လေ့လာရန် ဆောင်းပါး ၃၄
ယေဟောဝါဘုရားရဲ့ ကောင်းမြတ်ခြင်းကို ဘယ်လို “မြည်းစမ်း” မလဲ
“ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ မြည်းစမ်းပြီး ကိုယ်တိုင် ခံစားကြည့်ပါ။ ဘုရားကို ခိုလှုံသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။”—ဆာ. ၃၄:၈။
သီချင်း ၁၁၇ ကောင်းမြတ်ခြင်း အရည်အသွေး
အကြိုသုံးသပ်ချက် *
၁-၂။ ဆာလံ ၃၄:၈ အရ ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းကို ကိုယ်တိုင် ဘယ်လို သိနိုင်မလဲ။
ကိုယ်တစ်ခါမှ မစားဖူးတဲ့ အစားအစာတစ်ခုကို စားကြည့်ဖို့ ပြောလာတယ် ဆိုပါစို့။ အရင်ဆုံး ပုံစံကို ကြည့်တာ၊ အနံ့ခံကြည့်တာ၊ ဘာတွေ ပါလဲ မေးတာ၊ တခြားသူတွေရဲ့ ထင်မြင်ချက်ကို မေးတာကနေ အစားအစာအကြောင်း သိလာမယ်။ ဒါပေမဲ့ တကယ် ကြိုက်မကြိုက်ကတော့ ကိုယ်တိုင် မြည်းကြည့်ပြီးမှ သိနိုင်မယ်။
၂ ကျမ်းစာ၊ အဖွဲ့အစည်းထုတ် စာပေတွေ ဖတ်တာနဲ့ တခြားသူတွေရဲ့ အတွေ့အကြုံကနေ ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းအကြောင်း သိနိုင်တယ်။ ဒါပေမဲ့ ကိုယ်တိုင် “မြည်းစမ်း” ကြည့်မှ ဘုရားရဲ့ ကောင်းမြတ်ခြင်းကို ကောင်းကောင်း နားလည်မယ်။ (ဆာလံ ၃၄:၈ ကို ဖတ်ပါ။) ဥပမာ၊ အချိန်ပြည့်လုပ်ငန်း တစ်မျိုးမျိုးမှာ ပါဝင်ချင်တယ်။ အဲဒီပန်းတိုင် ရောက်ဖို့ ဘဝကို ရိုးရိုးရှင်းရှင်း ထားရမယ်ဆိုတာ သိတယ်။ နိုင်ငံတော်ကို ဦးစားထားရင် လိုအပ်တာတွေကို ယေဟောဝါ ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ယေရှုရဲ့ ကတိကို အကြိမ်ကြိမ် ဖတ်ဖူးပေမဲ့ ကိုယ်တိုင် မကြုံဖူးသေးဘူး။ (မ. ၆:၃၃) ဒါပေမဲ့ ယေရှုရဲ့ ကတိကို ယုံကြည်ပြီး အသုံးစရိတ် လျှော့၊ အလုပ်ချိန် လျှော့ပြီး အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်တယ်။ အဲဒီလို လုပ်တဲ့အခါ ကျွန်တော်တို့ရဲ့ လိုအပ်ရာတွေကို ယေဟောဝါ တကယ် ဖြည့်ဆည်းပေးကြောင်း ကိုယ်တွေ့ သိလာတယ်။ ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းကို “မြည်းစမ်း” လိုက်ရတာပဲ။
၃။ ဆာလံ ၁၆:၁၊ ၂ အရ ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းကို ဘယ်သူတွေ ခံစားနေရသလဲ။
၃ ယေဟောဝါဟာ မိမိအကြောင်း မသိသူတွေ အပါအဝင် “အားလုံးအပေါ် ကောင်းမြတ်တယ်။” (ဆာ. ၁၄၅:၉။ မ. ၅:၄၅) အထူးသဖြင့် မိမိကို ချစ်ပြီး စိတ်နှလုံး အကြွင်းမဲ့ အမှုဆောင်သူတွေကို ကောင်းချီးများစွာ ပေးတယ်။ (ဆာလံ ၁၆:၁၊ ၂ ကို ဖတ်ပါ။) ကျွန်တော်တို့ ခံစားနေရတဲ့ ယေဟောဝါရဲ့ ကောင်းမြတ်မှုတချို့အကြောင်း ဆွေးနွေးကြည့်ရအောင်။
