မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် မှတ်မိသလား

သင် မှတ်မိသလား

မကြာသေးမီ​က ထုတ်ဝေ​ခဲ့​တဲ့ ကင်းမျှော်စင် တွေကို သင် သေသေချာချာ ဖတ်ရှု​သလား။ အောက်ပါ​မေးခွန်းတွေကို ဖြေနိုင်​သလား​ဆိုတာ စမ်းကြည့်ပါ–

ကျွန်တော်တို့ကို ဘုရား စာနာ​ကြောင်း ဘယ်​ကျမ်းစာ အထောက်အထား ရှိသလဲ။

အီဂျစ်​ပြည်မှာ ရှေး​အစ္စရေး​လူမျိုး ကျွန်ခံ​ရတဲ့အခါ သူတို့ရဲ့ ဒုက္ခ​ကို ဘုရား သိ​ပြီး ကိုယ်တိုင် နာကျင်​ခံစားခဲ့တယ်။ (ထွ. ၃:၇။ ဟေရှာ. ၆၃:၉) ဘုရားသခင့် ပုံသဏ္ဌာန်​နဲ့​အညီ ဖန်ဆင်း​ခံရလို့ ကျွန်တော်တို့မှာ စာနာ​နိုင်စွမ်း ရှိတယ်။ ဘုရား​မေတ္တာနဲ့ မထိုက်တန်ဘူးလို့ ခံစား​နေရ​ရင်တောင် ဘုရား စာနာ​ပေးတယ်။—က​လ​၁၈.၃၊ စာ. ၈-၉

ယေရှုရဲ့ သွန်သင်ချက်တွေက ခွဲခြား​စိတ်​ကို အနိုင်ယူဖို့ ဘယ်လို ကူညီပေး​သလဲ။

ယေရှု​ခေတ်​က ဂျူး​များစွာမှာ ခွဲခြား​စိတ် ရှိတယ်။ နှိမ့်ချမှု လိုအပ်​ကြောင်း ခရစ်တော် အလေးပေး​ပြောပြီး လူမျိုး​ဂုဏ်မောက်တာကို ပြစ်တင်​ရှုတ်ချခဲ့​တယ်။ အချင်းချင်း​ကို ညီအစ်ကို​တွေ​အဖြစ် ရှုမြင်ဖို့ နောက်လိုက်​တွေကို တိုက်တွန်းခဲ့တယ်။—က​၁၈.၀၆၊ စာ. ၉-၁၀

မောရှေ​ကို ကတိထားရာပြည်​ထဲ ဘုရား ဝင်ခွင့်​မပေး​ခြင်းကနေ ဘာ​သင်ယူ​ရသလဲ။

မောရှေဟာ ယေဟောဝါနဲ့ ဆက်ဆံရေး​ကောင်း ရှိတယ်။ (တရား. ၃၄:၁၀) နှစ်ပေါင်း ၄၀၊ တောကန္တာရ​ခရီး ဆုံး​ခါနီး​မှာ ရေမရှိလို့ လူတွေ ဒုတိယ​အကြိမ် ညည်းညူ​ကြ​ပြန်တယ်။ ကျောက်ဆောင်​ကို အမိန့်​ပေးဖို့ ဘုရား ပြောပေမဲ့ မောရှေ​က ကျောက်ဆောင်​ကို ရိုက်​လိုက်တယ်။ မိမိရဲ့​ ညွှန်ကြားချက်ကို မလိုက်​လို့၊ အံ့ဖွယ်အမှု​အတွက် မိမိကို ဂုဏ်​မတင်​လို့ မောရှေ​ကို ယေဟောဝါ အမျက်​ထွက်တယ်။ (တော. ၂၀:၆-၁၂) ဒါဟာ ယေဟောဝါကို နာခံဖို့၊ ဂုဏ်တင်ဖို့ အရေးကြီးကြောင်း သင်ပေးတယ်။—က​၁၈.၀၇၊ စာ. ၁၃-၁၄

