လေ့လာစရာ အကြံပြုလွှာ
အဓိကအချက်တွေကို ပြန်သုံးသပ်ပါ
တစ်ခုခု လေ့လာပြီးတာနဲ့ မေ့သွားတာမျိုး ဖြစ်ဖူးသလား။ ကျွန်တော်တို့အားလုံး ဖြစ်ဖူးကြတယ်။ လေ့လာခဲ့တာကို မမှတ်မိရင် ဘာလုပ်နိုင်သလဲ။ အဓိကအချက်တွေကို ပြန်သုံးသပ်နိုင်တယ်။
လေ့လာတဲ့အခါ ခဏရပ်လိုက် အဓိကအချက်တွေကို မှတ်သားလိုက် လုပ်ပါ။ မိမိ ရေးတဲ့ စာမှာ “အကြောင်းအရာရဲ့ အဓိကအချက်က” လို့ တမန်တော် ပေါလု ပြောတယ်။ (ဟီ. ၈:၁) ညီအစ်ကို/မတွေ ဖတ်ရင်း ခဏရပ်ပြီး မှတ်သားနိုင်ဖို့ပါ။ ဒါက ဆိုလိုရင်းကို သဘောပေါက်ဖို့၊ အကြောင်းအရာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ပုံကို နားလည်ဖို့ ကူညီပေးတယ်။
လေ့လာမှုပြီးနောက် အချိန် ဆယ်မိနစ်လောက်ဖြစ်ဖြစ် ဖယ်ထားပြီး အဓိကအချက်တွေကို ပြန်စဉ်းစားနိုင်တယ်။ စဉ်းစားလို့မရရင် ခေါင်းစဉ်ခွဲတွေကို ဒါမှမဟုတ် စာပိုဒ်တစ်ပိုဒ်စီရဲ့ ပထမဆုံးစာကြောင်းကို ပြန်ကြည့်ပါ။ ဒါဆိုရင် အဓိကအချက်တွေ ခေါင်းထဲ ပြန်ပေါ်လာမယ်။ အကြောင်းအရာအသစ် လေ့လာခဲ့တယ်ဆိုရင် ပြန်ရှင်းပြတတ်အောင် လေ့ကျင့်ပါ။ အဓိကအချက်တွေကို ပြန်သုံးသပ်မယ်ဆိုရင် မှတ်မိဖို့၊ လက်တွေ့ကျင့်သုံးနိုင်ပုံကို ရှင်းရှင်းလင်းလင်း သိဖို့ ပိုလွယ်တယ်။