၄။ မိမိနဲ့ ရင်းနှီးလာသူတွေကို ယေဟောဝါ ကောင်းမြတ်ကြောင်း ဘယ်လို ပြသလဲ။
၄ ယေဟောဝါ သင်ပေးတာတွေကို လက်တွေ့ကျင့်သုံးတဲ့အခါတိုင်း ဘဝမှာ ကောင်းကျိုး ခံစားရတယ်။ ဥပမာ၊ ဘုရားအကြောင်း ပိုသိလာပြီး ပိုချစ်လာတဲ့အခါ ဘုရား မနှစ်သက်တာတွေကို မလုပ်ဖို့၊ မစဉ်းစားဖို့ ဘုရား ကူညီပေးတယ်။ (ကော. ၁:၂၁) ယေဟောဝါဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံလိုက်တဲ့အခါ သိစိတ် ကြည်လင်လာပြီး ဘုရားနဲ့ ပိုရင်းနှီးလာတယ်။ ဘုရားရဲ့ ကောင်းမြတ်ခြင်းကို ပိုခံစားလာရတယ်။—၁ ပေ. ၃:၂၁။
၅။ အမှုဆောင်လုပ်ငန်းမှာ ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းကို ဘယ်လို ခံစားရသလဲ။
၅ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တဲ့အခါ ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းကို ဆက်ခံစားရတယ်။ သင်ဟာ ရှက်တတ်သူလား။ ယေဟောဝါရဲ့ လူမျိုး အများစုဟာ ရှက်တတ်ကြတယ်။ ယေဟောဝါသက်သေ မဖြစ်ခင်က သူစိမ်းတစ်ယောက်ရဲ့ အိမ်တံခါးကို သွားခေါက်ပြီး ကျမ်းစာအကြောင်း လိုက်ပြောမယ်လို့ တစ်ခါမှ စဉ်းစားဖူးမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ အဲဒါကို ပုံမှန် လုပ်နေပြီ။ အဲဒီအပြင် ယေဟောဝါရဲ့ အကူအညီနဲ့ ဟောပြောခြင်း လုပ်ငန်းမှာ ပျော်ရွှင်နေပြီ။ ယေဟောဝါရဲ့ အကူအညီကို နည်းအမျိုးမျိုးနဲ့ ခံစားရတယ်။ အမှုဆောင်မှာ ဆန့်ကျင်မှု ကြုံရတဲ့အခါ တည်ငြိမ်မှု ရှိဖို့ ဘုရား ကူညီပေးတယ်။ စိတ်ဝင်စားတဲ့ အိမ်ရှင်ကို ဖတ်ပြဖို့ သင့်တော်မယ့် ကျမ်းချက်တွေ ပြန်မှတ်မိစေတယ်။ လူတွေ နားမထောင်တဲ့အခါမှာတောင် ဆက်ဟောပြောဖို့ ခွန်အားပေးတယ်။—ယေ. ၂၀:၇-၉။
၆။ အမှုဆောင်လုပ်ငန်းအတွက် လေ့ကျင့်ပေးတာက ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းကို ဘယ်လို ပေါ်လွင်စေသလဲ။
၆ အမှုဆောင်လုပ်ငန်းအတွက် လေ့ကျင့်ပေးတာကလည်း ယေဟောဝါရဲ့ ကောင်းမြတ်မှုပဲ။ (ယော. ၆:၄၅) ကြားရက် အစည်းအဝေးမှာ ကြားရတဲ့ စကားစမြည် ပြောဆိုနိုင်ပုံ နမူနာတွေကို အမှုဆောင်မှာ သုံးနိုင်တယ်။ အစမှာတော့ နည်းသစ်ကို သုံးဖို့ တွန့်ဆုတ်မိနိုင်တယ်။ ဒါပေမဲ့ သုံးကြည့်တဲ့အခါ ရပ်ကွက်မှာ အသုံးတည့်မှန်း သိလာနိုင်တယ်။ အစည်းအဝေးတွေ၊ အစည်းအဝေးကြီးတွေမှာလည်း