လေ့လာရန် ဆောင်းပါး ၃၂
ဘုရားသခင်နဲ့အတူ နှိမ့်ချကျိုးနွံစွာ လျှောက်လှမ်းပါ
‘ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်းပါ။’—မိ. ၆:၈။
သီချင်း ၃၁ ဘုရားနဲ့အတူ လျှောက်လှမ်းပါ
အကြိုသုံးသပ်ချက် *
၁။ ယေဟောဝါရဲ့ နှိမ့်ချမှုအကြောင်း ဒါဝိဒ် ဘာပြောသလဲ။
ယေဟောဝါဟာ နှိမ့်ချမှု ရှိတယ်လို့ ကျွန်တော်တို့ ပြောနိုင်သလား။ ပြောနိုင်ပါတယ်။ “ကျွန်တော့်ကို ကယ်တင်ခြင်းဒိုင်းလွှား ပေးတယ်။ ကိုယ်တော့် နှိမ့်ချမှုကြောင့် ကျွန်တော် ကြီးမြတ်လာတယ်” လို့ ဒါဝိဒ် ပြောခဲ့တယ်။ (၂ ရှ. ၂၂:၃၆။ ဆာ. ၁၈:၃၅) အစ္စရေး မင်းလောင်းကို ဘိသိက်ပေးဖို့ ပရောဖက် ရှမွေလ မိမိတို့အိမ် ရောက်လာတဲ့နေ့အကြောင်း တွေးပြီး ဒါဝိဒ် အဲဒီလို ပြောခဲ့ပုံရတယ်။ သားရှစ်ယောက်ထဲက အငယ်ဆုံးသား ဒါဝိဒ်ကို ဘုရင် ရှောလုနေရာမှာ အစားထိုးဖို့ ယေဟောဝါ ရွေးခဲ့တယ်။—၁ ရှ. ၁၆:၁၊ ၁၀-၁၃။
၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။
၂ ယေဟောဝါနဲ့ပတ်သက်ပြီး ဆာလံဆရာတစ်ယောက် ဒီလိုပြောခဲ့တာကို ဒါဝိဒ် သဘောတူမှာ သေချာတယ်– ‘ဘုရားက ကိုယ်ကို ကိုင်းညွတ်ပြီး ကောင်းကင်နဲ့ ကမ္ဘာမြေကို ငုံ့ကြည့်တယ်။ နိမ့်ကျသူကို မြေမှုန့်ထဲကနေ ထူမတယ်။ နွမ်းပါးသူကို ချီမတယ်။ ဂုဏ်အသရေရှိသူတွေနဲ့အတူ ထိုင်စေတယ်။’ (ဆာ. ၁၁၃:၆-၈) နှိမ့်ချမှု ရှိဖို့ ယေဟောဝါရဲ့ ပုံသက်သေကနေ ဘယ်အရေးကြီး သင်ခန်းစာတချို့ သင်ယူနိုင်ကြောင်း၊ ကျိုးနွံမှုနဲ့ပတ်သက်ပြီး ဘုရင် ရှောလု၊ ပရောဖက် ဒံယေလ၊ ယေရှုတို့ဆီကနေ ဘာသင်ယူနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
ယေဟောဝါဆီကနေ ဘာသင်ယူနိုင်သလဲ
၃။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို ဆက်ဆံသလဲ။ ဒါက ဘာကို ဖော်ပြသလဲ။
၃ မစုံလင်သူ လူသားတွေနဲ့ ဆက်ဆံရာမှာ ယေဟောဝါ နှိမ့်ချမှု ပြတယ်။ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို လက်ခံရုံသာမက မိတ်ဆွေအဖြစ်ပါ သဘောထားဆာ. ၂၅:၁၄) ကျွန်တော်တို့ရဲ့ အပြစ်တွေအတွက် သားတော်ကို ပူဇော်သက္ကာအဖြစ် ပေးခြင်းအားဖြင့် မိမိနဲ့ မိတ်ဆွေဖွဲ့နိုင်ဖို့ ယေဟောဝါ အစပြုလုပ်ဆောင်ပေးတယ်။ ယေဟောဝါဟာ သိပ်ကို ကရုဏာရှိပြီး သနားကြင်နာတတ်တဲ့ ဘုရားပါပဲ။
