လေ့လာစရာ အကြောင်းအရာ
မတရားမှုကို ကြံ့ကြံ့ခံရပ်ခြင်း
မတရားမှုကို ခံရပ်ခဲ့တဲ့ ယောသပ်ရဲ့ စံနမူနာကို လေ့လာနိုင်ဖို့ ကမ္ဘာဦး ၃၇:၂၃-၂၈။ ၃၉:၁၇-၂၃ ကို ဖတ်ပါ။
အထက်အောက်စကားတွေ ဆန်းစစ်ကြည့်ပါ။ ယောသပ် ဘာကြောင့် မတရား ဆက်ဆံခံရသလဲ။ (က. ၃၇:၃-၁၁။ ၃၉:၁၊ ၆-၁၀) ဘယ်လောက်ကြာကြာ မတရား ဆက်ဆံခံရသလဲ။ (က. ၃၇:၂။ ၄၁:၄၆) အဲဒီအတောအတွင်း ယေဟောဝါ ဘာလုပ်ပေးသလဲ။ ဘာလုပ်မပေးသလဲ။—က. ၃၉:၂၊ ၂၁။ က၂၃.၀၁ ၁၇ ပိုဒ်. ၁၃။
ထပ်လေ့လာပါ။ ပေါတိဖာမိန်းမ စွပ်စွဲတာကို ယောသပ် ပြန်ချေပတယ်ဆိုတဲ့အကြောင်း ကျမ်းစာမှာ ဖော်ပြမထားဘူး။ ပညာအလိမ္မာ ၂၀:၂။ ယောဟန် ၂၁:၂၅။ တမန်တော် ၂၁:၃၇ စတဲ့ ကျမ်းချက်တွေအရ ယောသပ် ဘာကြောင့် ဆိတ်ဆိတ်နေခဲ့တာ ဖြစ်မလဲ။ ဒါမှမဟုတ် ကျမ်းစာမှာ အသေးစိတ် အချက်အလက်အားလုံး ပါဖို့ ကျွန်တော်တို့ ဘာကြောင့် မမျှော်လင့်သင့်သလဲ။ ဘယ်အရည်အသွေးတွေ ရှိလို့ မတရားမှုကို ယောသပ် ခံရပ်နိုင်ခဲ့သလဲ။—မိ. ၇:၇။ လု. ၁၄:၁၁။ ယာ. ၁:၂၊ ၃။
သင်ခန်းစာ ယူပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ–
-
‘ယေရှုနောက်လိုက် ဖြစ်နေလို့ ဘယ်လို မတရားမှုမျိုး ကြုံရနိုင်သလဲ။’ (လု. ၂၁:၁၂၊ ၁၆၊ ၁၇။ ဟီ. ၁၀:၃၃၊ ၃၄)
-
‘မတရားမှုကို ခံရပ်နိုင်အောင် အခုကတည်းက ဘယ်လို ကြိုတင်ပြင်ဆင်နိုင်သလဲ။’ (ဆာ. ၆၂:၇၊ ၈။ ၁၀၅:၁၇-၁၉။ က၁၉.၀၇ ၂-၇)