ဟောပြောနည်းသစ်တွေ သုံးကြည့်ဖို့ အားပေးခံရတယ်။ လုပ်နေကျ မဟုတ်လို့ စိုးရိမ်မိနိုင်ပေမဲ့ စမ်းသုံးကြည့်မယ်ဆိုရင် ယေဟောဝါ ကောင်းချီးပေးပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အခြေအနေ ဘယ်လိုပဲ ရှိနေပါစေ နည်းလမ်းသစ်တွေနဲ့ ယေဟောဝါကို အကောင်းဆုံး ပေးဆက်ရင် ဘယ်လို ကောင်းချီးတွေ ခံစားရမလဲဆိုတာ ဆွေးနွေးကြည့်ရအောင်။ အမှုဆောင်လုပ်ငန်း တိုးချဲ့နိုင်ပုံကိုလည်း သုံးသပ်ကြမယ်။
ယုံကြည်ကိုးစားသူတွေကို ယေဟောဝါ ကောင်းချီးပေး
၇။ အမှုဆောင်လုပ်ငန်းကို တိုးချဲ့ဖို့ ကြိုးစားမယ်ဆိုရင် ဘယ်ကောင်းချီးတွေ ရမလဲ။
၇ ယေဟောဝါနဲ့ ပိုရင်းနှီးလာမယ်။ အခု ကိုလံဘီယာမှာ ဇနီးနဲ့အတူ အမှုဆောင်နေတဲ့ အကြီးအကဲ ဆန်မြူရယ် * အကြောင်း သုံးသပ်ကြည့်ပါ။ ဒီမောင်နှံဟာ မူလအသင်းတော်မှာ ရှေ့ဆောင် လုပ်နေပေမဲ့ ပိုလိုအပ်တဲ့နေရာမှာ သွားအမှုဆောင်ချင်ကြတယ်။ အဲဒီလို လုပ်နိုင်ဖို့ ကိုယ်ကျိုးစွန့်မှုတချို့ လုပ်ခဲ့ရတယ်။ “မဿဲ ၆:၃၃ ကို လက်တွေ့ကျင့်သုံးတယ်။ မလိုအပ်တာတွေ မဝယ်တော့ဘူး။ ဒါပေမဲ့ အခက်ဆုံးကတော့ အိမ်ကို ထားခဲ့ရမှာပဲ။ ဒီအိမ်လေးက ကိုယ့်စိတ်ကြိုက် ပြင်ထားတာ။ အကြွေးလည်း ကျေပြီ” လို့ ဆန်မြူရယ် ပြောတယ်။ အခု ရောက်နေတဲ့ ကိုလံဘီယာမှာ အရင်ကလောက် အကုန်အကျ မများဘူး။ “ယေဟောဝါက ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို အဖြေပေးပြီး လမ်းညွှန်ပေးတယ်။ ကျွန်တော်တို့ကို ချစ် မှန်း၊ နှစ်သက်မှန်း တစ်ခါမှ မခံစားဖူးတဲ့ နည်းနဲ့ ခံစားရတယ်” လို့ ပြောတယ်။ သင်ကော အမှုဆောင်လုပ်ငန်းကို တစ်နည်းနည်းနဲ့ တိုးချဲ့နိုင်မလား။ အဲဒီလို လုပ်မယ်ဆိုရင် ယေဟောဝါနဲ့ ပိုရင်းနှီးလာမယ်။ ယေဟောဝါရဲ့ ထောက်မမှု ခံစားရမယ်။—ဆာ. ၁၈:၂၅။
၈။ အိုင်ဗန်နဲ့ ဗစ်တိုးရီးယားရဲ့ စကားကနေ ဘာသိရသလဲ။
၈ အမှုတော်မှာ ပျော်ရွှင်မယ်။ ကာဂျစ္စတန်မှာ ရှေ့ဆောင်အဖြစ် အမှုဆောင်နေတဲ့ အိုင်ဗန်နဲ့ ဗစ်တိုးရီးယား ပြောတာကို နားထောင်ကြည့်ပါ။ ဘဝကို ရိုးရိုးရှင်းရှင်း ထားလို့ ဆောက်လုပ်ရေး လုပ်ငန်း အပါအဝင် ဘယ်တာဝန်မှာမဆို စေတနာ့ဝန်ထမ်း လုပ်နိုင်ကြတယ်။ “တာဝန်တိုင်းကို ကြိုးစားလုပ်ဆောင်တယ်။ တစ်နေ့တာ အကုန်ဆို ပင်ပန်းနေပေမဲ့ ကိုယ့်ခွန်အားကို နိုင်ငံတော်လုပ်ငန်းအတွက် သုံးလိုက်ရတယ်ဆိုတဲ့ အသိကြောင့် စိတ်ငြိမ်သက်တယ်။ ကျေနပ်တယ်။ မိတ်ဆွေသစ်တွေ ရလာလို့၊ အတွေ့အကြုံကောင်းတွေ ရလာလို့လည်း သိပ်ပျော်တယ်” လို့ အိုင်ဗန် ပြောတယ်။—မာ. ၁၀:၂၉၊ ၃၀။
