လေ့လာရန် ဆောင်းပါး ၃၅
အသင်းတော်မှာ တခြားသူတွေရဲ့ နေရာကို လေးစားပါ
“မျက်စိက လက်ကို ‘မင်းကို ငါ မလိုအပ်ဘူး’ လို့ ပြောလို့ မရဘူး။ ဦးခေါင်းကလည်း ခြေထောက်ကို ‘မင်းကို ငါ မလိုအပ်ဘူး’ လို့ ပြောလို့ မရဘူး။”—၁ ကော. ၁၂:၂၁။
သီချင်း ၁၂၄ သစ္စာမြဲပါ
အကြိုသုံးသပ်ချက် *
၁။ သစ္စာရှိကျေးကျွန် ယောက်တိုင်းကို ယေဟောဝါ ဘာပေးထားသလဲ။
ယေဟောဝါက သစ္စာရှိကျေးကျွန် ယောက်တိုင်းကို အသင်းတော်မှာ မေတ္တာပါစွာ နေရာ ပေးထားတယ်။ တစ်ယောက်နဲ့ တစ်ယောက် အခန်းကဏ္ဍ မတူပေမဲ့ အားလုံး တန်ဖိုးရှိတယ်။ အချင်းချင်း လိုအပ်ကြတယ်။ အဲဒီအရေးကြီး သင်ခန်းစာကို ကျွန်တော်တို့ နားလည်ဖို့ တမန်တော် ပေါလု ကူညီပေးတယ်။ ဘယ်လိုနည်းနဲ့လဲ။
၂။ ဧဖက် ၄:၁၆ အရ ဘာကြောင့် အချင်းချင်း တန်ဖိုးထားပြီး ပူးပေါင်းလုပ်ဆောင်ရမလဲ။
၂ ဒီဆောင်းပါးရဲ့ အဓိကကျမ်းချက်မှာ ပေါလု အလေးပေးထားတဲ့အတိုင်း ယေဟောဝါရဲ့ ကျေးကျွန်တစ်ယောက်ကိုမှ “မင်းကို ငါ မလိုအပ်ဘူး” လို့ ပြောလို့ မရဘူး။ (၁ ကော. ၁၂:၂၁) အသင်းတော်မှာ ငြိမ်သက်မှု ရှိဖို့ အချင်းချင်း တန်ဖိုးထားပြီး ပူးပေါင်းလုပ်ဆောင်ရမယ်။ (ဧဖက် ၄:၁၆ ကိုဖတ်ပါ။) ကျွန်တော်တို့ စည်းလုံးမှ အသင်းတော် ခိုင်ခံ့ပြီး မေတ္တာ တိုးများလာမယ်။
၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၃ အသင်းတော်မှာ ညီအစ်ကို/မတွေကို လေးစားကြောင်း ပြနိုင်တဲ့ ကဏ္ဍတချို့က ဘာတွေလဲ။ ဒီဆောင်းပါးမှာ အကြီးအကဲ အချင်းချင်း လေးစားကြောင်း ပြနိုင်ပုံ၊ တစ်ကိုယ်ရေ ညီအစ်ကို/မတွေကို တန်ဖိုးထားကြောင်း ပြနိုင်ပုံ၊ ကျွန်တော်တို့ရဲ့ ဘာသာစကား သင်ယူနေသူတွေကို တန်ဖိုးထားကြောင်း ပြနိုင်ပုံတွေကို ဆွေးနွေးသွားပါမယ်။
အကြီးအကဲ အချင်းချင်း လေးစားကြောင်း ပြပါ
၄။ ရောမ ၁၂:၁၀ မှာပါတဲ့ ပေါလုရဲ့ ဘယ်အကြံဉာဏ်ကို အကြီးအကဲတွေ လိုက်နာသင့်သလဲ။