အပြင်ပန်း​ကိုပဲ ကြည့်ပြီး အကဲဖြတ်​ရင် ဘယ်လို အလွယ်တကူ မှား​မိ​နိုင်သလဲ။

အပြင်ပန်း​ကို ကြည့်ပြီး လူတွေ အကဲဖြတ် လေ့​ရှိတဲ့ ကဏ္ဍ သုံးခု​ရှိတယ်– လူမျိုး၊ ချမ်းသာ​ကြွယ်ဝမှု၊ အသက်အရွယ်​တို့ ဖြစ်တယ်။ မျက်နှာမလိုက်​တဲ့ ဘုရားရဲ့ ရှုထောင့်​ကနေ တခြား​သူတွေကို ကြည့်ဖို့ အရေးကြီးတယ်။ (တ. ၁၀:၃၄၊ ၃၅)— က​၁၈.၀၈၊ စာ. ၈-၁၂

တခြား​သူတွေကို အသက်ကြီး​သူတွေ ကူညီ​နိုင်တဲ့ နည်းလမ်း​တချို့က ဘာတွေလဲ။

တာဝန်​ပြောင်း​သွားတဲ့ အသက်ကြီး ခရစ်ယာန်​တစ်ယောက်ဟာ ဘုရားသခင်အတွက် တန်ဖိုးရှိ​နေဆဲ​ဖြစ်ပြီး တခြား​သူတွေကို များစွာ ကူညီ​နိုင်ပါတယ်။ မယုံကြည်သူ အိမ်ထောင်ဖက်​တွေ၊ မ​လှုပ်​မ​ရှား​ဖြစ်နေသူတွေကို ကူညီ​နိုင်တယ်။ ကျမ်းစာသင်အံမှု​တွေ လုပ်ပြီး အမှုဆောင်​လုပ်ငန်း တိုးချဲ့​နိုင်တယ်။—က​၁၈.၀၉၊ စာ. ၈-၁၁

သွန်သင်ခြင်း​ကိရိယာ​ထဲမှာ ဘာတွေ ပါဝင်​သလဲ။

လိပ်စာကတ်​နဲ့ ဖိတ်စာ​တွေ ပါဝင်​တယ်။ အသေအချာ ဒီဇိုင်းဆွဲ​ထားတဲ့ ဝေစာ ရှစ်စောင်၊ ကင်းမျှော်စင် နဲ့ နိုးလော့! တွေ ရှိတယ်။ ဘရိုရှာ​တချို့၊ အဓိက လေ့လာမှု စာအုပ် နှစ်အုပ်၊ ကျမ်းစာကို ဘာကြောင့် လေ့လာ​သင့်သလဲ အပါအဝင် ဗီဒီယို လေးခုလည်း ပါဝင်​တယ်။—က​၁၈.၁၀၊ စာ. ၁၆

ပညာအလိမ္မာ ၂၃:၂၃ မှာ တိုက်တွန်း​ထားတဲ့​အတိုင်း ခရစ်ယာန်​တစ်ယောက်ဟာ အမှန်တရားကို ဘယ်လို “ဝယ်” နိုင်သလဲ။

အမှန်တရား​အတွက် ငွေပေး​စ​ရာ မလိုပါဘူး။ ဒါပေမဲ့ အမှန်တရားကို ရဖို့ အချိန်နဲ့ ကြိုးစား​အားထုတ်မှု လိုအပ်တယ်။—က​၁၈.၁၁၊ စာ. ၄

ဇနီး ဂေါမာကို ဟောရှေ ပြုမူ​ဆက်ဆံပုံ​ကနေ ဘာသင်ယူနိုင်သလဲ။

ဂေါမာ​ဟာ အကြိမ်ကြိမ် အိမ်ထောင်ရေး ဖောက်ပြန်​ပေမဲ့ ဟောရှေ ခွင့်လွှတ်​ပြီး ဆက်ပေါင်း​တယ်။ လိင်​အကျင့် ယိုယွင်း​တဲ့ အိမ်ထောင်ဖက်​ကို အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်​က ခွင့်လွှတ်မှု ပြ​နိုင်တယ်။ အပြစ်​ရှိတဲ့ အိမ်ထောင်ဖက်​နဲ့ ပြန်​လိင်ဆက်ဆံ​တဲ့အခါ ကွာရှင်းဖို့ တစ်ခုတည်းသော​ ကျမ်းစာ​အကြောင်းရင်း ပျက်ပြယ်​သွား​ပါတယ်။—က​၁၈.၁၂၊ စာ. ၁၃