ကျွန်တော်တို့ကို ယေဟောဝါ ပိုင်တယ်
“ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်တဲ့လူမျိုး၊ ပိုင်ဆိုင်ရာအဖြစ် ဘုရားရွေးချယ်ထားတဲ့ လူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်။”—ဆာ. ၃၃:၁၂။
၁။ အရာခပ်သိမ်းကို ယေဟောဝါ ပိုင်တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
အရာခပ်သိမ်းကို ယေဟောဝါ ပိုင်တယ်။ “အမြင့်ဆုံးကောင်းကင်ကို ပိုင်တယ်။ မြေကြီးနဲ့ မြေကြီးပေါ်ရှိသမျှကိုလည်း ပိုင်တယ်။” (တရား. ၁၀:၁၄။ ဗျာ. ၄:၁၁) ဘုရားက လူတွေကို ဖန်ဆင်းထားတဲ့အတွက် ကျွန်တော်တို့ကိုလည်း ပိုင်တယ်။ (ဆာ. ၁၀၀:၃) ဒါပေမဲ့ လူ့သမိုင်းတစ်လျှောက်မှာ လူတစ်စုကို အထူးပိုင်ဆိုင်သူတွေအဖြစ် ဘုရား ရွေးချယ်ခဲ့တယ်။
၂။ ကျမ်းစာမှာ ယေဟောဝါရဲ့ အထူးပိုင်ဆိုင်ရာအဖြစ် ဘယ်သူတွေကို ဖော်ပြထားသလဲ။
၂ ဥပမာ၊ ရှေးသစ္စာရှိ အစ္စရေးလူမျိုးကို ယေဟောဝါ “တန်ဖိုးအထားရဆုံး လူမျိုးအဖြစ်” ဆာလံ ၁၃၅ မှာ ဖော်ပြတယ်။ (ဆာ. ၁၃၅:၄) အစ္စရေးမဟုတ်သူတွေ ယေဟောဝါရဲ့လူမျိုး ဖြစ်လာမယ်လို့ ဟောရှေကျမ်းမှာ ကြိုဟောထားတယ်။ (ဟော. ၂:၂၃) ခရစ်တော်နဲ့အတူ တွဲဖက်အုပ်ချုပ်မယ့်သူတွေအဖြစ် ဂျူးမဟုတ်သူတွေကို ယေဟောဝါ ရွေးချယ်ချိန်မှာ ဟောရှေရဲ့ ပရောဖက်ပြုချက် ပြည့်စုံခဲ့တယ်။ (တ. ၁၀:၄၅။ ရော. ၉:၂၃-၂၆) အဲဒီ “သန့်ရှင်းတဲ့လူမျိုး” ဟာ စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရပြီး ကောင်းကင်သွားဖို့ ရွေးချယ်ခံရခြင်းအားဖြင့် “ဘုရားပိုင်ဆိုင်တဲ့လူမျိုး” ဖြစ်လာတယ်။ (၁ ပေ. ၂:၉၊ ၁၀) မြေကြီးမျှော်လင့်ချက် ရှိတဲ့ ဒီနေ့ သစ္စာရှိခရစ်ယာန် အများစုကော ဘယ်လိုလဲ။ သူတို့ကိုလည်း “ငါ့လူတွေ၊” “ငါရွေးချယ်ထားသူတွေ” လို့ ယေဟောဝါ ခေါ်တယ်။—ဟေရှာ. ၆၅:၂၂။
၃။ (က) ဒီနေ့ ဘယ်သူတွေက ယေဟောဝါနဲ့ အထူးဆက်ဆံရေး ရထားသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၃ ကောင်းကင်မျှော်လင့်ချက်ရှိတဲ့ “သိုးစုငယ်” နဲ့ မြေကြီးမျှော်လင့်ချက်ရှိတဲ့ “တခြားသိုး” ဟာ “သိုးတစ်အုပ်တည်း” ဖြစ်ပြီး ယေဟောဝါ အလွန်တန်ဖိုးထားတဲ့လူမျိုး ဖြစ်တယ်။ (လု. ၁၂:၃၂။ ယော. ၁၀:၁၆) အဲဒီလို အထူးဆက်ဆံရေး ရထားတဲ့အတွက် ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။ ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့ နည်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