၄ အသင်းတော် အကြီးအကဲအားလုံးကို ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်နဲ့ ခန့်အပ်ထားတယ်။ ဒါပေမဲ့ တစ်ယောက်စီမှာ မတူညီတဲ့ အစွမ်းအစ၊ အရည်အချင်းတွေ ရှိတယ်။ (၁ ကော. ၁၂:၁၇၊ ၁၈) တချို့က အကြီးအကဲ ဖြစ်ခါစမို့လို့ အတွေ့အကြုံ သိပ်မရှိသေးတာ ဖြစ်နိုင်တယ်။ တချို့ကျတော့ အသက်အရွယ်၊ ကျန်းမာရေးကြောင့် အကန့်အသတ် ရှိနေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘယ်အကြီးအကဲကမှ နောက်အကြီးအကဲ တစ်ယောက်ကို “မလိုအပ်ဘူး” လို့ မတွေးသင့်ဘူး။ အဲဒီအစား ရောမ ၁၂:၁၀ (ဖတ်ပါ) မှာပါတဲ့ ပေါလုရဲ့ အကြံဉာဏ်ကို အကြီးအကဲတိုင်း လိုက်နာသင့်တယ်။
၅။ အကြီးအကဲ အချင်းချင်း လေးစားကြောင်း ဘယ်လို ပြကြသလဲ။ အဲဒီလိုလုပ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။
၅ ဂရုတစိုက် နားထောင်ပေးခြင်းအားဖြင့် အကြီးအကဲ အချင်းချင်း လေးစားကြောင်း ပြကြတယ်။ အထူးသဖြင့် အရေးကြီးကိစ္စတွေကို အကြီးအကဲအဖွဲ့လိုက် ဆွေးနွေးတဲ့အခါ ဖြစ်တယ်။ ဘာကြောင့်လဲ။ ၁၉၈၈၊ အောက်တိုဘာ ၁ ကင်းမျှော်စင် (အင်္ဂလိပ်) မှာ ပြောထားတာကို သတိပြုပါ– “ပေါ်ပေါက်လာတဲ့ ဘယ်အခြေအနေကိုမဆို ဖြေရှင်းနိုင်ဖို့၊ အရေးကြီး ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အကူအညီ ဖြစ်စေမယ့် ကျမ်းစာမူတွေကို တွေးမိအောင် ဘယ်အကြီးအကဲကိုမဆို သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် ခရစ်တော် လမ်းညွှန်နိုင်တယ်ဆိုတာ အကြီးအကဲတွေ အသိအမှတ်ပြုရမယ်။ (တ. ၁၅:၆-၁၅) သန့်ရှင်းသော စွမ်းအားတော်က အကြီးအကဲ တစ်ယောက်တည်းကို မဟုတ်ဘဲ အကြီးအကဲအားလုံးကို ကူညီပေးတယ်။”
၆။ အကြီးအကဲတွေ စည်းစည်းလုံးလုံး ဘယ်လို ပူးပေါင်းလုပ်ဆောင်နိုင်သလဲ။ အသင်းတော် ဘယ်လို အကျိုးရသလဲ။
၆ အချင်းချင်းကို လေးစားတဲ့ အကြီးအကဲ တစ်ယောက်ဟာ အကြီးအကဲ အစည်းအဝေးတွေမှာ စိုးမိုးခြယ်လှယ်တာမျိုး၊ ကိုယ်ချည်းပဲ ဒိုင်ခံပြောတာမျိုး မလုပ်ဘူး။ ကိုယ့်ထင်မြင်ချက် အမြဲ မှန်တယ်လို့ မယူဆဘူး။ ကိုယ့်အမြင်ကို နှိမ့်ချကျိုးနွံစွာ အဆိုပြုတယ်။ တခြားအကြီးအကဲတွေရဲ့ မှတ်ချက်ကို သေသေချာချာ နားထောင်တယ်။ ကျမ်းစာမူတွေကို ဝေမျှဆွေးနွေးဖို့၊ ‘သစ္စာနဲ့ သတိပညာရှိကျွန်’ မ. ၂၄:၄၅-၄၇) အကြီးအကဲတွေ မေတ္တာနဲ့ လေးလေးစားစား ဆွေးနွေးပြောဆိုတဲ့အခါ သန့်ရှင်းသော စွမ်းအားတော် သက်ရောက်ပြီး အသင်းတော်ကို ခိုင်ခံ့စေတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ လမ်းညွှန်ခံရပါလိမ့်မယ်။—ယာ. ၃:၁၇၊ ၁၈။
