လေ့လာရန် ဆောင်းပါး ၂၀
ဒီနေ့ခေတ်မှာ “မြောက်ဘုရင်” ဘယ်သူလဲ
“ဒီလိုနဲ့ သူ့ဇာတ်သိမ်းခန်း ရောက်လာမယ်။ ကူညီမယ့်သူ တစ်ယောက်မှရှိမှာ မဟုတ်ဘူး။”—ဒံ. ၁၁:၄၅။
သီချင်း ၉၅ လင်းသည်ထက် လင်းလာ
အကြိုသုံးသပ်ချက် *
၁-၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးသုံးသပ်ကြမလဲ။
ဒီစနစ်ရဲ့ နောက်ဆုံးကာလ အဆုံးပိုင်းမှာ အသက်ရှင်နေရကြောင်း အထောက်အထားတွေ အရင်ကထက် ပိုများလာတယ်။ ဘုရားနိုင်ငံတော်ကို ဆန့်ကျင်တဲ့ အစိုးရအားလုံးကို မကြာခင် ယေဟောဝါနဲ့ ယေရှုခရစ် ဖျက်ဆီးတော့မယ်။ အဲဒီလို မဖျက်ဆီးခင်မှာ မြောက်ဘုရင်နဲ့ တောင်ဘုရင်ဟာ အချင်းချင်းရော ဘုရားလူမျိုးကိုပါ ဆက်တိုက်ခိုက်နေမယ်။
၂ ဒံယေလ ၁၁:၄၀–၁၂:၁ မှာပါတဲ့ ပရောဖက်ပြုချက်ကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ လက်ရှိ မြောက်ဘုရင် ဘယ်သူဖြစ်ကြောင်း၊ ရှေ့မှာ ကြုံရမယ့် အခက်အခဲတွေကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ ဘာကြောင့် ရင်ဆိုင်နိုင်ကြောင်း သုံးသပ်ကြပါမယ်။
မြောက်ဘုရင်အသစ် ပေါ်ထွက်လာ
၃-၄။ ဒီနေ့ခေတ် မြောက်ဘုရင် ဘယ်သူလဲ။ ရှင်းပြပါ။
၃ ၁၉၉၁ မှာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် အဲဒီဒေသအတွင်းမှာ နေထိုင်တဲ့ ဘုရားလူမျိုးဟာ အချိန်တစ်ခဏ လွတ်လပ်မှု ရခဲ့တယ်။ အဲဒါဟာ ဒံယေလ ကြိုဟောတဲ့ “အကူအညီ အနည်းငယ်” ဖြစ်တယ်။ (ဒံ. ၁၁:၃၄) ဒါကြောင့် လွတ်လပ်စွာ ဟောပြောနိုင်ခဲ့ကြတယ်။ မကြာခင်မှာပဲ ဆိုဗီယက်ပြည်ထောင်စုထဲမှာ ရှိခဲ့တဲ့ နိုင်ငံတွေမှာ ကြေညာသူ သိန်းပေါင်းများစွာ ရှိလာတယ်။ ဒါပေမဲ့ နှစ်အနည်းငယ် ကြာပြီးနောက် ရုရှားနဲ့ မဟာမိတ်နိုင်ငံတွေဟာ မြောက်ဘုရင် ဖြစ်လာတယ်။ ရှေ့ဆောင်းပါးမှာ လေ့လာခဲ့တဲ့အတိုင်း မြောက်ဘုရင် ဒါမှမဟုတ် တောင်ဘုရင် ဖြစ်ဖို့ အချက် သုံးချက်နဲ့ ကိုက်ညီရမယ်– (၁) ဘုရားလူမျိုးနဲ့ တိုက်ရိုက် ဆက်နွှယ်မှု ရှိရမယ်၊ (၂) ယေဟောဝါနဲ့ ဘုရားလူမျိုးရဲ့ ရန်သူဖြစ်ကြောင်း သူတို့ရဲ့ လုပ်ရပ်တွေက ဖော်ပြမယ်၊ (၃) အချင်းချင်း ဆိုင်ပြိုင်တိုက်ခိုက်ကြမယ်။
