လေ့လာရန် ဆောင်းပါး ၇
ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ နူးညံ့သိမ်မွေ့ခြင်းကို ရှာပါ
‘နူးညံ့သိမ်မွေ့တဲ့ မြေကြီးသားအပေါင်းတို့၊ ယေဟောဝါကို ရှာကြ။ နူးညံ့သိမ်မွေ့ခြင်းကိုလည်း ရှာကြပါ။’—ဇေ. ၂:၃။
သီချင်း ၈၀ ‘ယေဟောဝါ ကောင်းမြတ်ကြောင်း မြည်းစမ်းကြည့်ပါ’
အကြိုသုံးသပ်ချက် *
၁-၂။ (က) မောရှေကို ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ။ သူ ဘာလုပ်ခဲ့သလဲ။ (ခ) နူးညံ့သိမ်မွေ့ခြင်းကို မွေးမြူဖို့ လှုံ့ဆော်ပေးတဲ့ အကြောင်းရင်းက ဘာလဲ။
မောရှေဟာ “ကမ္ဘာပေါ်က လူအားလုံးထဲမှာ စိတ်ထားအနူးညံ့ဆုံးပဲ” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (တော. ၁၂:၃) ဒါက သူဟာ ပျော့ညံ့သူ၊ မပြတ်သားတဲ့သူလို့ ဆိုလိုတာလား။ နူးညံ့သိမ်မွေ့သူကို တချို့ အဲဒီလို ယူဆကြတယ်။ ဒါပေမဲ့ အဲဒီလို ယူဆတာ မှားတယ်။ မောရှေဟာ ခိုင်မာပြတ်သားပြီး သတ္တိရှိတယ်။ ယေဟောဝါရဲ့ အကူအညီနဲ့ အင်အားကြီးတဲ့ အီဂျစ်ဘုရင်ကို ရင်ဆိုင်ခဲ့တယ်၊ လူ ၃,၀၀၀,၀၀၀ လောက်ကို ကန္တာရခရီးတစ်လျှောက် ဦးဆောင်ခဲ့တယ်၊ ရန်သူတွေကို အောင်နိုင်ဖို့ အစ္စရေးတွေကို ကူညီခဲ့တယ်။
၂ မောရှေ ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ကျွန်တော်တို့ မကြုံရပေမဲ့ နူးညံ့သိမ်မွေ့ဖို့ ခက်စေတဲ့ လူတွေ၊ အခြေအနေတွေကိုတော့ နေ့တိုင်း ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ နူးညံ့သိမ်မွေ့ခြင်းကို မွေးမြူဖို့ လှုံ့ဆော်ပေးတဲ့ အကြောင်းရင်း ရှိပါတယ်။ ‘စိတ်နူးညံ့သူတွေက ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်’ လို့ ယေဟောဝါ ကတိပေးထားတယ်။ (ဆာ. ၃၇:၁၁) ကိုယ့်ကိုယ်ကိုယ် နူးညံ့သိမ်မွေ့သူလို့ ထင်သလား။ တခြားသူတွေကော သင့်ကို အဲဒီလို ထင်သလား။ အဲဒီမေးခွန်းတွေကို မဖြေခင် နူးညံ့သိမ်မွေ့တယ်ဆိုတာ ဘာကို ဆိုလိုကြောင်း သိဖို့ လိုတယ်။
နူးညံ့သိမ်မွေ့ခြင်းဆိုတာ ဘာလဲ
၃-၄။ (က) နူးညံ့သိမ်မွေ့ခြင်းကို ဘာနဲ့ နှိုင်းယှဉ်နိုင်သလဲ။ (ခ) နူးညံ့သိမ်မွေ့ဖို့ ဘယ်အရည်အသွေးတွေ လိုအပ်သလဲ။ ဘာကြောင့်လဲ။