ဆီက လာတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ အသင့်ရှိတယ်။ (တစ်ကိုယ်ရေ ခရစ်ယာန်တွေကို လေးစားကြောင်း ပြပါ
၇။ တစ်ကိုယ်ရေသမားတွေကို ယေရှု ဘယ်လို ရှုမြင်သလဲ။
၇ အသင်းတော်တွေမှာ အိမ်ထောင်သည်တွေ၊ မိသားစုတွေ ရှိသလို တစ်ကိုယ်ရေ ညီအစ်ကို/မတွေလည်း ရှိတယ်။ တစ်ကိုယ်ရေ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ဘယ်လို ရှုမြင်သင့်သလဲ။ ယေရှုရဲ့ ရှုမြင်ပုံကို သုံးသပ်ကြည့်ပါ။ မြေကြီးပေါ် အမှုဆောင်ချိန်အတွင်း ယေရှု အိမ်ထောင်မပြုခဲ့ဘူး။ တစ်ကိုယ်ရေဘဝနဲ့ နေပြီး ကိုယ့်တာဝန်မှာပဲ အချိန်နဲ့ အာရုံကို နှစ်မြှုပ်ထားတယ်။ အိမ်ထောင်ပြုရမယ် ဒါမှမဟုတ် တစ်ကိုယ်ရေ နေရမယ်ဆိုပြီး တစ်ခါမှ မသွန်သင်ဘူး။ အိမ်ထောင်မပြုဖို့ ဆုံးဖြတ်တဲ့ ခရစ်ယာန်တချို့ ရှိမယ်လို့တော့ ပြောခဲ့တယ်။ (မ. ၁၉:၁၁၊ ၁၂) တစ်ကိုယ်ရေသမားတွေကို ယေရှု လေးစားတယ်။ နိမ့်ကျသူ၊ တစ်ခုခု လစ်ဟာနေသူလို့ မမြင်ဘူး။
၈။ ၁ ကောရိန္သု ၇:၇-၉ မှာ ခရစ်ယာန်တွေကို ပေါလု ဘာအားပေးသလဲ။
၈ ယေရှုလိုပဲ တမန်တော် ပေါလုလည်း တစ်ကိုယ်ရေဘဝနဲ့ အမှုဆောင်ခဲ့တယ်။ အိမ်ထောင်ပြုတာ မှားတယ်လို့ ပေါလု တစ်ခါမှ မပြောဘူး။ ကိုယ်ရေးကိုယ်တာ ကိစ္စ ဖြစ်မှန်း အသိအမှတ်ပြုတယ်။ ဒါပေမဲ့ တစ်ကိုယ်ရေဘဝနဲ့ ယေဟောဝါ အမှုဆောင်နိုင်မလားဆိုတာ စဉ်းစားဖို့တော့ အားပေးတယ်။ (၁ ကောရိန္သု ၇:၇-၉ ကိုဖတ်ပါ။) တစ်ကိုယ်ရေ ခရစ်ယာန်တွေကို ပေါလု အထင်မသေးဘူး။ တစ်ကိုယ်ရေ လူငယ် တိမောသေကို အရေးကြီးတာဝန်တွေတောင် ပေးခဲ့တယ်။ * (ဖိ. ၂:၁၉-၂၂) ဒါကြောင့် အိမ်ထောင်သည်လား၊ တစ်ကိုယ်ရေလား ဆိုတဲ့အပေါ် မူတည်ပြီး ညီအစ်ကိုတစ်ယောက် ပိုအရည်အချင်း ပြည့်မီတယ်၊ သိပ်မပြည့်မီဘူးလို့ ယူဆတာ မှားတယ်။—၁ ကော. ၇:၃၂-၃၅၊ ၃၈။
၉။ အိမ်ထောင်သည်ဘဝ၊ တစ်ကိုယ်ရေဘဝနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာပြောနိုင်သလဲ။