ယေဟောဝါဆီ ဆက်ကပ်အပ်နှံ
၄။ ယေဟောဝါကို ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့ နည်းတစ်နည်းက ဘာလဲ။ ယေရှု ဘယ်လို ပြခဲ့သလဲ။
၄ ယေဟောဝါဆီ အကြွင်းမဲ့ ဆက်ကပ်အပ်နှံခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း ကျွန်တော်တို့ ဖော်ပြကြတယ်။ ကျွန်တော်တို့ကို ယေဟောဝါ ပိုင်ကြောင်း၊ ဘုရားကို လိုလိုလားလား လက်အောက်ခံလိုကြောင်း နှစ်ခြင်းခံခြင်းအားဖြင့် လူအများရှေ့ ဖော်ပြကြတယ်။ (ဟီ. ၁၂:၉) ယေရှုလည်း နှစ်ခြင်းခံချိန်မှာ အလားတူ ဖော်ပြခဲ့တယ်။ “ဘုရားသခင်၊ အလိုတော်ဆောင်တာဟာ ကျွန်တော့်အတွက် ကြည်နူးစရာပါ” လို့ ယေဟောဝါကို ပြောလိုက်တာပါပဲ။ (ဆာ. ၄၀:၇၊ ၈) ယေရှုဟာ ဘုရားဆီ အပ်နှံထားတဲ့ လူမျိုးအဝင်ဖြစ်ပေမဲ့ ယေဟောဝါအလိုတော် ဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်ခဲ့တယ်။
၅၊ ၆။ (က) ယေရှု နှစ်ခြင်းခံချိန်မှာ ယေဟောဝါ ဘယ်လို တုံ့ပြန်သလဲ။ (ခ) အရာခပ်သိမ်းကို ယေဟောဝါ ပိုင်ပေမဲ့ ကျွန်တော်တို့ရဲ့ ဆက်ကပ်အပ်နှံမှုကို တန်ဖိုးထားကြောင်း ဥပမာပေးပါ။
၅ ယေရှု နှစ်ခြင်းခံတာကို ယေဟောဝါ ဘယ်လို တုံ့ပြန်သလဲ။ “ယေရှု နှစ်ခြင်းခံပြီး ရေထဲကနေ ပေါ်လာတာနဲ့ ကောင်းကင်ပွင့်လာပြီး ဘုရားသခင့် စွမ်းအားတော်က ချိုးငှက်သဏ္ဌာန်နဲ့ ယေရှုအပေါ် ဆင်းသက်တာကို သူမြင်ရတယ်။ ဒါ့ပြင် ‘သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ’ ဆိုတဲ့အသံ ကောင်းကင်ကနေ ထွက်လာတာကိုလည်း ကြားရတယ်” လို့ ကျမ်းစာပြောတယ်။ (မ. ၃:၁၆၊ ၁၇) ယေရှုကို ကောင်းကင်ဖခင် ပိုင်ဆိုင်ပြီးသားဖြစ်ပေမဲ့ ဖခင်ရဲ့အလိုတော်ကို အကြွင်းမဲ့ ထမ်းဆောင်လိုစိတ် ရှိကြောင်း တွေ့ရတဲ့အခါ ယေဟောဝါ ဝမ်းမြောက်တယ်။ ကျွန်တော်တို့ရဲ့ ဆက်ကပ်အပ်နှံမှုကိုလည်း ယေဟောဝါ လက်ခံပြီး ကောင်းချီးပေးပါလိမ့်မယ်။—ဆာ. ၁၄၉:၄။
၆ လူတစ်ယောက် ခြံထဲမှာ ပန်းပင်တွေ စိုက်ထားတယ်လို့ မြင်ယောင်ကြည့်ပါ။ တစ်နေ့ သမီးဖြစ်သူက ပန်းတစ်ပွင့် ခူးပြီး လက်ဆောင် လာပေးတယ်။ ပန်းတွေကို ဖခင် ပိုင်ပြီးသားပဲ။ သူပိုင်ပြီးသားကို သမီးက ဘယ်လို ပေးနိုင်မှာလဲ။ မေတ္တာပြည့်ဝတဲ့ ဖခင်ဟာ အဲဒီလို မစဉ်းစားဘူး။ အဲဒီအစား သမီးလေးရဲ့ မေတ္တာလက်ဆောင်အဖြစ် လက်ခံပြီး ပန်းခြံထဲက တခြားပန်းတွေထက် သမီးပေးတဲ့ပန်းကို ပိုတန်ဖိုးထားမှာ သေချာတယ်။ ယေဟောဝါလည်း ကျွန်တော်တို့ရဲ့ အကြွင်းမဲ့ ဆည်းကပ်ဝတ်ပြုမှုကို အလားတူတန်ဖိုးထားတယ်။—ထွ. ၃၄:၁၄။