၉။ အခက်အခဲတွေကြား အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ ညီအစ်မတစ်ယောက် ဘာလုပ်ခဲ့သလဲ။ ဘာရလဒ် ရသလဲ။
၉ အခက်အခဲတွေ ရှိနေရင်တောင် ယေဟောဝါရဲ့ အမှုတော်မှာ ရွှင်လန်းနိုင်ပါတယ်။ ဥပမာ၊ အနောက် အာဖရိကမှာ နေတဲ့ သက်ကြီး မုဆိုးမ မိုင်ရာဟာ ဆေးရုံအလုပ်ကနေ ပင်စင်ယူပြီး ရှေ့ဆောင် စလုပ်တယ်။ လေးဘက်နာ ရောဂါ ရှိလို့ တစ်အိမ်တက်ဆင်းမှာ တစ်နာရီလောက်ပဲ ပါဝင်နိုင်ပေမဲ့ အများရှေ့ သက်သေခံခြင်းမှာတော့ အချိန်များများ ပါဝင်တယ်။ ပြန်လည်ပတ်မှု၊ သင်အံမှုတွေ အများကြီး ရှိလာတယ်။ တချို့ကို ဖုန်းနဲ့ ဆက်သွယ်တယ်။ အမှုဆောင်မှာ ပိုပါဝင်ဖို့ မိုင်ရာကို ဘာက လှုံ့ဆော်သလဲ။ “ယေဟောဝါနဲ့ ယေရှုခရစ်ကို သိပ်ချစ်တယ်။ ဒါကြောင့် အမှုတော်မှာ အတတ်နိုင်ဆုံး ဆက်ပါဝင်နိုင်အောင် ကူညီပေးပါလို့ ယေဟောဝါဆီ မကြာခဏ ဆုတောင်းတယ်” လို့ ပြောတယ်။—မ. ၂၂:၃၆၊ ၃၇။
၁၀။ တက်လှမ်းဖို့ ကြိုးစားသူတွေဟာ ၁ ပေတရု ၅:၁၀ မှာ ဖော်ပြတဲ့အတိုင်း ယေဟောဝါဆီက ဘာရမလဲ။
၁၀ ယေဟောဝါဆီက ထပ်ဆင့် လေ့ကျင့်မှုတွေ ရမယ်။ ဒီအချက် မှန်တယ်ဆိုတာ မောရေးရှပ်မှာ ရှေ့ဆောင်လုပ်နေတဲ့ ကန်နီ သိခဲ့ရတယ်။ အမှန်တရား သိလာချိန်မှာ တက္ကသိုလ်က ထွက်ပြီး နှစ်ခြင်းခံတယ်။ အချိန်ပြည့်လုပ်ငန်းမှာ စပါဝင်တယ်။ “‘ကျွန်တော် ရှိပါတယ်။ ကျွန်တော့်ကို စေလွှတ်ပါ’ ဆိုတဲ့ ပရောဖက် ဟေရှာယ စကားအတိုင်း နေဖို့ ကြိုးစားတယ်” လို့ ပြောတယ်။ (ဟေရှာ. ၆:၈) ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ပါဝင်တယ်။ ကျမ်းစာ စာပေတွေကို မိခင်ဘာသာစကားနဲ့ ဘာသာပြန်တဲ့ လုပ်ငန်းမှာလည်း ကူညီပေးတယ်။ “တာဝန်တွေ ပြီးမြောက်နိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေ ရှိလာအောင် လေ့ကျင့်ပေးခံရတယ်” လို့ ကန်နီ ပြောတယ်။ ဒါပေမဲ့ အလုပ် ပြီးအောင် ဘယ်လို လုပ်ရမယ် ဆိုတာလောက်ပဲ လေ့ကျင့်ပေးခံရတာ မဟုတ်ဘူး။ “ကိုယ့်ကန့်သတ်ချက်တွေကို သိလာတယ်။ ယေဟောဝါရဲ့ ကျေးကျွန်ကောင်းတစ်ယောက် ဖြစ်ဖို့ လိုအပ်နေတဲ့ အရည်အသွေးတွေကိုလည်း သိလာတယ်” လို့ ပြောတယ်။ (၁ ပေတရု ၅:၁၀ ကို ဖတ်ပါ။) သင်ကော ကိုယ့်အခြေအနေကို ဆန်းစစ်ပြီး ယေဟောဝါရဲ့ ထပ်ဆင့် လေ့ကျင့်မှုတွေ ရဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်မလား။
