လေ့လာရန် ဆောင်းပါး ၄၃
အဖွဲ့အစည်းကို ယေဟောဝါ လမ်းညွှန်နေ
“‘ဒါတွေအားလုံးဟာ စစ်အင်အားကြောင့် မဟုတ်ဘူး။ တန်ခိုးအာဏာကြောင့်လည်း မဟုတ်ဘူး။ ငါ့စွမ်းအားတော်ကြောင့်သာ ဖြစ်လာလိမ့်မယ်။’ ဒါဟာ ဗိုလ်ခြေတို့ရဲ့ အရှင် ယေဟောဝါ ပြောတဲ့ စကားပဲ။”—ဇာ. ၄:၆။
သီချင်း ၄၀ သင့်ကို ဘယ်သူ ပိုင်သလဲ
အကြိုသုံးသပ်ချက် *
၁။ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တွေ ဘာဆက်လုပ်နေရမလဲ။
သင် နှစ်ခြင်းခံပြီးပြီလား။ ဒါဆိုရင် ယေဟောဝါကို ယုံကြည်ကြောင်း၊ အဖွဲ့အစည်းနဲ့အတူ ဘုရားကို ဝတ်ပြုချင်ကြောင်း လူသိရှင်ကြား ဖော်ပြခဲ့ပြီးပြီ။ * ဒါပေမဲ့ ယေဟောဝါအပေါ် သင့်ယုံကြည်ခြင်း ဆက်တိုးပွားနေရမယ်။ ဒီနေ့ခေတ် အဖွဲ့အစည်းကို ယေဟောဝါ အသုံးပြုနေတယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု တိုးများအောင်လည်း လုပ်ရမယ်။
၂-၃။ ဒီနေ့ခေတ် အဖွဲ့အစည်းကို ယေဟောဝါ ဘယ်နည်းတွေနဲ့ လမ်းညွှန်နေသလဲ။ ဥပမာပေးပါ။
၂ ဒီနေ့ခေတ် အဖွဲ့အစည်းကို ယေဟောဝါ လမ်းညွှန်ပုံက ဘုရားရဲ့ ပင်ကိုအရည်အသွေး၊ ရည်ရွယ်ချက်၊ စံနှုန်းတွေကို ပေါ်လွင်စေတယ်။ အဖွဲ့အစည်းမှာ မြင်တွေ့နိုင်တဲ့ ယေဟောဝါရဲ့ အရည်အသွေး သုံးခုအကြောင်း ဆွေးနွေးကြစို့။
၃ ပထမ၊ ‘ဘုရားသခင် မျက်နှာမလိုက်ဘူး။’ (တ. ၁၀:၃၄) ‘လူအားလုံးအတွက် ရွေးဖိုးအဖြစ်’ သားတော်ကို ပေးဖို့ မေတ္တာက ယေဟောဝါကို လှုံ့ဆော်ပေးတယ်။ (၁ တိ. ၂:၆။ ယော. ၃:၁၆) နားထောင်လက်ခံမယ့်သူအားလုံးကို သတင်းကောင်း ဟောပြောဖို့ မိမိလူမျိုးကို ယေဟောဝါ အသုံးပြုနေတယ်။ ဒီနည်းအားဖြင့် ရွေးဖိုးကနေ လူများနိုင်သမျှ များများ အကျိုးရအောင် ကူညီပေးနေတယ်။ ဒုတိယ၊ ယေဟောဝါဟာ စည်းစနစ် ရှိပြီး ငြိမ်သက်ခြင်း လိုလားတဲ့ ဘုရား ဖြစ်တယ်။ (၁ ကော. ၁၄:၃၃၊ ၄၀) ဒါကြောင့် ယေဟောဝါကို ဝတ်ပြုသူတွေဟာ စည်းစနစ် ရှိပြီး ငြိမ်သက်ခြင်း လိုလားတဲ့ အုပ်စု ဖြစ်မယ်ဆိုတာ သေချာတယ်။ တတိယ၊ ယေဟောဝါဟာ “မဟာသွန်သင်ရှင်” ဖြစ်တယ်။ (ဟေရှာ. ၃၀:၂၀၊ ၂၁) ဒါကြောင့် ဘုရားအဖွဲ့အစည်းက အသင်းတော်မှာကော အမှုဆောင်လုပ်ငန်းမှာပါ ကျမ်းစာအကြောင်း သွန်သင်ပေးဖို့ အထူးအာရုံစိုက်တယ်။ အစောပိုင်း ခရစ်ယာန် အသင်းတော်မှာ ယေဟောဝါရဲ့ အဲဒီအရည်အသွေး သုံးခု ဘယ်လို ပေါ်လွင်သလဲ။ ဒီနေ့ခေတ်မှာ အဲဒီအရည်အသွေး သုံးခုကို ဘယ်လို မြင်တွေ့နေရသလဲ။ အဖွဲ့အစည်းနဲ့အတူ ယေဟောဝါကို ဝတ်ပြုတဲ့အခါ သန့်ရှင်းသော စွမ်းအားတော်က သင့်ကို ဘယ်လို ကူညီပေးနိုင်သလဲ။