၄ ရုရှားနဲ့ မဟာမိတ်နိုင်ငံတွေဟာ ဒီနေ့ခေတ် မြောက်ဘုရင် ဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်ကြောင်း မှတ်သားကြည့်ပါ။ (၁) ဘုရားလူမျိုးနဲ့ တိုက်ရိုက် ဆက်နွှယ်မှု ရှိတယ်။ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်တယ်။ မိမိတို့ နိုင်ငံအတွင်းက ညီအစ်ကို/မ ထောင်ပေါင်းများစွာကို နှိပ်စက်ညှဉ်းပန်းတယ်။ (၂) အဲဒီလုပ်ရပ်တွေက ယေဟောဝါနဲ့ ဘုရားလူမျိုးကို မုန်းတီးကြောင်း ဖော်ပြတယ်။ (၃) တောင်ဘုရင်ဖြစ်တဲ့ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်နဲ့ ဆိုင်ပြိုင်တိုက်ခိုက်တယ်။ ရုရှားနဲ့ မဟာမိတ်နိုင်ငံတွေဟာ မြောက်ဘုရင် ဖြစ်ကြောင်း ဘယ်လိုနည်းနဲ့ ဖော်ပြသလဲဆိုတာ ကြည့်ကြစို့။
မြောက်ဘုရင်နဲ့ တောင်ဘုရင် ဆက်တွန်းထိုး
၅။ ဒံယေလ ၁၁:၄၀-၄၃ က ဘယ်ကာလအကြောင်း ဖော်ပြသလဲ။ အဲဒီအချိန်အတွင်း ဘာဖြစ်သလဲ။
၅ ဒံယေလ ၁၁:၄၀-၄၃ ကိုဖတ်ပါ။ ပရောဖက်ပြုချက်ရဲ့ ဒီအပိုင်းက အဆုံးပိုင်းကာလကို ခြုံငုံမိတယ်။ မြောက်ဘုရင်နဲ့ တောင်ဘုရင်ရဲ့ ဆိုင်ပြိုင်တိုက်ခိုက်မှုအကြောင်း အလေးပေးဖော်ပြတယ်။ ဒံယေလ ကြိုဟောတဲ့အတိုင်း အဆုံးပိုင်းကာလမှာ တောင်ဘုရင်က မြောက်ဘုရင်နဲ့ “တွန်းထိုး” မယ်။—ဒံ. ၁၁:၄၀။
၆။ ဘုရင်နှစ်ပါး ဘယ်လိုနည်းနဲ့ အပြန်အလှန် တွန်းထိုးကြသလဲ။
၆ မြောက်ဘုရင်နဲ့ တောင်ဘုရင်ဟာ အင်အားအကြီးဆုံး ဖြစ်ချင်တဲ့အတွက် တွန်းထိုးကြတယ်။ ဥပမာ၊ ဒုတိယကမ္ဘာစစ် ပြီးနောက် ဆိုဗီယက်ပြည်ထောင်စုနဲ့ မဟာမိတ်တွေက ဥရောပရဲ့ နယ်မြေအများစုကို သိမ်းပိုက်တဲ့အခါ ဘာဖြစ်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ တောင်ဘုရင်က “နေတိုး” လို့ ခေါ်တဲ့ “မြောက်အတ္တလန္တိတ် သဘောတူစာချုပ် အဖွဲ့အစည်း” ကို ဖွဲ့စည်းတယ်။ မြောက်ဘုရင်ကလည်း ငွေအမြောက်အမြား အကုန်အကျ ခံပြီး စစ်အင်အား ခိုင်ခံ့အောင် လုပ်ခြင်းအားဖြင့် တောင်ဘုရင်ကို ဆက်တွန်းထိုးတယ်။ အာဖရိက၊ အာရှ၊ လက်တင်အမေရိကမှာ ဖြစ်တဲ့ စစ်ပွဲတွေမှာ ကိုယ့်မဟာမိတ်နိုင်ငံတွေဘက်ကနေ ထောက်ခံပေးခြင်းအားဖြင့်လည်း အချင်းချင်း တွန်းထိုးကြတယ်။ မကြာသေးခင်နှစ်တွေမှာ ရုရှားနဲ့ မဟာမိတ်တွေ ကမ္ဘာတစ်ခွင်မှာ အတော်အင်အားကြီးလာတယ်။ တောင်ဘုရင်နဲ့ ဆိုက်ဘာစစ်ပွဲတွေလည်း တိုက်နေတယ်။ ကွန်ပျူတာ ပရိုဂရမ်တွေ သုံးပြီး စီးပွားရေး၊ နိုင်ငံရေး စနစ်တွေကို ဖျက်ဆီးဖို့ ကြိုးစားတယ်လို့ အချင်းချင်း အပြန်အလှန် စွပ်စွဲကြတယ်။ ဒံယေလ ကြိုဟောတဲ့အတိုင်း မြောက်ဘုရင်က ဘုရားလူမျိုးကိုလည်း ဆက်တိုက်ခိုက်တယ်။—ဒံ. ၁၁:၄၁။