၁၁။ တောင်ကိုရီးယားက ညီအစ်မတွေ အမှုဆောင်မှာ ပါဝင်နိုင်ဖို့ ဘယ်လို ကြိုးစားခဲ့ကြသလဲ။ ဘာရလဒ် ရသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၁၁ အတွေ့အကြုံရှိ သက်သေခံတွေတောင် အမှုဆောင်လုပ်ငန်းမှာ နည်းသစ်တွေနဲ့ ပါဝင်တဲ့အခါ အကျိုးရကြတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလမှာ တောင်ကိုရီးယားနိုင်ငံက အကြီးအကဲတစ်ယောက် ဒီလို ပြောတယ်– “တစ်ချိန်က ကျန်းမာရေးကြောင့် အမှုဆောင်မှာ မပါနိုင်ဘူးလို့ ထင်ခဲ့သူတွေ အခုဆို ဗီဒီယို ချိတ်ဆက်နည်းနဲ့ ပါဝင်နေကြပြီ။ အသက် ၈၀ ဝန်းကျင် ညီအစ်မ သုံးယောက်ဆိုရင် နည်းပညာသစ်တွေ သင်ယူပြီး အမှုဆောင်မှာ နေ့တိုင်းနီးပါး ဆာ. ၉၂:၁၄၊ ၁၅) သင်လည်း အမှုဆောင်လုပ်ငန်း တိုးချဲ့ပြီး ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းကို မြည်းစမ်းကြည့်ချင်သလား။ အဲဒီလို လုပ်နိုင်ဖို့ အကူအညီ ဖြစ်စေမယ့် အဆင့်တချို့ကို သုံးသပ်ကြည့်ပါ။
ပါဝင်နေကြတယ်။” (သင် လုပ်ဆောင်နိုင်ရာများ
၁၂။ မိမိကို အားကိုးသူတွေအတွက် ယေဟောဝါ ဘာကတိပေးသလဲ။
၁၂ ယေဟောဝါကို အားကိုးတတ်ဖို့ သင်ယူပါ။ ဘုရားကို ယုံကြည်ကိုးစားပြီး အတတ်နိုင်ဆုံး လုပ်ဆောင်မယ်ဆိုရင် ကောင်းချီးပေးမယ်လို့ ကတိပေးထားတယ်။ (မာလ. ၃:၁၀) အဲဒီကတိအတိုင်း ယေဟောဝါ လုပ်ပေးတာကို ကိုလံဘီယာက ညီအစ်မ ဖာဘီယိုလာ ကြုံခဲ့ရတယ်။ နှစ်ခြင်းခံပြီးတာနဲ့ မှန်မှန်ရှေ့ဆောင် လုပ်ချင်ပေမဲ့ မိသားစုကို ထောက်ပံ့ဖို့ အလုပ် လုပ်နေရတယ်။ ဒါကြောင့် အလုပ်ကနေ ပင်စင်ယူဖို့ စီစဉ်တဲ့အခါ ယေဟောဝါဆီ ပြင်းပြင်းပြပြ ဆုတောင်းခဲ့တယ်။ “ပုံမှန်ဆိုရင် ပင်စင်ထုတ်ခွင့် ရဖို့ အချိန် သိပ်ကြာတယ်။ ဒါပေမဲ့ ကျွန်မကျတော့ တစ်လအတွင်းမှာပဲ ပင်စင် ကျလာတယ်။ တကယ် အံ့ဩစရာပဲ” လို့ ပြောတယ်။ နှစ်လအကြာမှာ ရှေ့ဆောင် စလုပ်တယ်။ အခု အသက် ၇၀ ဝန်းကျင် ရှိနေပြီး ရှေ့ဆောင်လုပ်တာ နှစ် ၂၀ ကျော်ပြီ။ အဲဒီအချိန်အတွင်း လူရှစ်ယောက်ကို နှစ်ခြင်းခံတဲ့အထိ ကူညီပေးနိုင်ခဲ့တယ်။ “တစ်ခါတလေ အားမရှိဘူးလို့ ခံစားရပေမဲ့ ရှေ့ဆောင် ဆက်လုပ်နိုင်အောင် ယေဟောဝါ နေ့တိုင်း ကူညီပေးတယ်” လို့ ညီအစ်မ ပြောတယ်။
၁၃-၁၄။ ယေဟောဝါကို အားကိုးပြီး ကြိုးစားတက်လှမ်းဖို့ ဘယ်ပုံသက်သေတွေက ကူညီပေးနိုင်သလဲ။
