လေ့လာရန် ဆောင်းပါး ၃၆
လူငယ့်ခွန်အားကို တန်ဖိုးထားပါ
“လူငယ်တွေရဲ့ ဂုဏ်ဟာ အစွမ်းခွန်အား။”—ပညာ. ၂၀:၂၉။
သီချင်း ၈၈ ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ
အကြိုသုံးသပ်ချက် *
၁။ အသက်ကြီးလာတဲ့အခါ ဘယ်လက်တွေ့ကျ ပန်းတိုင်တွေ ချမှတ်နိုင်သလဲ။
ကျွန်တော်တို့ အသက်ကြီးလာတာနဲ့အမျှ အရင်ကလောက် ယေဟောဝါအတွက် အသုံးမဝင်တော့မှာ စိုးရိမ်မိနိုင်တယ်။ အရင်ကလောက် ခွန်အား မရှိတော့တာ မှန်ပေမဲ့ ကိုယ်ရထားတဲ့ ဉာဏ်ပညာနဲ့ အတွေ့အကြုံတွေ သုံးပြီး ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ လူငယ်တွေ ပိုအသုံးဝင်အောင်၊ တာဝန်သစ်တွေ ပိုလက်ခံလာအောင် ကူညီပေးနိုင်တယ်။ “ကိုယ်ဇရာထောင်းလာပေမဲ့ အလုပ်တာဝန်တွေ ပခုံးလွှဲယူမယ့် အရည်အချင်းရှိ လူငယ် ညီအစ်ကိုတွေ ရှိနေလို့ သိပ်ကျေးဇူးတင်တယ်” လို့ သက်တမ်းကြာ အကြီးအကဲတစ်ယောက် ပြောတယ်။
၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၂ လူကြီးတွေနဲ့ ရင်းနှီးအောင် လုပ်ရင် လူငယ်တွေ ဘာအကျိုး ရမလဲဆိုတာ ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့ကြတယ်။ ဒီဆောင်းပါးမှာ နှိမ့်ချမှု၊ ကျိုးနွံမှု၊ ကျေးဇူးတင်လေးမြတ်မှု၊ ရက်ရောမှု စတဲ့ အရည်အသွေးတွေက လူငယ်တွေနဲ့ တွဲအမှုဆောင်ဖို့ လူကြီးတွေကို ဘယ်လို ကူညီပေးနိုင်ကြောင်း၊ ရလဒ်အနေနဲ့ အသင်းတော်တစ်ခုလုံး ဘယ်လို အကျိုးရကြောင်း ဆွေးနွေးပါမယ်။
နှိမ့်ချမှု ရှိပါ
၃။ ဖိလိပ္ပိ ၂:၃၊ ၄ အရ နှိမ့်ချမှုဆိုတာ ဘာလဲ။ နှိမ့်ချမှုက ခရစ်ယာန် တစ်ယောက်ကို ဘယ်လို ကူညီပေးနိုင်သလဲ။
၃ အသက်ကြီးသူတွေဟာ လူငယ်တွေကို ကူညီပေးနိုင်ဖို့ နှိမ့်ချရမယ်။ နှိမ့်ချသူဟာ တခြားသူကို ကိုယ့်ထက် သာတယ်လို့ သဘောထားတယ်။ (ဖိလိပ္ပိ ၂:၃၊ ၄ ကို ဖတ်ပါ။) အဲဒီလို သဘောထား ရှိတဲ့ အသက်ကြီးသူတွေဟာ တာဝန်တစ်ခုကို ကျမ်းစာနဲ့အညီ ထိထိရောက်ရောက် လုပ်နိုင်တဲ့နည်း