မှန်ကန်တဲ့ အချက်အလက်တွေကို သင် သိရဲ့လား
“အကြောင်းစုံကို နားမထောင်သေးဘဲနဲ့ ပြန်ပြောတဲ့သူဟာ မိုက်မဲရုံမက အရှက်ခွဲခြင်းကိုပါ ခံရတတ်တယ်။”—ပညာ. ၁၈:၁၃။
၁၊ ၂။ (က) အရေးပါတဲ့ ဘယ်အရည်အသွေးကို မွေးမြူရမလဲ။ ဘာကြောင့်လဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
ခရစ်ယာန်စစ်တွေအနေနဲ့ အချက်အလက်တွေကို ဆန်းစစ်ပြီး မှန်မှန်ကန်ကန် ကောက်ချက်ချနိုင်တဲ့ အရည်အသွေး မွေးမြူဖို့ လိုတယ်။ (ပညာ. ၃:၂၁-၂၃။ ၈:၄၊ ၅) အဲဒီအရည်အသွေး မရှိရင် ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ စာတန်နဲ့ လောကရဲ့ရန်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။ (ဧ. ၅:၆။ ကော. ၂:၈) မှန်ကန်တဲ့ အချက်အလက်တွေကို သိထားမှပဲ မှန်မှန်ကန်ကန် ကောက်ချက်ချနိုင်မယ်။ “အကြောင်းစုံကို နားမထောင်သေးဘဲနဲ့ ပြန်ပြောတဲ့သူဟာ မိုက်မဲရုံမက အရှက်ခွဲခြင်းကိုပါ ခံရတတ်တယ်” လို့ ပညာအလိမ္မာ ၁၈:၁၃ မှာ ပြောတယ်။
၂ မှန်ကန်တဲ့ အချက်အလက်တွေ ရဖို့၊ မှန်မှန်ကန်ကန် ကောက်ချက်ချနိုင်ဖို့ အတားအဆီးဖြစ်စေတဲ့ အခက်အခဲတချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ အချက်အလက်တွေကို မှန်ကန်စွာ ဆန်းစစ်နိုင်အောင် ကူညီပေးမယ့် လက်တွေ့ကျ ကျမ်းစာမူတွေ၊ ပုံနမူနာတွေကိုလည်း ဆွေးနွေးသွားပါမယ်။
“ပြောသမျှ” မယုံနဲ့
၃။ ပညာအလိမ္မာ ၁၄:၁၅ မှာပါတဲ့ ကျမ်းစာမူကို ဘာကြောင့် ကျင့်သုံးဖို့ လိုသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၃ ဒီနေ့ခေတ်မှာ အင်တာနက်၊ တီဗီ၊ တခြားမီဒီယာတွေကနေ အချက်အလက်တွေ ပညာအလိမ္မာ ၁၄:၁၅ မှာ ပြောတယ်။
အဆက်မပြတ် ရနေတယ်။ လူများစွာဟာ အသိမိတ်ဆွေတွေဆီက အီးမေးလ်၊ မက်ဆေ့ခ်ျ၊ သတင်းမှတ်တမ်းတွေ ဒလဟော ရနေကြတယ်။ မှားယွင်းတဲ့၊ မတိကျတဲ့ အချက်အလက်တွေ အလွယ်တကူ ပျံ့သွားနိုင်လို့ သတိရှိဖို့၊ ကြားတဲ့အရာကို အသေအချာ ဆန်းစစ်ဖို့ လိုတယ်။ ဘယ်ကျမ်းစာမူက ကူညီပေးနိုင်သလဲ။ “ရိုးအတဲ့သူက ပြောသမျှ ယုံတတ်တယ်။ အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်” လို့၄။ ဖိလိပ္ပိ ၄:၈၊ ၉ က ဖတ်တဲ့အရာကို စိစစ်နိုင်ဖို့ ဘယ်လို ကူညီပေးသလဲ။ တိကျမှန်ကန်တဲ့ အချက်အလက် ရဖို့ ဘာကြောင့် အရေးကြီးသလဲ။ (“ မှန်ကန်တဲ့ အချက်အလက်တွေ ရဖို့ အကူအညီများ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၄ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ တိကျမှန်ကန်တဲ့ အချက်အလက်တွေ လိုအပ်တယ်။ ဒါကြောင့် ကိုယ်ဖတ်မယ့် အချက်အလက်ကို အသေအချာ စိစစ်ရွေးချယ်ရမယ်။ (ဖိလိပ္ပိ ၄:၈၊ ၉ ကိုဖတ်ပါ။) သံသယဖြစ်ဖွယ် အင်တာနက်သတင်းတွေ၊ အထောက်အထား မခိုင်လုံတဲ့ အီးမေးလ်မှတ်တမ်းတွေ ဖတ်ရင်းနဲ့ပဲ အချိန်မဖြုန်းပါနဲ့။ အထူးသဖြင့် အယူဖောက်ပြန်သူတွေရဲ့ ဝက်ဘ်ဆိုက်တွေကို ရှောင်ဖို့ အရေးကြီးတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က ဘုရားလူမျိုးကို ဖြိုခွဲဖို့၊ အမှန်တရားကို အထင်အမြင် မှားစေဖို့ပဲ။ မမှန်တဲ့ အချက်အလက်တွေက မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချစေလိမ့်မယ်။ မမှန်တဲ့ သတင်းအချက်အလက်တွေက ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ဘယ်လောက် အကျိုးသက်ရောက်နိုင်တယ်ဆိုတာ လျှော့မတွက်လိုက်ပါနဲ့။—၁ တိ. ၆:၂၀၊ ၂၁။
၅။ ဘယ်သတင်းမှားကို အစ္စရေးတွေ နားထောင်ခဲ့သလဲ။ ဒါက သူတို့ကို ဘယ်လို ထိခိုက်ခဲ့သလဲ။
၅ သတင်းမှားကို ယုံမိရင် ဒုက္ခရောက်နိုင်တယ်။ ဥပမာ၊ မောရှေလက်ထက်တုန်းက ကတိထားရာပြည်ကို စူးစမ်းဖို့ လွှတ်လိုက်တဲ့ သူလျှို ၁၂ ယောက်ထဲက ၁၀ ယောက် သတင်းဆိုး ပြန်လာပြောတဲ့အခါ ဘာဖြစ်ခဲ့ကြောင်း စဉ်းစားကြည့်ပါ။ (တော. ၁၃:၂၅-၃၃) သူတို့ရဲ့ ချဲ့ကားပြောဆိုမှုက ယေဟောဝါရဲ့ လူတွေကို စိတ်ဓာတ်ကျစေခဲ့တယ်။ (တော. ၁၄:၁-၄) ဘာကြောင့်လဲ။ သူလျှိုအများစု ပြောတာဆိုတော့ မှန်မယ်လို့ ထင်သွားကြတာ ဖြစ်နိုင်တယ်။ ယောရှုနဲ့ ကာလက် ပြောတဲ့ သတင်းအမှန်ကိုတော့ လက်မခံကြဘူး။ (တော. ၁၄:၆-၁၀) မှန်ကန်တဲ့ အချက်အလက်တွေ ရယူပြီး ယေဟောဝါကို ယုံကြည်ကိုးစားမယ့်အစား သတင်းဆိုးကို ယုံခဲ့ကြတယ်။ အတော်မိုက်မဲတာပဲ။
