လေ့လာရန် ဆောင်းပါး ၁၀
နှစ်ခြင်းခံဖို့ ဘာက တားဆီးနေသလဲ
“နှစ်ယောက်သား ရေထဲဆင်းပြီး ဖိလိပ္ပုက [မိန်းမစိုး]ကို နှစ်ခြင်းပေးတယ်။” —တ. ၈:၃၈။
သီချင်း ၅၂ ခရစ်ယာန် ဆက်ကပ်အပ်နှံခြင်း
အကြိုသုံးသပ်ချက် *
၁။ အာဒံနဲ့ ဧဝ ဘာတွေ ဆုံးရှုံးခဲ့သလဲ။ ဘာရလဒ် ရသလဲ။
အကောင်းအဆိုး စံနှုန်းတွေကို ဘယ်သူ ချမှတ်သင့်တယ်လို့ သင် ထင်သလဲ။ အကောင်းအဆိုး သိကျွမ်းရာ အပင်ရဲ့ အသီးကို အာဒံနဲ့ ဧဝ စားတာက ယေဟောဝါနဲ့ ဘုရားရဲ့ စံနှုန်းတွေကို မယုံကြည်ကြောင်း ဖော်ပြလိုက်တာပဲ။ အကောင်းအဆိုး စံနှုန်းကို ကိုယ်တိုင်ချမှတ်ဖို့ သူတို့ ရွေးချယ်လိုက်တယ်။ (က. ၃:၂၂) ဒါကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး၊ ထာဝစဉ် အသက်ရှင်ခွင့် ဆုံးရှုံးခဲ့ရတယ်။ သားသမီးတွေကို အပြစ်နဲ့ သေခြင်းနွံထဲ ကျရောက်စေခဲ့တယ်။ (ရော. ၅:၁၂) အာဒံနဲ့ ဧဝရဲ့ ရွေးချယ်မှုက အဖြစ်ဆိုးတွေပဲ ကြုံစေတယ်။
၂-၃။ (က) ဖိလိပ္ပု ဟောတဲ့အခါ အီသီယိုးပီးယားအမတ် ဘယ်လို တုံ့ပြန်သလဲ။ (ခ) နှစ်ခြင်းခံရင် ဘာကောင်းချီးတွေ ရမလဲ။ ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။
၂ အာဒံ၊ ဧဝရဲ့ တုံ့ပြန်ပုံကို အီသီယိုးပီးယားအမတ်ရဲ့ တုံ့ပြန်ပုံနဲ့ နှိုင်းယှဉ်ကြည့်ပါ။ အီသီယိုးပီးယားအမတ်ဟာ ဖိလိပ္ပု ဟောတဲ့အခါ ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့ရာတွေကို ကျေးဇူးတင်လွန်းလို့ ချက်ချင်း နှစ်ခြင်းခံလိုက်တယ်။ (တ. ၈:၃၄-၃၈) ကျွန်တော်တို့လည်း ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံတဲ့အခါ ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့ရာတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြကြတယ်။ ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း၊ ဘုရားရဲ့ အကောင်းအဆိုး စံနှုန်း ချမှတ်ပိုင်ခွင့်ကို အသိအမှတ်ပြုကြောင်း ဖော်ပြကြတယ်။
