေရဲ့ ဘာသာစကားကို အခြေခံလောက် သိထားပေမဲ့ အစည်းအဝေးတွေမှာတော့ နားမလည်နိုင်တော့ဘူး။ အသက် ၁၂ နှစ်မှာ ကျွန်မရဲ့ ကျောင်းသုံးဘာသာစကားနဲ့ ကျင်းပတဲ့ အစည်းအဝေးကြီးကို တက်ခဲ့တယ်။ ပထမဆုံးအနေနဲ့ ကျွန်မ ကြားနေတာတွေဟာ အမှန်တရားပါလားလို့ နားလည်ခဲ့ရတယ်။” ကျောင်းသုံးဘာသာစကားနဲ့ စဆုတောင်းတဲ့အခါ အလှည့်အပြောင်းတစ်ခု ထပ်ဖြစ်တယ်။ ယေဟောဝါကို ရင်ထဲကနေ စကားပြောနိုင်ပြီ” လို့ ခရစ္စတီးနား ပြောတယ်။ (တ. ၂:၁၁၊ ၄၁) အရွယ်ရောက်လာတဲ့အခါ ခရစ္စတီနားဟာ မိဘတွေနဲ့ တိုင်ပင်ပြီး ဒေသခံသာသာစကားပြော အသင်းတော်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တယ်။ “ကျွန်မရဲ့ ကျောင်းသုံးဘာသာစကားနဲ့ ယေဟောဝါအကြောင်း သင်ယူခြင်းက လက်တွေ့လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတယ်” လို့ပြောတယ်။ မကြာခင်မှာပဲ ခရစ္စတီးနားဟာ ပျော်ရွှင်တဲ့ မှန်မှန်ရှေ့ဆောင်တစ်ယောက် ဖြစ်လာတယ်။
၁၆။ ဘာသာခြား စကားပြော အသင်းတော်မှာ ဆက်နေလို့ ညီအစ်မ နာဒီယာ ဘာကြောင့် ပျော်ရွှင်ခဲ့သလဲ။
၁၆ လူငယ်တို့၊ ဒေသခံဘာသာစကားပြော အသင်းတော်မှာ ပါဝင်ရတာ ပိုကောင်းတယ်လို့ ထင်သလား။ ထင်တယ်ဆိုရင် ဘာကြောင့်လဲလို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ အဲဒီအသင်းတော်ကို ပြောင်းရွှေ့တာက ယေဟောဝါနဲ့ ပိုရင်းနှီးလာစေသလား။ (ယာ. ၄:၈) စောင့်ကြည့်မခံချင်လို့လား၊ သိပ်မကြိုးစားချင်လို့လား။ “မောင်နှမသုံးယောက် ဆယ်ကျော်သက်အရွယ် ရောက်တဲ့အခါ ဒေသခံ စကားပြော အသင်းတော်ကို ပြောင်းရွှေ့ချင်ကြတယ်” လို့ ဗေသလမှာ အမှုဆောင်နေတဲ့ နာဒီယာ ပြောတယ်။ ဒါပေမဲ့ ပြောင်းရွှေ့တာက သားသမီးတွေရဲ့ ဘုရားရေးရာအတွက် အကျိုးမရှိမှန်း နာဒီယာရဲ့ မိဘတွေ သိတယ်။ “မိဘတွေက သူတို့ရဲ့ ဘာသာစကားကို ကြိုးစားသင်ပေးပြီး ဘာသာခြားစကားပြော အသင်းတော်မှာ ဆက်ပူးပေါင်းစေခဲ့တာကို အခု ကျေးဇူးတင်တယ်။ အဲဒါက ကျွန်မတို့ရဲ့ ဘဝကို ကြွယ်ဝစေတယ်။ တခြားသူတွေ ယေဟောဝါကို သိလာအောင် ကူညီပေးဖို့ အခွင့်အရေး ပိုရစေတယ်။”
တခြားသူတွေ ကူညီပေးနိုင်ပုံ
၁၇။ (က) သားသမီးတွေကို ပြုစုပျိုးထောင်ဖို့ ဘယ်သူတွေကို ယေဟောဝါ တာဝန်ပေးထားသလဲ။ (ခ) သားသမီးတွေကို အမှန်တရား သင်ပေးတဲ့အခါ မိဘတွေ အကူအညီ ဘယ်လို ရနိုင်သလဲ။
၁၇ သားသမီးတွေကို အမှန်တရား သင်ပေးဖို့ အဘိုးအဘွား၊ တခြားတစ်ယောက်ယောက်ကို မဟုတ်ဘဲ မိဘတွေကို ယေဟောဝါ တာဝန်ပေးခဲ့တယ်။ (ပညာအလိမ္မာ ၁:၈ နဲ့ ၃၁:၁၀၊ ၂၇၊ ၂၈ တို့ကိုဖတ်ပါ။) ဒါပေမဲ့ ဒေသခံ ဘာသာစကားကို မတတ်တဲ့ မိဘတွေဟာ သားသမီးတွေရဲ့ စိတ်နှလုံးကို ထိမိအောင် သွန်သင်ပေးဖို့ အကူအညီ လိုအပ်နိုင်တယ်။ မိဘတွေ အကူအညီ တောင်းခြင်းက သူတို့ရဲ့ ဘုရားပေးတာဝန်ကို လျစ်လျူရှုတာ မဟုတ်ဘူး။ “ယေဟောဝါမိန့်မှာတဲ့အတိုင်း သူတို့ကို ဆုံးမသွန်သင်” ခြင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်တယ်။ (ဧ. ၆:၄) ဥပမာ၊ မိဘတွေက မိသားစု ဝတ်ပြုမှုအတွက် အသင်းတော် အကြီးအကဲတွေဆီ အကြံဉာဏ် တောင်းနိုင်တယ်။ သားသမီးတွေအတွက် အပေါင်းအသင်းကောင်းရဖို့ အကူအညီ တောင်းနိုင်တယ်။