၆။ ယေဟောဝါရဲ့လူမျိုးအကြောင်း မဖြစ်နိုင်တာတွေ ကြားရတဲ့အခါ ဘာကြောင့် မထိတ်လန့်သင့်သလဲ။
၆ ယေဟောဝါလူမျိုးနဲ့ပတ်သက်တဲ့ သတင်းတွေ ရတဲ့အခါ အထူးသတိထားဖို့ လိုတယ်။ ဘုရားသခင့် သစ္စာရှိကျေးကျွန်တွေကို စာတန် စွပ်စွဲနေကြောင်း ဘယ်တော့မှ မမေ့ပါနဲ့။ (ဗျာ. ၁၂:၁၀) ဆန့်ကျင်သူတွေက ကျွန်တော်တို့ကို “မဟုတ်မမှန် စွပ်စွဲ” ကြလိမ့်မယ်လို့ ယေရှု သတိပေးတယ်။ (မ. ၅:၁၁) အဲဒီသတိပေးချက်ကို အလေးအနက်ထားမယ်ဆိုရင် ယေဟောဝါရဲ့လူမျိုးအကြောင်း မဖြစ်နိုင်တာတွေ ကြားရတဲ့အခါ ထိတ်လန့်သွားမှာ မဟုတ်ဘူး။
၇။ အီးမေးလ်၊ မက်ဆေ့ခ်ျ မပို့ခင် ဘာကို စဉ်းစားရမလဲ။
၇ သင်ဟာ အသိမိတ်ဆွေတွေဆီ အီးမေးလ်၊ မက်ဆေ့ခ်ျပို့တာ ဝါသနာပါတဲ့သူလား။ ဒါဆို သတင်းမီဒီယာမှာ အသစ်တင်ထားတဲ့ သတင်းတစ်ပုဒ် တွေ့တဲ့အခါ၊ အကြောင်းအရာတစ်ခုခုကို ကြားတဲ့အခါ ဦးဦးဖျားဖျား သတင်းပေးချင်မှာပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်ဆီ အီးမေးလ်၊ မက်ဆေ့ခ်ျ မပို့ခင် ‘ငါအခုပို့မယ့်သတင်းက တကယ်မှန်ရဲ့လား၊ စိတ်ချရရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ မသေချာဘူးဆိုရင် ညီအစ်ကို/မတွေကြား မရည်ရွယ်ဘဲ သတင်းမှား ဖြန့်သလို ဖြစ်သွားနိုင်တယ်။ ဒါကြောင့် မသေချာဘူးဆိုရင် ပို့မယ့်အစား ဖျက်လိုက်ပါ။
၈။ နိုင်ငံတချို့မှာ ဆန့်ကျင်သူတွေ ဘာလုပ်ခဲ့ကြသလဲ။ ဘယ်လိုနည်းအားဖြင့် မရည်ရွယ်ဘဲ သူတို့နဲ့ တွဲလုပ်သလို ဖြစ်သွားနိုင်သလဲ။
၈ အီးမေးလ်တွေ၊ မက်ဆေ့ခ်ျတွေကို မြန်မြန်ဆန်ဆန် ပို့ခြင်းရဲ့ နောက်အန္တရာယ်တစ်ခု ရှိသေးတယ်။ နိုင်ငံတချို့မှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ကန့်သတ်၊ ပိတ်ပင်ထားတယ်။ အဲဒီနိုင်ငံမှာရှိတဲ့ ဆန့်ကျင်သူတွေက ကျွန်တော်တို့ ကြောက်စိတ်ဝင် * သတင်းမှားကို ယုံသူတချို့ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ လမ်းခွဲလိုက်ကြတယ်။ ဝမ်းနည်းစရာပါပဲ။ နောက်ပိုင်း အများစုက ပြန်လှည့်လာပေမဲ့ တချို့ကတော့ ယုံကြည်ခြင်းသင်္ဘောပျက်ပြီး ပြန်လှည့်မလာကြဘူး။ (၁ တိ. ၁:၁၉) အဲဒီလို အဖြစ်ဆိုးကို ဘယ်လို ရှောင်နိုင်မလဲ။ မှားယွင်းတဲ့၊ အထောက်အထား မခိုင်လုံတဲ့ သတင်းတွေ မဖြန့်ပါနဲ့။ အယုံမလွယ်ပါနဲ့။ မရိုးအပါနဲ့။ မှန်ကန်တဲ့ အချက်အလက်တွေဖြစ်ကြောင်း သေချာစေပါ။