၃ ယေဟောဝါကို ဝတ်ပြုလို့ ရရှိတဲ့ ကောင်းချီးတွေကို စဉ်းစားကြည့်ပါ။ ထာဝစဉ် အသက်ရှင်ခွင့် အပါအဝင် အာဒံနဲ့ ဧဝ ဆုံးရှုံးခဲ့တာ အားလုံးကို ပြန်ရနိုင်မယ့် အလားအလာ ရှိထားကြတယ်။ ယေရှုခရစ်ကို ယုံကြည်ခြင်းကြောင့် အပြစ်တွေ ခွင့်လွှတ်ခံရပြီး ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရရှိကြတယ်။ မ. ၂၀:၂၈။ တ. ၁၀:၄၃) ယေဟောဝါရဲ့ မျက်နှာသာရ မိသားစုဝင် ဖြစ်ခွင့်၊ တောက်ပတဲ့ အနာဂတ် ပိုင်ဆိုင်ခွင့် ရကြတယ်။ (ယော. ၁၀:၁၄-၁၆။ ရော. ၈:၂၀၊ ၂၁) ဒါတောင် ယေဟောဝါကို သိလာသူတချို့ဟာ အီသီယိုးပီးယားအမတ်ရဲ့ ပုံသက်သေကို လိုက်ဖို့ တွန့်ဆုတ်နေကြတယ်။ နှစ်ခြင်းခံဖို့ ဘာက တားဆီးနေသလဲ။ အဲဒီအတားအဆီးတွေကို ဘယ်လို ကျော်လွှားနိုင်သလဲ။
(နှစ်ခြင်းခံဖို့ အတားအဆီးတချို့
၄-၅။ အေဗရီနဲ့ ဟဲနာတို့ ဘယ်အတားအဆီးတွေ ကြုံရသလဲ။
၄ ယုံကြည်စိတ်ချမှု မရှိခြင်း။ အေဗရီရဲ့ မိဘတွေဟာ ယေဟောဝါသက်သေတွေ ဖြစ်တယ်။ အဖေက သိပ်တော်တဲ့ ဖခင်နဲ့ အကြီးအကဲ။ ဒါတောင် နှစ်ခြင်းခံဖို့ အေဗရီ တွန့်ဆုတ်နေတယ်။ ဘာကြောင့်လဲ။ “အဖေ့ခြေရာကို မီမှာ မဟုတ်ဘူး” လို့ သူပြောတယ်။ အနာဂတ်မှာ ရမယ့် တာဝန်တွေကို လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ပြီး ယုံကြည်စိတ်ချမှု မရှိ ဖြစ်နေတယ်။ “လူထုရှေ့ ဆုတောင်းဖို့၊ ဟောပြောချက် ပေးဖို့၊ အမှုဆောင် အုပ်စုကို ဦးဆောင်ဖို့ စိုးရိမ်နေတယ်” လို့ သူပြောတယ်။
၅ အသက် ၁၈ နှစ်အရွယ် ဟဲနာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု လုံးဝ မရှိဘူး။ ယေဟောဝါကို ကိုးကွယ်တဲ့ မိဘတွေ လက်အောက်မှာ ကြီးပြင်းလာပေမဲ့ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း မလိုက်နိုင်ဘူးလို့ ထင်နေတယ်။ ဘာကြောင့်လဲ။ သူ့မှာ သိမ်ငယ်စိတ် သိပ်များနေတယ်။ စိတ်ဓာတ်ကျတဲ့အခါတွေမှာ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်တယ်။ “အဲဒီအကြောင်း မိဘတွေကိုတောင် မပြောဘူး။ အဲဒီအကျင့်ကြောင့် ကျွန်မကို ယေဟောဝါ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးလို့ ထင်မိတယ်” ဆိုပြီး ပြောတယ်။
