မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် မှတ်မိသလား

သင် မှတ်မိသလား

မကြာသေး​မီ​က ထုတ်ဝေ​ခဲ့​တဲ့ ကင်းမျှော်စင် တွေ​ကို သင် သေသေချာချာ ဖတ်ရှု​သလား။​ အောက်ပါ​မေးခွန်းတွေကို ဖြေနိုင်​သလား​ဆိုတာ စမ်းကြည့်ပါ–

သီချင်းဆို​တဲ့အခါ တိုးတက်​နိုင်တဲ့​ နည်းလေးနည်း​က ဘာတွေလဲ။

သီချင်းစာအုပ်​ကို မြင့်​မြင့်​ကိုင်​ပါ။ မတ်မတ်​ရပ်​ပါ။ အသက်​ဝ​ဝ​ရှူ​ပါ။ ပါးစပ် ကျယ်ကျယ်ဖွင့်​ပြီး သီဆိုပါ။—က​၁၇.၁၁၊ စာ. ၅

အစ္စရေး​နိုင်ငံ ခိုလှုံရာမြို့​တွေ​ရဲ့​ တည်နေရာ၊ လမ်း​တွေ​နဲ့ပတ်သက်ပြီး ဘယ်​အချက်ကို စိတ်စွဲမှတ်​သလဲ။

နိုင်ငံတစ်ဝန်း​မှာ ခိုလှုံရာမြို့ ခြောက်မြို့​ရှိတယ်။ လမ်း​တွေ သွားလာ​ရ လွယ်ကူ​တဲ့​အတွက် လျင်မြန်၊ လွယ်ကူ​စွာ ခိုလှုံ​စေနိုင်တယ်။—က​၁၇.၁၁၊ စာ. ၁၄

ယေရှုရဲ့​ရွေးဖိုး​က ရခဲ့​ဖူး​သမျှ ဘုရားပေး လက်ဆောင်​တွေ​ထဲမှာ ဘာကြောင့် အကောင်းဆုံး​ဖြစ်သလဲ။

အမြဲ အသက်ရှင်​ချင်တဲ့ ဆန္ဒ​ကို ဖြည့်ဆည်း​ပေးတယ်။ အပြစ်နဲ့ သေခြင်း​အောက်​က လွတ်မြောက်​စေတယ်။ ဘုရားသခင်က အာဒံရဲ့​သားမြေး​တွေ​ကို မေတ္တာ​ရှိတဲ့​အတွက် “အပြစ်ရှိသူတွေ ဖြစ်နေ” ချိန်မှာတောင် ယေရှုကို ပေးခဲ့တယ်။—က​လ​၁၇.၆၊ စာ. ၆-၇

ဆာလံ ၁၁၈:၂၂ က ယေရှုရဲ့​ ရှင်ပြန်​ထမြောက်ခြင်း​အကြောင်း​ ဘယ်လို ဖော်ပြသလဲ။

ယေရှု ငြင်းပယ်​ခံရ၊ အသတ်ခံရ​မယ်။ “ထောင့်​ချုပ်​ကျောက်” ဖြစ်လာ​နိုင်ဖို့ အသက်ပြန်ရှင်​လာ​ရမယ်။—က​၁၇.၁၂၊ စာ. ၉-၁၀

မေရှိယ ဆင်းသက်​မ​ယ့်​မျိုးရိုး​ဟာ​ သားဦး​အခွင့်အရာ​နဲ့ သက်ဆိုင်​သလား။

မေရှိယ ဆင်းသက်​မ​ယ့် မျိုးရိုး​ဟာ အမြဲ​တော့ သားဦး ဖြစ်စရာ မလိုဘူး။ ဒါဝိဒ်ဟာ ယေရှဲ​ရဲ့ သားဦး မဟုတ်ပေ​မဲ့ ဒါဝိဒ်ကနေ မေရှိယ ဆင်းသက်​လာတယ်။—က​၁၇.၁၂၊ စာ. ၁၄-၁၅