အောင်၊ အချင်းချင်း မယုံသင်္ကာဖြစ်အောင် တမင် သတင်းဖြန့်နိုင်တယ်။ အရင် ဆိုဗီယက်ပြည်ထောင်စုမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ ကေဂျီဘီလို့ခေါ်တဲ့ လျှို့ဝှက်ရဲအဖွဲ့က အထင်ကရညီအစ်ကိုတချို့ သစ္စာဖောက်သွားပြီလို့ သတင်းလွှင့်တယ်။မပြည့်စုံတဲ့ အချက်အလက်များ
၉။ တိကျမှန်ကန်တဲ့ အချက်အလက်ရဖို့ အခက်အခဲ နောက်တစ်ခုက ဘာလဲ။
၉ အမှန်တစ်ဝက်ပဲ ပါတဲ့၊ အချက်အလက် မပြည့်စုံတဲ့ သတင်းတွေကလည်း မှန်မှန်ကန်ကန် ကောက်ချက်ချဖို့ ခက်ခဲစေတယ်။ အကြောင်းအရာတစ်ခုက ၁၀ ရာခိုင်နှုန်းပဲ မှန်တယ်ဆိုရင် အထင်မှားဖို့ ၁၀၀ ရာခိုင်နှုန်း သေချာတယ်။ ဒါဆို အမှန်တစ်ဝက်ပဲ ပါတဲ့ သတင်းတွေကြောင့် အထင်မှားတာမျိုး မဖြစ်ရအောင် ဘယ်လို ရှောင်နိုင်မလဲ။—ဧ. ၄:၁၄။
၁၀။ အစ္စရေးတွေ ကိုယ့်ညီအစ်ကိုတွေကို စစ်တိုက်ခါနီးဖြစ်ခဲ့ရတာ ဘာကြောင့်လဲ။ ဘယ်လို ရှောင်နိုင်ခဲ့ကြသလဲ။
၁၀ ယောရှုခေတ်တုန်းက ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းမှာနေတဲ့ အစ္စရေးတွေ ဘာဖြစ်ခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ (ယောရှု ၂၂:၉-၃၄) ဂျော်ဒန်မြစ်နားမှာ ခမ်းနားတဲ့ ပူဇော်ရာပလ္လင်ကြီးတစ်ခုကို ဂျော်ဒန်မြစ် အရှေ့ဘက်မှာ နေတဲ့ ရုဗင်အနွယ်၊ ဂဒ်အနွယ်နဲ့ မနာရှေအနွယ်တစ်ဝက်တို့ တည်ကြပြီဆိုပြီး သတင်းရတယ်။ အဲဒီအထိတော့ သတင်းက မှန်တယ်။ ဒါပေမဲ့ မပြည့်စုံတဲ့ အချက်အလက်တွေအရ ယေဟောဝါကို ပုန်ကန်ပြီလို့ထင်ပြီး သူတို့ကို တိုက်ဖို့ စုဝေးလာကြတယ်။ (ယောရှု ၂၂:၉-၁၂ ကိုဖတ်ပါ။) မတိုက်ခင် အချက်အလက်အားလုံး ရဖို့ စိတ်ချရတဲ့ ကိုယ်စားလှယ်တွေကို လွှတ်လိုက်လို့ တော်သေးတယ်။ ရုဗင်၊ ဂဒ်နဲ့ မနာရှေအနွယ်တစ်ဝက်ဟာ ပူဇော်သက္ကာတွေ ဆက်သဖို့ ပူဇော်ရာပလ္လင် ဆောက်တာ မဟုတ်ဘဲ သက်သေဖြစ်စေဖို့ ဆောက်တာဖြစ်မှန်း သိလိုက်ရတယ်။ သူတို့လည်း ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တွေဖြစ်တာကို နောင်တစ်ချိန်မှာ လူတိုင်း သိနိုင်ဖို့ ဆောက်ခဲ့တာ။ မပြည့်စုံတဲ့ အချက်အလက်ပေါ် မူတည်ပြီး ကိုယ့်ညီအစ်ကိုတွေကို မသတ်မိတဲ့အတွက်၊ မှန်ကန်တဲ့အချက်အလက်တွေရဖို့ အချိန်ယူခဲ့တဲ့အတွက် အစ္စရေးတွေ ကျေးဇူးတင်ကြမှာပဲ။
၁၁။ (က) မေဖိဗောရှက် ဘယ်လို မတရားဆက်ဆံခံခဲ့ရသလဲ။ (ခ) ဒီမတရားမှု မလုပ်မိအောင် ဒါဝိဒ် ဘယ်လို ရှောင်နိုင်သလဲ။
၁၁ ကျွန်တော်တို့လည်း အမှန်တစ်ဝက်ပဲ ပါတဲ့၊ မပြည့်စုံတဲ့ သတင်းအချက်အလက်တွေကြောင့် မတရားခံရတာမျိုး ဖြစ်နိုင်တယ်။ ဘုရင်ဒါဝိဒ်နဲ့ မေဖိဗောရှက်တို့အကြောင်း သုံးသပ်ကြည့်ပါ။ ဒါဝိဒ်က မေဖိဗောရှက်ကို အဘိုးရှောလုရဲ့ မြေယာအားလုံး ပြန်ပေးပြီး ရက်ရောမှုနဲ့ ကြင်နာမှု ပြခဲ့တယ်။ (၂ ရှ. ၉:၆၊ ၇) ဒါပေမဲ့ နောက်ပိုင်း မေဖိဗောရှက်အကြောင်း မကောင်းသတင်း ကြားခဲ့တယ်။ သတင်းမှန်မမှန် မစစ်ဆေးဘဲ မေဖိဗောရှက် ပိုင်ဆိုင်သမျှကို ဒါဝိဒ် ပြန်သိမ်းလိုက်တယ်။ (၂ ရှ. ၁၆:၁-၄) မေဖိဗောရှက်နဲ့ စကားပြန်ပြောတော့မှ မှားမှန်းသိပြီး သူ့ပိုင်ဆိုင်ရာတချို့ကို ပြန်ပေးတယ်။ (၂ ရှ. ၁၉:၂၄-၂၉) မပြည့်စုံတဲ့ အချက်အလက်ကို အခြေခံပြီး အလျင်စလို ဆုံးဖြတ်မယ့်အစား အချက်အလက်အားလုံး ရဖို့ ဒါဝိဒ် အချိန်ယူခဲ့မယ်ဆိုရင် ဒီမတရားမှု မလုပ်မိအောင် ရှောင်နိုင်ခဲ့မှာပဲ။
၁၂၊ ၁၃။ (က) မဟုတ်မမှန် စွပ်စွဲခံရတဲ့အခါ ယေရှု ဘယ်လို တုံ့ပြန်သလဲ။ (ခ) တစ်ယောက်ယောက်က ကျွန်တော်တို့အကြောင်း မဟုတ်မမှန် သတင်းဖြန့်ထားရင် ဘာလုပ်နိုင်သလဲ။
၁၂ သင်ဟာ မဟုတ်မမှန် စွပ်စွဲခံနေရတယ် ဆိုရင်ကော။ ယေရှုနဲ့ နှစ်ခြင်းဆရာ ယောဟန်လည်း အဲဒီလို ခံခဲ့ရတယ်။ (မဿဲ ၁၁:၁၈၊ ၁၉ ကိုဖတ်ပါ။) အချက်အလက်အမှားကို ယေရှု ဘယ်လို ကိုင်တွယ်ခဲ့သလဲ။ အချိန်ကုန်ခံ၊ အပင်ပန်းခံပြီး လိုက်ဖြေရှင်းမနေဘူး။ အချက်အလက် အမှန်၊ တစ်နည်းအားဖြင့် သူ့ရဲ့အလုပ်နဲ့ သွန်သင်ချက်တွေကို ကြည့်ဖို့ပဲ လူတွေကို အားပေးခဲ့တယ်။ “ဉာဏ်ပညာဟာ ဖြောင့်မတ်တယ်ဆိုတာကို လုပ်ရပ်တွေနဲ့ သက်သေပြလိမ့်မယ်” လို့ ယေရှုပြောတယ်။—မ. ၁၁:၁၉။
