“အာမင်” လို့ ပြောတာကို ယေဟောဝါ တန်ဖိုးထား
ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ယေဟောဝါ တန်ဖိုးထားတယ်။ မိမိကျေးကျွန်တွေ စကားပြောတာကို “အာရုံစိုက် နားထောင်နေ” တဲ့အတွက် ဘုရားကို ချီးမွမ်းတဲ့ လုပ်ရပ်သေးသေးလေးကိုတောင် သတိမပြုမိဘဲ မနေဘူး။ (မာလ. ၃:၁၆) ဒါဆို ကျွန်တော်တို့ အကြိမ်ကြိမ် ပြောတဲ့ “အာမင်” ဆိုတဲ့ စကားလုံးကို ယေဟောဝါ တန်ဖိုးထားသလား။ ထားပါတယ်။ ဘာကြောင့်လဲဆိုတာ သိဖို့ ဒီစကားလုံးက ဘာကို ဆိုလိုကြောင်း၊ ကျမ်းစာမှာ ဘယ်လို အသုံးပြုထားကြောင်း ဆန်းစစ်ကြည့်ရအောင်။
“လူအားလုံးက ‘အာမင်’ လို့ပြောရမယ်”
“အာမင်” လို့ ပြန်ဆိုတဲ့ အင်္ဂလိပ်စကားလုံးဟာ “ပြည့်စုံပါစေ၊” “ဧကန်မုချ ဖြစ်ပါစေ” လို့ အဓိပ္ပာယ်ရှိတယ်။ “သစ္စာရှိခြင်း၊” “ယုံကြည်စိတ်ချခြင်း” လို့ အဓိပ္ပာယ်ရတဲ့ ဟီဘရူးစကားလုံးကနေ ဆင်းသက်လာတယ်။ အဲဒီစကားလုံးကို တစ်ခါတလေ တရားရေးကိစ္စတွေမှာ သုံးတယ်။ လူတစ်ယောက် ကျမ်းကျိန်ပြီးနောက် မှန်ကန်ကြောင်း၊ ဖြစ်လာမယ့်အကျိုးဆက်ကို လက်ခံကြောင်း အတည်ပြုတဲ့အနေနဲ့ “အာမင်” လို့ ပြောရတယ်။ (တော. ၅:၂၂) အဲဒီလို ပြောပြီးရင် ပြောတဲ့အတိုင်း လုပ်ဖို့ တာဝန်ရှိတယ်။—နေ. ၅:၁၃။
“အာမင်” ဆိုတဲ့ စကားလုံးကို တရားဟောရာ အခန်းကြီး ၂၇ မှာ သိသာထင်ရှားစွာ သုံးထားတယ်။ အစ္စရေးတွေဟာ ကတိထားရာပြည်ထဲ ဝင်ပြီးနောက် ပညတ်ကျမ်း ဖတ်ပြတာကို နားထောင်ဖို့ ဧဗလတောင်နဲ့ ဂေရဇိမ်တောင်ကြားမှာ စုဝေးရမယ်။ ပညတ်တရားကို နားထောင်ရုံသာမက လက်ခံရမယ်။ မနာခံမှုရဲ့ ဆိုးကျိုးတွေကို ဖတ်ပြတဲ့အခါ “အာမင်” လို့ ပြောရမယ်။ (တရား. ၂၇:၁၅-၂၆) ယောက်ျား၊ မိန်းမ၊ သားသမီး ထောင်ပေါင်းများစွာရဲ့ တုံ့ပြန်သံ ဘယ်လောက် ကျယ်မယ်ဆိုတာ ကြားယောင်ကြည့်ပါ။ (ယောရှု ၈:၃၀-၃၅) အဲဒီနေ့တုန်းက ပြောခဲ့တဲ့ စကားကို ဘယ်တော့မှ မေ့ကြမှာ မဟုတ်ဘူး။ “အစ္စရေးတွေဟာ ယောရှုလက်ထက်မှာရော၊ ယောရှုထက် အသက်ပိုရှည်ပြီး အစ္စရေးတွေအကျိုးအတွက် ယေဟောဝါ လုပ်ဆောင်ပေးခဲ့သမျှကို သိတဲ့ အကြီးအကဲတွေ လက်ထက်မှာပါ ယေဟောဝါကို ဆက်ဝတ်ပြုကြတယ်” လို့ ကျမ်းစာမှာ ရေးထားတယ်။—ယောရှု ၂၄:၃၁။