တစ်နည်းထက်မက ရှိကြောင်း သိကြတယ်။ ဒါကြောင့် အရင်က လုပ်ခဲ့တဲ့ နည်းအတိုင်း လိုက်လုပ်ရမယ်လို့ တရားသေ မယူဆကြဘူး။ (ဒေ. ၇:၁၀) လူငယ်တွေကို ဝေမျှစရာ အတွေ့အကြုံ များစွာ ရှိပေမဲ့ “ဒီလောကရဲ့ ဇာတ်ကွက် ပြောင်းလဲနေ” ကြောင်း၊ အခြေအနေသစ်တွေနဲ့အညီ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နိုင်ကြောင်း သိနားလည်ကြတယ်။—၁ ကော. ၇:၃၁။
၄။ လေဝိအမျိုးသားတွေရဲ့ ဘယ်သဘောထားကို တိုက်နယ်ကြီးကြပ်မှူးတွေ ပြနေကြသလဲ။
၄ အသက်အရွယ်ကြောင့် အရင်ကလောက် မလုပ်နိုင်တော့ဘူးဆိုတာ နှိမ့်ချတဲ့ အသက်ကြီးသူတွေ အသိအမှတ်ပြုကြတယ်။ ဥပမာ၊ တိုက်နယ်ကြီးကြပ်မှူးတွေဟာ အသက် ၇၀ ဆိုရင် တခြားတာဝန် ပြောင်းရတယ်။ အဲဒီလိုလုပ်ဖို့ ခက်နိုင်တယ်။ ညီအစ်ကိုတွေအတွက် အမှုဆောင်ရတဲ့ အခွင့်ထူးကို သူတို့ မြတ်နိုးကြတယ်။ ကိုယ်မြတ်နိုးတဲ့ တာဝန် ဖြစ်လို့ ဆက်လုပ်ချင်နေကြတုန်းပဲ။ ဒါပေမဲ့ ဒီလုပ်ငန်းကို လူငယ်တွေ လုပ်ဖို့ လိုအပ်မှန်း နားလည်ပြီး ရှေးခေတ် အစ္စရေး လေဝိအမျိုးသားတွေရဲ့ သဘောထားမျိုး တင်ပြကြတယ်။ လေဝိအမျိုးသားတွေဟာ အသက် ၅၀ ဆိုရင် တဲတော်မှာ ဆက်အမှုမဆောင်ရတော့ဘူး။ အသက်ကြီးတဲ့ လေဝိအမျိုးသားတွေရဲ့ ပျော်ရွှင်မှုဟာ တာဝန်နဲ့ မဆိုင်ဘူး။ ကိုယ်နိုင်တဲ့ဘက်ကနေ အတတ်နိုင်ဆုံး ဆက်အမှုဆောင်ပြီး လူငယ်တွေကို ကူညီထောက်မပေးတယ်။ (တော. ၈:၂၅၊ ၂၆) ဒီနေ့ခေတ်မှာလည်း တိုက်နယ်ကြီးကြပ်မှူးတာဝန် ထမ်းဆောင်ခဲ့သူတွေဟာ အသင်းတော် များစွာအတွက် အမှုမဆောင်နိုင်တော့ပေမဲ့ ကိုယ်တာဝန်ကျတဲ့ အသင်းတော်အတွက် တကယ့် ကောင်းချီးပါပဲ။
၅။ ဒန်နဲ့ ကေတီရဲ့ ပုံသက်သေကနေ ဘာသင်ယူနိုင်သလဲ။