“သာယာလှပတဲ့ ပြည်ထဲ” မြောက်ဘုရင် ဝင်လာ
၇။ “သာယာလှပတဲ့ ပြည်” က ဘာလဲ။
၇ “သာယာလှပတဲ့ ပြည်ထဲ” မြောက်ဘုရင် ဝင်လာမယ်လို့ ဒံယေလ ၁၁:၄၁ မှာ ပြောတယ်။ အဲဒါ ဘယ်ပြည်လဲ။ ရှေးခေတ်တုန်းက အစ္စရေးနိုင်ငံကို “အလှဆုံးတိုင်းပြည်” လို့ ယူဆကြတယ်။ (ယေဇ. ၂၀:၆) ယေဟောဝါကို ဝတ်ပြုတဲ့နေရာ ဖြစ်လို့ အထူးလှပတာ ဖြစ်တယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့ကစပြီး အဲဒီ “ပြည်” ဟာ ပကတိ နေရာဒေသ မဟုတ်တော့ဘူး။ အဲဒီလိုလည်း မဖြစ်နိုင်တော့ဘူး။ ယေဟောဝါရဲ့ လူမျိုးဟာ ကမ္ဘာတစ်ဝန်းမှာ ပျံ့နှံ့နေလို့ပဲ။ ဒီနေ့ခေတ် “သာယာလှပတဲ့ ပြည်” ဟာ ယေဟောဝါလူမျိုးရဲ့ နိုင်ငံတစ်ခုနဲ့တူတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အဲဒီထဲမှာ အစည်းအဝေး၊ အမှုဆောင်လုပ်ငန်းအားဖြင့် ယေဟောဝါကို ဝတ်ပြုခြင်း ပါဝင်တယ်။
၈။ “သာယာလှပတဲ့ ပြည်” ထဲ မြောက်ဘုရင် ဘယ်လို ဝင်ခဲ့သလဲ။
၈ နောက်ဆုံးကာလအတွင်း “သာယာလှပတဲ့ ပြည်” ထဲ မြောက်ဘုရင် အကြိမ်ကြိမ် ဝင်ခဲ့တယ်။ ဥပမာ၊ နာဇီဂျာမနီ
မြောက်ဘုရင် ဖြစ်တုန်းက အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်း ဘုရားလူမျိုးကို နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ပစ်ခြင်းအားဖြင့် “သာယာလှပတဲ့ ပြည်” ထဲ ဝင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ် ပြီးနောက် ဆိုဗီယက်ပြည်ထောင်စု မြောက်ဘုရင် ဖြစ်တဲ့အခါ ဘုရားလူမျိုးကို နှိပ်စက်ညှဉ်းပန်းခြင်း၊ နယ်နှင်ဒဏ် ပေးခြင်းအားဖြင့် “သာယာလှပတဲ့ ပြည်” ထဲ ဝင်ခဲ့တယ်။၉။ မကြာသေးခင် နှစ်တွေမှာ “သာယာလှပတဲ့ ပြည်” ထဲ ရုရှားနဲ့ မဟာမိတ်နိုင်ငံတွေ ဘယ်လို ဝင်ခဲ့သလဲ။
