လေ့လာရန် ဆောင်းပါး ၂၀
မတော်မတရား ပြုခံရသူတွေအတွက် နှစ်သိမ့်မှု
‘ဘုရားသခင်ဟာ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်ပဲ။ ကျွန်တော်တို့ ဆင်းရဲဒုက္ခ အမျိုးမျိုး ခံရတဲ့အခါ နှစ်သိမ့်ပေးတယ်။’—၂ ကော. ၁:၃၊ ၄။
သီချင်း ၁၃၄ ဘုရားပေး သားသမီးများ
အကြိုသုံးသပ်ချက် *
၁-၂။ (က) လူတွေ နှစ်သိမ့်မှု လိုအပ်ကြောင်း၊ နှစ်သိမ့်ပေးနိုင်စွမ်း ရှိကြောင်း ဘယ်ဥပမာက ဖော်ပြသလဲ။ (ခ) ကလေးတချို့ ဘယ်လို ဒဏ်ရာမျိုးရကြသလဲ။
လူသားတွေဟာ ပင်ကိုသဘာဝအရ နှစ်သိမ့်မှု လိုအပ်ပြီး နှစ်သိမ့်ပေးနိုင်စွမ်းလည်း ရှိတယ်။ ဥပမာ၊ ကလေးတစ်ယောက် ဆော့ကစားရင်း ချော်လဲပြီး ဒူးပြဲသွားတဲ့အခါ မိဘဆီ ငိုပြီး ပြေးလာတတ်တယ်။ မိဘတွေက ဒဏ်ရာပျောက်အောင် မကုပေးနိုင်ပေမဲ့ နှစ်သိမ့်ပေးနိုင်တယ်။ ‘ဘာဖြစ်လာတာလဲ’ လို့မေးပြီး မျက်ရည်သုတ်ပေးမယ်။ ချော့ပြီး ဆေးလိမ်းပေးမယ်။ ခဏနေတော့ ကလေး အငိုတိတ်ပြီး ပြန်ဆော့နေတတ်တယ်။ တဖြည်းဖြည်း ဒဏ်ရာလည်း ပျောက်သွားတယ်။
၂ တစ်ခါတလေ ကလေးတွေ ရတဲ့ ဒဏ်ရာက တော်တော်ဆိုးရွားတယ်။ တချို့က လိင်ဆိုင်ရာ မတော်မတရားပြုခံရတယ်။ တစ်ကြိမ် ဒါမှမဟုတ် နှစ်ပေါင်းများစွာ အကြိမ်ကြိမ် ပြုခံရတာ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ပြင်းထန်တဲ့ စိတ်ဒဏ်ရာ ကျန်ခဲ့နိုင်တယ်။ တစ်ခါတလေ အပြစ်ကျူးလွန်သူဟာ အဖမ်းခံရပြီး အပြစ်ပေးခံရတယ်။ တစ်ခါတလေမှာတော့ ပြစ်ဒဏ်မခံရဘဲ လွတ်နေတတ်တယ်။ ကျူးလွန်သူဟာ ချက်ချင်း ပြစ်ဒဏ်ခံရရင်တောင် မတော်မတရားပြုခံရတဲ့ ကလေးကတော့ လူကြီးဖြစ်လာချိန်အထိ ဆိုးကျိုးတွေ ခံစားနေရတတ်တယ်။
၃။ ၂ ကောရိန္သု ၁:၃၊ ၄ အရ ယေဟောဝါရဲ့ အလိုတော်က ဘာလဲ။ ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။
၃ ကလေးဘဝမှာ လိင်ဆိုင်ရာ မတော်မတရားပြုခံရတဲ့ ခရစ်ယာန်တစ်ယောက်ဟာ စိတ်ဒဏ်ရာ ခံစားနေရဆဲ ဖြစ်မယ်ဆိုရင် သူ့ကို ဘယ်လို ကူညီပေးနိုင်သလဲ။ (၂ ကောရိန္သု ၁:၃၊ ၄ ကိုဖတ်ပါ။) ယေဟောဝါရဲ့ အလိုတော်က မိမိသိုးတွေကို မေတ္တာနဲ့ နှစ်သိမ့်မှု ရစေချင်တယ်။ ဒီမေးခွန်း သုံးခုကို သုံးသပ်ကြည့်ကြစို့။ (၁) ကလေးဘဝမှာ မတော်မတရားပြုခံရသူတွေဟာ နှစ်သိမ့်မှု ဘာကြောင့် လိုအပ် နိုင်သလဲ။ (၂) ဘယ်သူတွေ နှစ်သိမ့်ပေးနိုင်သလဲ။ (၃) ဘယ်လို ထိထိရောက်ရောက် နှစ်သိမ့်ပေးနိုင်သလဲ။
နှစ်သိမ့်မှု ဘာကြောင့် လိုအပ်
၄-၅။ (က) ကလေးတွေဟာ လူကြီးနဲ့ မတူကြောင်း သိထားဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ခ) မတော်မတရားပြုခံရတဲ့အတွက် တခြားသူတွေအပေါ် ကလေးတွေရဲ့ ယုံကြည်စိတ်ချမှု ဘယ်လို ဖြစ်သွားသလဲ။
၄ ကလေးဘဝမှာ မတော်မတရားပြုခံရသူတချို့ဟာ နှစ်များစွာ ကြာပြီးနောက်မှာတောင် နှစ်သိမ့်မှု လိုနေဆဲ ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတာ နားလည်ဖို့ ဦးဆုံး ကလေးနဲ့ လူကြီး မတူတာကို သိထားရမယ်။ မတော်မတရားပြုခံရတဲ့အခါ ကလေးနဲ့ လူကြီးအပေါ် သက်ရောက်မှု ရှိပုံချင်း မတူကြဘူး။ ဥပမာတချို့ သုံးသပ်ကြည့်ပါ။
