လေ့လာရန် ဆောင်းပါး ၂
အသင်းတော်မှာ ယေဟောဝါကို ချီးမွမ်းပါ
“လူစုလူဝေးအလယ်မှာ ကိုယ်တော့်ကို ချီးမွမ်းပါ့မယ်။” —ဆာ. ၂၂:၂၂။
သီချင်း ၅၉ ယေဟောဝါကို အတူ ချီးမွမ်းကြ
အကြိုသုံးသပ်ချက် *
၁။ ယေဟောဝါနဲ့ပတ်သက်ပြီး ဒါဝိဒ် ဘယ်လို ခံစားရသလဲ။ အဲဒါက ဘာလုပ်ဖို့ လှုံ့ဆော်ပေးသလဲ။
ဘုရင် ဒါဝိဒ်က “ယေဟောဝါဟာ ကြီးမြတ်ပြီး ချီးမွမ်းခံထိုက်ဆုံးအရှင်ပါ” လို့ ရေးခဲ့တယ်။ (ဆာ. ၁၄၅:၃) ယေဟောဝါကို ချစ်တဲ့မေတ္တာက ‘လူစုလူဝေးအလယ်မှာ ချီးမွမ်း’ ဖို့ ဒါဝိဒ်ကို လှုံ့ဆော်ပေးတယ်။ (ဆာ. ၂၂:၂၂။ ၄၀:၅) သင်လည်း ယေဟောဝါကို ချစ်ပြီး “ကျွန်တော်တို့ရဲ့ဘိုးဘေး အစ္စရေး ကိုးကွယ်တဲ့ ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော့်ကို အစဉ်ထာဝရ ချီးမွမ်းကြပါစေ” ဆိုတဲ့ ဒါဝိဒ်ရဲ့ စကားကို သဘောတူပါလိမ့်မယ်။—၁ ရာ. ၂၉:၁၀-၁၃။
၂။ (က) ယေဟောဝါကို ဘယ်လို ချီးမွမ်းနိုင်သလဲ။ (ခ) မှတ်ချက်ပေးဖို့ တချို့ ဘာကြောင့် ခက်နေကြသလဲ။ ဘာအကြောင်း သုံးသပ်ကြမလဲ။
၂ ဒီနေ့၊ အစည်းအဝေးတွေမှာ မှတ်ချက်ပေးခြင်းအားဖြင့် ယေဟောဝါကို ကျွန်တော်တို့ ချီးမွမ်းနေကြတယ်။ ဒါပေမဲ့ ညီအစ်ကို/မများစွာဟာ မှတ်ချက်ပေးဖို့ ခက်နေကြတယ်။ ကြောက်စိတ်ကြောင့် တွန့်ဆုတ်နေကြတယ်။ ဒီကြောက်စိတ်ကို ဘယ်လို ကျော်လွှားနိုင်မလဲ။ ဘယ်လက်တွေ့ကျ အကြံပြုချက်တွေက တည်ဆောက်မှု ဖြစ်စေတဲ့ မှတ်ချက်တွေပေးဖို့ ကူညီပေးနိုင်သလဲ။ ဦးဆုံး၊ အစည်းအဝေးတွေမှာ မှတ်ချက်ပေးရတဲ့ အကြောင်းရင်း လေးခုကို သုံးသပ်ကြည့်ကြစို့။
အစည်းအဝေးတွေမှာ ဘာကြောင့် မှတ်ချက်ပေးကြ
၃-၅။ (က) ဟီဘရူး ၁၃:၁၅ အရ အစည်းအဝေးတွေမှာ ဘာကြောင့် မှတ်ချက်ပေးကြသလဲ။ (ခ) မှတ်ချက်တွေကို တစ်ပုံစံတည်း ပေးရမလား။ ရှင်းပြပါ။