၅ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ၂၃ နှစ်လောက် အမှုဆောင်ခဲ့တဲ့ ဒန်အကြောင်း စဉ်းစားကြည့်ပါ။ အသက် ၇၀ ပြည့်တဲ့အခါ ဒန်နဲ့ ဇနီး ကေတီဟာ အထူးရှေ့ဆောင်အဖြစ် တာဝန်ရတယ်။ အခြေအနေသစ်နဲ့ နေသားကျအောင် ဘယ်လို ကြိုးစားသလဲ။ အရင်ကထက် ပိုအလုပ်များလာတယ်လို့ ဒန် ပြောတယ်။ အသင်းတော် တာဝန်တွေအပြင် ညီအစ်ကိုတွေကို အသင်းတော် အမှုထမ်းအဖြစ် အရည်အချင်း ပြည့်မီလာအောင် ကူညီပေးနေတယ်။ မြို့ကြီးတွေနဲ့ အကျဉ်းထောင်တွေမှာ သက်သေခံဖို့ တခြားသူတွေကို လေ့ကျင့်ပေးနေတယ်။ အသက်ကြီးသူတို့၊ သင်တို့ဟာ အချိန်ပြည့် အမှုဆောင် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ တခြားသူတွေကို များစွာ ကူညီပေးနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ပြောင်းလဲသွားတဲ့ အခြေအနေသစ်မှာ နေသားကျအောင် ကြိုးစားပါ။ ပန်းတိုင်သစ်တွေ ချပါ။ မလုပ်နိုင်တာကို မဟုတ်ဘဲ လုပ်နိုင်တာကို အာရုံစိုက်ပါ။
ကျိုးနွံမှု ရှိပါ
၆။ ကျိုးနွံတာ ဘာကြောင့် ပညာရှိသလဲ။ ဥပမာပေးပါ။
၆ ကျိုးနွံသူဟာ ကိုယ့်ကန့်သတ်ချက်တွေကို အသိအမှတ်ပြုတယ်။ (ပညာ. ၁၁:၂) ကိုယ်လုပ်နိုင်တာထက် ပိုလုပ်ဖို့ စိတ်မကူးဘူး။ ဒါကြောင့် ပျော်ရွှင်ကျေနပ်တယ်။ ကျိုးနွံသူကို စက်ဘီးစီးသူနဲ့ နှိုင်းယှဉ်နိုင်တယ်။ သစ်လုံးတံတားကို ရောက်တဲ့အခါ စက်ဘီးပေါ်က ဆင်းပြီး တွန်းသွားရမယ်။ အရှိန်နှေးသွားပေမဲ့ ရှေ့ဆက် သွားနေမယ်။ အလားတူပဲ၊ ကျိုးနွံသူဟာ ယေဟောဝါရဲ့ လုပ်ငန်းမှာ ဘယ်အချိန် “အပြောင်းအလဲ လုပ်” ရမယ်ဆိုတာ သိတယ်။ ဒါမှ ယေဟောဝါနဲ့ တခြားသူတွေအတွက် ဆက်အမှုဆောင်နိုင်မှာ။—ဖိ. ၄:၅။
၇။ ကျိုးနွံမှု ရှိကြောင်း ဗာဇိလဲ ဘယ်လို ပြသလဲ။
၇ ဗာဇိလဲအကြောင်း စဉ်းစားကြည့်ပါ။ နန်းတော်ကို လိုက်လာဖို့ ဘုရင် ဒါဝိဒ် ကမ်းလှမ်းချိန်မှာ ဗာဇိလဲ အသက် ၈၀ ရှိပြီ။ ကျိုးနွံသူ ဖြစ်လို့ ကမ်းလှမ်းမှုကို ငြင်းလိုက်တယ်။ အသက်အရွယ်ကြောင့် အကန့်အသတ် ရှိလာတာတွေကို အသိအမှတ်ပြုပြီး မိမိအစား လူငယ် ခိမဟံကို ခေါ်သွားဖို့ ထောက်ခံပေးတယ်။ (၂ ရှ. ၁၉:၃၅-၃၇) ဗာဇိလဲလိုပဲ အသက်ကြီးသူတွေလည်း လူငယ်တွေကို လုပ်ငန်းတော် အခွင့်ထူးတွေအတွက် နေရာပေးကြတယ်။