၁၈၊ ၁၉။ (က) ဘုရားရေးရာ စိတ်ထားပြည့်ဝတဲ့ ညီအစ်ကို/မတွေက လူငယ်တွေအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။ (ခ) မိဘတွေ ဘာဆက်လုပ်ရမလဲ။
၁၈ ဥပမာ၊ မိသားစုဝတ်ပြုမှုမှာ ပါဝင်ဖို့ တခြားမိသားစုတွေကို တစ်ခါတလေ မိဘတွေ ဖိတ်ခေါ်နိုင်တယ်။ လူငယ်တွေဟာ တခြားခရစ်ယာန်တွေနဲ့အတူ အမှုဆောင်တဲ့အခါ၊ အတူအပန်းဖြေတဲ့အခါ အကျိုးခံစားကြရတယ်။ (ပညာ. ၂၇:၁၇) “ကျွန်တော့်ကို ကူညီစောင့်ရှောက်ခဲ့တဲ့ ညီအစ်ကိုတွေကို ကောင်းကောင်း မှတ်မိသေးတယ်။ အစည်းအဝေးတွေအတွက် ကျောင်းသားတာဝန်တွေကို ကူညီပေးတဲ့အခါ အမြဲပိုသိရှိလာတယ်။ အုပ်စုလိုက် သူတို့နဲ့အတူ အပန်းဖြေရတာကို ပျော်တယ်” လို့ ရှန် ပြောပြတယ်။
၁၉ အကူအညီ တောင်းဆိုခံရသူတွေက မိဘတွေကို လေးစားဖို့ သားသမီးတွေကို အားပေးရမယ်။ မိဘတွေအကြောင်း အကောင်းပြောပေးရမယ်။ မိဘတွေရဲ့ တာဝန်ကို ဝင်ယူဖို့ မဟုတ်ဘူး။ ဒါ့အပြင် အသင်းတော် အတွင်းအပြင်မှာရှိတဲ့သူတွေ နားလည်မှု လွဲစေနိုင်တဲ့ အပြုအမူတွေကို ရှောင်သင့်တယ်။ (၁ ပေ. ၂:၁၂) သားသမီးတွေကို ဘုရားရေးရာဘက်မှာ လေ့ကျင့်ပေးရမယ့် တာဝန်ကို တခြားသူတွေအပေါ် မိဘတွေ မလွှဲပေးရဘူး။ တခြားသူတွေ ပေးတဲ့အကူအညီကို စောင့်ကြည့်ပေးရမယ်။ သားသမီးတွေကို မိဘတွေကိုယ်တိုင် ဆက်သင်ပေးရမယ်။
၂၀။ သားသမီးတွေ ယေဟောဝါရဲ့ ကျေးကျွန်ကောင်းတွေ ဖြစ်လာဖို့ မိဘတွေ ဘယ်လို ကူညီပေးနိုင်သလဲ။
၂၀ မိဘတို့၊ အကူအညီရဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ အစွမ်းကုန် ကြိုးစားပါ။ (၂ ရာဇဝင်ချုပ် ၁၅:၇ ကိုဖတ်ပါ။) ကိုယ့်အကျိုးထက် သားသမီးနဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးကို ဦးစားပေးပါ။ သားသမီးတွေရဲ့ စိတ်နှလုံးထဲ ဘုရားစကားတော် ရောက်ရှိဖို့ လုပ်နိုင်တာမှန်သမျှ လုပ်ပါ။ ကိုယ့်သားသမီးဟာ ယေဟောဝါရဲ့ ကျေးကျွန်ကောင်း ဖြစ်လာနိုင်တယ်ဆိုတာ အမြဲ ယုံကြည်နေပါ။ သားသမီးတွေ ဘုရားစကားတော်အတိုင်း လိုက်လျှောက်ပြီး သင့်ပုံသက်သေကို တုပတဲ့အခါ “သားသမီးတွေ အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေတဲ့အကြောင်း ကြားသိရတာထက် ပိုဝမ်းသာစရာကောင်းတဲ့သတင်း မရှိတော့ပါဘူး” လို့ပြောခဲ့တဲ့ တမန်တော် ယောဟန်လို ခံစားရပါလိမ့်မယ်။—၃ ယော. ၄။
^ စာပိုဒ်၊ 7 ၂၀၀၇၊ မတ်လထုတ် နိုးလော့! [အင်္ဂလိပ်] စာမျက်နှာ ၁၀-၁၂ ပါ “ဘာသာခြားစကား သင်ယူနိုင်” ဆောင်းပါးကို ကြည့်ပါ။