၉ မကြာသေးခင် နှစ်တွေမှာ ရုရှားနဲ့ မဟာမိတ်နိုင်ငံတွေလည်း “သာယာလှပတဲ့ ပြည်” ထဲ ဝင်ခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။ ၂၀၁၇ မှာ လက်ရှိ မြောက်ဘုရင်ဟာ ယေဟောဝါလူမျိုးရဲ့ လုပ်ငန်းကို ပိတ်ပင်ပြီး ညီအစ်ကို/မတချို့ကို ထောင်ချတယ်။ ကမ္ဘာသစ် ဘာသာပြန်ကျမ်း အပါအဝင် စာပေတွေကိုလည်း ပိတ်ပင်တယ်။ ရုရှားမှာရှိတဲ့ ဌာနခွဲရုံး၊ နိုင်ငံတော်ခန်းမ၊ အစည်းအဝေးပွဲ ခန်းမတွေကိုလည်း သိမ်းလိုက်တယ်။ အဲဒါတွေ ဖြစ်ပြီးတဲ့နောက် ၂၀၁၈ မှာ အုပ်ချုပ်ရေးအဖွဲ့က ရုရှားနဲ့ မဟာမိတ်နိုင်ငံတွေကို မြောက်ဘုရင်အဖြစ် သတ်မှတ်ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ လူမျိုးဟာ အပြင်းအထန် နှိပ်စက်ခံရတာတောင် အစိုးရ ပြောင်းလဲရေး လှုပ်ရှားမှုတွေမှာ လုံးဝ မပါဝင်ဘူး။ အထူးသဖြင့် အထက်အာဏာပိုင်တွေက လွတ်လပ်စွာ ဝတ်ပြုခွင့်ကို ထိခိုက်စေနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာတောင် ‘သူတို့အတွက် ဆုတောင်းပေးပါ’ ဆိုတဲ့ ကျမ်းစာ အကြံဉာဏ်ကို ယေဟောဝါရဲ့ လူမျိုး လိုက်နာတယ်။—၁ တိ. ၂:၁၊ ၂။
မြောက်ဘုရင်က တောင်ဘုရင်ကို အနိုင်ရမလား
၁၀။ မြောက်ဘုရင်က တောင်ဘုရင်ကို အနိုင်ရမလား။ ရှင်းပြပါ။
၁၀ ဒံယေလ ၁၁:၄၀-၄၅ မှာ ပါတဲ့ ပရောဖက်ပြုချက်က မြောက်ဘုရင်ရဲ့ လုပ်ဆောင်မှုတွေကို အလေးပေးဖော်ပြတယ်။ ဒါက တောင်ဘုရင်ကို အနိုင်ရမယ်ဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ အာမဂေဒုန် စစ်ပွဲမှာ လူ့အစိုးရအားလုံးကို ယေဟောဝါနဲ့ ယေရှု ဖျက်ဆီးချိန်မှာ တောင်ဘုရင် “အရှင်လတ်လတ်” ရှိနေဦးမယ်။ (ဗျာ. ၁၉:၂၀) ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ဒံယေလနဲ့ ဗျာဒိတ်ကျမ်းပါ ပရောဖက်ပြုချက်တွေကို သုံးသပ်ကြည့်ပါ။
၁၁။ ဒံယေလ ၂:၄၃-၄၅ က ဘာအကြောင်း ဖော်ပြသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၁၁ ဒံယေလ ၂:၄၃-၄၅ ကိုဖတ်ပါ။ ဘုရားလူမျိုးအပေါ် သက်ရောက်မှု ရှိတဲ့ လူ့အစိုးရတွေအကြောင်း ပရောဖက် ဒံယေလ ဆက်တိုက် ဖော်ပြနေတာ။ သူတို့ကို သတ္တုရုပ်တုကြီးရဲ့ အစိတ်အပိုင်းအဖြစ် ဖော်ပြတယ်။ နောက်ဆုံး လူ့အစိုးရကို သံနဲ့ ရွှံ့စေး ရောထားတဲ့ ခြေထောက်အပိုင်းအဖြစ် ပုံဖော်ထားတယ်။ ခြေထောက်က အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ကို ပုံဆောင်တယ်။ လူ့အစိုးရတွေကို ဘုရားနိုင်ငံတော် ချေမှုန်းဖျက်ဆီးချိန်မှာ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက် အာဏာရှိနေဆဲ ဖြစ်မယ်လို့ ပရောဖက်ပြုချက်က ဖော်ပြတယ်။