၈။ ဗိမာန်တော် ဆောက်တာနဲ့ပတ်သက်ပြီး ကျိုးနွံမှု ရှိကြောင်း ဘုရင် ဒါဝိဒ် ဘယ်လို ပြသလဲ။
၈ ဘုရင် ဒါဝိဒ်လည်း ကျိုးနွံမှု ပြရာမှာ ပုံသက်သေကောင်းပါပဲ။ ယေဟောဝါအတွက် အိမ်တော် တည်ဆောက်ပေးချင်တယ်။ ဒါပေမဲ့ ဒီအခွင့်ထူးကို လူငယ် ရှောလမုန် ရမယ်လို့ ယေဟောဝါ အသိပေးချိန်မှာ ဆုံးဖြတ်ချက်ကို ဒါဝိဒ် လက်ခံပြီး လုပ်ငန်းကို စိတ်နှလုံး အကြွင်းမဲ့ ထောက်မပေးတယ်။ (၁ ရာ. ၁၇:၄။ ၂၂:၅) ရှောလမုန်ဟာ အသက် ‘ငယ်ပြီး အတွေ့အကြုံလည်း မရှိ’ တဲ့အတွက် ဒီတာဝန်ကို မိမိပဲ ပိုကောင်းကောင်း လုပ်နိုင်မယ်လို့ ဒါဝိဒ် မတွေးဘူး။ (၁ ရာ. ၂၉:၁) ဆောက်လုပ်ရေး လုပ်ငန်း အောင်မြင်ဖို့ဆိုတာ ယေဟောဝါရဲ့ ကောင်းချီးပေါ်ပဲ မူတည်မှန်း၊ ဦးဆောင်သူတွေရဲ့ အသက်အရွယ်၊ အတွေ့အကြုံပေါ် မမူတည်မှန်း ဒါဝိဒ် သိတယ်။ ဒါဝိဒ်လိုပဲ ဒီနေ့ခေတ် အသက်ကြီးသူတွေဟာ တာဝန် ပြောင်းလဲသွားတာတောင် အမှုတော်မှာ တက်တက်ကြွကြွ ဆက်ပါဝင်နေကြတယ်။ အရင်က ကိုယ်လုပ်ခဲ့တဲ့ တာဝန်တွေကို ထမ်းဆောင်နေတဲ့ လူငယ်တွေကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ သိကြတယ်။
၉။ ကျိုးနွံမှု ရှိကြောင်း ဌာနခွဲ ကော်မတီဝင် တစ်ယောက် ဘယ်လို ပြသလဲ။
၉ ဒီနေ့ခေတ်မှာ ကျိုးနွံမှုနဲ့ပတ်သက်ပြီး ညီအစ်ကို ရှီဂိုရဲ့ ပုံသက်သေကို စဉ်းစားကြည့်ပါ။ ၁၉၇၆ ခုနှစ်၊ အသက် ၃၀ မှာ ဌာနခွဲ ကော်မတီဝင်အဖြစ် ခန့်အပ်ခံရတယ်။ ၂၀၀၄ မှာ ဌာနခွဲ ကော်မတီ ညှိနှိုင်းရေးမှူး ဖြစ်လာတယ်။ နောက်ပိုင်း၊ အရင်ကလောက် ခွန်အား မရှိတော့လို့ ကိုယ့်အလုပ်တာဝန်တွေ ပြီးစီးအောင် မြန်မြန်ဆန်ဆန် မလုပ်နိုင်တော့ဘူး။ ပညာ. ၂၀:၂၉။