၉ ခရစ်ယာန်တွေ အိမ်ထောင်ပြုရမယ် ဒါမှမဟုတ် တစ်ကိုယ်ရေ နေရမယ် ဆိုပြီး ယေရှုကော ပေါလုပါ မသွန်သင်ဘူး။ ဒါဆိုရင် အိမ်ထောင်သည်ဘဝ၊ တစ်ကိုယ်ရေဘဝနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာပြောနိုင်သလဲ။
“အိမ်ထောင်ပြုခြင်းနဲ့ တစ်ကိုယ်ရေနေခြင်း နှစ်ခုစလုံးကို ဘုရားသခင်ဆီက ရတဲ့ ဆုကျေးဇူးအဖြစ် သတ်မှတ်နိုင်ပါတယ်။ . . . တစ်ကိုယ်ရေဘဝကို ရှက်စရာ ဒါမှမဟုတ် ဝမ်းနည်းစရာအဖြစ် ယေဟောဝါ ဘုရားသခင် မရှုမြင်ပါဘူး” ဆိုပြီး ၂၀၁၂၊ အောက်တိုဘာ ၁ ကင်းမျှော်စင်မှာ ရှင်းပြတယ်။ ဒါကြောင့် အသင်းတော်မှာ ရှိတဲ့ တစ်ကိုယ်ရေ ညီအစ်ကို/မတွေကို ကျွန်တော်တို့ လေးစားရမယ်။၁၀။ တစ်ကိုယ်ရေ ညီအစ်ကို/မတွေကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၀ တစ်ကိုယ်ရေ ညီအစ်ကို/မတွေရဲ့ ခံစားချက်နဲ့ အခြေအနေကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။ တချို့က အိမ်ထောင်မပြုဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာ ကျွန်တော်တို့ သတိရသင့်တယ်။ တချို့ကျတော့ အိမ်ထောင်ပြုချင်ပေမဲ့ သင့်တော်တဲ့ အိမ်ထောင်ဖက် မတွေ့ကြတာ။ တချို့ကျတော့ အိမ်ထောင်ဖက် ဆုံးသွားတာ ဖြစ်နိုင်တယ်။ ဘာကြောင့်ပဲ ဖြစ်ပါစေ သူတို့ အိမ်ထောင်မပြုရတဲ့ အကြောင်းရင်းကို မေးတာ၊ အိမ်ထောင်ဖက် ရှာပေးရမလားလို့ ပြောတာ သင့်တော်ပါ့မလား။ အကူအညီတောင်းတဲ့သူ တချို့လည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ အကူအညီ မတောင်းဘဲနဲ့ အိမ်ထောင်ဖက် ရှာပေးဖို့ ကမ်းလှမ်းတယ်ဆိုရင် တစ်ကိုယ်ရေ ညီအစ်ကို/မတွေ ဘယ်လို ခံစားရမလဲ။ (၁ သက်. ၄:၁၁။ ၁ တိ. ၅:၁၃) သစ္စာရှိ တစ်ကိုယ်ရေ ညီအစ်ကို/မတချို့ ပြောတာကို သုံးသပ်ကြည့်ရအောင်။
၁၁-၁၂။ တစ်ကိုယ်ရေတွေကို ဘာက စိတ်ဓာတ်ကျစေနိုင်သလဲ။
