မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာစရာ အကြောင်းအရာ

ဘုရားစိတ်နဲ့ တွေ့ချင်သူဟာ ဆုံးဖြတ်ချက်ကောင်းတွေ ချ

ဘုရားစိတ်နဲ့ တွေ့ချင်သူဟာ ဆုံးဖြတ်ချက်ကောင်းတွေ ချ

ဧသောနဲ့ ယာကုပ် ဆုံးဖြတ်ချက်ကောင်း ချခဲ့၊ မချခဲ့ သိရဖို့ ကမ္ဘာဦး ၂၅:၂၉-၃၄ ကို ဖတ်ပါ။

အထက်အောက် ကျမ်းပိုဒ်တွေ လေ့လာပါ။ အဲဒီမတိုင်ခင် ဘာဖြစ်သလဲ။ (က. ၂၅:၂၀-၂၈) အဲဒီနောက် ဘာဖြစ်သလဲ။—က. ၂၇:၁-၄၆

အသေးစိတ် ထပ်ရှာဖွေပါ။ အဲဒီခေတ်က သားဦးတစ်ယောက်ရဲ့ အခွင့်အရေးတွေ၊ တာဝန်တွေက ဘာလဲ။—က. ၁၈:၁၈၊ ၁၉က၁၀ ၅/၁ ၁၃

  • မေရှိယရဲ့ ဘိုးဘေး ဖြစ်ဖို့ သားဦး ဖြစ်ကို ဖြစ်ရမလား။ (က၁၇.၁၂ ၁၄-၁၅)

သင်ခန်းစာတွေ စဉ်းစားပါ။ လက်တွေ့ အသုံးချပါ။ သားဦးအခွင့်အရေးကို ဧသောထက် ယာကုပ် ဘာကြောင့် တန်ဖိုးထားသလဲ။ (ဟီ. ၁၂:၁၆၊ ၁၇က၀၃ ၁၀/၁၅ ၂၈-၂၉) ညီအစ်ကိုနှစ်ယောက်ကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။ ဘာကြောင့်လဲ။ (မာလ. ၁:၂၊ ၃) ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဧသော ဘာလုပ်ခဲ့သင့်သလဲ။

  • ‘တစ်ပတ်တာ အချိန်ဇယား ဆွဲတဲ့အခါ၊ မိသားစု ဝတ်ပြုမှုအတွက် အချိန်ဇယား ဆွဲတဲ့အခါ ဘုရားစိတ်နဲ့ တွေ့ချင်ကြောင်း ငါ ဘယ်လို ပြနိုင်သလဲ’ လို့ စဉ်းစားပါ။