၁၃ ယေဟောဝါကို အားကိုးသူတွေရဲ့ ပုံသက်သေကနေ သင်ယူပါ။ ယေဟောဝါရဲ့ အမှုတော်မှာ ကြိုးစားဟီ. ၁၁:၈) ယာကုပ်လည်း ကောင်းကင်တမန်နဲ့ နပန်းလုံးပြီးနောက်မှ အထူးကောင်းချီး ရခဲ့တယ်။ (က. ၃၂:၂၄-၃၀) ရေစီးသန်တဲ့ ဂျော်ဒန်မြစ်ထဲ ပုရောဟိတ်တွေ ခြေချပြီးမှသာ အစ္စရေးတွေ မြစ်ကို ဖြတ်ကူးပြီး ကတိထားရာပြည်ထဲ ဝင်နိုင်ခဲ့ကြတယ်။—ယောရှု ၃:၁၄-၁၆။
ပါဝင်ခဲ့သူတွေရဲ့ ပုံသက်သေတွေ ကျမ်းစာမှာ ပါတယ်။ အများအားဖြင့် သူတို့ဟာ ယေဟောဝါဆီက အထူးကောင်းချီးတွေ မရခင် ဘုရားကို ယုံကြည်ကိုးစားကြောင်း လုပ်ရပ်နဲ့ အရင် ပြခဲ့ကြတယ်။ ဥပမာ၊ အာဗြဟံဟာ အိမ်ကို ထားခဲ့ပြီး “ဘယ်ကို သွားရမှန်း မသိပေမဲ့လည်း ထွက်သွား” ပြီးမှ ယေဟောဝါရဲ့ ကောင်းချီးရတယ်။ (၁၄ ယေဟောဝါကို အားကိုးပြီး ကြိုးစားတက်လှမ်းခဲ့ကြတဲ့ ဒီနေ့ခေတ် ပုံသက်သေတွေကနေလည်း အကျိုးရနိုင်တယ်။ ဥပမာ၊ ညီအစ်ကို ပေတန်နဲ့ ဇနီး ဒိုင်ယာနာတို့ဟာ ယေဟောဝါရဲ့ အမှုတော်မှာ တိုးချဲ့ပါဝင်သူတွေအကြောင်း ဖတ်ရတာ သိပ်ကြိုက်တယ်။ “ကိုယ့်ကိုယ်ကိုယ် တလိုတလား ပေးဆက်ကြသူများ” * ဆောင်းပါးတွဲတွေမှာ အဲဒီလို တွေ့ကြုံမှုတွေ ပါတယ်။ “သူတို့ရဲ့ တွေ့ကြုံမှုတွေကို ဖတ်ရတာဟာ အရသာရှိတဲ့ အစားအစာတွေ စားပြတာကို ကြည့်နေရသလိုပဲ။ ကြည့်လေ ကြည့်လေ ‘ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ’ ကိုယ်တိုင် ‘မြည်းစမ်း’ ကြည့်ချင်လေ ဖြစ်လာတယ်” လို့ ပေတန် ပြောတယ်။ နောက်ပိုင်း၊ ပေတန်နဲ့ ဒိုင်ယာနာတို့ဟာ ပိုလိုအပ်တဲ့ နေရာမှာ သွားအမှုဆောင်ကြတယ်။ သင်ကော အဲဒီဆောင်းပါးတွဲတွေကို ဖတ်ပြီးပြီလား။ jw.org မှာ တင်ထားတဲ့ သီးခြားရပ်ကွက်မှာ သက်သေခံခြင်း—ဩစတြေးလျ၊ သီးခြားရပ်ကွက်မှာ သက်သေခံခြင်း—အိုင်ယာလန် ဗီဒီယိုတွေကိုကော ကြည့်ပြီးပြီလား။ အဲဒါတွေက အမှုဆောင်လုပ်ငန်း တိုးချဲ့နိုင်မယ့် နည်းတွေ သိအောင် ကူညီပေးနိုင်ပါတယ်။
၁၅။ အပေါင်းအသင်းကောင်းတွေက ဘယ်လို ကူညီပေးနိုင်သလဲ။
၁၅ အပေါင်းအသင်းကောင်း ရွေးပါ။ အစားအစာတစ်မျိုးကို တစ်ခါမှ မစားဖူးပေမဲ့ အဲဒီအစာကို ကြိုက်တဲ့သူတွေနဲ့ ပေါင်းရင် စားကြည့်ချင်စိတ် ဝင်လာနိုင်တယ်။ အဲဒီလိုပဲ ဘဝမှာ ယေဟောဝါရဲ့ အမှုတော်ကို ဦးစားထားသူတွေနဲ့ ပေါင်းရင် အမှုတော်မှာ တိုးချဲ့ပါဝင်ချင်လာမယ်။ အဲဒီအချက် မှန်ကန်ကြောင်း ကန်နဲ့ ဘရော်နီကာတို့ မောင်နှံ သိခဲ့ရတယ်။ “အမှုဆောင် လုပ်ငန်း အသွင်သစ် တစ်မျိုးမျိုးကို စမ်းကြည့်ဖို့ သူငယ်ချင်းတွေနဲ့ မိသားစုတွေ အားပေးကြတယ်။ နိုင်ငံတော်ကို ဦးစားထားသူတွေနဲ့ ပေါင်းတဲ့အခါ ကျွန်တော်တို့လည်း အမှုဆောင် လုပ်ငန်း အသွင်သစ်ကို စမ်းကြည့်ဖို့ ယုံကြည်စိတ်ချမှု ရှိလာတယ်” လို့ ကန် ပြောတယ်။ အခု အထူးရှေ့ဆောင်တွေအဖြစ် ဆာဗီးယားမှာ သူတို့ အမှုဆောင်နေကြတယ်။