၁၁ တာဝန်တွေကို ထိထိရောက်ရောက် ကိုင်တွယ်နေတဲ့ တစ်ကိုယ်ရေ တိုက်နယ်ကြီးကြပ်မှူး တစ်ယောက်က တစ်ကိုယ်ရေဘဝနဲ့နေတာ အကျိုးကျေးဇူး အများကြီး ရှိတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ “ဘာလို့ အိမ်ထောင်မပြုတာလဲ” လို့ ညီအစ်ကို/မတွေ မေးတဲ့အခါ စိတ်ဓာတ်ကျမိနိုင်တယ်လို့ ပြောတယ်။ ဌာနခွဲမှာ အမှုဆောင်နေတဲ့ တစ်ကိုယ်ရေ ညီအစ်ကိုတစ်ယောက်လည်း “တစ်ခါတလေ ညီအစ်ကို/မတွေရဲ့ ပြောပုံလုပ်ပုံကြောင့် တစ်ကိုယ်ရေဘဝဟာ သနားစရာကောင်းနေသလို၊ တစ်ကိုယ်ရေဘဝကို ဆုကျေးဇူးအဖြစ် မဟုတ်ဘဲ ဝန်ထုပ်ကြီးတစ်ခုလို ခံစားလာရတယ်” လို့ ပြောတယ်။
၁၂ ဗေသလမှာ အမှုဆောင်နေတဲ့ တစ်ကိုယ်ရေ ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “တစ်ကိုယ်ရေသမားအားလုံး အိမ်ထောင်ဖက် ရှာနေတယ်၊ စုဆုံပေါင်းသင်းမှုတွေကို အိမ်ထောင်ဖက် ရှာဖို့ အခွင့်အရေးအဖြစ် မြင်နေတယ်လို့ တချို့ ထင်ကြတယ်။ တစ်ခါက ဗေသလ တာဝန်နဲ့ တစ်နေရာကို သွားတော့ အစည်းအဝေး ရှိတဲ့ညမှာ ရောက်သွားတယ်။ ကျွန်မ တည်းတဲ့ အိမ်က ညီအစ်မက အသင်းတော်မှာ ကျွန်မနဲ့ ရွယ်တူ ညီအစ်ကို နှစ်ယောက် ရှိတဲ့အကြောင်း ပြောပြတယ်။ စပ်ပေးဖို့ မဟုတ်ပါဘူးလို့ ပြောပေမဲ့ နိုင်ငံတော်ခန်းမ ရောက်တော့ အဲဒီညီအစ်ကို နှစ်ယောက်ဆီ တန်းခေါ်သွားပြီး မိတ်ဆက်ပေးတယ်။ သုံးယောက်စလုံး အနေရခက်သွားတယ်။”
၁၃။ ဘယ်သူတွေက တစ်ကိုယ်ရေ ညီအစ်မ တစ်ယောက်အတွက် အားပေးမှု ဖြစ်စေသလဲ။
၁၃ ဗေသလမှာ အမှုဆောင်နေတဲ့ တစ်ကိုယ်ရေ ညီအစ်မ နောက်တစ်ယောက် ဒီလိုပြောတယ်– “ရင့်ကျက်တဲ့၊ အမှုတော်မှာ အာရုံနှစ်ထားတဲ့၊ ကိုယ်ကျိုးစွန့်တဲ့၊ ပျော်ရွှင်ကျေနပ်နေတဲ့ တစ်ကိုယ်ရေ ရှေ့ဆောင်တွေကို ကျွန်မ သိတယ်။ အသင်းတော်မှာ သိပ်အားကိုးရတယ်။ တစ်ကိုယ်ရေဘဝကို မျှမျှတတ ရှုမြင်ကြတယ်။ တစ်ကိုယ်ရေ နေလို့ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေထက် သာတယ်လို့ မတွေးသလို အိမ်ထောင်ဖက်၊ မိသားစု မရှိလို့ ဘက်ပဲ့နေတယ်လို့လည်း မခံစားကြဘူး။” အချင်းချင်း လေးစား၊ တန်ဖိုးထားတတ်တဲ့ အသင်းတော်မှာ ရှိနေရတာ ပျော်စရာပါပဲ။ ကိုယ့်ကို သနားစရာလို့ တခြားသူတွေ မထင်မှန်း၊ မနာလို မဖြစ်မှန်း၊ ပယ်မထားမှန်း၊ ပုံမှန်အတိုင်း ဆက်ဆံမှန်း၊ ချစ်မှန်း သိထားလို့ပဲ။
