စာရှုသူများထံမှ မေးခွန်းလွှာ
လက်မထပ်ရသေးတဲ့ စုံတွဲဟာ မသင့်တော်တဲ့ အခြေအနေမှာ ညဘက် အတူရှိနေခဲ့ရင် တရားရေးအရ ကိုင်တွယ်ဖို့ လိုသလား။
လိုပါတယ်။ လိင်အကျင့် မယိုယွင်းခဲ့ကြောင်း ခိုင်လုံတဲ့ အထောက်အထား မပြနိုင်ရင် တရားရေးကော်မတီ ဖွဲ့ဖို့ လိုပါတယ်။—၁ ကော. ၆:၁၈။
အကြီးအကဲအဖွဲ့က အခြေအနေတစ်ခုစီကို အသေအချာ အကဲဖြတ်ပြီး တရားရေးကော်မတီ ဖွဲ့သင့်မသင့် ဆုံးဖြတ်ပါမယ်။ ဥပမာ၊ ဒီစုံတွဲက သမီးရည်းစားတွေလား။ သူတို့ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး အရင်က ဆုံးမခံရဖူးသလား။ ဘာကြောင့် တစ်ညလုံး အတူရှိနေကြတာလဲ။ ကြိုတင်စီစဉ်ထားတာလား။ တခြားရွေးချယ်စရာ ရှိသလား။ ကြိုတင်မမြင်နိုင်တဲ့ အခြေအနေတွေ၊ အရေးပေါ်အခြေအနေတွေကြောင့် မဖြစ်မနေ အတူရှိနေခဲ့ကြတာလား။ (ဒေ. ၉:၁၁) ဘယ်မှာ အိပ်ကြသလဲ။ အခြေအနေတွေ မတူညီတဲ့အတွက် အကြီးအကဲတွေ ထည့်စဉ်းစားရမယ့် တခြားအချက်တွေလည်း ရှိနိုင်တယ်။
အချက်အလက်တွေကို ရယူပြီးနောက် အကြီးအကဲအဖွဲ့က တရားရေးကော်မတီ ဖွဲ့သင့်မသင့် ဆုံးဖြတ်ပါမယ်။