ဘုရားသခင် မျက်နှာမလိုက်
၄။ တမန်တော် ၁:၈ မှာ နောက်လိုက်တွေကို ဘာလုပ်ဖို့ ယေရှု မိန့်မှာသလဲ။ ဘယ်အကူအညီ သူတို့ ရမလဲ။
၄ ပထမရာစု။ ယေရှု ဟောတဲ့ သတင်းတရားက လူအားလုံးကို မျှော်လင့်ချက် ရှိစေတယ်။ (လု. ၄:၄၃) မိမိ စတင်ခဲ့တဲ့ လုပ်ငန်းကို ဆက်လုပ်ဖို့၊ “ကမ္ဘာမြေ အစွန်အဖျားအထိ” သက်သေခံဖို့ နောက်လိုက်တွေကို ယေရှု မိန့်မှာတယ်။ (တမန်တော် ၁:၈ ကိုဖတ်ပါ။) ဒီလုပ်ငန်းကို ကိုယ့်အစွမ်းအစနဲ့တော့ လုပ်နိုင်မှာ မဟုတ်ဘူး။ ယေရှု ကတိပြုခဲ့တဲ့ “ကူညီသူ” သန့်ရှင်းသော စွမ်းအားတော် လိုအပ်တယ်။—ယော. ၁၄:၂၆။ ဇာ. ၄:၆။
၅-၆။ ယေရှုရဲ့ နောက်လိုက်တွေကို ဘယ်နည်းတွေနဲ့ သန့်ရှင်းသော စွမ်းအားတော် ကူညီပေးခဲ့သလဲ။
၅ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ယေရှုရဲ့ နောက်လိုက်တွေ သန့်ရှင်းသော စွမ်းအားတော် ရတယ်။ အဲဒီစွမ်းအားတော် အကူအညီနဲ့ စတင် ဟောပြောကြတယ်။ အချိန်တိုအတွင်းမှာပဲ လူထောင်ပေါင်းများစွာ သတင်းကောင်း လက်ခံခဲ့တယ်။ (တ. ၂:၄၁။ ၄:၄) တပည့်တွေဟာ ဆန့်ကျင်မှုတွေ ကြုံတဲ့အခါ ကြောက်စိတ်ဝင်ပြီး မဟောဘဲ မနေဘူး။ အကူအညီ ရဖို့ ဘုရားကို အားကိုးတယ်။ “တရားစကားတော်ကို ရဲရဲရင့်ရင့် ဟောပြောနိုင်ခွင့် ပေးသနားပါ” လို့ ဆုတောင်းတယ်။ အဲဒီနောက် “သန့်ရှင်းသော စွမ်းအားတော်နဲ့ ပြည့်ပြီး ဘုရားသခင်ရဲ့ တရားစကားတော်ကို ရဲရဲရင့်ရင့် ဆက်ဟောပြောကြတယ်။”—တ. ၄:၁၈-၂၀၊ ၂၉၊ ၃၁။
၆ ယေရှုရဲ့ တပည့်တွေမှာ တခြားအခက်အခဲတွေလည်း ရှိတယ်။ ဥပမာ၊ အဲဒီခေတ်တုန်းက ကျမ်းစာစောင်တွေ ရှားတယ်။ ဒီနေ့ခေတ်လို လေ့လာမှု အထောက်အကူတွေလည်း မရှိဘူး။ ဒါ့အပြင် ဘာသာစကားအမျိုးမျိုး ပြောသူတွေကို ဟောရမယ်။ အဲဒီလို အခက်အခဲတွေ ရှိပေမဲ့ ဇွဲထက်သန်တဲ့ တပည့်တွေဟာ မဖြစ်နိုင်ပုံပေါက်တဲ့ အရာကို လုပ်ဆောင်ခဲ့ကြတယ်။ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ “ကမ္ဘာမြေ အရပ်ရပ်မှာ ရှိတဲ့ လူတိုင်းကို သတင်းကောင်း ဟောပြော” နိုင်ခဲ့တယ်။—ကော. ၁:၆၊ ၂၃။
၇။ လွန်ခဲ့တဲ့ အနှစ် ၁၀၀ ကျော်တုန်းက ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ ဘုရား တောင်းဆိုတာကို ဘယ်လို သိခဲ့သလဲ။ ဘယ်လို တုံ့ပြန်ခဲ့သလဲ။