၇။ လိုလိုလားလား အမှုဆောင်နေသူတွေအပေါ် ယေဟောဝါရဲ့ သဘောထားကို မာလခိ ဘယ်လို ဖော်ပြသလဲ။
၇ မာလခိ ၃:၁၆ ကိုဖတ်ပါ။ သင်ဟာ မအပ်နှံရသေးဘူး၊ နှစ်ခြင်းမခံရသေးဘူးဆိုရင် အဲဒါတွေရဲ့ အရေးကြီးမှုကို စဉ်းစားပါ။ သင်မွေးကတည်းက သင့်ကို ယေဟောဝါ ပိုင်ပြီးသားပဲ။ ဒါပေမဲ့ ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆက်ကပ်အပ်နှံပြီး အလိုတော်ဆောင်မယ်ဆိုရင် ဘုရား အလွန်ပျော်ပါလိမ့်မယ်။ (ပညာ. ၂၃:၁၅) လိုလိုလားလား အမှုဆောင်နေသူတွေကို ယေဟောဝါ သိပြီး သူတို့ရဲ့နာမည်ကို “အောက်မေ့ရာစာစောင်” မှာ ရေးမှတ်ထားတယ်။
၈၊ ၉။ “အောက်မေ့ရာစာစောင်” မှာ နာမည် ရေးမှတ်ခံရသူတွေဆီကနေ ယေဟောဝါ ဘာတောင်းဆိုသလဲ။
၈ လူမျိုးတော်အဖြစ် “အောက်မေ့ရာစာစောင်” မှာ နာမည်ရေးမှတ်ခံရပြီဆိုရင် လုပ်ရမယ့်တာဝန် လိုက်ပါလာတယ်။ ‘ယေဟောဝါကို ကြောက်ရွံ့ရိုသေပြီး နာမတော်အကြောင်း တွေးတောဆင်ခြင်’ ရမယ်လို့ မာလခိ ပြောတယ်။ တခြားသူ ဒါမှမဟုတ် တခြားအရာကို ဆည်းကပ်မယ်ဆိုရင် အသက်စာစောင်ကနေ နာမည် ပယ်ဖျက်ခံရမယ်။—၉ ယေဟောဝါဆီ ဆက်ကပ်အပ်နှံခြင်းဆိုတာ အလိုတော်ဆောင်ဖို့ ကတိပြုပြီး နှစ်ခြင်းခံရုံလောက်ပဲ မဟုတ်ဘူး။ အဲဒါတွေက ခဏတစ်ဖြုတ်နဲ့ ပြီးသွားပေမဲ့ ယေဟောဝါလူမျိုးအဖြစ် ရပ်တည်တာကတော့ အခုရော၊ အနာဂတ်မှာပါ အသက်ရှင်နေသရွေ့ ဆက်လုပ်ဆောင်သွားရမယ့်အရာ ဖြစ်တယ်။—၁ ပေ. ၄:၁၊ ၂။
လောကဆန္ဒတွေကို ငြင်းပယ်
၁၀။ ယေဟောဝါ အမှုဆောင်သူနဲ့ မဆောင်သူရဲ့ ကွာခြားချက်က ဘာလဲ။
၁၀ ရှေ့ဆောင်းပါးမှာ ကာအိန၊ ရှောလမုန်၊ အစ္စရေးတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်။ သူတို့အားလုံး ယေဟောဝါကို ကိုးကွယ်တယ်လို့ပြောပေမဲ့ အကြွင်းမဲ့တော့ မဟုတ်ဘူး။ ယေဟောဝါ ပိုင်ဆိုင်သူတွေဟာ ဖြောင့်မတ်ခြင်းဘက် အခိုင်အမာ ရပ်တည်ပြီး ဆိုးညစ်မှုကို ငြင်းပယ်ရမှာဖြစ်ကြောင်း သူတို့ရဲ့ ဖြစ်ရပ်တွေက ဖော်ပြတယ်။ (ရော. ၁၂:၉) ဒါကြောင့် “ဖြောင့်မတ်သူနဲ့ ဆိုးညစ်သူ၊ ဘုရားအမှုဆောင်သူနဲ့ ဘုရားအမှု မဆောင်သူရဲ့ ကွာခြားချက်ကို မင်းတို့ မြင်ရဦးမယ်” လို့ ယေဟောဝါ ပြောတယ်။—မာလ. ၃:၁၈။