၁၂။ သားရဲရဲ့ ခုနစ်လုံးမြောက် ခေါင်းက ဘာကို ပုံဆောင်သလဲ။ ဒီအချက်က ဘာကြောင့် အရေးကြီးသလဲ။
၁၂ တမန်တော် ယောဟန်လည်း ယေဟောဝါလူမျိုးအပေါ် သက်ရောက်မှု ရှိမယ့် ကမ္ဘာ့အာဏာစက်တွေအကြောင်း ပြောတယ်။ အဲဒီအစိုးရတွေကို ခေါင်းခုနစ်လုံးရှိတဲ့ သားရဲအဖြစ် ပုံဖော်ထားတယ်။ သားရဲရဲ့ ခုနစ်လုံးမြောက် ခေါင်းဟာ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ကို ပုံဆောင်တယ်။ သားရဲမှာ နောက်ထပ် ခေါင်းတွေ မရှိတော့ဘူး။ ဒီအချက်က အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ခရစ်တော်နဲ့ ကောင်းကင်စစ်တပ် လာရောက်ဖျက်ဆီးချိန်မှာ သားရဲရဲ့ ခုနစ်လုံးမြောက် ခေါင်း အာဏာရှိနေဆဲ ဖြစ်မယ်ဆိုတာ ဖော်ပြနေလို့ပဲ။ *—ဗျာ. ၁၃:၁၊ ၂။ ၁၇:၁၃၊ ၁၄။
မကြာခင် မြောက်ဘုရင် ဘာလုပ်မလဲ
၁၃-၁၄။ “မာဂေါဂပြည်က ဂေါဂမင်း” က ဘယ်သူလဲ။ ဘုရားလူမျိုးကို ဘာကြောင့် တိုက်ခိုက်မလဲ။
၁၃ မြောက်ဘုရင်နဲ့ တောင်ဘုရင် ဖျက်ဆီးမခံရခင် ဘာဖြစ်မယ်ဆိုတာ ယေဇကျေလ ပရောဖက်ပြုချက်က ဖော်ပြတယ်။ ယေဇကျေလ ၃၈:၁၀-၂၃၊ ဒံယေလ ၂:၄၃-၄၅၊ ၁၁:၄၄–၁၂:၁၊ ဗျာဒိတ် ၁၆:၁၃-၁၆၊ ၂၁ မှာပါတဲ့ ပရောဖက်ပြုချက်တွေဟာ တစ်ချိန်တည်းမှာ ဖြစ်မယ့် ဖြစ်ရပ်တွေကို ပြောနေပုံရတယ်။ အဲဒီလိုသာ ဖြစ်မယ်ဆိုရင် အောက်ပါအချက်တွေ ဖြစ်လာမယ်လို့ မျှော်လင့်နိုင်တယ်။
၁၄ ကြီးစွာသောဒုက္ခ စပြီးနောက် တစ်ချိန်ချိန်မှာ “လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာရှိတဲ့ ဘုရင်တွေ” မဟာမိတ် ဖွဲ့ကြလိမ့်မယ်။ (ဗျာ. ၁၆:၁၃၊ ၁၄။ ၁၉:၁၉) ကျမ်းစာမှာ အဲဒီမဟာမိတ်အဖွဲ့ကို “မာဂေါဂပြည်က ဂေါဂမင်း” လို့ ခေါ်ထားတယ်။ (ယေဇ. ၃၈:၂) သူတို့က ဘုရားလူမျိုးကို နောက်ဆုံးအကြိမ် တိုက်ခိုက်လိမ့်မယ်။ ဘာကြောင့်လဲ။ အဲဒီအချိန်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တစ်ခုမှာ ဘုရားရန်သူတွေအပေါ် မိုးသီးကြီးတွေ ကျလာတာကို တမန်တော် ယောဟန် မြင်တယ်။ အဲဒီပုံဆောင် မိုးသီးဟာ ယေဟောဝါရဲ့ လူမျိုး ကြေညာတဲ့ ပြင်းထန်တဲ့ တရားစီရင်ချက် သတင်း ဖြစ်နိုင်တယ်။ ဘုရားလူမျိုးကို ကမ္ဘာပေါ်ကနေ လက်စတုံး ဖျက်ဆီးဖို့ ရည်ရွယ်ပြီး တိုက်ခိုက်လာအောင် မာဂေါဂပြည်က ဂေါဂမင်းကို လှုံ့ဆော်ပေးတာ အဲဒီသတင်း ဖြစ်နိုင်တယ်။—ဗျာ. ၁၆:၂၁။