၆။ နှစ်ခြင်းခံဖို့ ဗန်နက်ဆာ ဘာကြောင့် တွန့်ဆုတ်နေတာလဲ။
၆ မိတ်ဆွေတွေရဲ့ ဩဇာလွှမ်းမိုးမှု။ အသက် ၂၂ နှစ်အရွယ် ဗန်နက်ဆာက “ကျွန်မမှာ ဆယ်နှစ်နီးပါး ခင်ခဲ့ရတဲ့ သူငယ်ချင်းကောင်းတစ်ယောက် ရှိတယ်” လို့ ပြောတယ်။ ဒါပေမဲ့ ဗန်နက်ဆာရဲ့ ယုံကြည်ခြင်းကို စိတ်မဝင်စားသလို နှစ်ခြင်းခံမှာကိုလည်း အားမပေးလို့ စိတ်မကောင်းဖြစ်မိတယ်။ “ကျွန်မမှာ သူငယ်ချင်း သိပ်မရှိဘူး။ ဒီတစ်ယောက်ကို ဆုံးရှုံးသွားရင် နောက်တစ်ယောက် ပြန်မရမှာ စိုးရိမ်မိတယ်” လို့ ဗန်နက်ဆာ ပြောတယ်။
၇။ မာကေလာ ဘာကို စိုးရိမ်သလဲ။ ဘာကြောင့်လဲ။
၇ အမှားလုပ်မိမှာ စိုးရိမ်ခြင်း။ မာကေလာ ငါးနှစ်အရွယ်မှာ အစ်ကိုဖြစ်သူ နှင်ထုတ်ခံရတယ်။ အစ်ကို့လုပ်ရပ်ကြောင့် မိဘတွေ စိတ်ဆင်းရဲတာကို မြင်ခဲ့ရတယ်။ “ကျွန်မလည်း နှစ်ခြင်းခံပြီး အမှားလုပ်မိလို့ နှင်ထုတ်ခံရရင် မိဘတွေ ပိုစိတ်ဆင်းရဲမှာကို စိုးရိမ်မိတယ်” လို့ သူပြောတယ်။
၈။ မိုင်းလ် ဘာကို စိုးရိမ်ခဲ့သလဲ။
၈ ဆန့်ကျင်မှု ကြုံရမှာ စိုးရိမ်ခြင်း။ မိုင်းလ်ရဲ့ အဖေနဲ့ မိထွေးဟာ သက်သေခံတွေ ဖြစ်ပေမဲ့ အမေကတော့ မဟုတ်ဘူး။ “၁၈ နှစ်လုံး အမေနဲ့ နေခဲ့တယ်။ နှစ်ခြင်းခံ
ချင်တယ်လို့ အမေ့ကို မပြောရဲဘူး။ အဖေ သက်သေခံ ဖြစ်တုန်းက အမေ စိတ်ဆိုးတာ မြင်ခဲ့ရလို့ ကျွန်တော့်ကိုလည်း စိတ်ဆိုးမှာ ကြောက်တယ်” လို့ပြောတယ်။အတားအဆီးတွေကို ကျော်လွှားနိုင်ပုံ
၉။ ယေဟောဝါရဲ့ မေတ္တာနဲ့ စိတ်ရှည်မှုအကြောင်း သိတဲ့အခါ ဘာဖြစ်လာမလဲ။
၉ အာဒံနဲ့ ဧဝဟာ ယေဟောဝါကို နှစ်နှစ်ကာကာ မချစ်တဲ့အတွက် ဘုရားကို ဝတ်မပြုဖို့ ရွေးချယ်ကြတယ်။ ဒါတောင် သားသမီးတွေ မွေးဖို့၊ ကိုယ့်စံနှုန်းအတိုင်း ပြုစုပျိုးထောင်ဖို့ ယေဟောဝါ ခွင့်ပြုခဲ့တယ်။ ယေဟောဝါကို မမှီခိုဖို့ အာဒံနဲ့ ဧဝ ဆုံးဖြတ်တာဟာ သိပ်မိုက်မဲကြောင်း မကြာခင် ထင်ရှားလာတယ်။ သားကြီးက အပြစ်မဲ့တဲ့ ညီဖြစ်သူကို သတ်လိုက်တယ်။ နောက်ပိုင်း အကြမ်းဖက်မှုနဲ့ တစ်ကိုယ်ကောင်းဆန်မှု ပျံ့နှံ့လာတယ်။ (က. ၄:၈။ ၆:၁၁-၁၃) ဒါပေမဲ့ အာဒံ၊ ဧဝရဲ့ သားသမီးတွေထဲက မိမိကို