၁၁။ ယေဟောဝါကို အကြွင်းမဲ့ ဆည်းကပ်ကြောင်း ဘာကြောင့် သိသာထင်ရှားသင့်သလဲ။
၁၁ ယေဟောဝါကို ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့ နည်းတစ်နည်း ရှိသေးတယ်။ ‘လူအားလုံးရှေ့ တိုးတက်မှုကို ထင်ရှားမြင်သာစေ’ ရမယ်။ (၁ တိ. ၄:၁၅။ မ. ၅:၁၆) ‘ယေဟောဝါကို ငါ အကြွင်းမဲ့ ကိုးစားကြောင်း သိသာထင်ရှားရဲ့လား။ ယေဟောဝါသက်သေအဖြစ် ထုတ်ပြောဖို့ အခွင့်အရေး ရှာယူသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ကျွန်တော်တို့ဟာ ယေဟောဝါ ပိုင်ဆိုင်ရာဖြစ်ကြောင်း တခြားသူတွေကို ထုတ်မပြောရင် ယေဟောဝါ အလွန်ဝမ်းနည်းပါလိမ့်မယ်။—ဆာ. ၁၁၉:၄၆။ မာကု ၈:၃၈ ကိုဖတ်ပါ။
၁၂၊ ၁၃။ ယေဟောဝါသက်သေအဖြစ် ခွဲခြားရခက်အောင် တချို့ ဘာတွေလုပ်ကြသလဲ။
၁ ကော. ၂:၁၂) “အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း” လိုက်သွားကြတယ်။ (ဧ. ၂:၃) ဥပမာ၊ အထပ်ထပ် သတိပေးနေတဲ့ကြား ဣန္ဒြေမရှိတဲ့ ဝတ်စားဖြီးလိမ်းပုံကို နှစ်သက်နေတုန်းပဲ။ ခရစ်ယာန်စုဆုံမှုတွေမှာတောင် ကျပ်လွန်း၊ ဖော်လွန်းတာတွေ ဝတ်လာကြတယ်။ ထူးခြားဆန်းပြားတဲ့ ဆံပင်ပုံစံတွေ ထားလာကြတယ်။ (၁ တိ. ၂:၉၊ ၁၀) လူအုပ်ထဲ ရောက်သွားတဲ့အခါ ယေဟောဝါ ပိုင်ဆိုင်သူလား၊ “လောကနဲ့ မိတ်ဖွဲ့သူ” လား ဆိုတာ ခွဲဖို့ ခက်သွားတယ်။—ယာ. ၄:၄။
၁၂ ဝမ်းနည်းစရာကတော့ သက်သေခံတချို့ဟာ “လောကစိတ်ဓာတ်” ဝင်ခွင့်ပြုပြီး “ဘုရားအမှုဆောင်သူနဲ့ ဘုရားအမှု မဆောင်သူရဲ့ ကွာခြားချက်ကို” ဝေဝါးသွားစေကြတယ်။ (၁၃ တချို့က လောကအကျင့်တွေကို ပြတ်ပြတ်သားသား မငြင်းပယ်ကြဘူး။ ပါတီပွဲတွေမှာ ခရစ်ယာန်တွေ လက်သင့်မခံနိုင်တဲ့ အကတွေ၊ အမူအကျင့်တွေကို လုပ်လာတယ်။ လူမှုမီဒီယာတွေမှာ ခရစ်ယာန်မဆန်တဲ့ ဓာတ်ပုံတွေ၊ မှတ်ချက်တွေ တင်လာကြတယ်။ ကြီးလေးတဲ့အပြစ်အဖြစ် အသင်းတော်ရဲ့ ဆုံးမမှု ခံရမှာ မဟုတ်ပေမဲ့ ယေဟောဝါရဲ့လူမျိုးအလယ် အမူအကျင့်ကောင်း ထိန်းသိမ်းနေတဲ့ ရွယ်တူတွေအပေါ် မကောင်းတဲ့သြဇာ သက်ရောက်စေနိုင်တယ်။—၁ ပေတရု ၂:၁၁၊ ၁၂ ကိုဖတ်ပါ။
၁၄။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ကာကွယ်ဖို့ ဘာလုပ်ရမလဲ။