၇ ဒီနေ့ခေတ်။ မိမိလူမျိုးကို ယေဟောဝါ ဆက်လမ်းညွှန်ပြီး ခွန်အားပေးနေတယ်။ ဘုရားလမ်းညွှန်မှုက အဓိကအားဖြင့် သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစာကနေ လာတယ်။ ကျမ်းစာမှာ ယေရှုရဲ့ အမှုဆောင်လုပ်ငန်းအကြောင်း၊ မိမိ စတင်ခဲ့တဲ့ လုပ်ငန်းကို ဆက်လုပ်ဆောင်ဖို့ နောက်လိုက်တွေကို မိန့်မှာခဲ့တဲ့အကြောင်း ကျွန်တော်တို့ ဖတ်ရတယ်။ (မ. ၂၈:၁၉၊ ၂၀) ၁၈၈၁၊ ဇူလိုင် ကင်းမျှော်စင် မှာ ဒီလိုပြောတယ်– “ကျွန်တော်တို့ ခေါ်တော်မူခြင်း ခံရတာ၊ ဘိသိက်ပေးခံရတာဟာ လူတွေရဲ့ ဂုဏ်တင်ချီးမွမ်းမှု ရဖို့၊ ချမ်းသာကြွယ်ဝဖို့ မဟုတ်ဘူး။ ကိုယ့်မှာ ရှိသမျှ သုံးပြီး သတင်းကောင်း ဟောပြောဖို့ ဖြစ်တယ်။” ၁၉၁၉ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ မည်သူ့ထံတွင် အလုပ် အပ်နှံထားသနည်း စာအုပ်ငယ်မှာလည်း ဒီလိုပြောထားတယ်– “လုပ်စရာ အများကြီးပဲ။ ဒါပေမဲ့ သခင့်လုပ်ငန်း ဖြစ်လို့ သခင် ပေးတဲ့ အစွမ်းခွန်အားနဲ့ ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ။” အစောပိုင်း ခရစ်ယာန်တွေလိုပဲ အဲဒီညီအစ်ကိုတွေဟာ ဒီလုပ်ငန်းကို သတ္တိရှိရှိ ကြိုးစားလုပ်ဆောင်ကြတယ်။ လူအမျိုးမျိုးကို ဟောပြောနိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော် ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချကြတယ်။ ဒီနေ့ခေတ် ကျွန်တော်တို့မှာလည်း အဲဒီလို ယုံကြည်စိတ်ချမှုမျိုး ရှိပါတယ်။
၈-၉။ သတင်းကောင်း ပျံ့နှံ့စေဖို့ ယေဟောဝါရဲ့ အဖွဲ့အစည်းက ဘယ်နည်းလမ်းတွေ သုံးသလဲ။
၈ ယေဟောဝါရဲ့ အဖွဲ့အစည်းက သတင်းကောင်း ပျံ့နှံ့စေဖို့ ရနိုင်သမျှ အကောင်းဆုံး ကိရိယာတွေ သုံးတယ်။ အဲဒီထဲမှာ ပုံနှိပ်စာပေ၊ “ဖန်ဆင်းခြင်း ဓာတ်ပုံပြဇာတ်၊” ဓာတ်ပြား၊ အသံချဲ့စက်ကား၊ ရေဒီယို ထုတ်လွှင့်မှုတွေ ပါဝင်တယ်။ မကြာသေးခင်ကစပြီး ဒီဂျစ်တယ် နည်းပညာကို အသုံးပြုလာတယ်။ ဗျာ. ၁၄:၆၊ ၇) ယေဟောဝါက လူတိုင်းကို နိုင်ငံတော် သတင်းကောင်း ကြားစေချင်တယ်။