၁၃ ကျွန်တော်တို့အားလုံး အဖိုးတန် သင်ခန်းစာ သင်ယူနိုင်ပါတယ်။ တစ်ခါတလေ မတရားပြောခံရ၊ ဝေဖန်ခံရနိုင်တယ်။ အဲဒီအခါ တရားမျှတမှုကို တမ်းတမိမှာပဲ။ နာမည်ပျက်သွားတာကို ပြန်အဖတ်ဆယ်ချင်မှာပဲ။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ တစ်ယောက်ယောက်က ကိုယ့်အကြောင်း မဟုတ်မမှန် သတင်းဖြန့်ထားရင်တောင် အဲဒါတွေကို ဘယ်သူမှ မယုံအောင် လုပ်ရပ်နဲ့ သက်သေပြနိုင်တယ်။ ယေရှုရဲ့အဖြစ်မှာလိုပဲ ကျွန်တော်တို့ရဲ့ ခရစ်ယာန်အမူအကျင့်ကောင်းတွေက အမှန်တစ်ဝက် သတင်းတွေ၊ စွပ်စွဲချက်တွေကို ပယ်ဖျက်ပေးနိုင်တယ်။
သင်ဟာ ကိုယ့်ကိုယ်ကိုယ်အားကိုးလွန်းသူလား
၁၄၊ ၁၅။ ကိုယ့်သိနားလည်နိုင်စွမ်းကို အားကိုးခြင်းက ဘယ်လိုနည်းနဲ့ ထောင်ချောက်ဖြစ်နိုင်သလဲ။
၁၄ မှန်မှန်ကန်ကန် ကောက်ချက်ချနိုင်ဖို့ အခက်အခဲတစ်ခုက စိတ်ချရတဲ့ အချက်အလက် မရရှိခြင်းပဲ။ လူ့မစုံလင်မှုကလည်း နောက်အခက်အခဲတစ်ခုဖြစ်တယ်။ ယေဟောဝါကို ဆယ်စုနှစ်များစွာ သစ္စာရှိရှိ အမှုဆောင်ခဲ့သူ ဆိုရင်ကော။ ကောင်းကောင်း စဉ်းစားတွေးခေါ်နိုင်၊ ပိုင်းခြားဆုံးဖြတ်နိုင်မှာပဲ။ ဒါပေမဲ့ အဲဒါကလည်း ထောင်ချောက်ဖြစ်သွားနိုင်တယ်။
၁၅ ကိုယ့်သိနားလည်မှုကိုပဲ အလွန်အားကိုးတာက ထောင်ချောက်ဖြစ်သွားနိုင်တယ်။ ကိုယ့်ခံစားချက်နဲ့ ကိုယ်ပိုင်အယူအဆတွေက အတွေးအခေါ်ကို လွှမ်းမိုးလာနိုင်တယ်။ အချက်အလက်အားလုံး မသိရင်တောင် အခြေအနေကိုကြည့်ပြီး နားလည်မှာပါလို့ ယူဆလာနိုင်တယ်။ ဒါဟာ သိပ်အန္တရာယ်ရှိတယ်။ ကိုယ့်သိနားလည်နိုင်စွမ်းကို အားမကိုးဖို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း သတိပေးထားတယ်။—ပညာ. ၃:၅၊ ၆။ ၂၈:၂၆။
၁၆။ အပိုဒ်ထဲက ဇာတ်လမ်းအရ စားသောက်ဆိုင်တစ်ဆိုင်မှာ ဘာဖြစ်ခဲ့သလဲ။ မျိုးကျော် ချက်ချင်း ဘယ်လို ကောက်ချက်ချလိုက်သလဲ။
၁၆ ဒီဇာတ်လမ်းလေးကို စဉ်းစားကြည့်ပါ။ တစ်ညနေမှာ ဝါရင့်အကြီးအကဲ မျိုးကျော်ဟာ အကြီးအကဲ ထွန်းထွန်းကို သူစိမ်းအမျိုးသမီးတစ်ယောက်နဲ့ စားသောက်ဆိုင်မှာ