၃ နူးညံ့သိမ်မွေ့ခြင်း *ဟာ လှပတဲ့ ပန်းချီကားတစ်ချပ်နဲ့ တူတယ်။ ပန်းချီကား တစ်ချပ်ဖြစ်ဖို့ အရောင်မျိုးစုံ ပေါင်းစပ်ရသလို နူးညံ့သိမ်မွေ့ဖို့လည်း နှစ်သက်ဖွယ် အရည်အသွေးမျိုးစုံ ပေါင်းစပ်ရမယ်။ အဲဒီအရည်အသွေးတချို့က နှိမ့်ချမှု၊ လက်အောက်ခံမှု၊ ရဲစွမ်းသတ္တိတို့ ဖြစ်တယ်။ ယေဟောဝါရဲ့ နှစ်သက်မှုရဖို့ ဒီအရည်အသွေးတွေ ဘာကြောင့် လိုအပ်သလဲ။
၄ နှိမ့်ချသူတွေသာ ဘုရားအလိုတော်ကို လက်အောက်ခံကြတယ်။ ဘုရားအလိုတော်တစ်ခုကတော့ ကျွန်တော်တို့ နူးညံ့သိမ်မွေ့ဖို့ပါပဲ။ (မ. ၅:၅။ ဂလ. ၅:၂၃) ဘုရားအလိုတော်အတိုင်း လုပ်ဆောင်တဲ့အခါ စာတန် ဒေါသထွက်တယ်။ ကျွန်တော်တို့ နှိမ့်ချပြီး နူးညံ့သိမ်မွေ့တာတောင် စာတန့်လောကရဲ့ လူများစွာက မုန်းကြတယ်။ (ယော. ၁၅:၁၈၊ ၁၉) စာတန်ကို တွန်းလှန်ဖို့ ရဲစွမ်းသတ္တိ လိုအပ်တယ်။
၅-၆။ (က) နူးညံ့သိမ်မွေ့သူတွေကို စာတန် ဘာကြောင့် မုန်းတာလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။
၅ နူးညံ့သိမ်မွေ့သူနဲ့ ဆန့်ကျင်ဘက်ကတော့ မာနကြီးသူပဲ။ မာနကြီးသူဟာ ဒေါသ မချုပ်တည်းဘူး။ ယေဟောဝါကို မနာခံဘူး။ အဲဒါ စာတန်ရဲ့ စရိုက်ပဲ။ နူးညံ့သိမ်မွေ့သူတွေကို စာတန် မုန်းတယ်။ သူတို့ရဲ့ အရည်အသွေးကောင်းတွေက စာတန်ရဲ့ စရိုက်ဆိုးတွေကို ဖော်ထုတ်ရာရောက်လို့ပဲ။ ဒါ့အပြင် စာတန် ဘယ်လိုပဲလုပ်လုပ် ယေဟောဝါကို မကိုးကွယ်အောင် နူးညံ့သိမ်မွေ့သူတွေကို မတားဆီးနိုင်တဲ့အတွက် စာတန်ဟာ မုသာကောင်ဖြစ်မှန်း သက်သေထူနေတယ်။—ယောဘ ၂:၃-၅။
၆ နူးညံ့သိမ်မွေ့ဖို့ ဘာကြောင့် ခက်နိုင်သလဲ။ နူးညံ့သိမ်မွေ့ခြင်းကို ဘာကြောင့် ဆက်မွေးမြူရမလဲ။ အဲဒီမေးခွန်းတွေရဲ့ အဖြေရဖို့ မောရှေ၊ ဗာဗုလုန် သုံ့ပန်းဘဝရောက်နေတဲ့ ဟီဘရူး သုံးယောက်၊ ယေရှုရဲ့ ပုံသက်သေကို သုံးသပ်ကြည့်ကြစို့။
နူးညံ့သိမ်မွေ့ဖို့ ဘယ်အချိန်မှာ ခက်သလဲ
၇-၈။ မလေးမစား ဆက်ဆံခံရတဲ့အခါ မောရှေ ဘယ်လို တုံ့ပြန်သလဲ။
၇ အခွင့်အာဏာ ရတဲ့အခါ– အခွင့်အာဏာ ရှိသူတွေဟာ နူးညံ့သိမ်မွေ့ဖို့ ခက်နိုင်တယ်။ အထူးသဖြင့် ကိုယ်ဦးစီးရတဲ့သူတွေ ကိုယ့်ကို မလေးမစား ဆက်ဆံတဲ့အခါ၊ ကိုယ့်ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ်လာတဲ့အခါမျိုးမှာ ဖြစ်နိုင်တယ်။ သင် အဲဒီလို ကြုံဖူးသလား။ မိသားစုဝင်တစ်ယောက် အဲဒီလို ဆက်ဆံလာရင် ဘယ်လို တုံ့ပြန်မလဲ။ အဲဒီလို အခြေအနေကို မောရှေ ဘယ်လို ကိုင်တွယ်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။