ဝတ်ပြုချင်သူအားလုံးကို ကယ်တင်ဖို့ ဘုရားမှာ နည်းလမ်း ရှိတယ်။ (ယော. ၆:၃၈-၄၀၊ ၅၇၊ ၅၈) ယေဟောဝါ ဘယ်လောက် စိတ်ရှည်ပြီး မေတ္တာပြည့်ဝမှန်း သိလာတဲ့အခါ ဘုရားကို သင် ပိုချစ်လာပါလိမ့်မယ်။ အာဒံနဲ့ ဧဝ ရွေးချယ်တဲ့ လမ်းစဉ်ကို ငြင်းပယ်ပြီး ယေဟောဝါဆီ ဆက်ကပ်အပ်နှံချင်စိတ် ပေါ်လာပါလိမ့်မယ်။
၁၀။ ဆာလံ ၁၉:၇ ကို တွေးတောခြင်းက ယေဟောဝါကို ဝတ်ပြုဖို့ ဘာကြောင့် ကူညီပေးနိုင်သလဲ။
၁၀ ယေဟောဝါအကြောင်း ဆက်သင်ယူပါ။ ယေဟောဝါဘုရားအကြောင်း သိလေ ဘုရားကို ယုံကြည်စိတ်ချစွာ ကိုးကွယ်နိုင်လေ ဖြစ်ပါလိမ့်မယ်။ “ဆာလံ ၁၉:၇ (ဖတ်ပါ) မှာပါတဲ့ ကတိကို ဖတ်ပြီး တွေးတောတဲ့အခါ ယုံကြည်စိတ်ချမှု ရှိလာတယ်” လို့ အစောပိုင်းမှာ ဖော်ပြတဲ့ အေဗရီ ပြောတယ်။ အဲဒီကတိကို ယေဟောဝါ ဘယ်လို ပြည့်စုံစေကြောင်း သိလာတဲ့အခါ ဘုရားကို ပိုချစ်လာတယ်။ အဲဒီမေတ္တာက ယုံကြည်စိတ်ချမှု တိုးများစေရုံသာမက ယေဟောဝါနဲ့ ဘုရားအလိုတော်ကို ပိုအာရုံစိုက်စေတယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဟဲနာက “ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်ရင် ယေဟောဝါလည်း နာကျင်ခံစားရမှန်း ကျမ်းစာ ဖတ်ရှု လေ့လာတဲ့အခါ သိလာတယ်” လို့ ပြောတယ်။ (၁ ပေ. ၅:၇) ဟဲနာဟာ “တရားစကားတော်ကို လက်တွေ့ကျင့်သုံးသူ” ဖြစ်လာတယ်။ (ယာ. ၁:၂၂) ဘာရလဒ် ရသလဲ။ “ယေဟောဝါကို နာခံတာ အကျိုးရှိမှန်း သိလာတဲ့အခါ ဘုရားကို ပိုချစ်လာတယ်။ အကူအညီ လိုအပ်တိုင်း အမြဲ ကူညီမယ်ဆိုတာ စိတ်ချလာတယ်” လို့ သူပြောတယ်။ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်ချင်စိတ်ကို ကျော်လွှားနိုင်ပြီး ယေဟောဝါဆီ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံခဲ့တယ်။
၁၁။ မိတ်ဆွေကောင်း ရဖို့ ဗန်နက်ဆာ ဘာလုပ်ခဲ့သလဲ။ ဘာသင်ယူနိုင်သလဲ။