ဒါကြောင့် လူငယ် ညီအစ်ကို တစ်ယောက်သာ ညှိနှိုင်းရေးမှူး လုပ်ရင် ဘာအကျိုးတွေ ရမလဲဆိုတာ ဆုတောင်းသုံးသပ်တယ်။ ညှိနှိုင်းရေးမှူး မလုပ်နိုင်တော့ပေမဲ့ ဌာနခွဲ ကော်မတီဝင်အဖြစ် ဆက်အမှုဆောင်နေတုန်းပဲ။ ဗာဇိလဲ၊ ဘုရင် ဒါဝိဒ်၊ ရှီဂိုတို့ရဲ့ တွေ့ကြုံမှုက ဖော်ပြတဲ့အတိုင်း နှိမ့်ချကျိုးနွံသူဟာ လူငယ်တွေ အတွေ့အကြုံ မရှိတာကို အာရုံမစိုက်ဘဲ လူငယ့်အစွမ်းခွန်အားကိုပဲ အာရုံစိုက်ကြတယ်။ လူငယ်တွေကို ပြိုင်ဘက်အဖြစ် မဟုတ်ဘဲ လုပ်ဖော်ဆောင်ဖက်တွေအဖြစ် သဘောထားကြတယ်။—ကျေးဇူးတင်လေးမြတ်ပါ
၁၀။ အသင်းတော်မှာ ရှိတဲ့ လူငယ်တွေကို အသက်ကြီးသူတွေ ဘယ်လို သဘောထားသလဲ။
၁၀ အသက်ကြီးသူတွေဟာ လူငယ်တွေကို ယေဟောဝါဆီက လက်ဆောင်အဖြစ် သဘောထားပြီး ကျေးဇူးတင်လေးမြတ်ကြတယ်။ ကိုယ့်ကာယခွန်အား နည်းလာချိန်မှာ အသင်းတော် တာဝန်တွေ လိုလိုလားလား လက်လွှဲယူနိုင်မယ့်၊ အစွမ်းခွန်အား ပြည့်နေတဲ့ လူငယ်တွေ ရှိနေတာကို ကျေးဇူးတင်ကြတယ်။
၁၁။ လူငယ်တွေရဲ့ အကူအညီကို ကျေးဇူးတင်စွာ လက်ခံရင် ရမယ့် ကောင်းချီးတွေကို ရုသ ၄:၁၃-၁၆ မှာ ဘယ်လို ဖော်ပြထားသလဲ။
၁၁ ကျမ်းစာထဲက နောမိဟာ အသက်ကြီးသူတွေအတွက် အကောင်းဆုံး ပုံနမူနာတစ်ခုပဲ။ လူငယ်ဆီက အကူအညီကို ကျေးဇူးတင်စွာ လက်ခံခဲ့တယ်။ မုဆိုးမ ဖြစ်သွားတဲ့ ချွေးမ ရုသကို ကိုယ့်လူမျိုး ရှိရာ ပြန်ဖို့ အစပိုင်းမှာ နောမိ တိုက်တွန်းတယ်။ ဒါပေမဲ့ ဘက်သလီဟင်မြို့ကို လိုက်ခွင့်ပြုဖို့ ရုသ အတင်း တောင်းပန်တဲ့အခါ ခွင့်ပြုလိုက်တယ်။ ရုသရဲ့ အကူအညီကို ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့တယ်။ (ရု. ၁:၇၊ ၈၊ ၁၈) ဒါဟာ အမျိုးသမီး နှစ်ယောက်စလုံးအတွက် ကောင်းချီး ဖြစ်ခဲ့တယ်။ (ရုသ ၄:၁၃-၁၆ ကို ဖတ်ပါ။) နှိမ့်ချတဲ့ အသက်ကြီးသူတွေဟာ နောမိရဲ့ ပုံနမူနာကို တုပကြပါလိမ့်မယ်။
၁၂။ ကျေးဇူးတင်ကြောင်း တမန်တော် ပေါလု ဘယ်လို ပြသလဲ။