အကျယ်ပြန့်ဆုံး ဘာသာပြန်လုပ်ငန်းကိုလည်း ဘုရားအဖွဲ့အစည်း လုပ်ဆောင်နေတယ်။ ဘာကြောင့်လဲ။ လူတိုင်း ကိုယ့်မိခင်ဘာသာစကားနဲ့ သတင်းကောင်း ကြားနိုင်ဖို့ပါ။ ယေဟောဝါဟာ မျက်နှာမလိုက်ဘူး။ “လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကားအမျိုးမျိုး ပြောတဲ့လူတွေ၊ လူစုတွေကို” သတင်းကောင်း ကြေညာရမယ်လို့ ကြိုဟောထားတယ်။ (၉ လုံခြုံရေး တင်းကျပ်တဲ့ အဆောက်အအုံမှာ နေတဲ့သူတွေကော ဘယ်လိုနည်းနဲ့ သတင်းကောင်း ကြားနိုင်သလဲ။ သူတို့အတွက် အများရှေ့ သက်သေခံခြင်း ပုံစံအမျိုးမျိုးကို အသုံးပြုဖို့ အဖွဲ့အစည်းက စီစဉ်ခဲ့တယ်။ ဥပမာ၊ ၂၀၀၁ မှာ အုပ်ချုပ်ရေးအဖွဲ့က ပြင်သစ်မှာ စာပေလက်တွန်းစင်နဲ့ တခြားနည်းတွေ သုံးဖို့ ခွင့်ပြုလိုက်တယ်။ နောက်ပိုင်း တခြားနေရာတွေမှာလည်း အဲဒီနည်းကို သုံးတယ်။ ရလဒ်ကောင်းတွေ ရတယ်။ ၂၀၁၁ တုန်းက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရဲ့ အစည်ကားဆုံး နေရာမှာ လူထုရှေ့ သက်သေခံခြင်း အစီအစဉ်သစ်တစ်ခု စတင်ခဲ့တယ်။ ပထမနှစ်အတွင်းမှာပဲ စာအုပ် ၁၀၂,၁၂၉ အုပ်၊ မဂ္ဂဇင်း ၆၈,၉၁၁ စောင် ဝေငှခဲ့တယ်။ လူပေါင်း ၄,၇၀၁ ယောက် ကျမ်းစာသင်အံမှု တောင်းခံခဲ့တယ်။ ဒီလုပ်ငန်းကို သန့်ရှင်းသော စွမ်းအားတော် ထောက်မနေတာ ထင်ရှားပါတယ်။ ဒါကြောင့် အများရှေ့ သက်သေခံခြင်း အစီအစဉ်ကို ကမ္ဘာတစ်ဝန်းမှာ လုပ်ဆောင်ဖို့ အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုခဲ့တယ်။
၁၀။ အမှုဆောင်လုပ်ငန်းမှာ တိုးတက်ဖို့ ဘာလုပ်နိုင်သလဲ။
၁၀ သင် လုပ်ဆောင်နိုင်ရာ။ ခရစ်ယာန် အစည်းအဝေးတွေကတစ်ဆင့် ယေဟောဝါ ပေးနေတဲ့ လေ့ကျင့်မှုကနေ အကျိုး အပြည့်အဝ ရယူပါ။ အမှုဆောင်အုပ်စုနဲ့အတူ ပုံမှန် ဟောပြောပါ။ ဒါမှ လိုအပ်တဲ့ ကဏ္ဍတွေမှာ တိုးတက်နိုင်ဖို့ အကူအညီ ရမယ်။ ညီအစ်ကို/မတွေရဲ့ တွေ့ကြုံမှုကောင်းတွေကနေ အားပေးမှု ရမယ်။ အခက်အခဲတွေ ရှိရင်တောင် ဆက်ဟောပြောနေပါ။ ဒီဆောင်းပါးရဲ့ အဓိကကျမ်းချက်မှာ သတိပေးထားတဲ့အတိုင်း ကျွန်တော်တို့ ဘုရားအလိုတော် ဆောင်နေတာ ကိုယ့်အစွမ်းအစနဲ့ မဟုတ်ဘူး။ သန့်ရှင်းသော စွမ်းအားတော် အကူအညီနဲ့ပါ။ (ဇာ. ၄:၆) အရေးကြီးဆုံးကတော့ ဘုရားသခင့် လုပ်ငန်း ဖြစ်လို့ ဘုရား ခွန်အားပေးပါလိမ့်မယ်။
ယေဟောဝါဟာ စည်းစနစ် ရှိပြီး ငြိမ်သက်ခြင်း လိုလားတဲ့ ဘုရား ဖြစ်
၁၁။ ပထမရာစုမှာ ဘုရားလူမျိုးကြား စည်းလုံးငြိမ်သက်မှု ရှိဖို့ အုပ်ချုပ်ရေးအဖွဲ့ ဘယ်လို စည်းစည်းလုံးလုံး လုပ်ဆောင်ခဲ့သလဲ။