၁၁ မိတ်ဆွေတွေကို ပညာရှိစွာ ရွေးချယ်ပါ။ ယေဟောဝါကို ဝတ်ပြုဖို့ သူငယ်ချင်းက အတားအဆီးဖြစ်နေမှန်း အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဗန်နက်ဆာ သိလာတယ်။ ဒါကြောင့် အဆက်အသွယ် ဖြတ်လိုက်ပြီး အသင်းတော်ထဲမှာ မိတ်ဆွေသစ်တွေ ကြိုးစားရှာဖွေတယ်။ နောဧနဲ့ မိသားစုရဲ့ ပုံသက်သေက သူ့ကို ကူညီပေးတယ်။ “သူတို့ဟာ ယေဟောဝါကို မချစ်တဲ့သူတွေ ဝန်းကျင်မှာ မိသားစုဝင် အချင်းချင်း မိတ်ဆွေကောင်းတွေဖြစ်ခဲ့တယ်” လို့ သူပြောတယ်။ နှစ်ခြင်းခံပြီးနောက် ရှေ့ဆောင်လုပ်တယ်။ “ရှေ့ဆောင်လုပ်လို့ ကိုယ့်အသင်းတော်မှာသာမက တခြားအသင်းတော်တွေမှာလည်း မိတ်ဆွေကောင်းတွေ ရလာတယ်” လို့ သူပြောတယ်။ သင်လည်း ယေဟောဝါ ပေးအပ်ထားတဲ့ လုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်ခြင်းအားဖြင့် မိတ်ဆွေကောင်းတွေ ရနိုင်ပါတယ်။—မ. ၂၄:၁၄။
၁၂။ အာဒံနဲ့ ဧဝ ဘာကို မစိုးရိမ်ခဲ့ကြသလဲ။ ဘာရလဒ် ရသလဲ။
၁၂ စိုးရိမ်မှုကို သူ့နေရာနဲ့သူ ရှိစေပါ။ စိုးရိမ်မှုတချို့ဟာ ကောင်းပါတယ်။ ဥပမာ၊ ယေဟောဝါရဲ့ နှစ်သက်မှု မရမှာကို စိုးရိမ်သင့်တယ်။ (ဆာ. ၁၁၁:၁၀) အာဒံနဲ့ ဧဝမှာသာ အဲဒီလို စိုးရိမ်မှုမျိုး ရှိခဲ့ရင် ယေဟောဝါကို ပုန်ကန်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ပုန်ကန်ခဲ့ကြတယ်။ ပုန်ကန်ပြီးနောက် အပြစ်သားဖြစ်မှန်း သိလာတယ်၊ တစ်နည်းအားဖြင့် မျက်စိပွင့်လာတယ်။ ဒါကြောင့် အဝတ်မဲ့တဲ့ အခြေအနေကို သိမြင်ပြီး ရှက်လို့ အဝတ်ဝတ်ခဲ့ကြတယ်။ (က. ၃:၇၊ ၂၁) သားသမီးတွေကို အပြစ်နဲ့ သေခြင်းပဲ လက်ဆင့်ကမ်းပေးခဲ့တယ်။
၁၃-၁၄။ (က) ၁ ပေတရု ၃:၂၁ အရ သေရမှာကို ဘာကြောင့် အလွန် မစိုးရိမ်သင့်သလဲ။ (ခ) ယေဟောဝါကို ချစ်ဖို့ ဘာအကြောင်းရင်းတွေ ရှိသလဲ။
၁၃ ယေဟောဝါရဲ့ နှစ်သက်မှု မရမှာကို စိုးရိမ်သင့်ပေမဲ့ သေရမှာကို အလွန်အကျွံ မစိုးရိမ်သင့်ဘူး။ ထာဝရအသက် ရဖို့ ယေဟောဝါ လမ်းဖွင့်ပေးထားတယ်။ အပြစ်လုပ်မိတဲ့၁ ပေတရု ၃:၂၁ ကိုဖတ်ပါ။