၁၆။ လုကာ ၁၂:၁၆-၂၁ မှာ ယေရှု ပြောတဲ့ ပုံဥပမာအရ ကျွန်တော်တို့ ဘာကြောင့် ကိုယ်ကျိုးစွန့်သင့်သလဲ။
၁၆ ယေဟောဝါအတွက် ကိုယ်ကျိုးစွန့်ပါ။ ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ ကိုယ်ကြိုက်တဲ့အရာ အားလုံးကို စွန့်လွှတ်စရာ မလိုပါဘူး။ (ဒေ. ၅:၁၉၊ ၂၀) ဒါပေမဲ့ ကိုယ်ကျိုးစွန့်ရမှာ စိုးလို့ ဘုရားအမှုတော်မှာ ပိုမပါဝင်တာမျိုး ဖြစ်မယ်ဆိုရင် ယေရှု ပုံဥပမာထဲက သူဌေးနဲ့ တူသွားမယ်။ အဲဒီသူဌေးက ကိုယ်ဇိမ်ကျကျ နေနိုင်ဖို့ပဲ စဉ်းစားပြီး ဘုရားကို လျစ်လျူရှုခဲ့တယ်။ (လုကာ ၁၂:၁၆-၂၁ ကို ဖတ်ပါ။) ပြင်သစ်မှာ နေတဲ့ ညီအစ်ကို ခရစ်တိန်းက “ကျွန်တော့်ရဲ့ အချိန်နဲ့ ခွန်အားကို ယေဟောဝါနဲ့ မိသားစုအတွက် အကောင်းဆုံး မပေးခဲ့ဘူး” လို့ ပြောတယ်။ ဒါနဲ့ သူနဲ့ ဇနီး ရှေ့ဆောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီလို လုပ်နိုင်ဖို့ သူတို့ရဲ့ အလုပ်ကနေ ထွက်ပြီး သန့်ရှင်းရေးအလုပ် လုပ်ကြတယ်။ ရှိတာနဲ့ ရောင့်ရဲတတ်ဖို့ ကြိုးစားတယ်။ စွန့်လွှတ်ရကျိုးနပ်ရဲ့လား။ “အခု အမှုဆောင်လုပ်ငန်းမှာ ပိုပျော်လာတယ်။ သင်အံမှုတွေ၊ ပြန်လည်ပတ်မှုတွေ ယေဟောဝါအကြောင်း သိလာတာ မြင်ရလို့ သိပ်ပျော်တယ်” ဆိုပြီး ခရစ်တိန်း ပြောတယ်။
၁၇။ အမှုဆောင်လုပ်ငန်း နည်းလမ်းသစ်ကို စမ်းကြည့်ဖို့ ညီအစ်မ တစ်ယောက်ကို ဘာက ကူညီပေးသလဲ။
တ. ၁၇:၁၆၊ ၁၇။ ၂၀:၂၀၊ ၂၁) အမေရိကန်နိုင်ငံမှာ နေတဲ့ ရှေ့ဆောင် ညီအစ်မ ရှယ်လီဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အမှုဆောင်လုပ်ငန်း လုပ်ဆောင်ပုံကို ပြုပြင်ခဲ့ရတယ်။ အစပိုင်းမှာ ဖုန်းနဲ့ သက်သေခံဖို့ တွန့်ဆုတ်မိတယ်။ ဒါပေမဲ့ တိုက်နယ်ကြီးကြပ်မှူး လည်ပတ်ချိန်မှာ လေ့ကျင့်မှု ရပြီးနောက်မှာတော့ ဖုန်းနဲ့ ပုံမှန် သက်သေခံနေပြီ။ “အစမှာတော့ ကြောက်နေတာ။ အခုတော့ ပျော်သွားပြီ။ တစ်အိမ်တက်ဆင်း သွားတာထက်တောင် လူတွေဆီ ပိုရောက်ဖြစ်တယ်” လို့ ညီအစ်မ ပြောတယ်။
၁၇ အမှုဆောင်လုပ်ငန်း နည်းလမ်းသစ်တွေကို စမ်းကြည့်ပါ။ (၁၈။ အမှုဆောင်လုပ်ငန်း တိုးချဲ့တဲ့အခါ အခက်အခဲတွေကို ဖြေရှင်းဖို့ ဘာက ကူညီပေးမလဲ။