ဖိ. ၄:၁၆) တိမောသေရဲ့ အကူအညီအတွက်လည်း ကျေးဇူးတင်တယ်။ (ဖိ. ၂:၁၉-၂၂) အကျဉ်းသားအဖြစ် ရောမကို သွားနေချိန်မှာ မိမိကို လာအားပေးသူတွေအတွက် ဘုရားကို ကျေးဇူးတင်တယ်။ (တ. ၂၈:၁၅) ပေါလုဟာ ဟောပြောဖို့၊ အသင်းတော်တွေကို အားပေးဖို့ မိုင်ပေါင်းများစွာ ခရီးသွားခဲ့တဲ့ တက်ကြွထက်သန်သူ ဖြစ်တယ်။ ဒါပေမဲ့ ညီအစ်ကို/မတွေရဲ့ ကူညီထောက်မမှုကို နှိမ့်ချစွာ လက်ခံခဲ့တယ်။
၁၂ တမန်တော် ပေါလုဟာ မိမိ ရတဲ့ အကူအညီတွေအတွက် ကျေးဇူးတင်တယ်။ ဥပမာ၊ ဖိလိပ္ပိ အသင်းတော်က ညီအစ်ကို/မတွေ ပို့လိုက်တဲ့ လက်ဆောင်တွေကြောင့် ကျေးဇူးတင်တယ်။ (၁၃။ လူငယ်တွေအတွက် ကျေးဇူးတင်ကြောင်း အသက်ကြီးသူတွေ ဘယ်လို ပြနိုင်သလဲ။
၁၃ အသက်ကြီးသူတို့၊ အသင်းတော်မှာ ရှိတဲ့ လူငယ်တွေကို ကျေးဇူးတင်ကြောင်း နည်းများစွာနဲ့ ပြနိုင်တယ်။ သွားရေးလာရေး၊ ဈေးဝယ်ခြမ်းရေး၊ တခြားလိုအပ်ရာတွေ သူတို့ ကူညီပေးတဲ့အခါ ကျေးဇူးတင်စွာ လက်ခံပါ။ ယေဟောဝါရဲ့ မေတ္တာအဖြစ် သဘောထားပါ။ ဒါဆိုရင် သူတို့နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်လာမယ်။ လူငယ် မိတ်ဆွေတွေရဲ့ ဘုရားရေးရာ တိုးတက်မှုကို အမြဲ စိတ်ဝင်စားပါ။ ပိုကြီးမားတဲ့ အသင်းတော် တာဝန်တွေ ထမ်းဆောင်ဖို့ လူငယ်တွေ တက်လှမ်းနေတာ မြင်ရလို့ ဘယ်လောက် ဝမ်းသာကြောင်း ပြောပြပါ။ ကိုယ့်ဘဝ အတွေ့အကြုံတွေ ဝေမျှပေးပါ။ ဒါဆိုရင် အသင်းတော်ထဲ ယေဟောဝါ ဆွဲဆောင်ထားတဲ့ လူငယ်တွေအတွက် “ကျေးဇူးသိတတ်” ကြောင်း ပြရာ ရောက်ပါလိမ့်မယ်။—ကော. ၃:၁၅။ ယော. ၆:၄၄။ ၁ သက်. ၅:၁၈။
ရက်ရောပါ
၁၄။ ဘုရင် ဒါဝိဒ် ရက်ရောမှု ဘယ်လို ပြသလဲ။
၁၄ အသက်ကြီးသူတွေ ပြသင့်တဲ့ နောက်အရည်အသွေးတစ်ခု ဘုရင် ဒါဝိဒ်မှာ ရှိသေးတယ်။ အဲဒါကတော့ ရက်ရောမှုပါပဲ။ ဗိမာန်တော် ဆောက်လုပ်ရေးအတွက် မိမိဥစ္စာထဲက အမြောက်အမြား လှူဒါန်းတယ်။ (၁ ရာ. ၂၂:၁၁-၁၆။ ၂၉:၃၊ ၄) ဒီလုပ်ငန်းအတွက် သားရှောလမုန်ပဲ နာမည် ရမှာတောင် အဲဒီလို လှူဒါန်းခဲ့တယ်။ ကျွန်တော်တို့လည်း ဆောက်လုပ်ရေး လုပ်ငန်းမှာ ပါဝင်ဖို့ ခွန်အား မရှိတော့ပေမဲ့ ကိုယ့်အခြေအနေ ခွင့်ပြုသရွေ့ အလှူငွေ ထည့်ခြင်းအားဖြင့် ဆက်ထောက်မနိုင်တယ်။ နှစ်တွေတစ်လျှောက် ကိုယ်ရခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း လူငယ်တွေ အကျိုးရအောင် ဝေမျှပေးနိုင်တယ်။