တယ်။ (၄။ ကျွန်တော်တို့ကို ယေဟောဝါ ဘာပေးထားသလဲ။ ဘာကြောင့်လဲ။
၄ နှိမ့်ချမှု ရှိကြောင်း ယေဟောဝါ ပြတဲ့ နောက်နည်းတစ်နည်းကို သုံးသပ်ကြည့်ပါ။ ဖန်ဆင်းရှင် ဖြစ်တဲ့အတွက် လူတွေကို လွတ်လပ်စွာ ရွေးချယ်နိုင်စွမ်း မပေးဘဲ ဖန်ဆင်းလည်း ရတယ်။ ဒါပေမဲ့ မိမိပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းပြီး လွတ်လပ်စွာ ရွေးချယ်နိုင်စွမ်း ပေးထားတယ်။ ဘုရားကို ချစ်လို့၊ ဘုရားကို နာခံခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိလို့ စိတ်စွမ်းရှိသမျှနဲ့ ဝတ်ပြုတာမျိုး ဖြစ်စေချင်တယ်။ (တရား. ၁၀:၁၂။ ဟေရှာ. ၄၈:၁၇၊ ၁၈) ယေဟောဝါရဲ့ နှိမ့်ချမှုအတွက် သိပ်ကို ကျေးဇူးတင်သင့်တယ်။
၅။ နှိမ့်ချမှု ရှိဖို့ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို သင်ပေးသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၅ ကျွန်တော်တို့ကို ဆက်ဆံပုံအားဖြင့် နှိမ့်ချမှု ရှိဖို့ ယေဟောဝါ သင်ပေးတယ်။ ယေဟောဝါဟာ စကြဝဠာမှာ ဉာဏ်ပညာ အရှိဆုံး ဖြစ်ပေမဲ့ တခြားသူတွေ အကြံပေးတာကို လိုလိုလားလား လက်ခံတယ်။ ဥပမာ၊ အရာခပ်သိမ်းကို ဖန်ဆင်းရာမှာ ကူညီပေးဖို့ သားတော်ကို ခွင့်ပြုခဲ့တယ်။ (ပညာ. ၈:၂၇-၃၀။ ကော. ၁:၁၅၊ ၁၆) အနန္တတန်ခိုးရှင် ဖြစ်ပေမဲ့ တခြားသူတွေဆီ အခွင့်အာဏာ လွှဲပေးတယ်။ ဥပမာ၊ ယေရှုကို နိုင်ငံတော်ဘုရင်အဖြစ် ခန့်အပ်တယ်။ ယေရှုနဲ့ တွဲဖက်အုပ်ချုပ်မယ့် ၁၄၄,၀၀၀ ကိုလည်း အခွင့်အာဏာတချို့ ပေးမယ်။ (လု. ၁၂:၃၂) ယေရှုကို ဘုရင်နဲ့ ပုရောဟိတ် ဖြစ်ဖို့ ယေဟောဝါ လေ့ကျင့်ပေးတယ်။ (ဟီ. ၅:၈၊ ၉) ယေရှုနဲ့ တွဲဖက်အုပ်ချုပ်မယ့်သူတွေကိုလည်း လေ့ကျင့်ပေးတယ်။ ဒါပေမဲ့ တာဝန်ပေးပြီးခါမှ အသေးစိတ်ကအစ ဝင်စွက်တာမျိုး မလုပ်ဘူး။ အလိုတော်အတိုင်း လုပ်ဆောင်ကြမယ်ဆိုတာ ယုံကြည်စိတ်ချတယ်။—ဗျာ. ၅:၁၀။
၆-၇။ တခြားသူတွေကို အခွင့်အာဏာ လွှဲပေးခြင်းနဲ့ပတ်သက်ပြီး ကောင်းကင်ဖခင်ဆီကနေ ဘာသင်ယူနိုင်သလဲ။