၃ ယေဟောဝါက မိမိကို ချီးမွမ်းဖို့ ကျွန်တော်တို့အားလုံးကို အခွင့်ထူး ပေးထားတယ်။ (ဆာ. ၁၁၉:၁၀၈) အစည်းအဝေးတွေမှာ မှတ်ချက် ပေးတာက ဘုရားဆီ “ပူဇော်သက္ကာ” ဆက်သတာနဲ့ တူတယ်။ အဲဒီပူဇော်သက္ကာကို ကျွန်တော်တို့ကိုယ်စား ဘယ်သူကမှ ဆက်သပေးလို့ မရဘူး။ (ဟီဘရူး ၁၃:၁၅ ကိုဖတ်ပါ။) ယေဟောဝါက အားလုံးဆီကနေ ပူဇော်သက္ကာ တစ်မျိုးတည်း ဆက်သဖို့ တောင်းဆိုသလား။ မတောင်းဆိုပါဘူး။
၄ ကျွန်တော်တို့မှာ စွမ်းရည်တွေ၊ အခြေအနေတွေ မတူကြောင်း ယေဟောဝါ သိတယ်။ ကျွန်တော်တို့ တတ်နိုင်တဲ့ ပူဇော်သက္ကာတွေကို တန်ဖိုးထားတယ်။ အစ္စရေးတွေဆီကနေ လက်ခံခဲ့တဲ့ ပူဇော်သက္ကာ အမျိုးအစားတွေကို သုံးသပ်ကြည့်ပါ။ အစ္စရေးတချို့က သိုးတွေ၊ ဆိတ်တွေ တတ်နိုင်တယ်။ ဆင်းရဲတဲ့သူတွေကတော့ “ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုကလေးနှစ်ကောင်” ကိုပဲ ပူဇော်နိုင်တယ်။ ငှက်နှစ်ကောင် မတတ်နိုင်ရင် “ဂျုံနုတစ်ဧဖာရဲ့ ဆယ်ပုံတစ်ပုံ” ကိုလည်း ယေဟောဝါ လက်ခံတယ်။ (ဝတ်. ၅:၇၊ ၁၁) ဂျုံမှုန့်ဟာ စျေးအပေါဆုံးဖြစ်တယ်။ ဒါပေမဲ့ “ဂျုံနု” ဖြစ်မှ ယေဟောဝါ လက်ခံတယ်။
၅ ဒီနေ့လည်း အလားတူပဲ။ ကြင်နာတတ်တဲ့ ဘုရားက ကျွန်တော်တို့ မှတ်ချက်ပေးတဲ့အခါ အာပေါလုလို အပြောကောင်းဖို့၊ ပေါလုလို ထိထိမိမိ ပြောတတ်ဖို့ မတောင်းဆိုပါဘူး။ (တ. ၁၈:၂၄။ ၂၆:၂၈) တတ်နိုင်သလောက် မှတ်ချက် ပေးတာကိုပဲ လိုလားတယ်။ ဒင်္ဂါးနှစ်ပြား လှူတဲ့ မုဆိုးမကို သတိရပါ။ အတတ်နိုင်ဆုံး ပေးခဲ့လို့ သူ့ကို ယေဟောဝါ တန်ဖိုးထားတယ်။—လု. ၂၁:၁-၄။
၆။ (က) ဟီဘရူး ၁၀:၂၄၊ ၂၅ အရ မှတ်ချက်တွေက သင့်အပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။ (ခ) အားရှိစရာ မှတ်ချက်တွေအတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။
၆ မှတ်ချက်တွေအားဖြင့် ကျွန်တော်တို့ အချင်းချင်း အားပေးကြတယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။) အစည်းအဝေးမှာ မှတ်ချက်အမျိုးမျိုး ကြားရတာကို ကျွန်တော်တို့ နှစ်သက်ကြတယ်။ ကလေးတစ်ယောက်ရဲ့ မှတ်ချက် ရိုးရိုးလေးကို သဘောကျမိသလို တစ်ယောက်ယောက်က ရှာဖွေတွေ့ရှိတဲ့ အချက်တစ်ခုကို မှတ်ချက်ပေးတဲ့အခါလည်း ကျွန်တော်တို့ အားရှိသွားတယ်။ ရှက်တတ်ပေမဲ့၊ ဘာသာစကားအသစ် သင်နေတုန်း ဖြစ်ပေမဲ့ “သတ္တိမွေး” ပြီး မှတ်ချက်ပေးတဲ့သူတွေကို လေးစားမိတယ်။ (၁ သက်. ၂:၂) သူတို့ကို ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။ တစ်နည်းက အစည်းအဝေးပြီးနောက် မှတ်ချက်အတွက် ကျေးဇူးတင်ကြောင်း ပြောနိုင်တယ်။ နောက်တစ်နည်းက ကိုယ်တိုင် မှတ်ချက်ပေးခြင်း ဖြစ်တယ်။ ဒီနည်းနဲ့ အပြန်အလှန် အားပေးခွင့်ရကြတယ်။—ရော. ၁:၁၁၊ ၁၂။
၇။ မှတ်ချက်ပေးတဲ့အခါ ကိုယ်တိုင် ဘယ်လို အကျိုးရသလဲ။
ဟေရှာ. ၄၈:၁၇) ပထမ၊ အစည်းအဝေးမှာ မှတ်ချက်ပေးမယ်လို့ ပန်းတိုင်ထားတာက ကောင်းကောင်း ပြင်ဆင်ဖို့ လှုံ့ဆော်ပေးတယ်။ ကောင်းကောင်း ပြင်ဆင်တဲ့အခါ ကျမ်းစာအကြောင်း ပိုနားလည်လာတယ်။ ပိုနားလည်လေ ပိုကျင့်သုံးနိုင်လေပဲ။ ဒုတိယ၊ ကိုယ်တိုင်ပါဝင်တဲ့အတွက် ပိုပျော်လာပါလိမ့်မယ်။ တတိယ၊ ကိုယ်မှတ်ချက်ပေးလိုက်တဲ့ အကြောင်းအရာကို အစည်းအဝေးပြီးနောက် အတော်ကြာကြာ မှတ်မိနေပါလိမ့်မယ်။
၇ မှတ်ချက်ပေးတဲ့အခါ ကိုယ်တိုင် အကျိုးခံစားရတယ်။ (၈၊ ၉။ (က) မာလခိ ၃:၁၆ အရ ကျွန်တော်တို့ မှတ်ချက်ပေးတဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရသလဲ။ (ခ) တချို့က ဘာလုပ်ဖို့ ကြောက်နေကြသလဲ။
၈ ယုံကြည်ချက်အကြောင်း ထုတ်ပြောတဲ့အခါ ယေဟောဝါ နှစ်သက်တယ်။ အစည်းအဝေးမှာ ကျွန်တော်တို့ မှတ်ချက်ပေးတာကို ယေဟောဝါ နားထောင်ပြီး အလွန်တန်ဖိုးထားတယ်။ (မာလခိ ၃:၁၆ ကိုဖတ်ပါ။) ကျွန်တော်တို့ရဲ့ ကြိုးစားမှုကို ကောင်းချီးပေးခြင်းအားဖြင့် တန်ဖိုးထားကြောင်း ဖော်ပြတယ်။—မာလ. ၃:၁၀။
၉ အစည်းအဝေးတွေမှာ မှတ်ချက်ပေးဖို့ အကြောင်းကောင်းတွေ ရှိပါတယ်။ ဒါပေမဲ့ တချို့က လက်ထောင်ဖို့ ကြောက်တာဖြစ်နိုင်တယ်။ သင် အဲဒီလိုဖြစ်နေရင် စိတ်ဓာတ်မကျပါနဲ့။ အစည်းအဝေးတွေမှာ ပိုမှတ်ချက်ပေးဖို့ ကူညီပေးမယ့် ကျမ်းစာမူတချို့၊ ဥပမာတချို့၊ လက်တွေ့ကျ အကြံပြုချက်တချို့ကို သုံးသပ်ကြည့်ကြစို့။