၁၁ ပထမရာစု။ ဂျေရုဆလင်မြို့မှာ ရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့တ. ၂:၄၂) ဥပမာ၊ အေဒီ ၄၉ မှာ အရေပြား ဖြတ်ခြင်း အရေးကိစ္စ ပေါ်လာတဲ့အခါ အုပ်ချုပ်ရေးအဖွဲ့ဟာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ဒီကိစ္စကို ဆွေးနွေးခဲ့တယ်။ ဒီကိစ္စကြောင့် အသင်းတော် စိတ်ဝမ်းကွဲသွားရင် ဟောပြောခြင်းလုပ်ငန်း ရပ်တန့်သွားနိုင်တယ်။ တမန်တော်တွေ၊ အကြီးအကဲတွေဟာ ဂျူးလူမျိုး ဖြစ်ပေမဲ့ ဂျူးထုံးတမ်းစဉ်လာတွေ၊ အဲဒီထုံးတမ်းစဉ်လာကို အခိုင်အမာ ထောက်ခံသူတွေရဲ့ ဩဇာလွှမ်းမိုးမှု မခံဘူး။ လမ်းညွှန်မှု ရဖို့ ကျမ်းစာနဲ့ သန့်ရှင်းသော စွမ်းအားတော်ကို အားကိုးခဲ့ကြတယ်။ (တ. ၁၅:၁၊ ၂၊ ၅-၂၀၊ ၂၈) ဘာရလဒ် ရသလဲ။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ယေဟောဝါ ကောင်းချီးပေးတဲ့အတွက် အသင်းတော် ဆက်ငြိမ်သက်စည်းလုံးပြီး ဟောပြောခြင်းလုပ်ငန်း တိုးတက်ခဲ့တယ်။—တ. ၁၅:၃၀၊ ၃၁။ ၁၆:၄၊ ၅။
ဟာ ဘုရားလူမျိုးကြား စည်းစနစ် ရှိဖို့၊ ငြိမ်သက်ဖို့ စည်းလုံးစွာ လုပ်ဆောင်ခဲ့တယ်။ (၁၂။ ဒီနေ့ခေတ် ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ စည်းစနစ်ကျနမှု၊ ငြိမ်သက်မှု ရှိကြောင်း ဘာက ဖော်ပြသလဲ။
၁၂ ဒီနေ့ခေတ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းဟာ ဘုရားလူမျိုးကြား စည်းစနစ် ရှိဖို့၊ ငြိမ်သက်ဖို့ လုပ်ဆောင်နေတယ်။ ၁၈၉၅၊ နိုဝင်ဘာ ၁၅ ဇိအုန်ကင်းမျှော်စင်နှင့် ခရစ်တော် ရောက်ရှိနေခြင်း၏ သံတော်ဆင့် မှာ ၁ ကောရိန္သု ၁၄:၄၀ ကို အခြေခံထားတဲ့ “နည်းလမ်းတကျ၊ စည်းစနစ်တကျ” ဆိုတဲ့ ဆောင်းပါး ပါလာတယ်။ ဆောင်းပါးမှာ ဒီလိုရေးထားတယ်– “စည်းစနစ်ကျနခြင်းနဲ့ပတ်သက်ပြီး အစောပိုင်း အသင်းတော်ဆီ တမန်တော်တွေ စာအများကြီး ရေးခဲ့တယ်။ . . . ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ကျမ်းစာမှာ ကြိုတင်ရေးထားတာတွေကို ဂရုတစိုက် ဆက်လိုက်နာနေဖို့ သိပ်အရေးကြီးတယ်။” (ရော. ၁၅:၄) မှန်ပါတယ်။ အစောပိုင်း ခရစ်ယာန်တွေလိုပဲ ဒီနေ့ခေတ် အသင်းတော်တွေမှာလည်း စည်းစနစ်ကျနဖို့၊ ငြိမ်သက်မှု ရှိဖို့ ယေဟောဝါရဲ့ အဖွဲ့အစည်း လုပ်ဆောင်နေတယ်။ ဥပမာ၊ တခြားအသင်းတော်မှာ ဒါမှမဟုတ် တခြားနိုင်ငံမှာ ကင်းမျှော်စင် သင်တန်း တက်ရမယ်ဆိုရင်တောင် သင်တန်း ဘယ်လို ကျင်းပမယ်၊ ဘယ်ဆောင်းပါး ဆွေးနွေးမယ်ဆိုတာ သင် သိနေလို့ ချက်ချင်း စိတ်အေးသွားမှာပဲ။ ဒီလို အဖိုးတန် စည်းလုံးမှု ရှိစေတာ ဘုရားသခင့် စွမ်းအားတော်ကလွဲလို့ ဘာများ ဖြစ်နိုင်ဦးမှာလဲ။—ဇေ. ၃:၉။