၆ ဘယ်သူ့ အကူအညီမှ မလိုအပ်တဲ့ ကောင်းကင်ဖခင်က တခြားသူတွေကို အခွင့်အာဏာ လွှဲပေးတယ်ဆိုရင် ကျွန်တော်တို့ ပိုလို့တောင် လွှဲပေးသင့်တယ်။ ဥပမာ၊ သင်ဟာ အိမ်ထောင်ဦးစီး ဒါမှမဟုတ် အသင်းတော် အကြီးအကဲလား။ တခြားသူတွေကို တာဝန် ခွဲပေးခြင်း၊ အသေးစိတ်ကအစ ဝင်မစွက်ခြင်းအားဖြင့် ယေဟောဝါကို တုပပါ။ ယေဟောဝါကို တုပမယ်ဆိုရင် အလုပ်ပြီးမြောက်ရုံသာမက တခြားသူတွေကို လေ့ကျင့်ပေးနိုင်မယ်၊ ယုံကြည်စိတ်ချမှု တိုးများလာအောင် ကူညီပေးနိုင်မယ်။ (ဟေရှာ. ၄၁:၁၀) အခွင့်အာဏာ အတော်အတန် ရှိသူတွေဟာ ယေဟောဝါဆီကနေ ဘာသင်ယူနိုင်သေးသလဲ။
၇ ကောင်းကင်တမန်တွေရဲ့ အမြင်ကို ယေဟောဝါ စိတ်ဝင်စားကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ဘု. ၂၂:၁၉-၂၂) မိဘတို့၊ ယေဟောဝါကို ဘယ်လို တုပနိုင်သလဲ။ သင့်တော်တဲ့အခါတိုင်း သားသမီးတွေရဲ့ အမြင်ကို မေးပါ။ ဖြစ်နိုင်တဲ့အခါ သူတို့ရဲ့ အကြံအတိုင်း လုပ်ဆောင်ပါ။
၈။ အာဗြဟံနဲ့ စာရာကို ယေဟောဝါ ဘယ်လို စိတ်ရှည်စွာ ဆက်ဆံခဲ့သလဲ။
၈ ယေဟောဝါရဲ့ စိတ်ရှည်မှုကလည်း နှိမ့်ချမှုကို ဖော်ပြတယ်။ ဥပမာ၊ မိမိဆုံးဖြတ်ချက်ကို ကျေးကျွန်တွေ လေးလေးစားစား မေးခွန်းထုတ်တဲ့အခါ ယေဟောဝါ စိတ်ရှည်တယ်။ သောဒုံနဲ့ ဂေါမောရမြို့ကို ဖျက်ဆီးမယ့် ဆုံးဖြတ်ချက်ကြောင့် အာဗြဟံ စိတ်ပူပြီး မေးခွန်းထုတ်တဲ့အခါ ဘုရား နားထောင်ပေးတယ်။ (က. ၁၈:၂၂-၃၃) အာဗြဟံရဲ့ ဇနီး စာရာကို ယေဟောဝါ ဘယ်လို ဆက်ဆံကြောင်းလည်း သတိရပါ။ အသက်ကြီးမှ ကိုယ်ဝန်ရမယ်ဆိုတဲ့ ကတိကို စာရာ ရယ်မိတဲ့အခါ ဘုရား စိတ်မဆိုးဘူး။ (က. ၁၈:၁၀-၁၄) အဲဒီအစား သိက္ခာရှိရှိ ဆက်ဆံပေးတယ်။
၉။ ယေဟောဝါဆီကနေ မိဘတွေ၊ အကြီးအကဲတွေ ဘာသင်ယူနိုင်သလဲ။
၉ ယေဟောဝါဆီကနေ မိဘတွေ၊ အကြီးအကဲတွေ ဘာသင်ယူနိုင်သလဲ။ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ့်လက်အောက်မှာ ရှိသူတွေ မေးခွန်းထုတ်တဲ့အခါ ဘယ်လို တုံ့ပြန်လေ့ရှိကြောင်း စဉ်းစားကြည့်ပါ။ သူတို့အမြင်ကို တည့်မတ်ဖို့ အရင် ကြိုးစားသလား ဒါမှမဟုတ် နားလည်ပေးဖို့ ကြိုးစားသလား။ အခွင့်အာဏာ ရှိသူတွေ ယေဟောဝါကို တုပတဲ့အခါ မိသားစုဝင်တွေ၊ အသင်းတော်မှာရှိသူတွေ အကျိုးခံစားရတယ်။ နှိမ့်ချခြင်းနဲ့ပတ်သက်ပြီး ယေဟောဝါဆီကနေ ဘာသင်ယူနိုင်ကြောင်း ဆွေးနွေးခဲ့ပြီ။ အခု ကျိုးနွံမှုနဲ့ပတ်သက်ပြီး ကျမ်းစာပုံနမူနာတွေကနေ ဘာသင်ယူနိုင်ကြောင်း ကြည့်ကြစို့။