ကြောက်စိတ်ကို အနိုင်ယူခြင်း
၁၀။ (က) ကျွန်တော်တို့အများစု ဘာကို စိုးရိမ်တတ်ကြသလဲ။ (ခ) မှတ်ချက်ပေးဖို့ ကြောက်တာက ဘာကြောင့် ကောင်းတဲ့လက္ခဏာ ဖြစ်နိုင်သလဲ။
၁၀ လက်ထောင်ဖို့ စဉ်းစားလိုက်ရုံနဲ့တင် သင် စိုးရိမ်မိသလား။ အဲဒီလို ခံစားရတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး မှတ်ချက်ပေးတဲ့အခါ ကြောက်တတ်ကြတယ်။ အဲဒါကို ကျော်လွှားနိုင်ဖို့ ကြောက်ရတဲ့ အကြောင်းရင်းကို သိဖို့ လိုတယ်။ ကိုယ်ပြောချင်တာကို မေ့သွားမှာ၊ မှားသွားမှာ ကြောက်တာလား။ တခြားသူတွေရဲ့ ဆာ. ၁၃၈:၆။ ဖိ. ၂:၃) ယေဟောဝါက အစည်းအဝေးမှာ မိမိကို ချီးမွမ်းဖို့၊ ညီအစ်ကို/မတွေကို အားပေးဖို့ လိုလားတယ်။ (၁ သက်. ၅:၁၁) သင့်ကို ချစ်ပြီး လိုအပ်တဲ့ သတ္တိကို ပေးပါလိမ့်မယ်။
မှတ်ချက်လောက် မကောင်းမှာကို စိုးရိမ်တာလား။ ဒါတွေဟာ ကောင်းတဲ့လက္ခဏာတွေပါ။ ဒါက သင်ဟာ နှိမ့်ချမှု ရှိပြီး တခြားသူတွေကို ကိုယ့်ထက် သာတယ်လို့ ရှုမြင်ကြောင်း ဖော်ပြရာရောက်တယ်။ အဲဒီအရည်အသွေးတွေကို ယေဟောဝါ နှစ်သက်တယ်။ (၁၁။ ဘယ်ကျမ်းစာ သတိပေးချက်က အကူအညီဖြစ်စေသလဲ။
၁၁ ကျမ်းစာ သတိပေးချက်တချို့ကို သတိပြုကြည့်ပါ။ ကျွန်တော်တို့အားလုံး စကားမှားတတ်ကြတယ်၊ ပြောဆိုပုံ မှားတတ်ကြတယ်လို့ ကျမ်းစာပြောတယ်။ (ယာ. ၃:၂) ပြည့်ဝစုံလင်ဖို့ ယေဟောဝါ မမျှော်လင့်သလို ညီအစ်ကို/မတွေလည်း မမျှော်လင့်ကြပါဘူး။ (ဆာ. ၁၀၃:၁၂-၁၄) သူတို့ဟာ ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေဖြစ်ပြီး ကျွန်တော်တို့ကို ချစ်ကြတယ်။ (မာ. ၁၀:၂၉၊ ၃၀။ ယော. ၁၃:၃၅) ဖြေချင်တာ တစ်ခု၊ ဖြေလိုက်တာ တစ်ခု ဖြစ်သွားရင်တောင် နားလည်ပေးကြတယ်။
၁၂-၁၃။ နေဟမိနဲ့ ယောနဆီကနေ ဘာသင်ယူရသလဲ။
၁၂ ကြောက်စိတ်ကို ကျော်လွှားနိုင်ဖို့ ကူညီပေးတဲ့ ကျမ်းစာနမူနာတချို့ကို သုံးသပ်ကြည့်ပါ။ နန်းတော်မှာ အမှုထမ်းနေတဲ့ နေဟမိဟာ ဂျေရုဆလင် မြို့ရိုးနဲ့ ဂိတ်တံခါးတွေ ပျက်စီးနေမှန်း ကြားရလို့ ဝမ်းနည်းနေတယ်။ (နေ. ၁:၁-၄) ဘာကြောင့် မျက်နှာညှိုးနေတာလဲလို့ ဘုရင် မေးတဲ့အခါ နေဟမိ ဘယ်လောက် စိုးရိမ်သွားမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ဒါပေမဲ့ ချက်ချင်း ဆုတောင်းပြီး အဖြေပေးလိုက်တယ်။ ရလဒ်အနေနဲ့ ဘုရင်က ဘုရားလူမျိုးကို များစွာ ကူညီပေးခဲ့တယ်။ (နေ. ၂:၁-၈) ယောနအကြောင်းလည်း စဉ်းစားကြည့်ပါ။ နိနဝေမြို့သားတွေကို ဟောခိုင်းတဲ့အခါ ကြောက်ပြီး အဝေးကို ထွက်ပြေးတယ်။ (ယောန ၁:၁-၃) ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီကြောင့် နိနဝေမြို့သားတွေကို ပြန်ဟောတဲ့အခါ ကောင်းကျိုးများစွာ ရရှိခဲ့တယ်။ (ယောန ၃:၅-၁၀) ဒါကြောင့် မှတ်ချက်မပေးခင် ဆုတောင်းဖို့ နေဟမိဆီက သင်ယူရတယ်။ ဘယ်လောက်ပဲ ကြောက်ပါစေ ဆက်အမှုဆောင်နိုင်အောင် ယေဟောဝါ ကူညီပေးနိုင်ကြောင်း ယောနဆီက သင်ယူရတယ်။ အသင်းတော်မှာ မှတ်ချက်ပေးတာဟာ နိနဝေမြို့သားတွေကို သွားဟောရတာလောက် ကြောက်စရာ မကောင်းပါဘူး။
၁၃ အစည်းအဝေးတွေမှာ မှတ်ချက်ပေးဖို့ ဘယ်လက်တွေ့ကျ အကြံပြုချက်တွေက ကူညီပေးနိုင်သလဲ။ တချို့ကို သုံးသပ်ကြည့်ကြစို့။
၁၄။ အစည်းအဝေးတွေအတွက် ဘာကြောင့် ကောင်းကောင်း ပြင်ဆင်သင့်သလဲ။ ဘယ်အချိန်မှာ ပြင်ဆင်နိုင်သလဲ။
၁၄ အစည်းအဝေးတိုင်းအတွက် ပြင်ဆင်ပါ။ ကြိုစီစဉ်ပြီး ကောင်းစွာ ပြင်ဆင်တဲ့အခါ မှတ်ချက်ပေးဖို့ ယုံကြည်မှု ပိုရှိလာပါလိမ့်မယ်။ (ပညာ. ၂၁:၅) ယောက်တိုင်းမှာ ပြင်ဆင်ဖို့ အစီအစဉ်အမျိုးမျိုး ရှိကြတယ်။ အသက် ၈၀ ဝန်းကျင် မုဆိုးမ အဲလ်ဝိစ်က ကင်းမျှော်စင် ကို သီတင်းပတ်ရဲ့အစမှာ ကြိုပြင်လေ့ရှိတယ်။ “ကြိုလေ့လာထားရင် အစည်းအဝေးမှာ ပိုပျော်တယ်” လို့ သူပြောတယ်။ အချိန်ပြည့် အလုပ် လုပ်တဲ့ ဂျွိုင်းက စနေနေ့မှာ ကင်းမျှော်စင် လေ့လာဖို့ အချိန်ဖယ်ထားတယ်။ “အစည်းအဝေး မတိုင်ခင် တစ်ရက်မှာ လေ့လာထားတော့ ပိုမှတ်မိတယ်” လို့ ပြောတယ်။ “တစ်ထိုင်တည်း အားလုံးလေ့လာတာထက် တစ်ပတ်အတွင်း နည်းနည်းစီ လေ့လာတာကို ပိုကြိုက်တယ်” ဆိုပြီး အလုပ်များတဲ့ ရှေ့ဆောင် အကြီးအကဲ အိုက်ခ် ပြောတယ်။