၁၃။ ယာကုပ် ၃:၁၇ အရ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။
၁၃ သင် လုပ်ဆောင်နိုင်ရာ။ ယေဟောဝါက မိမိလူမျိုးကို “သန့်ရှင်းသော စွမ်းအားတော်ကြောင့် ရလာတဲ့ စည်းလုံးမှုနှောင်ကြိုးကို ကြိုးစားထိန်းသိမ်း” စေချင်တယ်။ (ဧ. ၄:၁-၃) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘အသင်းတော်မှာ စည်းလုံးငြိမ်သက်မှု တိုးများအောင် ငါလုပ်နေသလား။ ဦးဆောင်နေသူတွေကို နာခံနေသလား။ အထူးသဖြင့် ငါဟာ အသင်းတော်မှာ တာဝန်ရှိ အနေအထား ရထားတယ်ဆိုရင် တခြားသူတွေ အားကိုးနိုင်တဲ့သူ ဖြစ်ရဲ့လား။ အချိန်တိကျသလား။ ကူညီပေးချင်စိတ်၊ သူတစ်ပါးအကျိုး သယ်ပိုးချင်စိတ် ရှိသလား။’ (ယာကုပ် ၃:၁၇ ကိုဖတ်ပါ။) တိုးတက်ရမယ့် ကဏ္ဍတွေ ရှိတယ်ဆိုရင် သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဆုတောင်းပါ။ သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ လုပ်ရပ်တွေကို သန့်ရှင်းသော စွမ်းအားတော် ဩဇာလွှမ်းမိုးလေ ညီအစ်ကို/မတွေ သင့်ကို ပိုချစ်လေ၊ ပိုတန်ဖိုးထားလေ ဖြစ်ပါလိမ့်မယ်။
ကျွန်တော်တို့ကို ယေဟောဝါ သွန်သင်ပြီး အသင့် ပြင်ဆင်ပေး
၁၄။ ကောလောသဲ ၁:၉၊ ၁၀ အရ “ဘုရားသခင်ရဲ့ အလိုတော်ကို တိကျမှန်ကန်စွာ သိကျွမ်းနိုင်ဖို့” ပထမရာစု ခရစ်ယာန်တွေကို ယေဟောဝါ ဘယ်လို သွန်သင်ပေးခဲ့သလဲ။
၁၄ ပထမရာစု။ ယေဟောဝါက မိမိလူမျိုးကို သွန်သင်ပေးရတာ အလွန်နှစ်သက်တယ်။ (ဆာ. ၃၂:၈) မိမိအကြောင်း သိစေချင်တယ်။ မိမိကို ချစ်စေချင်တယ်။ ထာဝစဉ် အသက်ရှင်စေချင်တယ်။ အဲဒီလို ဖြစ်နိုင်ဖို့ ဘုရားရဲ့ သွန်သင်မှု မရှိမဖြစ် လိုအပ်တယ်။ (ယော. ၁၇:၃) မိမိလူမျိုးကို သွန်သင်ပေးဖို့ ပထမရာစုမှာ ခရစ်ယာန် အသင်းတော်ကို ယေဟောဝါ အသုံးပြုခဲ့တယ်။ (ကောလောသဲ ၁:၉၊ ၁၀ ကိုဖတ်ပါ။) ယေရှု ကတိပြုခဲ့တဲ့ “ကူညီသူ” သန့်ရှင်းသော စွမ်းအားတော်က အဓိက အခန်းကဏ္ဍကနေ ပါဝင်တယ်။ (ယော. ၁၄:၁၆) သန့်ရှင်းသော စွမ်းအားတော်က တပည့်တွေကို ကျမ်းစာ ပိုနားလည်ဖို့၊ ယေရှု ပြောခဲ့၊ လုပ်ခဲ့တာတွေ မှတ်မိဖို့ ကူညီပေးလို့ နောက်ပိုင်းမှာ ခရစ်ဝင်ကျမ်းတွေအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြတယ်။ အဲဒီအသိပညာက အစောပိုင်း ခရစ်ယာန်တွေရဲ့ ယုံကြည်ခြင်းကို သာမက ဘုရားသခင်၊ သားတော်နဲ့ အချင်းချင်းအပေါ် ထားတဲ့ မေတ္တာကို တိုးများစေခဲ့တယ်။