၈ ယေဟောဝါက မောရှေကို အစ္စရေးခေါင်းဆောင်အဖြစ် တော. ၁၂:၁-၁၃) ဘာကြောင့်လဲ။
ခန့်အပ်ပြီး ပညတ်တရား ရေးခွင့် ပေးခဲ့တယ်။ ယေဟောဝါရဲ့ ထောက်မမှုကို မောရှေ ရရှိထားတယ်။ ဒါတောင် အစ်မ မိရိအံနဲ့ အစ်ကို အာရုန်က မောရှေကို သူယူခဲ့တဲ့ မိန်းမကြောင့် ပြစ်တင်ဝေဖန်ကြတယ်။ မောရှေနေရာမှာ တခြားသူသာဆိုရင် ဒေါသထွက်ပြီး လက်တုံ့ပြန်မိမှာပဲ။ မောရှေကတော့ လွယ်လွယ်နဲ့ ဒေါသမထွက်ဘူး။ မိရိအံရဲ့ အနာကြီးရောဂါ ပျောက်အောင် လုပ်ပေးဖို့တောင် ယေဟောဝါဆီ အသနားခံပေးတယ်။ (၉-၁၀။ (က) ဘာကို နားလည်ဖို့ မောရှေကို ယေဟောဝါ ကူညီပေးသလဲ။ (ခ) အိမ်ထောင်ဦးစီးတွေ၊ အကြီးအကဲတွေ မောရှေဆီကနေ ဘာသင်ယူနိုင်သလဲ။
၉ ယေဟောဝါရဲ့ လေ့ကျင့်မှုကို မောရှေ ခံယူခဲ့တယ်။ အစောပိုင်း နှစ်ပေါင်း ၄၀ လောက်က အီဂျစ်နန်းတွင်းသားဘဝမှာ မောရှေဟာ နူးညံ့သိမ်မွေ့သူ မဟုတ်ခဲ့ဘူး။ မမျှမတ ဆက်ဆံသူတစ်ယောက်ကို ဒေါသထွက်ပြီး သတ်ပစ်လိုက်တယ်။ ကိုယ့်လုပ်ရပ်ကို ယေဟောဝါ လက်ခံမှာပါလို့တောင် ယူမှတ်ခဲ့တယ်။ အစ္စရေးတွေကို ဦးဆောင်ဖို့ ရဲစွမ်းသတ္တိအပြင် နူးညံ့သိမ်မွေ့မှု လိုအပ်ကြောင်း မောရှေ နားလည်အောင် ယေဟောဝါ နှစ်ပေါင်း ၄၀ သင်ပေးခဲ့တယ်။ နူးညံ့သိမ်မွေ့ဖို့ နှိမ့်ချမှု၊ လက်အောက်ခံမှုလည်း လိုအပ်ကြောင်း မောရှေ ကောင်းကောင်း သင်ယူခဲ့ပြီး အကောင်းဆုံး ကြီးကြပ်သူ ဖြစ်လာတယ်။—ထွ. ၂:၁၁၊ ၁၂။ တ. ၇:၂၁-၃၀၊ ၃၆။
၁၀ ဒီနေ့လည်း အိမ်ထောင်ဦးစီးတွေ၊ အကြီးအကဲတွေဟာ မောရှေကို တုပသင့်တယ်။ မလေးမစား ဆက်ဆံခံရတဲ့အခါ ထစ်ခနဲဆို ဒေါသမထွက်ပါနဲ့။ ကိုယ့်အမှားကို နှိမ့်ချစွာ အသိအမှတ်ပြုပါ။ (ဒေ. ၇:၉၊ ၂၀) ပြဿနာတွေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို လက်အောက်ခံပါ။ အမြဲ နူးညံ့သိမ်မွေ့စွာ ပြန်ပြောပါ။ (ပညာ. ၁၅:၁) အဲဒီလိုတုံ့ပြန်တဲ့ အိမ်ထောင်ဦးစီးတွေ၊ ကြီးကြပ်မှူးတွေဟာ ယေဟောဝါရဲ့ နှစ်သက်မှု ရပြီး ငြိမ်သက်မှု တိုးများစေတယ်။ နူးညံ့သိမ်မွေ့မှု တင်ပြရာမှာ ပုံသက်သေကောင်း ပြသူတွေ ဖြစ်တယ်။
၁၁-၁၃။ ဟီဘရူး သုံးယောက်က ကျွန်တော်တို့အတွက် ဘယ်ပုံသက်သေ ပြခဲ့သလဲ။