၁၅။ အစည်းအဝေးအတွက် ဘယ်လို ကောင်းစွာ ပြင်ဆင်နိုင်သလဲ။
၁၅ အစည်းအဝေးအတွက် ကောင်းစွာ ပြင်ဆင်ခြင်းမှာ ဘာတွေ ပါဝင်သလဲ။ သန့်ရှင်းသော စွမ်းအားတော်ရဖို့ ယေဟောဝါဆီ ဆုတောင်းခြင်းနဲ့ အစပြုပါ။ (လု. ၁၁:၁၃။ ၁ ယော. ၅:၁၄) ခေါင်းစဉ်၊ ခေါင်းစဉ်ငယ်၊ ဥပမာ၊ ရုပ်ပုံ၊ လေးထောင့်ကွက်တွေကို ခြုံငုံသုံးသပ်ပါ။ အပိုဒ်တွေကို လေ့လာတဲ့အခါ ကိုးကားထားတဲ့ ကျမ်းချက်တွေကို ဖတ်ပါ။ အကြောင်းအရာကို၊ အထူးသဖြင့် မှတ်ချက်ပေးချင်တဲ့ အချက်ကို တွေးတောဆင်ခြင်ပါ။ ကောင်းကောင်း ပြင်ဆင်လေ ပိုအကျိုးရလေ၊ မှတ်ချက်ပေးဖို့ ပိုလွယ်လေပါပဲ။—၂ ကော. ၉:၆။
၁၆။ ဘယ်နည်းပညာတွေကို သင် ရနိုင်သလဲ။ အဲဒါတွေကို ဘယ်လို အသုံးပြုနေသလဲ။
၁၆ ဖြစ်နိုင်ရင် သင့်ဘာသာစကားနဲ့ ပြင်ဆင်ပေးထားတဲ့ ဒီဂျစ်တယ် နည်းပညာတွေကို သုံးပါ။ အစည်းအဝေးတွေအတွက် ပြင်ဆင်ရာမှာ ကူညီပေးဖို့ ဒီဂျစ်တယ် နည်းပညာတွေကို အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါ ပြင်ဆင်ပေးထားတယ်။ JW Library® app မှာပါတဲ့ လေ့လာရန် ဆောင်းပါးတွေကို ကိုယ့်ရဲ့ ဖုန်း၊ တက်ဘလက်ထဲ ကူးယူနိုင်တယ်။ ပြီးနောက် အချိန်မရွေး၊ နေရာမရွေး ဖတ်နိုင်၊ နားထောင်နိုင်တယ်။ တချို့က နေ့လယ် အလုပ်နားချိန်၊ ကျောင်းနားချိန်၊ သွားလာချိန်တွေမှာ သုံးကြတယ်။ ကင်းမျှော်စင် စာကြည့်တိုက်၊ ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်™ မှာ ကိုယ်သိချင်တာတွေကို အလွယ်တကူ ရှာဖွေလေ့လာနိုင်တယ်။
၁၇။ (က) မှတ်ချက်များများ ပြင်ဆင်ထားတာ ဘာကြောင့် ကောင်းသလဲ။ (ခ) ယေဟောဝါရဲ့ မိတ်ဆွေဖြစ်ပါ—မှတ်ချက်ပေးဖို့ ပြင်ဆင်ပါ ဗီဒီယိုကနေ ဘာသင်ယူနိုင်သလဲ။