အခါ စစ်မှန်တဲ့ နောင်တယူမယ်ဆိုရင် ခွင့်လွှတ်ခံရပါလိမ့်မယ်။ သားတော်ရဲ့ ရွေးဖိုးအပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို အခြေခံပြီး ခွင့်လွှတ်ပါလိမ့်မယ်။ ယုံကြည်ကြောင်း ပြနိုင်တဲ့ အကောင်းဆုံးနည်းကတော့ ဘုရားဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခြင်းပါပဲ။—၁၄ ယေဟောဝါကို ချစ်ဖို့ အကြောင်းရင်းများစွာ ရှိပါတယ်။ နေ့တိုင်း ကောင်းမွန်ရာတွေ ပေးထားရုံသာမက မိမိအကြောင်း၊ ရည်ရွယ်ချက်အကြောင်း အမှန်တရားကိုလည်း သင်ပေးတယ်။ (ယော. ၈:၃၁၊ ၃၂) ခရစ်ယာန် အသင်းတော်ကတစ်ဆင့် လမ်းညွှန်ထောက်မပေးတယ်။ လက်ရှိ ပြဿနာတွေကို ဖြေရှင်းဖို့ ကူညီပေးသလို အနာဂတ်မှာ ထာဝရအသက်ရမယ့် မျှော်လင့်ချက်ကိုလည်း ပေးထားတယ်။ (ဆာ. ၆၈:၁၉။ ဗျာ. ၂၁:၃၊ ၄) ယေဟောဝါ မေတ္တာပါပါ လုပ်ပေးထားတာတွေကို တွေးတောတဲ့အခါ ဘုရားကို ကျွန်တော်တို့ ပိုချစ်လာတယ်။ ဘုရားကို ချစ်တဲ့အတွက် စိုးရိမ်မှုကို သူ့နေရာနဲ့သူ ထားတတ်လာတယ်။ ကျွန်တော်တို့ကို သိပ်ချစ်တဲ့ ဘုရားသခင် စိတ်ထိခိုက်မှာကို စိုးရိမ်ကြတယ်။
၁၅။ အမှားလုပ်မိမှာ စိုးရိမ်တဲ့စိတ်ကို မာကေလာ ဘယ်လို ကျော်လွှားနိုင်ခဲ့သလဲ။
၁၅ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ မာကေလာဟာ ယေဟောဝါရဲ့ ခွင့်လွှတ်မှုအကြောင်း နားလည်လာတဲ့အခါ အမှားလုပ်မိမှာ စိုးရိမ်တဲ့စိတ်ကို ကျော်လွှားနိုင်ခဲ့တယ်။ “လူအားလုံးဟာ မစုံလင်လို့ အမှားလုပ်မိမှာပဲ။ ဒါပေမဲ့ ကျွန်မတို့ကို ယေဟောဝါ ချစ်ကြောင်း၊ ရွေးဖိုးကို အခြေခံပြီး ခွင့်လွှတ်ကြောင်း သိလာတယ်။” ယေဟောဝါကို ချစ်တဲ့ မေတ္တာက ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ သူ့ကို လှုံ့ဆော်ပေးတယ်။
၁၆။ ဆန့်ကျင်မှု ကြုံရမှာ စိုးရိမ်တဲ့စိတ်ကို ကျော်လွှားဖို့ မိုင်းလ် ဘယ်လို အကူအညီ ရသလဲ။
၁၆ နှစ်ခြင်းခံမယ့် ဆုံးဖြတ်ချက်ကို အမေ ဆန့်ကျင်မှာ စိုးရိမ်တဲ့ မိုင်းလ်ဟာ တိုက်နယ်ကြီးကြပ်မှူးဆီ အကူအညီ တောင်းခဲ့တယ်။ “အဲဒီညီအစ်ကိုလည်း ဘာသာမတူတဲ့ အိမ်ထောင်မှာ ကြီးပြင်းလာသူပါ။ ဒါကြောင့် ကျွန်တော် နှစ်ခြင်းခံတာဟာ အဖေ တိုက်တွန်းလို့ မဟုတ်ဘဲ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်ကြောင်း အမေ့ကို ဘယ်လို ရှင်းပြရမယ်ဆိုတာ အကြံပေးတယ်” လို့ပြောတယ်။ မိုင်းလ်ရဲ့ ဆုံးဖြတ်ချက်ကို အမေက မကြိုက်ဘူး။ နောက်ပိုင်း မိုင်းလ်ဟာ အိမ်ကနေ တခြားကို ပြောင်းသွားပြီး ဆုံးဖြတ်ချက်အတိုင်း လုပ်ခဲ့တယ်။ “ကျွန်တော့်အတွက် ယေဟောဝါ လုပ်ပေးခဲ့တာတွေကို သိလာတဲ့အခါ စိတ်ထိမိသွားတယ်။ ယေရှုရဲ့ ရွေးဖိုးအကြောင်း အသေအချာ စဉ်းစားလေ ကျွန်တော့်ကို ယေဟောဝါ ဘယ်လောက် ချစ်မှန်း နားလည်လာလေပဲ။ အဲဒါက ယေဟောဝါဆီ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ လှုံ့ဆော်ပေးတယ်” လို့ မိုင်းလ် ပြောတယ်။
ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ပါ
၁၇။ ကျွန်တော်တို့ ဘယ်အခွင့်အရေး ရထားသလဲ။
၁၇ ဧဒင်ဥယျာဉ်မှာ ဧဝ အသီးစားလိုက်တာက ယေဟောဝါကို ငြင်းပယ်လိုက်တာပဲ။ အာဒံလည်း ဧဝနဲ့ ပူးပေါင်းခြင်းအားဖြင့်
ယေဟောဝါ လုပ်ပေးခဲ့ရာတွေကို ကျေးဇူးမတင်ကြောင်း ဖော်ပြခဲ့တယ်။ အာဒံ၊ ဧဝနဲ့ မတူကြောင်း ဖော်ပြဖို့ ကျွန်တော်တို့ အခွင့်အရေး ရထားတယ်။ နှစ်ခြင်းခံခြင်းအားဖြင့် ယေဟောဝါသာ အမှားအမှန်စံနှုန်း ချမှတ်ပိုင်ခွင့်ရှိတယ်ဆိုတာ ယုံကြည်ကြောင်း၊ ဘုရားကို ချစ်ပြီး ယုံကြည်ကိုးစားကြောင်း ဖော်ပြကြတယ်။၁၈။ ယေဟောဝါကို ဘယ်လို အောင်မြင်စွာ ဝတ်ပြုနိုင်သလဲ။
၁၈ နှစ်ခြင်းခံပြီးနောက် ကြုံရနိုင်တဲ့ အခက်အခဲတစ်ခုကတော့ ကိုယ့်စံနှုန်းအတိုင်း မဟုတ်ဘဲ ယေဟောဝါရဲ့ စံနှုန်းအတိုင်း နေ့စဉ် အသက်ရှင်ဖို့ပါပဲ။ ဒါပေမဲ့ လူသန်းပေါင်းများစွာ အဲဒီအတိုင်း အသက်ရှင်နေကြတယ်။ ကျမ်းစာအသိပညာ တိုးအောင် လုပ်မယ်၊ ညီအစ်ကို/မတွေနဲ့ ပုံမှန် ပေါင်းသင်းမယ်၊ ဘုရားအကြောင်း သိလာတာတွေကို ထက်ထက်သန်သန် ဝေမျှမယ်ဆိုရင် သင်လည်း အဲဒီလို အသက်ရှင်နိုင်ပါတယ်။ (ဟီ. ၁၀:၂၄၊ ၂၅) ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ကျမ်းစာနဲ့ အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါပေးတဲ့ အကြံဉာဏ်ကို လိုက်နာပါ။ (ဟေရှာ. ၃၀:၂၁) ဒါဆို လုပ်ဆောင်သမျှ အောင်မြင်ပါလိမ့်မယ်။—ပညာ. ၁၆:၃၊ ၂၀။