၁၄ “သွေးသားအလိုဆန္ဒ၊ မျက်စိရဲ့အလိုဆန္ဒ၊ မိမိစည်းစိမ်အကြောင်း ဝါကြွားခြင်း” ကို လောက,က အလွန်အားပေးအားမြှောက် လုပ်နေတယ်။ (၁ ယော. ၂:၁၆) ဒါပေမဲ့ ကျွန်တော်တို့ကို ယေဟောဝါ ပိုင်တဲ့အတွက် ‘ဘုရားတရားမဲ့တာတွေ၊ လောကရဲ့ မကောင်းတဲ့ အလိုဆန္ဒတွေကို ငြင်းပယ်ဖို့၊ လက်ရှိ လောကစနစ်မှာ ချင့်ချိန်တတ်ဖို့၊ ဖြောင့်မတ်တဲ့ လမ်းစဉ်အတိုင်း နေထိုင်ဖို့၊ ဘုရားတရား ကိုင်းရှိုင်းဖို့’ ကျမ်းစာမှာ အားပေးထားတယ်။ (တိ. ၂:၁၂) ကျွန်တော်တို့ရဲ့ အပြောအဆို၊ စားသောက်ပုံ၊ ဝတ်စားဖြီးလိမ်းပုံ၊ အလုပ်အကိုင်နဲ့ အရာအားလုံးမှာ ယေဟောဝါကို အကြွင်းမဲ့ ဆည်းကပ်သူတွေဖြစ်ကြောင်း သိသာထင်ရှားနေသင့်တယ်။—၁ ကောရိန္သု ၁၀:၃၁၊ ၃၂ ကိုဖတ်ပါ။
“အချင်းချင်း နှစ်နှစ်ကာကာ ချစ်”
၁၅။ ညီအစ်ကို/မတွေကို ဘာကြောင့် မေတ္တာနဲ့ ကြင်နာစွာ ဆက်ဆံသင့်သလဲ။
၁၅ ညီအစ်ကို/မတွေကို ဆက်ဆံပုံအားဖြင့်လည်း ယေဟောဝါကို ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်တယ်။ သူတို့ကိုလည်း ယေဟောဝါ ပိုင်တယ်။ အဲဒီအချက်ကို အမှတ်ရနေမယ်ဆိုရင် ညီအစ်ကို/မတွေကို အမြဲ မေတ္တာနဲ့ ကြင်နာစွာ ဆက်ဆံပါလိမ့်မယ်။ (၁ သက်. ၅:၁၅) ယေရှုက “အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေသိလိမ့်မယ်” လို့ နောက်လိုက်တွေကို ပြောတယ်။—ယော. ၁၃:၃၅။
၁၆။ လူမျိုးတော်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ခံစားချက်ကို မောရှေပညတ်က ဘယ်လို ဖော်ပြသလဲ။
၁၆ အသင်းတော်မှာ အချင်းချင်း ဘယ်လို ဆက်ဆံသင့်ကြောင်း နားလည်ဖို့ ဒီအချက်ကို စဉ်းစားကြည့်ပါ။ ယေဟောဝါရဲ့ ဗိမာန်တော်ထဲက အသုံးအဆောင်တွေကို စင်ကြယ်တဲ့ဝတ်ပြုရေးအတွက် သီးသန့်ထားတယ်၊ ဆက်ကပ်ထားတယ်။ အဲဒါတွေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ မောရှေပညတ်မှာ အသေးစိတ် ညွှန်ကြားထားတယ်။ ချိုးဖောက်သူဟာ သေဒဏ်ခံရမယ်။ (တော. ၁:၅၀၊ ၅၁) ဝတ်ပြုရေးမှာသုံးတဲ့ သက်မဲ့ အသုံးအဆောင်တွေကိုတောင် ယေဟောဝါ ဂရုစိုက်တယ်ဆိုရင် မိမိလူမျိုးအဖြစ် ရွေးချယ်ထားတဲ့ ဆက်ကပ်အပ်နှံထားသူတွေကို ပိုပြီး ဂရုစိုက်ပါလိမ့်မယ်။ ယေဟောဝါက “မင်းတို့ကို ထိတဲ့သူဟာ ငါ့မျက်ဆန်ကို ထိတဲ့သူပဲ” လို့ပြောတယ်။—ဇာ. ၂:၈။
၁၇။ ယေဟောဝါ ဘာကို “အာရုံစိုက်နားထောင်နေ” သလဲ။