၁၇ မှတ်ချက်များများ ပြင်ဆင်ထားပါ။ ဘာကြောင့်လဲဆိုတော့ လက်ထောင်တာနဲ့ သင်တန်းမှူးက သင့်ကို ခေါ်ချင်မှ ခေါ်မှာ ဖြစ်လို့ပဲ။ လက်ထောင်တဲ့ တခြားသူတွေလည်း ရှိနိုင်တယ်။ အစည်းအဝေး အချိန်မီပြီးဖို့ သင်တန်းမှူးက တချို့အပိုဒ်မှာ မှတ်ချက်ပေးမယ့်သူ အရေအတွက်ကို ကန့်သတ်ထားနိုင်တယ်။ ဒါကြောင့် အစပိုင်းမှာ မခေါ်ရင် စိတ်မဆိုးပါနဲ့။ စိတ်ဓာတ်မကျပါနဲ့။ မှတ်ချက်များများ ပြင်ဆင်ထားမယ်ဆိုရင် အခွင့်အရေး ပိုရနိုင်တယ်။ ကျမ်းချက်ဖတ်တာလည်း မှတ်ချက်ပေးတာဖြစ်တယ်။ ဒါပေမဲ့ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်ပိုင်စကားနဲ့ မှတ်ချက်ပေးဖို့ ပြင်ဆင်ထားနိုင်တယ်။ *
၁၈။ ဘာကြောင့် မှတ်ချက်တိုလေးတွေ ပေးသင့်သလဲ။
ပညာ. ၁၀:၁၉။ ၁၅:၂၃) သင်ဟာ အစည်းအဝေးတွေမှာ မှတ်ချက်ပေးလာတာ နှစ်ပေါင်းများစွာ ကြာနေပြီဆိုရင် မှတ်ချက်တိုလေးတွေ ပေးခြင်းအားဖြင့် ပုံသက်သေကောင်း ပြနိုင်တယ်။ ရှုပ်ထွေးတဲ့ မှတ်ချက်အရှည်ကြီး ဖြေမယ်ဆိုရင် တခြားသူတွေက သင့်လောက် ဖြေနိုင်မှာ မဟုတ်ဘူးဆိုပြီး တွန့်ဆုတ်သွားနိုင်တယ်။ အဲဒီအပြင် မှတ်ချက်တိုတိုပေးရင် လူများများ ပါဝင်ဖို့ အချိန်ရစေတယ်။ ဦးဆုံးမှတ်ချက်ပေးတဲ့သူ ဖြစ်ရင် ရိုးရှင်းပြီး တိုက်ရိုက်ကျတဲ့အဖြေ ပေးသင့်တယ်။ အပိုဒ်ထဲက အချက်အားလုံး မဖြေပါနဲ့။ အဓိကအချက်ကို ဆွေးနွေးပြီးနောက် ထပ်ဆောင်းအချက်တွေကို မှတ်ချက်ပေးနိုင်တယ်။—“ ဘာတွေ မှတ်ချက်ပေးနိုင်သလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။
၁၈ မှတ်ချက် တိုတိုလေး ပေးပါ။ လိုရင်းတိုရှင်း မှတ်ချက်လေးတွေက အားပေးမှုဖြစ်စေနိုင်တယ်။ စက္ကန့် ၃၀ ထက် မပိုတဲ့ မှတ်ချက်တိုလေးတွေ ပေးဖို့ ပန်းတိုင်ထားပါ။ (၁၉။ သင့်ကို သင်တန်းမှူး ဘယ်လို ကူညီပေးနိုင်သလဲ။ သင် ဘာလုပ်ဖို့ လိုသလဲ။