တခြားသူတွေဆီကနေ ဘာသင်ယူနိုင်သလဲ
၁၀။ တခြားသူတွေရဲ့ ပုံနမူနာအားဖြင့် ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို သွန်သင်ပေးသလဲ။
၁၀ “မဟာသွန်သင်ရှင်” ယေဟောဝါဟာ ကျွန်တော်တို့ကို သွန်သင်ပေးဖို့ ကျမ်းစာပုံနမူနာတွေ ပေးထားတယ်။ (ဟေရှာ. ၃၀:၂၀၊ ၂၁) ကျိုးနွံမှု အပါအဝင် ဘုရားရေးရာ အရည်အသွေး တင်ပြခဲ့သူတွေအကြောင်း တွေးတောဆင်ခြင်ခြင်း၊ အရည်အသွေးကောင်း မတင်ပြခဲ့သူတွေ ဘာကြုံခဲ့ရကြောင်း ဆန်းစစ်ခြင်းအားဖြင့် ကျွန်တော်တို့ သင်ခန်းစာ ယူနိုင်တယ်။—ဆာ. ၃၇:၃၇။ ၁ ကော. ၁၀:၁၁။
၁၁။ ရှောလုရဲ့ မကောင်းတဲ့ ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ။
၁၁ ဘုရင်ရှောလုအကြောင်း စဉ်းစားကြည့်ပါ။ အစပိုင်းမှာတော့ ရှောလုဟာ ကျိုးနွံမှု ရှိတယ်။ ကိုယ့်မှာ ကန့်သတ်ချက်တွေ ရှိမှန်း အသိအမှတ်ပြုပြီး ထပ်ဆင့်တာဝန်တွေ ယူရမှာ တွန့်ဆုတ်ခဲ့တယ်။ (၁ ရှ. ၉:၂၁။ ၁၀:၂၀-၂၂) ဒါပေမဲ့ ဘုရင်ဖြစ်ပြီး သိပ်မကြာခင်မှာတော့ ရောင့်တက်လာတယ်။ တစ်ကြိမ်မှာ ပရောဖက် ရှမွေလကို စောင့်ရင်း စိတ်မရှည် ဖြစ်လာတယ်။ လူမျိုးတော်အတွက် ယေဟောဝါ လုပ်ဆောင်ပေးမှာကို ကျိုးနွံစွာ ယုံကြည်ကိုးစားမယ့်အစား မီးရှို့ရာ ပူဇော်သက္ကာကို အခွင့်မရှိဘဲ ဆက်သလိုက်တယ်။ ဒါကြောင့် ယေဟောဝါရဲ့ မျက်နှာသာရော နောက်ပိုင်း ထီးနန်းကိုပါ ဆုံးရှုံးသွားတယ်။ (၁ ရှ. ၁၃:၈-၁၄) ဒီသတိပေး ပုံနမူနာကနေ သင်ခန်းစာ ယူပြီး ရောင့်တက်တဲ့ လုပ်ရပ်တွေကို ရှောင်မယ်ဆိုရင် ပညာရှိရာရောက်ပါလိမ့်မယ်။
၁၂။ ကျိုးနွံမှု ရှိကြောင်း ဒံယေလ ဘယ်လို ပြသလဲ။
၁၂ ရှောလုနဲ့ မတူဘဲ ပရောဖက် ဒံယေလကတော့ ပုံနမူနာကောင်း ဖြစ်တယ်။ ဘဝတစ်လျှောက်လုံး လမ်းညွှန်မှု ရဖို့ ယေဟောဝါကို မျှော်ကိုးတဲ့ နှိမ့်ချကျိုးနွံသူ ဖြစ်တယ်။ ဥပမာ၊ နေဗုခဒ်နေဇာရဲ့ အိပ်မက်ကို အနက်ပြန်ဖို့ ယေဟောဝါ သုံးတဲ့အခါ ကိုယ့်ဂုဏ်ကိုယ် မဖော်ဘူး။ ယေဟောဝါကိုပဲ ကျိုးနွံမှု ရှိရှိ ချီးမွမ်းဂုဏ်တင်တယ်။ (ဒံ. ၂:၂၆-၂၈) ဘာသင်ခန်းစာ ရသလဲ။ ကျွန်တော်တို့ရဲ့ ဟောပြောချက်ကို ညီအစ်ကို/မတွေ သဘောကျတဲ့အခါ၊ အမှုဆောင်မှာ အောင်မြင်မှုတွေ ရတဲ့အခါ ယေဟောဝါကိုပဲ ဂုဏ်တင်သင့်တယ်။ ယေဟောဝါရဲ့ အကူအညီ မပါဘဲ ဘာမှ မလုပ်နိုင်ဘူးဆိုတာ ကျိုးနွံစွာ အသိအမှတ်ပြုသင့်တယ်။ (ဖိ. ၄:၁၃) အဲဒီလိုသဘောထား ရှိမယ်ဆိုရင် ယေရှုရဲ့ ပုံသက်သေကို တုပနေတာပဲ။ ဘယ်လိုနည်းနဲ့လဲ။
၁၃။ ယောဟန် ၅:၁၉၊ ၃၀ အရ ယေရှုဆီကနေ ဘာသင်ယူရသလဲ။
၁၃ ယေရှုဟာ စုံလင်တဲ့ သားတော် ဖြစ်ပေမဲ့ ယေဟောဝါကို အားကိုးတယ်။ (ယောဟန် ၅:၁၉၊ ၃၀ ကိုဖတ်ပါ။) ဖခင်ဆီက အခွင့်အာဏာကို လုယူဖို့ တစ်ခါမှ မကြိုးစားဘူး။ “ဘုရားသခင်နဲ့ တန်းတူဖြစ်နိုင်တဲ့ အနေအထားကို အရယူဖို့ တစ်ခါမှ မစဉ်းစားဖူးဘူး” လို့ ဖိလိပ္ပိ ၂:၆ မှာ ပြောတယ်။ လက်အောက်ခံတတ်တဲ့ သားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကန့်သတ်ချက်တွေကို အသိအမှတ်ပြုပြီး ဖခင်ရဲ့ အခွင့်အာဏာကို လေးစားတယ်။
၁၄။ ပေးပိုင်ခွင့် မရှိတဲ့ အရာကို တောင်းဆိုခံရချိန်မှာ ယေရှု ဘယ်လို တုံ့ပြန်သလဲ။
၁၄ တပည့်တော် ယာကုပ်နဲ့ ယောဟန်က မိခင်နဲ့အတူ လာပြီး ယေရှု ပေးပိုင်ခွင့် မရှိတဲ့ အရာကို တောင်းဆိုချိန်မှာ ယေရှု ဘယ်လို တုံ့ပြန်ကြောင်း စဉ်းစားကြည့်ပါ။ နိုင်ငံတော်မှာ မိမိရဲ့ ဘယ်ညာနှစ်ဖက် ထိုင်ရမယ့်သူကို ယေဟောဝါပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း ယေရှု ချက်ချင်း ပြောခဲ့တယ်။ (မ. ၂၀:၂၀-၂၃) ကိုယ့်ရဲ့ ကန့်သတ်ချက်တွေကို အသိအမှတ်ပြုကြောင်း ပြလိုက်တာပဲ။ ကျိုးနွံမှု ရှိပြီး ယေဟောဝါ ပေးထားတဲ့ အခွင့်အာဏာထက် ဘယ်တော့မှ ကျော်မလုပ်ဘူး။ (ယော. ၁၂:၄၉) ယေရှုရဲ့ ပုံနမူနာကို ဘယ်လို တုပနိုင်သလဲ။
၁၅-၁၆။ ၁ ကောရိန္သု ၄:၆ မှာပါတဲ့ ကျမ်းစာအကြံဉာဏ်ကို ဘယ်လို လိုက်နာနိုင်သလဲ။