၁၁ နှိပ်စက်ညှဉ်းပန်းခံရချိန်မှာ– သမိုင်းတစ်လျှောက် ယေဟောဝါရဲ့ လူမျိုးကို လူ့အုပ်စိုးရှင်တွေ နှိပ်စက်ညှဉ်းပန်းခဲ့ကြတယ်။ “ပြစ်မှု” အမျိုးမျိုးနဲ့ စွဲချက်တင်ကြပေမဲ့ အဓိကကတော့ “လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်” ကြလို့ပဲ။ (တ. ၅:၂၉) ကျွန်တော်တို့ လှောင်ပြောင်ခံရ၊ ထောင်ချခံရ၊ ရိုက်နှက်ခံရနိုင်တယ်။ ဒါပေမဲ့ လက်တုံ့မပြန်ဘဲ တည်တည်ငြိမ်ငြိမ် ရှိဖို့ ယေဟောဝါ ကူညီပေးပါလိမ့်မယ်။
၁၂ ဟာနနိ၊ မိရှေလ၊ အာဇရိ ဆိုတဲ့ ဟီဘရူးသုံ့ပန်း သုံးယောက်ရဲ့ ပုံသက်သေကို စဉ်းစားကြည့်ပါ။ * ရွှေရုပ်တုကြီး ကို ဦးချဝတ်ပြုဖို့ ဗာဗုလုန်ဘုရင် အမိန့်ထုတ်တဲ့အခါ ဝတ်မပြုနိုင်တဲ့ အကြောင်းရင်းကို သူတို့ နူးညံ့သိမ်မွေ့စွာ ရှင်းပြကြတယ်။ မီးဖိုထဲ ပစ်ချမယ်လို့ ခြိမ်းခြောက်တာတောင် ဘုရားကို ဆက်လက်အောက်ခံကြတယ်။ ယေဟောဝါ လာကယ်မယ်လို့ သူတို့ မမျှော်လင့်ပါဘူး။ အဲဒီအစား ယေဟောဝါ ခွင့်ပြုတာမှန်သမျှကို လက်ခံဖို့ အသင့်ပဲ။ ဒါပေမဲ့ သူတို့ကို ဘုရား ချက်ချင်း ကယ်တင်ခဲ့တယ်။ (ဒံ. ၃:၁၊ ၈-၂၈) ဒီအချက်က နူးညံ့သိမ်မွေ့သူတွေဟာ သတ္တိရှိသူတွေ ဖြစ်ကြောင်း ဖော်ပြတယ်။ ဘယ်လို အာဏာရှင်တွေ၊ ခြိမ်းခြောက်မှုတွေ၊ ပြစ်ဒဏ်တွေကမှ ယေဟောဝါ “တစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်” မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချိုးဖျက်နိုင်ဘူး။—ထွ. ၂၀:၄၊ ၅။
၁၃ ဘုရားအပေါ် သစ္စာစောင့်သိမှု စမ်းသပ်ခံရတဲ့အခါ ဟီဘရူး သုံးယောက်ကို ဘယ်လို တုပနိုင်သလဲ။ ကျွန်တော်တို့ကို ယေဟောဝါ ဂရုစိုက်မယ်ဆိုတာ နှိမ့်ချစွာ ယုံကြည်စိတ်ချပါ။ (ဆာ. ၁၁၈:၆၊ ၇) မတရားစွပ်စွဲသူတွေကို နူးညံ့စွာ၊ လေးစားစွာ ပြန်ပြောပါ။ (၁ ပေ. ၃:၁၅) မေတ္တာရှင် ဖခင်နဲ့ မိတ်ဆွေဖြစ်ခွင့်ကို ဘယ်တော့မှ အပျက်စီးမခံပါနဲ့။
၁၄-၁၅။ (က) စိတ်ဖိစီးနေချိန်မှာ ဘာဖြစ်နိုင်သလဲ။ (ခ) ဟေရှာယ ၅၃:၇၊ ၁၀ အရ ယေရှုဟာ စိတ်ဖိစီးနေချိန်မှာ နူးညံ့သိမ်မွေ့မှု တင်ပြခဲ့တဲ့ အကောင်းဆုံး ပုံသက်သေဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။