၁၉ ဘယ်အပိုဒ်ကို မှတ်ချက်ပေးမယ်ဆိုတာ သင်တန်းမှူးကို အသိပေးထားပါ။ အစည်းအဝေး မစခင် သင်တန်းမှူးကို ကြိုပြောထားနိုင်တယ်။ ကိုယ်ဖြေမယ့်အပိုဒ် ရောက်တဲ့အခါ သင်တန်းမှူး မြင်အောင် ချက်ချင်း လက်ကို မြင့်မြင့်ထောင်ပါ။
၂၀။ အသင်းတော် အစည်းအဝေးက မိတ်ဆွေတွေ စုဆုံပြီး စားသောက်ကြတဲ့ပွဲနဲ့ ဘယ်လို တူသလဲ။
၂၀ အသင်းတော် အစည်းအဝေးတွေကို မိတ်ဆွေတွေနဲ့ စုဆုံပြီး စားသောက်ကြတဲ့ပွဲလို့ ရှုမြင်သင့်တယ်။ မိတ်ဆွေတချို့က အတူစုစားဖို့ သင့်ကို ဖိတ်ပြီး စားစရာ တစ်ခုခုယူလာဖို့ ပြောတယ်ဆိုပါစို့။ ဘာလုပ်မလဲ။ စိုးရိမ်မိနိုင်ပေမဲ့ အားလုံးကြိုက်မယ့် စားစရာကို အတတ်နိုင်ဆုံး ချက်ပြုတ်သွားမှာပဲ။ အိမ်ရှင် ယေဟောဝါက အစည်းအဝေးတွေမှာ အကောင်းဆုံး အစားအသောက်တွေကို အလျှံပယ် ပြင်ဆင်ပေးထားတယ်။ (ဆာ. ၂၃:၅။ မ. ၂၄:၄၅) ကိုယ်အတတ်နိုင်ဆုံး လက်ဆောင် ရိုးရိုးလေး ယူလာတာကို ဘုရား နှစ်သက်တယ်။ ဒါကြောင့် ကောင်းစွာ ပြင်ဆင်ပြီး တတ်နိုင်သလောက် ပါဝင်ပါ။ ဒီနည်းအားဖြင့် ယေဟောဝါရဲ့ စားပွဲမှာ စားသောက်ရုံသာမက တခြားသူတွေကို ဝေမျှခွင့်လည်း ရပါလိမ့်မယ်။
သီချင်း ၂ နာမတော် ယေဟောဝါ
^ အပိုဒ်၊ 5 ဆာလံဆရာ ဒါဝိဒ်လိုပဲ ကျွန်တော်တို့အားလုံး ယေဟောဝါကို ချစ်ပြီး ချီးမွမ်းနေကြတယ်။ အသင်းတော်လိုက် ဝတ်ပြုတဲ့အခါ ဘုရားကို ချစ်ကြောင်း ဖော်ပြဖို့ အထူးအခွင့်အရေး ရစေတယ်။ ဒါပေမဲ့ တချို့က အစည်းအဝေးမှာ မှတ်ချက်ပေးဖို့ ခက်နေတယ်။ အဲဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ ဒီဆောင်းပါးက ကူညီပေးနိုင်ပါတယ်။
^ အပိုဒ်၊ 17 jw.org ထဲက သမ္မာကျမ်းစာ သွန်သင်ချက်များ > ကလေးများ အပိုင်းမှာပါတဲ့ ယေဟောဝါရဲ့ မိတ်ဆွေဖြစ်ပါ—မှတ်ချက်ပေးဖို့ ပြင်ဆင်ပါ ဗီဒီယိုကို ကြည့်ပါ။
^ အပိုဒ်၊ 63 ပုံအညွှန်း– ကင်းမျှော်စင် သင်တန်းမှာ ပျော်ရွှင်စွာ ပါဝင်နေသူများ။
^ အပိုဒ်၊ 65 ပုံအညွှန်း– ရှေ့စာမျက်နှာပါ ကင်းမျှော်စင် သင်တန်းမှာ ပါဝင်သူတချို့။ အခြေအနေတွေ မတူကြပေမဲ့ အစည်းအဝေးအတွက် ပြင်ဆင်ဖို့ အချိန်ဖယ်ထားကြ။