၁၅-၁၆။ (က) ဒံယေလ ၁၁:၄၄၊ ၄၅ က ဘယ်ဖြစ်ရပ်အကြောင်း ဖော်ပြတာ ဖြစ်နိုင်သလဲ။ (ခ) မာဂေါဂပြည်က ဂေါဂမင်းအဖြစ် ဖွဲ့စည်းထားတဲ့ မြောက်ဘုရင်နဲ့ တခြားနိုင်ငံတွေ ဘာဖြစ်သွားမလဲ။
၁၅ အဲဒီပြင်းထန်တဲ့ သတင်းစကားနဲ့ ဘုရားရန်သူတွေရဲ့ နောက်ဆုံး တိုက်ခိုက်မှုအကြောင်းကိုပဲ ဒံယေလ ၁၁:၄၄၊ ၄၅ ကလည်း ဆိုလိုတာ ဖြစ်နိုင်တယ်။ (ဖတ်ပါ။) မြောက်ဘုရင်ဟာ “အရှေ့အရပ်နဲ့ မြောက်အရပ်ကလာတဲ့ သတင်းတွေကြောင့်” စိတ်အနှောင့်အယှက် ဖြစ်ပြီး “ဒေါသတကြီး” ထွက်လာတယ်လို့ ဒံယေလ ပြောတယ်။ “လူများစွာကို အစတုံးဖျက်ဆီးဖို့” မြောက်ဘုရင် ရည်ရွယ်ထားတယ်။ အဲဒီ “များစွာ” ဆိုတာ ယေဟောဝါရဲ့ လူမျိုးကို ဆိုလိုပုံရတယ်။ * ဘုရားလူမျိုး နောက်ဆုံးအကြိမ် တိုက်ခိုက်ခံရတာကို ဒံယေလ ပြောနေတာ ဖြစ်နိုင်တယ်။
ဗျာ. ၁၆:၁၄၊ ၁၆) အဲဒီအချိန်မှာ မြောက်ဘုရင်အပါအဝင် နိုင်ငံပေါင်းစုံ ဖွဲ့စည်းထားတဲ့ မာဂေါဂပြည်က ဂေါဂမင်း ဇာတ်သိမ်းသွားမယ်။ “ကူညီမယ့်သူ တစ်ယောက်မှရှိမှာ မဟုတ်ဘူး။”—ဒံ. ၁၁:၄၅။
၁၆ တခြား အစိုးရတွေနဲ့အတူ မြောက်ဘုရင်ရဲ့ တိုက်ခိုက်မှုကြောင့် အနန္တတန်ခိုးရှင် ဒေါသထွက်ပြီး အာမဂေဒုန် စစ်ပွဲ စတင်ပါလိမ့်မယ်။ (၁၇။ ဒံယေလ ၁၂:၁ မှာပါတဲ့ မိက္ခေလဆိုတာ ဘယ်သူလဲ။ သူဘာလုပ်မလဲ။
၁၇ ဒံယေလမှတ်တမ်းမှာပါတဲ့ နောက်အခန်းငယ်က မြောက်ဘုရင်နဲ့ အပေါင်းပါတွေ ဘယ်လို ဇာတ်သိမ်းမယ်၊ ကျွန်တော်တို့ ဘယ်လို ကယ်တင်ခံရမယ်ဆိုတာ အသေးစိတ် သိစေတယ်။ (ဒံယေလ ၁၂:၁ ကိုဖတ်ပါ။) အဲဒီအခန်းငယ်က ဘာကို ဆိုလိုသလဲ။ မိက္ခေလဆိုတာ ဘုရင် ခရစ်တော်ယေရှုရဲ့ နောက်နာမည်တစ်မျိုး ဖြစ်တယ်။ ယေရှုဟာ ကောင်းကင်မှာ နိုင်ငံတော် တည်ထောင်တဲ့ ၁၉၁၄ ကစပြီး ဘုရားလူမျိုးအတွက် “ရပ်တည်ပေးနေ” တယ်။ မကြာခင် အာမဂေဒုန်စစ်ပွဲမှာလည်း ရန်သူတွေကို ဖျက်ဆီးခြင်းအားဖြင့် “ရပ်တည်ပေး” ဦးမယ်။ အဲဒီစစ်ပွဲဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံး “ဒုက္ခကာလ” ရဲ့ အထွတ်အထိပ် ဖြစ်မယ်လို့ ဒံယေလ ပြောတယ်။ ဗျာဒိတ်ကျမ်းမှာပါတဲ့ ယောဟန်ရဲ့ ပရောဖက်ပြုချက်မှာလည်း အဲဒီစစ်ပွဲဆီ ဦးတည်သွားစေမယ့် အချိန်ကာလကို “ကြီးစွာသောဒုက္ခ” လို့ ခေါ်ထားတယ်။—ဗျာ. ၆:၂။ ၇:၁၄။