၁၄။ တစ်ကိုယ်ရေ ညီအစ်ကို/မတွေကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၄ တစ်ကိုယ်ရေ ဖြစ်နေလို့ မဟုတ်ဘဲ အရည်အသွေးကောင်း၁ ကော. ၁၂:၂၁) သူတို့ကို ကျွန်တော်တို့ လေးစားမှန်း၊ အသင်းတော်မှာ သူတို့ရဲ့ နေရာကို တန်ဖိုးထားမှန်း ခံစားလာရမယ်။
တွေကြောင့် တန်ဖိုးထားခံရတယ်ဆိုရင် တစ်ကိုယ်ရေ ညီအစ်ကို/မတွေ သိပ်ကျေးဇူးတင်မှာပဲ။ သူတို့ကို သနားမယ့်အစား သူတို့ရဲ့ သစ္စာရှိမှုကို တန်ဖိုးထားသင့်တယ်။ ဒါဆိုရင် “မင်းကို ငါ မလိုအပ်ဘူး” လို့ ကျွန်တော်တို့ ပြောနေသလိုမျိုး တစ်ကိုယ်ရေတွေ ခံစားရမှာ မဟုတ်ဘူး။ (ကျွန်တော်တို့ရဲ့ ဘာသာစကား သင်ယူနေသူတွေကို လေးစားကြောင်း ပြပါ
၁၅။ အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ တချို့ ဘယ်အပြောင်းအလဲတွေ လုပ်ကြသလဲ။
၁၅ မကြာသေးခင် နှစ်တွေမှာ အမှုဆောင်လုပ်ငန်း တိုးချဲ့နိုင်အောင် ဘာသာစကားအသစ် သင်ယူဖို့ ကြေညာသူတွေ ပန်းတိုင်ထားလာကြတယ်။ အဲဒီအတွက် အပြောင်းအလဲတွေ လုပ်ကြရတယ်။ ပိုလိုအပ်တဲ့ ဘာသာခြားစကားပြော အသင်းတော်မှာ အမှုဆောင်ဖို့ မိခင်ဘာသာစကားပြော အသင်းတော်ကနေ ပြောင်းရွှေ့ကြတယ်။ (တ. ၁၆:၉) ယေဟောဝါအတွက် ပိုအပြည့်အဝ အမှုဆောင်ချင်လို့ ကိုယ်ပိုင် ဆုံးဖြတ်ကြတာ ဖြစ်တယ်။ ဘာသာစကားအသစ်ကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ဖို့ နှစ်နဲ့ချီ ကြာနိုင်ပေမဲ့ အသင်းတော်ကို နည်းလမ်းများစွာနဲ့ အထောက်အကူပြုနေကြတယ်။ သူတို့ရဲ့ အရည်အသွေးကောင်းတွေ၊ အတွေ့အကြုံတွေက အသင်းတော်ကို အားရှိစေတယ်၊ ခိုင်ခံ့မြဲမြံစေတယ်။ ကိုယ်ကျိုးစွန့်တဲ့ အဲဒီညီအစ်ကို/မတွေကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။
၁၆။ ဘယ်အချက်ကို ကြည့်ပြီး ညီအစ်ကိုတစ်ယောက်ကို အကြီးအကဲ၊ အသင်းတော် အမှုထမ်းအဖြစ် အကြီးအကဲတွေ ထောက်ခံသလဲ။
၁၆ အသင်းတော်မှာ သုံးတဲ့ ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်တာနဲ့ပဲ ညီအစ်ကိုတစ်ယောက်ကို အကြီးအကဲ ဒါမှမဟုတ် အသင်းတော် အမှုထမ်းအဖြစ် အကြီးအကဲတွေ မထောက်ခံတာမျိုး မဖြစ်သင့်ဘူး။ ဘာသာစကား ကျွမ်းကျင်မှုကို မဟုတ်ဘဲ ကျမ်းစာ တောင်းဆိုချက်တွေ ပြည့်မီသလားဆိုတာကို ကြည့်ပြီး ဆုံးဖြတ်သင့်တယ်။—၁ တိ. ၃:၁-၁၀၊ ၁၂၊ ၁၃။ တိ. ၁:၅-၉။