၁ ကောရိန္သု ၄:၆ မှာပါတဲ့ ကျမ်းစာအကြံဉာဏ်ကို လိုက်နာခြင်းအားဖြင့် ယေရှုရဲ့ ကျိုးနွံမှု ပုံသက်သေကို ကျွန်တော်တို့ တုပနိုင်တယ်။ “ကျမ်းစာမှာ ရေးထားတာထက် မလွန်ရ” လို့ ပြောထားတယ်။ ဒါကြောင့် တခြားသူတွေ အကြံဉာဏ် တောင်းတဲ့အခါ ကိုယ့်အယူအဆတွေ၊ ခေါင်းထဲ ပေါ်လာတာတွေ လျှောက်မပြောသင့်ဘူး။ အဲဒီအစား ကျမ်းစာနဲ့ ကျမ်းစာအခြေပြု စာပေတွေမှာပါတဲ့ အကြံဉာဏ်တွေကို ပြောပြသင့်တယ်။ ဒီနည်းအားဖြင့် ကိုယ့်မှာ ကန့်သတ်ချက်တွေ ရှိမှန်း၊ အနန္တတန်ခိုးရှင်ရဲ့ “စီရင်ချက်တွေ ဖြောင့်မတ်” မှန်း ကျိုးနွံစွာ အသိအမှတ်ပြုကြောင်း ဖော်ပြရာရောက်တယ်။—ဗျာ. ၁၅:၃၊ ၄။
၁၅၁၆ ယေဟောဝါကို ဂုဏ်တင်ဖို့အပြင် ကျိုးနွံမှု ပြသင့်တဲ့ တခြားအကြောင်းရင်းတွေ ရှိသေးတယ်။ နှိမ့်ချကျိုးနွံမှုက ဘယ်လိုနည်းနဲ့ ကျွန်တော်တို့ကို ပျော်ရွှင်စေပြီး တခြားသူတွေနဲ့ ဆက်ဆံရေး ကောင်းစေနိုင်ကြောင်း သုံးသပ်ကြည့်ကြစို့။
နှိမ့်ချကျိုးနွံခြင်းရဲ့ အကျိုးကျေးဇူးများ
၁၇။ နှိမ့်ချကျိုးနွံသူတွေ ဘာကြောင့် ပျော်ရွှင်ကြသလဲ။
၁၇ ကျွန်တော်တို့ နှိမ့်ချကျိုးနွံရင် ပိုပျော်ရွှင်လာမယ်။ ဘာကြောင့်လဲ။ ကိုယ့်ရဲ့ ကန့်သတ်ချက်တွေကို အသိအမှတ်ပြုရင် တခြားသူတွေဆီက ရတဲ့ အကူအညီအတွက် ကျေးဇူးတင်ပြီး ပိုပျော်ရွှင်မယ်။ ဥပမာ၊ အနာကြီးရောဂါသည် ဆယ်ယောက်ကို ယေရှု ကုသပေးချိန်အကြောင်း စဉ်းစားကြည့်ပါ။ သူတို့ထဲက တစ်ယောက်ပဲ ယေရှုဆီ ပြန်လာတယ်။ ဘယ်လိုမှ မပျောက်နိုင်တဲ့ ရောဂါဆိုးကြီး ပျောက်အောင် ကုသပေးတဲ့အတွက် ကျေးဇူးတင်စကား ပြောတယ်။ အဲဒီလူဟာ နှိမ့်ချကျိုးနွံမှု ရှိလို့ အကူအညီအတွက် ကျေးဇူးတင်ပြီး ဘုရားကို ဂုဏ်တင်ချီးမွမ်းခဲ့တယ်။—လု. ၁၇:၁၁-၁၉။
၁၈။ နှိမ့်ချကျိုးနွံမှုက တခြားသူတွေနဲ့ သင့်မြတ်ဖို့ ဘယ်လို ကူညီပေးသလဲ။ (ရောမ ၁၂:၁၀)
ရောမ ၁၂:၁၀ ကိုဖတ်ပါ။
၁၈ နှိမ့်ချကျိုးနွံသူတွေဟာ တခြားသူတွေနဲ့ သင့်မြတ်ပြီး မိတ်ဆွေ ပေါများတယ်။ ဘာကြောင့်လဲ။ တခြားသူတွေဆီမှာ အရည်အသွေးကောင်းတွေ ရှိမှန်း အသိအမှတ်ပြုပြီး ယုံကြည်စိတ်ချကြောင်း ပြလို့ပဲ။ တခြားသူတွေ အောင်မြင်တဲ့အခါ ဝမ်းသာပေးပြီး ချက်ချင်း ချီးမွမ်းဂုဏ်တင်တတ်တယ်။—၁၉။ မာနမကြီးသင့်တဲ့ အကြောင်းရင်းတချို့က ဘာလဲ။