ထိုင်နေတာ တွေ့လိုက်တယ်။ မျိုးကျော် လန့်သွားတယ်။ ထွန်းထွန်းနဲ့ အဲဒီအမျိုးသမီးဟာ ရယ်လိုက်မောလိုက်၊ ဖက်လဲတကင်းနဲ့ သိပ်ပျော်နေကြပုံပဲ။ မျိုးကျော် စိတ်အနှောင့်အယှက် ဖြစ်သွားတယ်။ ထွန်းထွန်းတို့ လင်မယား ကွဲကြတော့မလား။ ထွန်းထွန်းရဲ့ ဇနီး ဘယ်လိုလုပ်မလဲ။ သားသမီးတွေကော။ ဒီလိုကြေကွဲစရာ ဇာတ်လမ်းတွေကို မျိုးကျော် မြင်ဖူးထားတယ်။ သင်သာ ဒီမြင်ကွင်းကို မြင်လိုက်ရမယ်ဆိုရင် ဘယ်လိုထင်မလဲ။၁၇။ နောက်ပိုင်း မျိုးကျော် ဘာသိလိုက်ရသလဲ။ ကျွန်တော်တို့ ဘာသင်ခန်းစာ ရသလဲ။
၁၇ ဇနီးအပေါ် ထွန်းထွန်း သစ္စာမရှိဘူးလို့ မျိုးကျော် အလျင်စလို ကောက်ချက်ချလိုက်ပေမဲ့ မှန်ကန်တဲ့ အချက်အလက်အားလုံး သိလို့လား။ ညမှာပဲ ထွန်းထွန်းကို ဖုန်းဆက်လိုက်တယ်။ အဲဒီအမျိုးသမီးဟာ တခြားမြို့ကနေ လာလည်တဲ့ ထွန်းထွန်းရဲ့ ညီမဖြစ်နေမှန်း သိလိုက်ရလို့ မျိုးကျော် အတော်စိတ်အေးသွားမှာပဲ။ မောင်နှမနှစ်ယောက် မတွေ့တာ နှစ်နဲ့ချီကြာပြီ။ အခုလည်း ဒီမြို့ကို ဖြတ်သွားရင်း စားသောက်ဆိုင်မှာ နာရီပိုင်းလောက်ပဲ တွေ့ဖို့ အချိန်ရတယ်။ ဇနီးကတော့ စားသောက်ဆိုင်ကို မလိုက်နိုင်ဘူး။ သူ့ရဲ့ အထင်မှားမှုအကြောင်း တခြားသူတွေကို မပြောမိလို့ တော်သေးတယ်။ ဘာသင်ခန်းစာ ရသလဲ။ ခရစ်ယာန်အသက်တာမှာ ဘယ်လောက်ပဲ အတွေ့အကြုံများပါစေ အတွေ့အကြုံတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ အချက်အလက်အမှန်ကို ရယူဖို့ အရေးကြီးတယ်။
၁၈။ စရိုက်မတူတာက ကျွန်တော်တို့ရဲ့ အကဲဖြတ်မှုကို ဘယ်လို ထိခိုက်စေနိုင်သလဲ။
၁၈ ကိစ္စရပ်တွေကို မှန်မှန်ကန်ကန် အကဲဖြတ်ဖို့ အခက်အခဲ နောက်တစ်ခုကတော့ အသင်းတော်ထဲက ညီအစ်ကိုတစ်ယောက်နဲ့ စရိုက်မတူတာ ဖြစ်နိုင်တယ်။ စရိုက်မတူတာကိုပဲ အမြဲတွေးနေမယ်ဆိုရင် ညီအစ်ကိုကို သံသယဝင်လာနိုင်တယ်။ သူနဲ့ပတ်သက်တဲ့ မကောင်းသတင်း ကြားလိုက်တာနဲ့ ချက်ချင်း ယုံမိနိုင်တယ်။ သင်ခန်းစာက ဘာလဲ။ ညီအစ်ကို/မတွေအပေါ် မကောင်းတဲ့စိတ် သိုထားရင် အချက်အလက်အမှန်ကို မဆန်းစစ်ဘဲ မှားယွင်းစွာ ကောက်ချက်ချမိနိုင်တယ်။ (၁ တိ. ၆:၄၊ ၅) မနာလိုစိတ် အမြစ်မတွယ်အောင် သတိထားခြင်းက မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ဖို့ ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။ ဒါကြောင့် မကောင်းတဲ့စိတ်တွေကို ဝင်ခွင့်ပြုမယ့်အစား ညီအစ်ကို/မတွေကို ချစ်ပြီး ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ဖို့ တာဝန်ရှိတယ်ဆိုတာ အသိအမှတ်ပြုကြပါစို့။—ကောလောသဲ ၃:၁၂-၁၄ ကိုဖတ်ပါ။
ကျမ်းစာမူတွေက ကာကွယ်ပေး
၁၉၊ ၂၀။ (က) အချက်အလက်တွေကို တိကျမှန်ကန်စွာ အကဲဖြတ်နိုင်ဖို့ ဘယ်ကျမ်းစာမူတွေက ကူညီပေးမလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၁၉ ဒီနေ့ခေတ်မှာ အချက်အလက်အမှန်တွေကို ရယူပြီး တိကျမှန်ကန်စွာ အကဲဖြတ်ဖို့ သိပ်ခက်တယ်။ ဘာကြောင့်လဲဆိုတော့ မမှန်တဲ့ အချက်အလက်တွေ၊ အမှန်တစ်ဝက်ပဲ ပါတဲ့ သတင်းမှတ်တမ်းတွေ ပြည့်နေပြီး ကိုယ်တိုင်လည်း မစုံလင်လို့ပဲ။ ဒီအခက်အခဲကို ဖြေရှင်းဖို့ ဘာက ကူညီပေးနိုင်မလဲ။ ကျမ်းစာမူတွေကို သိပြီး ကျင့်သုံးရမယ်။ မူတစ်ခုကတော့ အကြောင်းစုံကို နားမထောင်ဘဲ ပြန်ပြောခြင်းက မိုက်မဲရုံမက အရှက်ပါ ကွဲစေတယ်ဆိုတဲ့ မူပဲ။ (ပညာ. ၁၈:၁၃) နောက်မူတစ်ခုက မမေးမြန်း၊ မစူးစမ်းဘဲ ပြောသမျှ မယုံဖို့ ကူညီပေးတယ်။ (ပညာ. ၁၄:၁၅) နောက်တစ်ခုက ခရစ်ယာန်အသက်တာမှာ ဘယ်လောက်ပဲ အတွေ့အကြုံရင့်နေပါစေ ကိုယ့်သိနားလည်နိုင်စွမ်းကို အားမကိုးဖို့ သတိပေးတယ်။ (ပညာ. ၃:၅၊ ၆) စိတ်ချရတဲ့ ရင်းမြစ်ကလာတဲ့ အချက်အလက်တွေကို အခြေခံပြီး မှန်မှန်ကန်ကန် ကောက်ချက်ချနိုင်ဖို့၊ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ကျမ်းစာမူတွေက ကူညီပေးပါလိမ့်မယ်။
၂၀ နောက်အခက်အခဲတစ်ခု ရှိသေးတယ်။ အပြင်ပန်းကို ကြည့်ပြီး အကဲဖြတ်လိုခြင်း ဖြစ်တယ်။ အဲဒီကဏ္ဍမှာ ဖြစ်လေ့ရှိတဲ့ အန္တရာယ်တွေအကြောင်း၊ အဲဒါတွေကို ရှောင်ဖို့ ဘာက ကူညီပေးနိုင်ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
^ အပိုဒ်၊ 8 ၂၀၀၄ နှစ်ချုပ်စာအုပ် br-2 စာမျက်နှာ ၂၀-၂၂၊ ၂၀၀၈ နှစ်ချုပ်စာအုပ် (အင်္ဂလိပ်) စာမျက်နှာ ၁၃၃-၁၃၅ ကိုကြည့်ပါ။