၁၄ ဖိစီးမှု ကြုံရတဲ့အခါ– အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ ဖိစီးမှုတွေ ကြုံနေရတယ်။ ကျောင်းမှာ စာမေးပွဲ မဖြေခင်၊ အလုပ်မှာ တာဝန်တစ်ခုခု မလုပ်ခင် ဖြစ်နိုင်တယ်။ ဆေးဝါးကုသမှု လိုလာတဲ့အခါ ဖိစီးမှု ကြုံရနိုင်တယ်။ စိတ်ဖိစီးနေချိန်မှာ နူးညံ့သိမ်မွေ့ဖို့ ခက်တယ်။ သာမန်ကိစ္စလေးတွေကြောင့် စိတ်ရှုပ်လာပြီး အပြောကြမ်းလာနိုင်တယ်။ လေသံ မာလာနိုင်တယ်။ ဒါပေမဲ့ စိတ်ဖိစီးလာပြီဆိုရင် ယေရှုရဲ့ ပုံသက်သေကို စဉ်းစားကြည့်ပါ။
၁၅ မြေကြီးအသက်တာ နောက်ဆုံးလတွေမှာ ယေရှု အကြီးအကျယ် စိတ်ဖိစီးခဲ့တယ်။ အသတ်ခံရမယ်၊ နာကျင်စွာ ဝေဒနာ ခံစားရမယ်ဆိုတာ ယေရှု သိတယ်။ (ယော. ၃:၁၄၊ ၁၅။ ဂလ. ၃:၁၃) စိတ်ဆင်းရဲနေတယ်လို့ မသေဆုံးခင် လအနည်းငယ်မှာ ပြောခဲ့တယ်။ (လု. ၁၂:၅၀) မသေဆုံးခင် ရက်အနည်းငယ်မှာလည်း “ကျွန်တော် စိတ်ဒုက္ခရောက်နေတယ်” လို့ ပြောတယ်။ “အဖ၊ ဒီအချိန်ကနေ လွတ်မြောက်အောင် ကယ်တင်ပေးပါ။ ဒါပေမဲ့ ဒီအချိန်အတွက်ပဲ ကျွန်တော် ရောက်လာတာပါ။ အဖ၊ အဖရဲ့နာမည်ကို ဘုန်းထင်ရှားစေပါ” ဆိုတဲ့ ရင်ဖွင့်ဆုတောင်းချက်မှာ ယေရှုရဲ့ နှိမ့်ချမှု၊ လက်အောက်ခံမှုကို တွေ့နိုင်တယ်။ (ယော. ၁၂:၂၇၊ ၂၈) နောက်ဆုံး ရက်ရက်စက်စက်၊ အရှက်ရစေတဲ့နည်းနဲ့ သတ်မယ့် ရန်သူတွေလက်ထဲ သတ္တိရှိရှိ အဖမ်းခံခဲ့တယ်။ ဝေဒနာခံနေရချိန်၊ စိတ်ဖိစီးနေချိန်မှာတောင် ဘုရားအလိုတော်ကို နာခံခြင်းအားဖြင့် နူးညံ့သိမ်မွေ့မှု တင်ပြခဲ့တယ်။ အကောင်းဆုံး ပုံသက်သေပါပဲ။—ဟေရှာယ ၅၃:၇၊ ၁၀ ကိုဖတ်ပါ။
၁၆-၁၇။ (က) ယေရှုရဲ့ နူးညံ့သိမ်မွေ့မှုဟာ မိတ်ဆွေတွေကြောင့် ဘယ်လို စမ်းသပ်ခံခဲ့ရသလဲ။ (ခ) ယေရှုကို ဘယ်လို တုပနိုင်သလဲ။
၁၆ မြေကြီးအသက်တာ နောက်ဆုံးညမှာ အရင်းနှီးဆုံး မိတ်ဆွေတွေကြောင့်လည်း ယေရှုရဲ့ နူးညံ့သိမ်မွေ့မှု စမ်းသပ်ခံခဲ့ရတယ်။ အဲဒီညမှာ ယေရှု ဘယ်လောက် စိတ်ဖိစီးနေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ သေတဲ့အထိ အပြည့်အဝ သစ္စာရှိနိုင်ပါ့မလား။ လူသန်းပေါင်းများစွာရဲ့ အသက်ရေးနဲ့ ပတ်သက်နေတယ်။ (ရော. ၅:၁၈၊ ၁၉) ပိုအရေးကြီးတာက ဖခင်ရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်နေတယ်။ (ယောဘ ၂:၄) အဲဒီအချိန်မှာ တမန်တော်တွေက ယေရှုနဲ့ ညစာစားရင်း “ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး အကြီးအကျယ် အငြင်းပွားကြတယ်။” ဒီကိစ္စကို