ကျမ်းစာမှာ ကျန်းမာရေး​ဆိုင်ရာ​ ဘယ်လမ်းညွှန်ချက်တွေ ပါသလဲ။

မောရှေ​ပညတ်​အရ ရောဂါသည်​တချို့ကို သီးသန့်​ထားရမယ်။ လူသေကို ထိတွေ့​ကိုင်တွယ်​ပြီးနောက် လက်​ဆေး​ရမယ်။ မစင်​ကို စည်းကမ်း​တ​ကျ စွန့်​ရမယ်။ မွေး​ပြီး ရှစ်​ရက်​မြောက်​နေ့မှာ အရေဖျားဖြတ်​ရမယ်။ အဲဒီ​နေ့မှာ သွေး​ခဲ​နှုန်း ပုံမှန်​အခြေအနေ ရောက်​လို့​ပဲ။—က​လ​၁၈.၁၊ စာ. ၇

ကိုယ့်ကိုယ်ကိုယ် အတော်အတန်​ ချစ်တာ​ဟာ ခရစ်ယာန်​တစ်ယောက်​အတွက် ဘာကြောင့် သင့်လျော်​သလဲ။

လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်​ရမယ်။ (မာ. ၁၂:၃၁) ခင်ပွန်းဟာ “ကိုယ့်ကိုယ်ကိုယ် ချစ်​သလို ဇနီးကို ချစ်​ရမယ်။” (ဧ. ၅:၂၈) ဒါပေမဲ့​ ကိုယ့်ကိုယ်ကိုယ် ချစ်တာ လွဲမှား​သွားနိုင်တယ်။—က​၁၈.၁၊ စာ. ၂၃

ဘုရားရေးရာ​မှာ တိုးတက်စေ​နိုင်တဲ့ အချက်တချို့ကို ဖော်ပြပါ။

ကျမ်းစာကို လေ့လာ၊ ဆင်ခြင်ပြီး လက်တွေ့​ကျင့်သုံး​ဖို့ လိုတယ်။ သန့်ရှင်းသော စွမ်းအားတော်​ရဲ့ လွှမ်းမိုးမှု ခံရဖို့ စိတ်​နှလုံးကို ဖွင့်​ထားရမယ်။ တခြား​သူတွေ ကူညီ​ပေးတာကို ကျေးဇူးတင်​စွာ လက်ခံ​ရမယ်။—က​၁၈.၂၊ စာ. ၂၆

နက္ခတ်ဗေဒင်နဲ့ ရှေ့ဖြစ်ဟောခြင်း​က အနာဂတ်ကို သိနိုင်တဲ့​နည်း ဘာကြောင့် မဟုတ်​သလဲ။

အကြောင်းရင်း များစွာ ရှိပေမဲ့ အဓိက​ အကြောင်းရင်း​က​တော့ နှစ်ခုစလုံး​ကို​ ကျမ်းစာ​မှာ အပြစ်တင်​ထား​လို့​ပဲ။ —က​လ​၁၈.၂၊ စာ. ၄-၅

ထမင်း​စား​ဖိ​တ်​တာ​​ကို လက်ခံ​တာ​​နဲ့​ပတ်သက်ပြီး ဘယ်လို ရှုမြင်​သင့်သလဲ။

ဖိတ်ခေါ်တာ​​ကို လက်ခံ​ပြီးပြီ​ဆိုရင် ကတိတည်​သင့်တယ်။ (ဆာ. ၁၅:၄) ဘာ​မဟုတ်တာ​လေး​နဲ့ မ​ဖျက်​သင့်​ဘူး။ အိမ်ရှင်​တွေဟာ အပင်ပန်းခံ ပြင်ဆင်​ထား​လေ့​ရှိတယ်။​—က၁၈.၃၊ စာ. ၁၈

ခန့်အပ်ခံ​အမျိုးသား​တွေဟာ တိမောသေ​ဆီကနေ ဘာသင်ယူနိုင်သလဲ။

တိမောသေ​ဟာ လူတွေကို အမှန်တကယ် ဂရုစိုက်​တယ်။ ဟောပြောခြင်း​လုပ်ငန်းကို ဦးစား​ထားတယ်။ မြင့်မြတ်တဲ့ အမှုတော်မှာ ကြိုးစား​တယ်။ သိလာ​တာတွေကို လက်တွေ့​ကျင့်သုံး​တယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲ​ လေ့ကျင့်​ပေးတယ်။ ယေဟော​ဝါရဲ့ စွမ်းအားတော်ကို အားကိုး​တယ်။ အကြီးအကဲတွေ​ရော တခြား​သူတွေ​ပါ သူ့ကို အတုယူ​နိုင်ပါတယ်။—က​၁၈.၄၊ စာ. ၁၃-၁၄