၁၅။ တိမောသေကို တမန်တော် ပေါလု ဘာတွေ ဝေမျှပေးသလဲ။
၁၅ ရက်ရောမှုနဲ့ပတ်သက်ပြီး တမန်တော် ပေါလုရဲ့ ပုံနမူနာကိုလည်း စဉ်းစားကြည့်ပါ။ သာသနာပြု လုပ်ငန်းမှာ မိမိနဲ့အတူ ပါဝင်ဖို့ လူငယ် တိမောသေကို ဖိတ်ခေါ်ပြီး ဟောပြောသွန်သင်ခြင်း နည်းလမ်းတွေ သင်ပေးတယ်။ (တ. ၁၆:၁-၃) ပေါလုရဲ့ လေ့ကျင့်မှုက ထိထိရောက်ရောက် ဟောပြောနိုင်အောင် တိမောသေကို ကူညီပေးတယ်။ (၁ ကော. ၄:၁၇) ပေါလုရဲ့ နည်းတွေကို သုံးပြီး တခြားသူတွေကို တိမောသေ ပြန်လေ့ကျင့်ပေးတယ်။
၁၆။ တခြားသူတွေကို ရှီဂို ဘာကြောင့် လေ့ကျင့်ပေးသလဲ။
၁၆ ဒီနေ့ခေတ် သက်ကြီး ညီအစ်ကိုတွေလည်း အသင်းတော်မှာ လူငယ် ညီအစ်ကိုတွေကို ကိုယ်လုပ်ခဲ့တာတွေ သင်ပေးလိုက်ရင် ချောင်ထိုးခံရတော့မှာပဲလို့ တွေးမပူဘူး။ ဥပမာ၊ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ရှီဂိုဟာ နှစ်တွေတစ်လျှောက် လူငယ် ဌာနခွဲ ကော်မတီဝင်တွေကို လေ့ကျင့်ပေးတယ်။ သူတာဝန်ကျတဲ့ တိုင်းပြည်မှာ နိုင်ငံတော်လုပ်ငန်း တိုးတက်ဖို့ပဲ အဓိကထားလို့ပါ။ ရလဒ်အနေနဲ့ ကောင်းကောင်း လေ့ကျင့်ခံထားရတဲ့ ညီအစ်ကိုက ရှီဂို ညှိနှိုင်းရေးမှူး မလုပ်နိုင်တော့ချိန်မှာ အစားဝင်နိုင်ခဲ့တယ်။ ဌာနခွဲ ကော်မတီဝင် အဖြစ် အမှုဆောင်ခဲ့တဲ့ ၄၅ နှစ်ကျော် အတွေ့အကြုံတွေကို လူငယ် ညီအစ်ကိုတွေကို ရှီဂို ဝေမျှပေးနေဆဲပဲ။ အဲဒီလိုလူတွေဟာ ဘုရားလူမျိုးအတွက် တကယ့် ကောင်းချီးပါပဲ။
၁၇။ လုကာ ၆:၃၈ နဲ့အညီ တခြားသူတွေကို အသက်ကြီးသူတွေ ဘာပေးနိုင်သလဲ။
လုကာ ၆:၃၈ ကို ဖတ်ပါ။