၁၇ ယေဟောဝါက ကျွန်တော်တို့ အချင်းချင်း စကားပြောတာကို “အာရုံစိုက်နားထောင်နေတယ်။” (မာလ. ၃:၁၆) “မိမိရဲ့လူ ဘယ်သူလဲဆိုတာ သိတယ်။” (၂ တိ. ၂:၁၉) ကျွန်တော်တို့ လုပ်သမျှ၊ ပြောသမျှကို သိတယ်။ (ဟီ. ၄:၁၃) ညီအစ်ကို/မတွေကို မကြင်မနာ ပြောဆိုဆက်ဆံတာကိုလည်း “အာရုံစိုက် နားထောင်နေတယ်။” အချင်းချင်း ဧည့်ဝတ်ကျေပွန်၊ ရက်ရော၊ ခွင့်လွှတ်၊ ကြင်နာတာကို ယေဟောဝါသိကြောင်း စိတ်ချနိုင်တယ်။—ဟီ. ၁၃:၁၆။ ၁ ပေ. ၄:၈၊ ၉။
“ယေဟောဝါက မိမိရဲ့လူတွေကို ပစ်ထားမှာ မဟုတ်”
၁၈။ ယေဟောဝါရဲ့လူမျိုး ဖြစ်ခွင့်ရလို့ ကျေးဇူးတင်ကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။
၁၈ ယေဟောဝါရဲ့လူမျိုး ဖြစ်ခွင့်ရလို့ ကျေးဇူးတင်ကြောင်း ကျွန်တော်တို့ ပြချင်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံခြင်းအားဖြင့် ကျွန်တော်တို့ကို ယေဟောဝါပိုင်ကြောင်း အသိအမှတ်ပြုကြတယ်။ ကျွန်တော်တို့ဟာ “ကောက်ကျစ်စဉ်းလဲတဲ့ လူမျိုးဆက် အလယ်မှာ” နေထိုင်ရပေမဲ့ “အပြစ်တင်စရာ မရှိသူတွေ၊ ရိုးသားဖြူစင်သူတွေ၊ . . . လောကမှာ အလင်းဆောင်သူတွေအဖြစ် ထွန်းလင်း” နေကြောင်း လူတွေကို သိစေချင်တယ်။ (ဖိ. ၂:၁၅) မကောင်းမှုကို ပြတ်ပြတ်သားသား တွန်းလှန်ကြတယ်။ (ယာ. ၄:၇) ညီအစ်ကို/မတွေကို ယေဟောဝါ ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုပြီး လေးစားချစ်ခင်ကြတယ်။—ရော. ၁၂:၁၀။
၁၉။ ယေဟောဝါက မိမိပိုင်ဆိုင်သူတွေကို ဘယ်လို ကောင်းချီးပေးသလဲ။
၁၉ “ယေဟောဝါက မိမိရဲ့လူတွေကို ပစ်ထားမှာ မဟုတ်ဘူး” လို့ ကျမ်းစာ ကတိပေးတယ်။ (ဆာ. ၉၄:၁၄) ဘယ်လို အဖြစ်ဆိုးတွေပဲ ကြုံရပါစေ အဲဒီကတိကို ယုံကြည်နိုင်တယ်။ သေခြင်းကတောင် ယေဟောဝါရဲ့ မေတ္တာ မခံစားရအောင် မတားဆီးနိုင်ဘူး။ (ရော. ၈:၃၈၊ ၃၉) “အသက်ရှင်မယ်ဆိုရင် ယေဟောဝါအတွက်ပဲ ရှင်မယ်။ သေရမယ်ဆိုရင်လည်း ယေဟောဝါအတွက်ပဲ သေမယ်။ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကျွန်တော်တို့ကို ယေဟောဝါ ပိုင်တယ်။” (ရော. ၁၄:၈) သေဆုံးသွားတဲ့ သစ္စာရှိမိတ်ဆွေတွေ ထမြောက်လာမယ့်နေ့ကို ကျွန်တော်တို့ ထက်သန်စွာ စောင့်မျှော်နေတယ်။ (မ. ၂၂:၃၂) လောလောဆယ်လည်း ကောင်းချီးများစွာ ခံစားနေရတယ်။ “ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်တဲ့လူမျိုး၊ ပိုင်ဆိုင်ရာအဖြစ် ဘုရားရွေးချယ်ထားတဲ့ လူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ကျမ်းစာမှာ ပြောထားတဲ့အတိုင်းပါပဲ။—ဆာ. ၃၃:၁၂။