၁၉။ ဘာကို အမြဲ အမှတ်ရနေသင့်သလဲ။ ဘာကြောင့်လဲ။
၁၉ ယေဟောဝါရဲ့ လမ်းညွှန်မှုကနေ ဘယ်လောက် အကျိုးရကြောင်း အမြဲ အမှတ်ရနေမယ်ဆိုရင် ဘုရားနဲ့ ဘုရားစံနှုန်းတွေကို ပိုချစ်မြတ်နိုးလာမယ်။ အဲဒီအခါ ယေဟောဝါကို ဆက်ဝတ်မပြုဖို့ စာတန် ဘယ်လိုမှ သွေးဆောင်နိုင်မှာ မဟုတ်ဘူး။ နောက်နှစ်ပေါင်းတစ်ထောင် ရောက်လို့ နောက်ကြောင်း ပြန်ကြည့်လိုက်တဲ့အခါ နှစ်ခြင်းခံဖို့ ဆုံးဖြတ်ခဲ့တာဟာ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်တယ်လို့ သင်ခံစားရပါလိမ့်မယ်။
သီချင်း ၂၈ ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်ခြင်း
^ အပိုဒ်၊ 5 နှစ်ခြင်းခံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ဘဝမှာ အရေးကြီးဆုံးပါပဲ။ ဘာကြောင့် အရေးကြီးသလဲဆိုတဲ့ မေးခွန်းကို ဒီဆောင်းပါးမှာ အဖြေပေးပါမယ်။ နှစ်ခြင်းခံဖို့ စဉ်းစားနေသူတွေ ကြုံရမယ့် အတားအဆီးတွေကို ကျော်လွှားနိုင်အောင်လည်း ကူညီပေးပါမယ်။
^ အပိုဒ်၊ 56 ပုံအညွှန်း– ယုံကြည်စိတ်ချမှု– လူငယ်တစ်ယောက် မှတ်ချက်ပေးရမှာ စိုးရိမ်နေ။
^ အပိုဒ်၊ 58 ပုံအညွှန်း– မိတ်ဆွေများ– မကောင်းတဲ့ အပေါင်းအသင်းနဲ့ ရှိနေချိန် သက်သေခံချင်းတွေကို တွေ့တဲ့အခါ ညီအစ်မ စိတ်ကသိကအောက် ဖြစ်နေ။
^ အပိုဒ်၊ 60 ပုံအညွှန်း– အမှားလုပ်မိခြင်း– အစ်ကို နှင်ထုတ်ခံရပြီး အိမ်က ထွက်သွားတဲ့အခါ ကိုယ်လည်း အဲဒီလိုဖြစ်မှာကို ညီအစ်မငယ်တစ်ယောက် စိုးရိမ်နေ။
^ အပိုဒ်၊ 62 ပုံအညွှန်း– ဆန့်ကျင်မှု– မယုံကြည်တဲ့ မိခင်ရှေ့မှာ ဆုတောင်းဖို့ လူငယ်တစ်ယောက် စိုးရိမ်နေ။
^ အပိုဒ်၊ 65 ပုံအညွှန်း– ယုံကြည်စိတ်ချမှု– မှတ်ချက်ပေးနိုင်ဖို့ လေ့လာမှု ပိုလုပ်နေ။
^ အပိုဒ်၊ 67 ပုံအညွှန်း– မိတ်ဆွေများ– သက်သေခံ ဖြစ်ရတာကို ညီအစ်မငယ် ဂုဏ်ယူတတ်လာ။
^ အပိုဒ်၊ 69 ပုံအညွှန်း– အမှားလုပ်မိခြင်း– ညီအစ်မငယ်ဟာ အမှန်တရားကို ကိုယ်ပိုင်ဖြစ်အောင်လုပ်ပြီး နှစ်ခြင်းခံ။
^ အပိုဒ်၊ 71 ပုံအညွှန်း– ဆန့်ကျင်မှု– လူငယ်လေးက ယုံကြည်ချက်တွေကို သတ္တိရှိရှိ ရှင်းပြနေ။