ယေရှုလည်း မိမိစကား မှန်ကန်ကြောင်း အတည်ပြုဖို့ “အာမင်” ဆိုတဲ့ စကားလုံးကို ထူးခြားတဲ့နည်းနဲ့ သုံးခဲ့တယ်။ ပြောပြီးသားစကားကို ထောက်ခံဖို့ သုံးတာ မဟုတ်ဘဲ ပြောတော့မယ့် အမှန်တရားစကားတွေကို မိတ်ဆက်ဖို့ “အာမင်” ကို သုံးခဲ့တာဖြစ်တယ်။ (မြန်မာလို “ကျွန်တော် မှန်တာကို ပြောမယ်” လို့ ပြန်ဆိုထားတယ်။) တစ်ခါတလေ “အာမင်၊ အာမင်” လို့ မ. ၅:၁၈။ ယော. ၁:၅၁) ဒီနည်းအားဖြင့် မိမိစကား ဟုတ်မှန်ကြောင်း ပရိသတ်ကို စိတ်ချစေတယ်။ ယေရှုဟာ ဘုရားရဲ့ကတိတွေ ပြည့်စုံလာအောင် လုပ်ပေးဖို့ အခွင့်အာဏာ ရထားသူဖြစ်လို့ အဲဒီလို ပြောနိုင်တာ ဖြစ်တယ်။—၂ ကော. ၁:၂၀။ ဗျာ. ၃:၁၄။
နှစ်ခါထပ် ပြောတယ်။ (မြန်မာလို “ကျွန်တော် မှန်တာကို ပြောမယ်၊ အမှန်အတိုင်း ပြောမယ်” လို့ ပြန်ဆိုထားတယ်။) (“လူအားလုံးကလည်း ‘အာမင်’ လို့ပြောပြီး ယေဟောဝါကို ချီးမွမ်းကြတယ်”
အစ္စရေးတွေဟာ ယေဟောဝါကို ချီးမွမ်းတဲ့အခါ၊ ဆုတောင်းတဲ့အခါ “အာမင်” လို့ ပြောလေ့ရှိကြတယ်။ (နေ. ၈:၆။ ဆာ. ၄၁:၁၃) ဆုတောင်းချက်ရဲ့ အဆုံးမှာ “အာမင်” လို့ ပြောတာက ဆုတောင်းချက်ကို သဘောတူကြောင်း ဖော်ပြတယ်။ ဒီနည်းနဲ့ ယေဟောဝါကို ဝတ်ပြုရာမှာ ပရိသတ်အားလုံး ပါဝင်နိုင်တယ်။ ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို ဂျေရုဆလင်မြို့ဆီ ဘုရင် ဒါဝိဒ် ယူဆောင်လာချိန်မှာ အဲဒီလို ဖြစ်ခဲ့တယ်။ ပွဲကျင်းပချိန်အတွင်း ၁ ရာဇဝင်ချုပ် ၁၆:၈-၃၆ မှာ မှတ်တမ်းတင်ထားတဲ့ ဆုတောင်းသီချင်းကို ဒါဝိဒ် လှိုက်လှိုက်လှဲလှဲ သီဆိုခဲ့တယ်။ အဲဒီစကားတွေကြောင့် စိတ်ထိမိလွန်းလို့ “လူအားလုံးကလည်း ‘အာမင်’ လို့ပြောပြီး ယေဟောဝါကို ချီးမွမ်းကြတယ်။” ဒီနည်းနဲ့ ယေဟောဝါကို ပျော်ရွှင်စွာ အတူဝတ်ပြုခဲ့ကြတယ်။
ပထမရာစု ခရစ်ယာန်တွေလည်း ယေဟောဝါကို ချီးမွမ်းချိန်မှာ “အာမင်” လို့ ပြောကြတယ်။ အဲဒီစကားကို ကျမ်းရေးသူတွေ ထည့်ရေးလေ့ရှိတယ်။ (ရော. ၁:၂၅။ ၁၆:၂၇။ ၁ ပေ. ၄:၁၁) ဗျာဒိတ်ကျမ်းမှာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေဟာ “အာမင်။ ယေဟောဝါကို ချီးမွမ်းပါ” လို့ ပြောပြီး ဂုဏ်တင်နေကြောင်း ဖော်ပြထားတယ်။ (ဗျာ. ၁၉:၁၊ ၄) အစောပိုင်း ခရစ်ယာန်တွေဟာ အစည်းအဝေးတွေမှာ ဆုတောင်းချက်ပြီးနောက် “အာမင်” လို့ ပြောလေ့ရှိတယ်။ (၁ ကော. ၁၄:၁၆) ဒါပေမဲ့ အဲဒါကို ပေါ့ပေါ့တန်တန် ပြောလိုက်တာ မဟုတ်ပါဘူး။