၁၅။ ဟေရှာယ ၂:၂၊ ၃ မှာ ပါတဲ့ ကတိကို ဘယ်နည်းတွေနဲ့ ယေဟောဝါ ပြည့်စုံနေစေသလဲ။
၁၅ ဒီနေ့ခေတ်။ “အဆုံးပိုင်းကာလမှာ” နည်းလမ်းတော်တွေ သွန်သင်ခံရဖို့ လူမျိုးအားလုံး ပုံဆောင်သဘောအရ တောင်ပေါ် တက်သွားမယ်လို့ ယေဟောဝါ ကြိုဟောတယ်။ (ဟေရှာယ ၂:၂၊ ၃ ကိုဖတ်ပါ။) အဲဒီပရောဖက်ပြုချက် ပြည့်စုံတာ ကျွန်တော်တို့ မြင်နေရတယ်။ စစ်မှန်တဲ့ ဝတ်ပြုရေးဟာ မှားယွင်းတဲ့ ဝတ်ပြုမှုပုံစံအားလုံးရဲ့ ထိပ်ဆုံးမှာ ချီးမြှောက်ခံနေရတယ်။ ယေဟောဝါက ‘သစ္စာနဲ့ သတိပညာရှိ ကျွန်’ ကတစ်ဆင့် ကျမ်းစာ အကြောင်းအရာ အမျိုးမျိုးကို အလျှံပယ် ပြင်ဆင်ပေးနေတယ်။ အဲဒီထဲမှာ ဆောင်းပါးတွေ၊ ဟောပြောချက်တွေ၊ ကာတွန်းသရုပ်ဖော်တွေ၊ ဗီဒီယိုတွေ ပါဝင်တယ်။ (ဟေရှာ. ၂၅:၆။ မ. ၂၄:၄၅) “ဘုရားလို သွန်သင်နိုင်သူ ဘယ်သူ ရှိသလဲ” လို့ ပြောခဲ့တဲ့ ယောဘမိတ်ဆွေ ဧလိဟုလို ကျွန်တော်တို့ ခံစားရပါတယ်။—ယောဘ ၃၆:၂၂။
၁၆။ ယေဟောဝါရဲ့ သွန်သင်ပေးမှုကနေ အကျိုးရဖို့ ဘာလုပ်နိုင်သလဲ။
၁၆ သင် လုပ်ဆောင်နိုင်ရာ။ ကျမ်းစာကနေ သိလာသမျှကို လက်တွေ့ကျင့်သုံးနိုင်ဖို့ စွမ်းအားတော်က ကူညီပေးပါလိမ့်မယ်။ “အို ယေဟောဝါ၊ ကိုယ်တော့် လမ်းစဉ်အကြောင်း သွန်သင်ပေးပါ။ အမှန်တရားလမ်းမှာ လျှောက်ပါ့မယ်။ နာမတော်ကို ကြောက်ရွံ့တတ်ဖို့ စိတ်ကို စုစည်းပေးပါ” ဆိုပြီး ဆာလံဆရာလို ဆုတောင်းပါ။ (ဆာ. ၈၆:၁၁) ကျမ်းစာနဲ့ အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါ ပြင်ဆင်ပေးနေတဲ့ အချိန်တန်အစာကို ဆက်စားသုံးပါ။ ဒါပေမဲ့ သင့်ပန်းတိုင်က အသိပညာ ဆည်းပူးဖို့လောက်ပဲ မဖြစ်သင့်ဘူး။ စိတ်နှလုံးထဲ အမှန်တရား စိမ့်ဝင်ပြီး လက်တွေ့ကျင့်သုံးဖို့ ဖြစ်သင့်တယ်။ အဲဒီလို ဖြစ်နိုင်ဖို့ ယေဟောဝါရဲ့ စွမ်းအားတော်က ကူညီပေးနိုင်တယ်။ ညီအစ်ကို/မတွေကိုလည်း အားပေးသင့်တယ်။ (ဟီ. ၁၀:၂၄၊ ၂၅) ဘာကြောင့်လဲ။ သူတို့ဟာ သင့်မိသားစုဝင်တွေ ဖြစ်နေလို့ပဲ။ ဒါ့အပြင် အစည်းအဝေးတွေမှာ လှိုက်လှိုက်လှဲလှဲ မှတ်ချက်ပေးနိုင်အောင်၊ တာဝန်ကျတဲ့ အပိုင်းကို အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ကူညီပေးဖို့ စွမ်းအားတော် တောင်းခံပါ။ ဒီနည်းအားဖြင့် ယေဟောဝါနဲ့ ယေရှုရဲ့ အဖိုးတန်သိုးတွေကို အမှန်တကယ် ချစ်မြတ်နိုးကြောင်း သက်သေပြနိုင်ပါလိမ့်မယ်။—ယော. ၂၁:၁၅-၁၇။