ယေရှု တည့်မတ်ပေးတာ အကြိမ်ကြိမ် ရှိပြီ။ အဲဒီနေ့ ညနေခင်းလေးမှာတောင် တည့်မတ်ပေးခဲ့သေးတယ်။ အခုလည်း ယေရှု စိတ်ဆိုးမယ့်အစား နူးညံ့သိမ်မွေ့စွာ ဆုံးမတယ်။ သူတို့မှာ ရှိသင့်တဲ့ သဘောထားကို ကြင်နာစွာ၊ ခိုင်မာစွာ ရှင်းပြခဲ့တယ်။ ပြီးတော့ မိမိကို မစွန့်သွားတဲ့အတွက် ချီးမွမ်းတယ်။—လု. ၂၂:၂၄-၂၈။ ယော. ၁၃:၁-၅၊ ၁၂-၁၅။
ကော. ၃:၁၃) တခြားသူတွေကို ထိခိုက်အောင် ကျွန်တော်တို့အားလုံး ပြောမိ၊ လုပ်မိတတ်ကြောင်း အမှတ်ရနေခြင်းက အဲဒီမိန့်မှာချက်ကို နာခံဖို့ ကူညီပေးပါလိမ့်မယ်။ (ပညာ. ၁၂:၁၈။ ယာ. ၃:၂၊ ၅) တခြားသူတွေရဲ့ ကောင်းကွက်ကို အမြဲ ချီးမွမ်းပေးပါ။—ဧ. ၄:၂၉။
၁၇ သင်သာ အဲဒီလို အခြေအနေမျိုးမှာ ရှိရင် ဘယ်လို တုံ့ပြန်မလဲ။ စိတ်ဖိစီးနေချိန်မှာတောင် ယေရှုကို တုပပြီး နူးညံ့သိမ်မွေ့မှု ပြသင့်တယ်။ ‘အချင်းချင်း ဆက်ပြီး သည်းခံကြပါ’ ဆိုတဲ့ ယေဟောဝါရဲ့ မိန့်မှာချက်ကို လက်အောက်ခံသင့်တယ်။ (နူးညံ့သိမ်မွေ့ခြင်းကို ဘာကြောင့် ဆက်ရှာရမလဲ
၁၈။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ နူးညံ့သိမ်မွေ့သူတွေကို ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။ သူတို့ ဘာလုပ်ရမလဲ။
၁၈ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မယ်။ ကျွန်တော်တို့ နူးညံ့သိမ်မွေ့မယ်ဆိုရင် ခက်ခဲတဲ့အချိန်မှာ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ယေဟောဝါ ကူညီပေးပါလိမ့်မယ်။ “စိတ်နူးညံ့သူတွေရဲ့ တောင်းဆိုချက်ကို” နားထောင်မယ်လို့ ဘုရား ကတိပေးထားတယ်။ (ဆာ. ၁၀:၁၇) ဆုတောင်းချက်တွေကို နားထောင်ရုံလောက်သာ မဟုတ်ဘဲ “စိတ်နူးညံ့သူတွေကို လမ်းမှန်ပေါ်ရောက်အောင် လမ်းညွှန်ပေးလိမ့်မယ်။ စိတ်နူးညံ့သူတွေကို မိမိရဲ့လမ်းစဉ်အကြောင်း သင်ကြားပေးလိမ့်မယ်” လို့ ကျမ်းစာမှာ ကတိပေးတယ်။ (ဆာ. ၂၅:၉) ကျမ်းစာကတစ်ဆင့်၊ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ပြင်ဆင်ပေးတဲ့ ကျမ်းစာအခြေပြု စာပေနဲ့ * အစီအစဉ်တွေကတစ်ဆင့် ယေဟောဝါ လမ်းညွှန်ပေးတယ်။ (မ. ၂၄:၄၅-၄၇) အကူအညီ လိုအပ်ကြောင်း နှိမ့်ချစွာ အသိအမှတ်ပြုခြင်း၊ ယေဟောဝါ ပြင်ဆင်ပေးတဲ့ အကြောင်းအရာတွေကို လေ့လာခြင်း၊ သိလာတာတွေကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ကိုယ့်အပိုင်းကို လုပ်ဆောင်ရမယ်။
၁၉-၂၁။ ကာဒေရှအရပ်မှာ မောရှေ ဘာအမှား လုပ်ခဲ့သလဲ။ ကျွန်တော်တို့ ဘာသင်ခန်းစာ ယူနိုင်သလဲ။
၁၉ အမှားတွေကို ရှောင်နိုင်မယ်။ မောရှေအကြောင်း ပြန်စဉ်းစားကြည့်ပါ။ ဆယ်စုနှစ်များစွာ နူးညံ့သိမ်မွေ့ခဲ့ပြီး ယေဟောဝါရဲ့ နှစ်သက်မှုရခဲ့တယ်။ ဒါပေမဲ့ ခက်ခဲတဲ့ နှစ် ၄၀ တောကန္တာရခရီး ဆုံးခါနီးမှာ နူးညံ့သိမ်မွေ့မှု ပြဖို့ ပျက်ကွက်ခဲ့တယ်။ အီဂျစ်ပြည်မှာ မောရှေရဲ့ အသက်ကို ကယ်ခဲ့ပုံရတဲ့ အစ်မ သေဆုံးသွားလို့ ကာဒေရှအရပ်မှာ သင်္ဂြိုဟ်ပြီးခါစပဲ ရှိသေးတယ်။ အစ္စရေးတွေက လိုအပ်ရာတွေ မရလို့ ညည်းညူပြီး ရေမရှိလို့ ‘မောရှေကို ရန်ရှာကြတယ်။’ မောရှေကတစ်ဆင့် ယေဟောဝါ ဒီလောက် အံ့ဖွယ်အမှုတွေ လုပ်ပေးခဲ့တာတောင်၊ မောရှေ ဒီလောက် တော. ၂၀:၁-၅၊ ၉-၁၁။
ကောင်းကောင်း ဦးဆောင်ခဲ့တာတောင် လူတွေ ညည်းညူကြတယ်။ ရေမရှိလို့သာ မဟုတ်ဘဲ မောရှေကြောင့် ဒီလိုဒုက္ခရောက်ရတာဆိုပြီး ညည်းညူကြတယ်။—၂၀ မောရှေဟာ ဒေါသစိတ်ကြောင့် နူးညံ့သိမ်မွေ့မှု ပျောက်သွားတယ်။ ကျောက်ကို အမိန့်ပေးရမယ့်အစား လူတွေကို ကြမ်းကြမ်းတမ်းတမ်း ပြောပြီး ကျောက်ကို နှစ်ကြိမ် ရိုက်တဲ့အခါ ရေတွေ ပန်းထွက်လာတယ်။ မာနနဲ့ ဒေါသက ကြီးလေးတဲ့ အမှားကို ကျူးလွန်စေခဲ့တယ်။ (ဆာ. ၁၀၆:၃၂၊ ၃၃) နူးညံ့သိမ်မွေ့မှု တစ်ခဏ ပျောက်ဆုံးသွားတဲ့အတွက် ကတိထားရာပြည်ထဲ ဝင်ခွင့် ဆုံးရှုံးခဲ့ရတယ်။—တော. ၂၀:၁၂။
၂၁ ဒီဖြစ်ရပ်ကနေ အဖိုးတန် သင်ခန်းစာတွေ သင်ယူနိုင်ပါတယ်။ ပထမ၊ နူးညံ့တဲ့သဘော ပြဖို့ အမြဲ ကြိုးစားရမယ်။ အဲဒီလိုမဟုတ်ရင် မာနစိတ် ဝင်လာပြီး မိုက်မိုက်မဲမဲ ပြောမိ၊ လုပ်မိနိုင်တယ်။ ဒုတိယ၊ စိတ်ဖိစီးနေချိန်မှာတောင် နူးညံ့သိမ်မွေ့မှု ပြဖို့ ကြိုးစားရမယ်။
၂၂-၂၃။ (က) နူးညံ့သိမ်မွေ့ခြင်းကို ဘာကြောင့် ဆက်ရှာသင့်သလဲ။ (ခ) ဇေဖနိ ၂:၃ မှာ ပါတဲ့စကားက ဘာကို ဖော်ပြသလဲ။
၂၂ ကာကွယ်ခံရမယ်။ မကြာခင် ကမ္ဘာပေါ်ကနေ လူဆိုးအားလုံးကို ယေဟောဝါ ဖယ်ရှားပါတော့မယ်။ ငြိမ်းချမ်းတဲ့ ကမ္ဘာပေါ်မှာ နူးညံ့သိမ်မွေ့သူတွေသာ ကျန်ရစ်ပါလိမ့်မယ်။ (ဆာ. ၃၇:၁၀၊ ၁၁) နူးညံ့သိမ်မွေ့သူတွေထဲမှာ သင်ကော ပါမလား။ ပရောဖက် ဇေဖနိကတစ်ဆင့် ယေဟောဝါ ပြောတဲ့အတိုင်း လုပ်ဆောင်ရင် ပါနိုင်ပါတယ်။—ဇေဖနိ ၂:၃ ကိုဖတ်ပါ။