၁၇။ တခြားနိုင်ငံကို ပြောင်းရွှေ့သွားတဲ့ မိသားစုတချို့ ဘာတွေ ဆုံးဖြတ်ဖို့ လိုသလဲ။
၁၇ ခရစ်ယာန် မိသားစုတချို့ဟာ ဒုက္ခသည်အဖြစ် ခိုလှုံဖို့၊ အလုပ်ရှာဖို့ တခြားနိုင်ငံကို ပြောင်းရွှေ့ကြတယ်။ ကျောင်းမှာ အဲဒီနိုင်ငံရဲ့ ရုံးသုံးဘာသာစကားကိုပဲ သားသမီးတွေ သုံးရတော့မယ်။ မိဘတွေလည်း အလုပ် ရဖို့ အဲဒီစကား သင်ရတော့မယ်။ ကိုယ့်မိခင်ဘာသာစကားနဲ့ အသင်းတော် ဒါမှမဟုတ် အုပ်စု ရှိတယ်ဆိုရင် ဘာလုပ်သင့်သလဲ။ ပြောင်းသွားတဲ့ နိုင်ငံရဲ့ ရုံးသုံးဘာသာစကားပြော အသင်းတော်မှာ တက်သင့်သလား၊ မိခင်ဘာသာစကားပြော အသင်းတော်မှာ တက်သင့်သလား။
၁၈။ ဂလာတိ ၆:၅ မှာပါတဲ့အတိုင်း အိမ်ထောင်ဦးစီးရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၈ ဘယ်အသင်းတော်မှာ တက်မယ်ဆိုတာ အိမ်ထောင်ဦးစီးတွေ ဆုံးဖြတ်ရမယ်။ မိသားစုအတွက် အကောင်းဆုံးကို ထည့်စဉ်းစားရမယ်။ (ဂလာတိ ၆:၅ ကိုဖတ်ပါ။) ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် အိမ်ထောင်ဦးစီး ဘယ်လိုပဲ ဆုံးဖြတ်ပါစေ ကျွန်တော်တို့ လေးစားရမယ်။ သူတို့ကို ကြိုဆိုလက်ခံပြီး မေတ္တာပြရမယ်။—ရော. ၁၅:၇။
၁၉။ ဘယ်အချက်ကို အိမ်ထောင်ဦးစီးတွေ ဆုတောင်းသုံးသပ်သင့်သလဲ။
၁၉ မိသားစုတချို့က မိခင်ဘာသာစကားပြော အသင်းတော်မှာ တက်ပေမဲ့ သားသမီးတွေက အဲဒီစကား မကျွမ်းကျင်တာမျိုး ဖြစ်နိုင်တယ်။ အဲဒီအခါ အစည်းအဝေးတွေမှာ နားလည်ဖို့၊ ဘုရားရေးရာမှာ တိုးတက်ဖို့ သားသမီးတွေ အခက်တွေ့နိုင်တယ်။ ဘာကြောင့်လဲ။ ကျောင်းမှာ မိခင်ဘာသာစကား မဟုတ်ဘဲ နိုင်ငံရဲ့ ရုံးသုံးဘာသာစကားကို သုံးရလို့ပဲ။ ဒါကြောင့် အိမ်ထောင်ဦးစီးတွေက ယေဟောဝါနဲ့၊ အဖွဲ့အစည်းနဲ့ ရင်းနှီးအောင် သားသမီးတွေကို ကူညီပေးဖို့ ဘာလုပ်ရမယ်ဆိုတာ ဆုတောင်းသုံးသပ်သင့်တယ်။ သားသမီးတွေကို မိခင်ဘာသာစကား ကျွမ်းကျင်လာအောင် ကူညီပေးဖို့ဖြစ်စေ၊ သားသမီးတွေ ပိုနားလည်တဲ့ ဘာသာစကားပြော အသင်းတော်ကို ပြောင်းဖို့ဖြစ်စေ စဉ်းစားနိုင်တယ်။ အိမ်ထောင်ဦးစီး ဘယ်လိုပဲ ဆုံးဖြတ်ပါစေ အသင်းတော်က သူတို့ကို လေးစား တန်ဖိုးထားသင့်တယ်။