“အာမင်” လို့ ပြောဖို့ ဘာကြောင့် အရေးကြီး
“အာမင်” ဆိုတဲ့ စကားလုံးရဲ့ နောက်ခံကို သိမယ်ဆိုရင် ဆုတောင်းချက်ရဲ့ အဆုံးမှာ ဘာကြောင့် ပြောရကြောင်း နားလည်လာမယ်။ တစ်ယောက်တည်းဖြစ်စေ၊ လူအများနဲ့ဖြစ်စေ
ဆုတောင်းချက်ရဲ့ အဆုံးမှာ “အာမင်” လို့ စိတ်ထဲက ပြောရင်တောင် ဆုတောင်းတဲ့အတိုင်း တကယ်ဖြစ်စေချင်တယ်ဆိုတာ ဖော်ပြတယ်။ “အာမင်” လို့ ပြောဖို့ ဘာကြောင့် အရေးကြီးကြောင်း သုံးသပ်ကြည့်ပါ။ဝတ်ပြုရေးမှာ နိုးကြားတက်ကြွစေတယ်။ ဆုတောင်းချိန်မှာ အပြောနဲ့သာမက အပြုအမူအားဖြင့်ပါ ယေဟောဝါကို ဝတ်ပြုနေတာ ဖြစ်တယ်။ ဆုတောင်းချက်ကို အာရုံစိုက်ခြင်း၊ သဘောထားမှန် ရှိခြင်းက “အာမင်” လို့ စိတ်ရင်းမှန်နဲ့ ပြောနိုင်ဖို့ ကူညီပေးတယ်။
ကျွန်တော်တို့ကို စည်းလုံးစေတယ်။ လူထုရှေ့ ဆုတောင်းတဲ့အခါ အသင်းတော်တစ်ခုလုံးနဲ့အတူ ဂရုတစိုက် နားထောင်သင့်တယ်။ (တ. ၁:၁၄။ ၁၂:၅) ညီအစ်ကို/မတွေနဲ့အတူ “အာမင်” လို့ ပြောတဲ့အခါ ပိုစည်းလုံးလာတယ်။ အသံထွက်ဖြစ်စေ၊ စိတ်ထဲကဖြစ်စေ “အာမင်” လို့ ပြောခြင်းက ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို အဖြေပေးဖို့ ယေဟောဝါကို ပိုလှုံ့ဆော်ပေးတယ်။
ယေဟောဝါကို ချီးမွမ်းရာရောက်တယ်။ ဝတ်ပြုမှုနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ လုပ်ရပ်သေးသေးလေးကိုတောင် ယေဟောဝါ သတိပြုမိတယ်။ (လု. ၂၁:၂၊ ၃) ကျွန်တော်တို့ရဲ့ စိတ်ရင်း၊ စိတ်ထဲ ရှိတာတွေကို ဘုရား မြင်တယ်။ အစည်းအဝေးကို ဖုန်းနဲ့ နားထောင်ရင်တောင် “အာမင်” လို့ ပြောတာကို ယေဟောဝါ သိတယ်။ အဲဒါက အစည်းအဝေး တက်သူတွေနဲ့အတူ ယေဟောဝါကို ချီးမွမ်းရာရောက်တယ်။
“အာမင်” လို့ ပြောတာက ဘာမှမဟုတ်ဘူးလို့ ထင်ရပေမဲ့ အရေးပါတယ်။ ဘုရားကျေးကျွန်တွေဟာ “ဒီစကားလုံးအားဖြင့် ယုံကြည်စိတ်ချမှု၊ ထောက်ခံမှု၊ ရင်ထဲက မျှော်လင့်ချက်ကို ဖော်ပြနိုင်တယ်” လို့ ကျမ်းစာ စွယ်စုံကျမ်းတစ်အုပ်က ဆိုတယ်။ ကျွန်တော်တို့ ပြောတဲ့ “အာမင်” တိုင်းကို ယေဟောဝါ နှစ်သက်ပါစေ။—ဆာ. ၁၉:၁၄။