၁၈ ပန်းတိုင်ချပြီး ပြည့်မီအောင် ကြိုးစားပါ။ အခက်အခဲတွေ ကြုံရတဲ့အခါ အကူအညီ ရဖို့ ဆုတောင်းပြီး ဘာလုပ်ရမယ်ဆိုတာ အသေအချာ အစီအစဉ်ဆွဲဖို့ လိုတယ်။ (ပညာ. ၃:၂၁) ဥရောပက ရိုမန်နီ စကားပြောအုပ်စုမှာ မှန်မှန်ရှေ့ဆောင် လုပ်နေတဲ့ ညီအစ်မ ဆိုနီယာက “ပန်းတိုင်တွေကို ချရေးတယ်။ မြင်သာတဲ့ နေရာမှာ ကပ်ထားတယ်။ လမ်းဆုံလမ်းခွပုံ ဆွဲပြီး စားပွဲပေါ် တင်ထားတယ်။ ဆုံးဖြတ်ချက် ချဖို့ လိုလာတဲ့အခါ အဲဒီပုံကို ကြည့်ပြီး ကိုယ့်ဆုံးဖြတ်ချက်က ဘယ်ကို ဦးတည်နေသလဲဆိုတာ စဉ်းစားတယ်” လို့ ပြောတယ်။ အခက်အခဲတွေ ကြုံရတဲ့အခါမှာလည်း အပြုသဘော ဆက်ထိန်းထားတယ်။ “အခြေအနေသစ်တွေဟာ ကာဆီးထားတဲ့ တံတိုင်းလား ဒါမှမဟုတ် ကူညီပေးတဲ့ တံတားလားဆိုတာ ကိုယ့်သဘောထားပေါ်မှာပဲ မူတည်တယ်” လို့ ဆိုနီယာ ပြောတယ်။
၁၉။ ကျွန်တော်တို့ ဘယ်လို စိတ်ပိုင်းဖြတ်ထားသင့်သလဲ။
၁၉ ကျွန်တော်တို့ကို နည်းအမျိုးမျိုးနဲ့ ယေဟောဝါ ကောင်းချီးပေးတယ်။ ဘုရားကို အတတ်နိုင်ဆုံး ဂုဏ်တင်ချီးမွမ်းခြင်းအားဖြင့် အဲဒီကောင်းချီးတွေအတွက် ကျေးဇူးတင်ကြောင်း ပြနိုင်တယ်။ (ဟီ. ၁၃:၁၅) အဲဒီထဲမှာ နည်းလမ်းသစ်တွေနဲ့ အမှုဆောင်လုပ်ငန်း တိုးချဲ့တာ ပါနိုင်တယ်။ ဒါဆိုရင် ယေဟောဝါရဲ့ ကောင်းချီးတွေ ပိုခံစားရမယ်။ နေ့တိုင်း “ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ မြည်းစမ်းပြီး ကိုယ်တိုင် ခံစားကြည့်ပါ။” အဲဒီလိုလုပ်မယ်ဆိုရင် “ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ရဲ့ အလိုတော်ကို ဆောင်တာ၊ သူ ခိုင်းထားတဲ့ အလုပ်ကို ပြီးစီးအောင် လုပ်တာဟာ ကျွန်တော့်အတွက် စားစရာပဲ” ဆိုပြီး ယေရှု ပြောသလို ပြောနိုင်ပါလိမ့်မယ်။—ယော. ၄:၃၄။
သီချင်း ၈၀ ‘ယေဟောဝါ ကောင်းမြတ်ကြောင်း မြည်းစမ်းကြည့်ပါ’
^ အပိုဒ်၊ 5 ကောင်းမြတ်ခြင်းဟာ ယေဟောဝါဆီက လာတယ်။ ယေဟောဝါက လူဆိုး လူကောင်း အားလုံးကို ကောင်းမွန်ရာတွေ ပေးတယ်။ အထူးသဖြင့် သစ္စာရှိ ဝတ်ပြုသူတွေအတွက် ကောင်းတာတွေ လုပ်ပေးချင်တယ်။ ကျေးကျွန်တွေအပေါ် ဘုရား ဘယ်လို ကောင်းမြတ်ကြောင်း၊ အမှုဆောင်လုပ်ငန်းမှာ တိုးချဲ့ပါဝင်သူတွေ ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းကို ဘယ်လို ခံစားရကြောင်း ဒီဆောင်းပါးမှာ သုံးသပ်ကြပါမယ်။
^ အပိုဒ်၊ 7 အမည်လွှဲများ။
^ အပိုဒ်၊ 14 ဒီဆောင်းပါးတွဲတွေကို ကင်းမျှော်စင် မှာ ပုံနှိပ်ခဲ့ပြီး အခု jw.org မှာ ဖတ်နိုင်တယ်။ ကျွန်တော်တို့အကြောင်း > တွေ့ကြုံမှုများ > ဘုရားရေးရာ ပန်းတိုင်များ တက်လှမ်းခြင်း မှာ ကြည့်ပါ။