၂၀။ ဘာသာစကားအသစ် သင်ယူနေတဲ့ ညီအစ်ကို/မတွေကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။
၂၀ အထက်ပါ အကြောင်းရင်းတွေကြောင့် အသင်းတော်များစွာမှာ ဘာသာစကားအသစ် သင်ယူဖို့ ကြိုးစားနေတဲ့ ညီအစ်ကို/မတွေ ရှိတယ်။ သူတို့ရဲ့ ခံစားချက်တွေကို ကောင်းကောင်း ထုတ်မပြောနိုင်ပေမဲ့ ဘာသာစကား မကျွမ်းကျင်တာကို ကျွန်တော်တို့ အာရုံမစိုက်ဘဲ ယေဟောဝါအပေါ် ထားတဲ့ မေတ္တာ၊ ဘုရားအမှုဆောင်ချင်တဲ့ ဆန္ဒကို မြင်တတ်အောင် ကြည့်ရမယ်။ အဲဒီအရည်အသွေးကောင်းတွေကို မြင်တဲ့အခါ သူတို့ကို အလွန် တန်ဖိုးထား လေးစားလာမယ်။ ကျွန်တော်တို့ရဲ့ ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်တာနဲ့ပဲ “မင်းကို ငါ မလိုအပ်ဘူး” လို့ ပြောမှာ မဟုတ်ဘူး။
ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုးထား
၂၁-၂၂။ ယေဟောဝါကို ကျွန်တော်တို့ ဘာအတွက် ကျေးဇူးတင်သင့်သလဲ။
၂၁ အသင်းတော်မှာ ကျွန်တော်တို့ကို နေရာတစ်ခု ပေးထားလို့ ယေဟောဝါကို သိပ်ကျေးဇူးတင်ပါတယ်။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ ဘာသာစကား တစ်ခုခုကို ကျွမ်းကျင်သည်ဖြစ်စေ၊ မကျွမ်းကျင်သည်ဖြစ်စေ ကျွန်တော်တို့ဟာ ယေဟောဝါအတွက်ကော အချင်းချင်းအတွက်ပါ တန်ဖိုးရှိပါတယ်။—ရော. ၁၂:၄၊ ၅။ ကော. ၃:၁၀၊ ၁၁။
၂၂ ပေါလုပြောတဲ့ လူ့ခန္ဓာကိုယ် ဥပမာကနေ ရတဲ့ သင်ခန်းစာတွေကို ဆက်ကျင့်သုံးကြပါစို့။ ဒါဆိုရင် အသင်းတော်မှာ ကိုယ်တိုင်နဲ့ တခြားသူတွေ ရထားတဲ့ နေရာကို ပိုတန်ဖိုးထားတတ်လာပါလိမ့်မယ်။
သီချင်း ၉၀ အချင်းချင်း အားပေးကြ
^ အပိုဒ်၊ 5 ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ နောက်ခံ အမျိုးမျိုး ရှိပြီး အသင်းတော်မှာ မတူညီတဲ့ တာဝန်တွေ ရထားတယ်။ ယေဟောဝါရဲ့ မိသားစုဝင် ယောက်တိုင်းကို လေးစားဖို့ ဘာကြောင့် အရေးကြီးကြောင်း ဒီဆောင်းပါးက နားလည်စေပါလိမ့်မယ်။
^ အပိုဒ်၊ 8 နောက်ပိုင်း တိမောသေ အိမ်ထောင်ပြုမပြု ဆိုတာကိုတော့ အတိအကျ မပြောနိုင်ဘူး။