သင့်နာမည် “အသက်စာစောင်ထဲ ရေးမှတ်ခံရ” မလား
၁၈။ အနာဂတ်ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ ဘာကြောင့် ရင်ဆိုင်နိုင်သလဲ။
၁၈ ကြီးစွာသောဒုက္ခအတွင်း ကျေးကျွန်တွေကို ယေဟောဝါနဲ့ ယေရှု ကယ်တင်မယ်လို့ ဒံယေလနဲ့ ယောဟန် ပြောထားတဲ့အတွက် အနာဂတ်ကို ကျွန်တော်တို့ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ရင်ဆိုင်နိုင်ကြတယ်။ “အသက်စာစောင်ထဲ” နာမည် “ရေးမှတ်ခံရ” သူတွေ ကယ်တင်ခံရမယ်လို့ ဒံယေလ ပြောတယ်။ (ဒံ. ၁၂:၁) အဲဒီစာစောင်ထဲမှာ ကျွန်တော်တို့ရဲ့ နာမည် ရေးမှတ်ခံရဖို့ ဘာလုပ်ရမလဲ။ ဘုရားသခင်ရဲ့ သိုးသငယ် ယေရှုကို ယုံကြည်ကြောင်း သက်သေပြရမယ်။ (ယော. ၁:၂၉) ဘုရားဆီ ဆက်ကပ်အပ်နှံတဲ့ အထိမ်းအမှတ်အဖြစ် နှစ်ခြင်းခံရမယ်။ (၁ ပေ. ၃:၂၁) ယေဟောဝါအကြောင်း တခြားသူတွေ သိလာအောင် ကူညီခြင်းအားဖြင့် ဘုရားနိုင်ငံတော်ကို ထောက်မရမယ်။
၁၉။ အခု ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ ဘာကြောင့်လဲ။
၁၉ အခုအချိန်ဟာ ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် ယုံကြည်စိတ်ချစိတ် တိုးပွားလာအောင် လုပ်ရမယ့်အချိန်၊ ဘုရားနိုင်ငံတော်ကို ထောက်မရမယ့်အချိန်ပဲ။ အဲဒီလို လုပ်မယ်ဆိုရင် မြောက်ဘုရင်နဲ့ တောင်ဘုရင်ကို ဘုရားနိုင်ငံတော် ဖျက်ဆီးချိန်မှာ ကျွန်တော်တို့ ကယ်တင်ခံရပါလိမ့်မယ်။
သီချင်း ၁၄၉ အောင်ပွဲခံ သီချင်း
^ အပိုဒ်၊ 5 ဒီနေ့ခေတ်မှာ “မြောက်ဘုရင်” ဘယ်သူလဲ။ သူ ဘယ်လို ဇာတ်သိမ်းသွားမလဲ။ အဲဒီမေးခွန်းတွေရဲ့ အဖြေကို သိရှိခြင်းက ယုံကြည်ခြင်း ခိုင်ခံ့စေပြီး မကြာခင် ကြုံရတော့မယ့် စမ်းသပ်မှုတွေအတွက် အသင့်ပြင်ထားဖို့ ကူညီပေးနိုင်တယ်။
^ အပိုဒ်၊ 12 ဒံယေလ ၂:၃၆-၄၅၊ ဗျာဒိတ် ၁၃:၁၊ ၂ နဲ့ပတ်သက်တဲ့ အသေးစိတ် ဆွေးနွေးချက်ကို ၂၀၁၂၊ ဇွန် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာ. ၇-၁၉ မှာကြည့်ပါ။
^ အပိုဒ်၊ 15 ထပ်သိချင်ရင် ၂၀၁၅၊ မေ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာ. ၂၇-၂၈ မှာကြည့်ပါ။