၁၇။ ယေဟောဝါရဲ့ အဖွဲ့အစည်းကို သစ္စာရှိရှိ ထောက်မကြောင်း ဘယ်နည်းတွေနဲ့ ပြနိုင်သလဲ။
၁၇ မကြာခင် ဘုရားစွမ်းအားတော် ဦးဆောင်တဲ့ အဖွဲ့အစည်းတစ်ခုပဲ ကမ္ဘာပေါ် ကျန်တော့မယ်။ ဒါကြောင့် ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ ထက်ထက်သန်သန် ပူးပေါင်းလုပ်ဆောင်ပါ။ ဆုံတွေ့သူတိုင်းကို သတင်းကောင်း ကြေညာခြင်းအားဖြင့် မျက်နှာမလိုက်တတ်တဲ့ ဘုရားသခင်ရဲ့ မေတ္တာကို တုပပါ။ အသင်းတော်မှာ စည်းလုံးမှု တိုးများအောင် လုပ်ဆောင်ခြင်းအားဖြင့် စည်းစနစ် ရှိပြီး ငြိမ်သက်မှု လိုလားတဲ့ ဘုရားသခင်ရဲ့ မေတ္တာကို တုပပါ။ ဘုရား ပြင်ဆင်ပေးတဲ့ ပုံဆောင်အစာကနေ အကျိုးအပြည့်အဝ ရယူခြင်းအားဖြင့် မဟာသွန်သင်ရှင်ရဲ့ စကားကို နားထောင်ပါ။ ဒါဆိုရင် စာတန့်လောက အဆုံးတိုင်တဲ့အခါ သင် ကြောက်ရွံ့နေမှာ မဟုတ်ဘူး။ အဲဒီအစား ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ သစ္စာရှိရှိ ဝတ်ပြုနေသူတွေနဲ့အတူ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ရပ်တည်နိုင်ပါလိမ့်မယ်။
သီချင်း ၃ တို့မျှော်လင့်ကိုးစားရာ
^ အပိုဒ်၊ 5 ဒီနေ့ခေတ် အဖွဲ့အစည်းကို ယေဟောဝါ လမ်းညွှန်နေတယ်ဆိုတာ သင် ယုံကြည်စိတ်ချသလား။ အစောပိုင်း ခရစ်ယာန် အသင်းတော်ကို ယေဟောဝါ ဘယ်လို လမ်းညွှန်ခဲ့ကြောင်း၊ ဒီနေ့ခေတ် မိမိလူမျိုးကို ဘယ်လို ဆက်လမ်းညွှန်နေကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
^ အပိုဒ်၊ 1 စကားလုံး ရှင်းလင်းချက်– ယေဟောဝါရဲ့ စကြဝဠာ အဖွဲ့အစည်းမှာ ကောင်းကင်ဆိုင်ရာအပိုင်းနဲ့ မြေကြီးဆိုင်ရာအပိုင်း ရှိတယ်။ ဒီဆောင်းပါးမှာ ပါတဲ့ “အဖွဲ့အစည်း” ဆိုတဲ့ စကားလုံးက မြေကြီးဆိုင်ရာအပိုင်းကို ရည်ညွှန်းတယ်။
^ အပိုဒ်၊ 52 ပုံအညွှန်း– ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်နေသူတွေအကြောင်း ဗီဒီယို ကြည့်ပြီးနောက် သူတို့ရဲ့ ပုံသက်သေအတိုင်း လုပ်ဆောင်ဖို့ ရှေ့ဆောင်ညီအစ်မတစ်ယောက် လှုံ့ဆော်ခံရ။ နောက်ပိုင်းမှာ အဲဒီပန်းတိုင်အတိုင်း ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်နိုင်ခဲ့။