၁၉ မာနကြီးသူတွေကတော့ ကိုယ်ပဲ ချီးမွမ်းခံချင်ပြီး တခြားသူတွေကို မချီးမွမ်းချင်ဘူး။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ပြီး အပြိုင်အဆိုင် စိတ်ဓာတ် ရှိတယ်။ တခြားသူတွေကို လေ့ကျင့်ပေးမယ့်အစား၊ အခွင့်အာဏာ လွှဲပေးမယ့်အစား ကိုယ်လုပ်မှပဲ ဘာမဆို ပြီးပြည့်စုံမယ်လို့ ထင်နေတတ်တယ်။ ရည်မှန်းချက်ကြီးပြီး မနာလိုစိတ် ရှိတယ်။ (ဂလ. ၅:၂၆) ဒါကြောင့် မိတ်ဆွေ မမြဲဘူး။ ကိုယ့်မှာ မာနစိတ် ရှိမှန်း ရိပ်မိရင် “စိတ်သဘောကို ပြုပြင်ပြောင်းလဲ” နိုင်ဖို့၊ မာနစိတ်ကို အမြစ်ပါမကျန် နုတ်ပစ်နိုင်ဖို့ ယေဟောဝါဆီ အကူအညီ တောင်းပါ။—ရော. ၁၂:၂။
၂၀။ ကျွန်တော်တို့ ဘာကြောင့် နှိမ့်ချကျိုးနွံသင့်သလဲ။
၂၀ ယေဟောဝါရဲ့ ပုံသက်သေအတွက် ကျေးဇူးတင်စရာပါပဲ။ ကျေးကျွန်တွေကို ဆက်ဆံပုံမှာ တွေ့ရတဲ့ ဘုရားရဲ့ နှိမ့်ချမှုကို ကျွန်တော်တို့ တုပချင်တယ်။ ဘုရားနဲ့အတူ လျှောက်လှမ်းခွင့် ရခဲ့တဲ့ ကျိုးနွံမှုရှိသူတွေကိုလည်း တုပချင်တယ်။ ယေဟောဝါတစ်ပါးပဲ ဂုဏ်တင်ချီးမွမ်းခံထိုက်တယ်။ ဒါကြောင့် ယေဟောဝါကိုပဲ ထာဝစဉ် ဂုဏ်တင်ချီးမွမ်းကြပါစို့။ (ဗျာ. ၄:၁၁) ဒါဆိုရင် ကျွန်တော်တို့လည်း နှိမ့်ချကျိုးနွံသူတွေကို ချစ်မြတ်နိုးတဲ့ ယေဟောဝါနဲ့အတူ လျှောက်လှမ်းခွင့် ရပါလိမ့်မယ်။
သီချင်း ၁၂၃ ဘုရားအစီအစဉ်ကို လက်အောက်ခံခြင်း
^ အပိုဒ်၊ 5 နှိမ့်ချသူဟာ ကရုဏာရှိပြီး သနားစာနာတတ်တယ်။ ဒါကြောင့် ယေဟောဝါဟာ နှိမ့်ချမှု ရှိတယ်လို့ ကျွန်တော်တို့ ပြောနိုင်တယ်။ နှိမ့်ချမှု ရှိဖို့ ယေဟောဝါရဲ့ ပုံသက်သေကနေ ဘာသင်ယူနိုင်ကြောင်း၊ ကျိုးနွံမှုနဲ့ပတ်သက်ပြီး ဘုရင် ရှောလု၊ ပရောဖက် ဒံယေလ၊ ယေရှုတို့ဆီကနေ ဘာသင်ယူနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
^ အပိုဒ်၊ 58 ပုံအညွှန်း– အသင်းတော် ရပ်ကွက်တွေကို ကိုင်တွယ်တတ်ဖို့ ညီအစ်ကိုငယ်တစ်ယောက်ကို အကြီးအကဲ အချိန်ယူ လေ့ကျင့်ပေးနေ။ နောက်ပိုင်း ညီအစ်ကိုငယ် ရပ်ကွက်တွေကို တာဝန်ယူတဲ့ အခါ အကြီးအကဲ ဝင်မစွက်။
^ အပိုဒ်၊ 62 ပုံအညွှန်း– ချာ့ခ်ျမှာ ကျင်းပမယ့် မင်္ဂလာပွဲ တက်လို့ ရမရ အကြီးအကဲကို ညီအစ်မတစ်ယောက် မေးနေ။ အကြီးအကဲက ကိုယ့်ထင်မြင်ချက်ကို မပြောဘဲ ကျမ်းစာမူတချို့ကို ညီအစ်မနဲ့ သုံးသပ်နေ။