၁၇ ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်တာဟာ အကောင်းဆုံး ဘဝလမ်းစဉ် ဖြစ်ကြောင်း သက်ကြီး ညီအစ်ကို/မတွေက သက်ရှိသာဓကတွေပါပဲ။ ကျမ်းစာမူတွေကို သင်ယူပြီး ဘဝမှာ လက်တွေ့ကျင့်တာ အကျိုးနပ်ကြောင်း သင်တို့ရဲ့ ပုံသက်သေအားဖြင့် ပြခဲ့ကြပြီ။ အရင်က ဘယ်လို လုပ်ခဲ့တယ်၊ အခုတော့ ဘယ်လို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာလည်း အတွေ့အကြုံကနေ သိလာကြပြီ။ မကြာသေးခင်ကမှ နှစ်ခြင်းခံခဲ့တဲ့ အသက်ကြီးသူတွေလည်း ဘဝနှောင်းပိုင်းမှ ယေဟောဝါအကြောင်း သိလာရတဲ့ ပျော်ရွှင်မှုကို ဝေမျှနိုင်တယ်။ သင်တို့ရဲ့ အတွေ့အကြုံတွေ၊ သင်ယူခဲ့တဲ့ သင်ခန်းစာတွေအကြောင်း ကြားရလို့ လူငယ်တွေ လေးမြတ်ပါလိမ့်မယ်။ အဲဒါတွေကို “ပေးကမ်းတတ်တဲ့ အကျင့် လုပ်” မယ်ဆိုရင် ယေဟောဝါ ကြွယ်ဝစွာ ဆုချပါလိမ့်မယ်။—၁၈။ လူကြီးနဲ့ လူငယ် အချင်းချင်း ဘယ်လို ကူညီထောက်မနိုင်သလဲ။
၁၈ အသက်ကြီးသူတွေဟာ လူငယ်တွေနဲ့ ရင်းနှီးအောင် ကြိုးစားမယ်ဆိုရင် အချင်းချင်း ထောက်မပေးနိုင်ပါလိမ့်မယ်။ (ရော. ၁:၁၂) ယောက်တိုင်းမှာ တန်ဖိုးရှိတာ တစ်ခုခုတော့ ပိုင်ဆိုင်ထားကြတယ်။ အသက်ကြီးသူတွေမှာ ဉာဏ်ပညာနဲ့ အတွေ့အကြုံ ရှိတယ်။ လူငယ်တွေမှာ အစွမ်းခွန်အား ရှိတယ်။ လူကြီးနဲ့ လူငယ်တွေ မိတ်ဆွေအဖြစ် လက်တွဲအမှုဆောင်မယ်ဆိုရင် ကောင်းကင်ဖခင်ကို ဂုဏ်တင်ချီးမွမ်းရာ ရောက်ပြီး အသင်းတော်တစ်ခုလုံး ကောင်းချီး ခံစားရပါလိမ့်မယ်။
သီချင်း ၉၀ အချင်းချင်း အားပေးကြ
^ အပိုဒ်၊ 5 အသင်းတော်တွေမှာ ယေဟောဝါရဲ့ အဖွဲ့အစည်းကို ထောက်မပေးနေတဲ့ လူငယ် ညီအစ်ကို/မများစွာ ရှိတယ်။ ယဉ်ကျေးမှု၊ နောက်ခံ ဘယ်လိုပဲ ရှိပါစေ အသက်ကြီးသူတွေဟာ လူငယ်တွေ အစွမ်းခွန်အား အပြည့်အဝ သုံးပြီး ယေဟောဝါရဲ့ လုပ်ငန်းမှာ ပါဝင်ဖို့ ကူညီပေးနိုင်တယ်။
^ အပိုဒ်၊ 55 ပုံအညွှန်း– အသက် ၇၀ ပြည့်သွားတဲ့ တိုက်နယ် ကြီးကြပ်မှူးဟာ ဇနီးနဲ့အတူ တာဝန်သစ် ရ။ အရင်က အတွေ့အကြုံတွေ သုံးပြီး လက်ရှိ အသင်းတော်မှာ တခြားသူတွေကို လေ့ကျင့်ပေးနေ။