၂၃ ဇေဖနိ ၂:၃ မှာ “ပုန်းခိုရာကို တွေ့ကောင်းတွေ့လိမ့်မယ်” လို့ ဘာကြောင့် ပြောတာလဲ။ ယေဟောဝါက မိမိချစ်တဲ့သူတွေ၊ မိမိရဲ့ နှစ်သက်မှု ရချင်သူတွေကို မကာကွယ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကာကွယ်ခံရဖို့ ကျွန်တော်တို့ဘက်က တစ်ခုခု လုပ်ဖို့လိုကြောင်း ပြောနေတာ ဖြစ်တယ်။ အခုအချိန်မှာ ကျွန်တော်တို့က နူးညံ့သိမ်မွေ့ခြင်းကို ရှာပြီး ယေဟောဝါရဲ့ နှစ်သက်မှု ရအောင် ကြိုးစားမယ်ဆိုရင် “ယေဟောဝါ အမျက်ထွက်တဲ့နေ့” မှာ လွတ်မြောက်ပြီး ထာဝစဉ် အသက်ရှင်ခွင့် ရနိုင်ပါလိမ့်မယ်။
သီချင်း ၁၂၀ ခရစ်တော်ရဲ့ နူးညံ့မှုကို တုပကြ
^ အပိုဒ်၊ 5 နူးညံ့သိမ်မွေ့ခြင်းဆိုတာ မွေးရာပါ မဟုတ်ဘူး။ မွေးမြူဖို့ လိုတယ်။ အေးအေးဆေးဆေး နေတတ်သူတွေကို နူးညံ့သိမ်မွေ့မှု ပြဖို့ လွယ်ပေမဲ့ မာနကြီးသူတွေကိုတော့ နူးညံ့သိမ်မွေ့မှု ပြဖို့ ခက်တယ်။ နူးညံ့သိမ်မွေ့ခြင်း အရည်အသွေးကို မွေးမြူဖို့ ကျော်လွှားရမယ့် အခက်အခဲတချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
^ အပိုဒ်၊ 3 စကားလုံး ရှင်းလင်းချက်– နူးညံ့သိမ်မွေ့ခြင်း။ နူးညံ့သိမ်မွေ့သူတွေဟာ တခြားသူတွေ၊ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်သူတွေကိုတောင် ကြင်ကြင်နာနာ ဆက်ဆံတယ်။ နှိမ့်ချမှု။ နှိမ့်ချသူတွေဟာ မာနမကြီးဘူး။ မမောက်မာဘူး။ တခြားသူတွေကို ကိုယ့်ထက် သာတယ်လို့ ရှုမြင်တယ်။ ယေဟောဝါနဲ့ပတ်သက်ရင်တော့ နှိမ့်ချမှုဆိုတာ မိမိထက် နိမ့်ကျသူတွေကို မေတ္တာနဲ့ ကြင်ကြင်နာနာ ဆက်ဆံခြင်းကို ဆိုလိုတယ်။
^ အပိုဒ်၊ 12 ဗာဗုလုန်တွေက ဟီဘရူး သုံးယောက်ကို ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါလို့ နာမည်ပေးခဲ့ကြတယ်။—ဒံ. ၁:၇။
^ အပိုဒ်၊ 18 ဥပမာ၊ ၂၀၁၁၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် “ဘုရားသခင်ကို ဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေ ချပါ” ဆောင်းပါးကို ကြည့်ပါ။
^ အပိုဒ်၊ 59 ပုံအညွှန်း– ဘယ်သူ အကြီးမြတ်ဆုံးလဲလို့ တပည့်တွေ ငြင်းခုံတဲ့အခါ ယေရှု နူးညံ့သိမ်မွေ့စွာ တည်တည်ငြိမ်ငြိမ် တည့်မတ်ပေးနေစဉ်။