၅ ကလေးတွေဟာ အုပ်ထိန်းသူတွေ၊ ပြုစုစောင့်ရှောက်ပေးသူတွေနဲ့ ရင်းနှီးဖို့၊ သူတို့ကို ယုံကြည်စိတ်ချဖို့ လိုတယ်။ အဲဒီရင်းနှီးမှု၊ ယုံကြည်စိတ်ချမှုက ကလေးတွေကို လုံခြုံတယ်လို့ ခံစားရစေပြီး ကိုယ့်ကို ချစ်တဲ့သူတွေကို ယုံကြည်စိတ်ချမှု ရှိလာစေတယ်။ (ဆာ. ၂၂:၉) ဝမ်းနည်းစရာက ကလေးတွေဟာ အများအားဖြင့် အရင်းနှီးဆုံး မိသားစုဝင်တွေ၊ သူတို့မိတ်ဆွေတွေရဲ့ မတော်မတရားပြုခြင်း ခံရလေ့ရှိတယ်။ ယုံကြည်မှု ရိုက်ချိုးခံရတဲ့အတွက် နှစ်များစွာ ကြာပြီးနောက်မှာတောင် တခြားသူတွေကို ယုံဖို့ ခက်နေနိုင်တယ်။
၆။ လိင်ဆိုင်ရာ မတော်မတရားပြုခြင်းဟာ ဘာကြောင့် ရက်စက်ပြီး ထိခိုက်နစ်နာစေသလဲ။
၆ ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်ကြဘူး။ လိင်ဆိုင်ရာ မတော်မတရားပြုခြင်းဟာ ရက်စက်ပြီး ထိခိုက်နစ်နာစေတယ်။ လိင်ကိစ္စအတွက် ကာယပိုင်း၊ စိတ်ပိုင်းအရ အသင့်မဖြစ်သေးတဲ့အရွယ်မှာ မတော်မတရား ပြုခံရခြင်းဟာ သူတို့ကို အလွန် ထိခိုက်နစ်နာစေနိုင်တယ်။ မတော်မတရား ပြုခံရခြင်းကြောင့် လိင်နဲ့ပတ်သက်ပြီး တလွဲ ရှုမြင်သွားစေသလို ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ ခံစားရစေတယ်။ တခြားသူတွေကိုလည်း အယုံအကြည်မဲ့သွားစေတယ်။
၇။ (က) ကလေးတွေကို လှည့်စားပြီး မတော်မတရားပြုဖို့ ဘာကြောင့် သိပ်လွယ်တာလဲ။ ဘယ်လို လှည့်စားကြသလဲ။ (ခ) အဲဒီလို အလိမ်အညာတွေက ဘာဆိုးကျိုးဖြစ်စေသလဲ။
၇ ကလေးတွေဟာ စဉ်းစားဆင်ခြင်နိုင်စွမ်း မရင့်ကျက်သေးဘူး။ အန္တရာယ်ကို သိမြင်ပြီး ရှောင်နိုင်စွမ်းလည်း မရှိကြဘူး။ (၁ ကော. ၁၃:၁၁) ဒါကြောင့် ကလေးတွေကို လှည့်စားပြီး မတော်မတရားပြုဖို့ သိပ်လွယ်တယ်။ မတော်မတရားပြုသူတွေက ကလေးကို အမျိုးမျိုး လိမ်ပြောကြတယ်။ မတော်မတရား ပြုခံရတာ သူ့အပြစ်ကြောင့် ဖြစ်တယ်၊ ဘယ်သူ့ကိုမှ တိုင်မပြောရဘူး၊ တိုင်ပြောရင်လည်း ဘယ်သူမှ နားထောင်မှာ၊ ဂရုစိုက်မှာ မဟုတ်ဘူး၊ လူကြီးနဲ့ ကလေး လိင်ကိစ္စဟာ တကယ်ချစ်လို့ ဖြစ်တဲ့ သာမန်ကိစ္စပဲ စသဖြင့် လိမ်ပြောကြတယ်။ အဲဒီအလိမ်အညာတွေဟာ ကလေးရဲ့ အတွေးအခေါ်ကို ပျက်စီးစေနိုင်တယ်။ အမှန်ကို နားလည်ဖို့ နှစ်ပေါင်းများစွာ ကြာနိုင်တယ်။ အဲဒီလိုကလေးဟာ ကိုယ့်ကိုယ်ကိုယ် အဖတ်ဆယ်လို့ မရတဲ့သူ၊ မသန့်ရှင်းတဲ့သူ၊ မေတ္တာနဲ့ နှစ်သိမ့်မှု ရဖို့ မထိုက်တန်တဲ့သူလို့ ဘဝတစ်လျှောက်လုံး ခံစားနေရတတ်တယ်။
၈။ ထိခိုက်နာကျင်သူတွေကို ယေဟောဝါ နှစ်သိမ့်ပေးနိုင်ကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲ။
၈ လိင်ဆိုင်ရာ မတော်မတရားပြုခြင်းက ရေရှည် ဆိုးကျိုးတွေ ဖြစ်စေတယ်ဆိုတာ အံ့ဩစရာ မဟုတ်ပါဘူး။ ဒါဟာ သိပ်ရက်စက်တဲ့ ပြစ်မှုပါပဲ။ ဒီလိုပြစ်မှုမျိုး ပျံ့နှံ့နေတာက “ချစ်ခင်တွယ်တာစိတ် မရှိသူ၊” “ဆိုးညစ်သူတွေ၊ အယောင်ဆောင်သူတွေ” များသည်ထက် များလာတဲ့ နောက်ဆုံးကာလမှာ ကျွန်တော်တို့ အသက်ရှင်နေတယ်ဆိုတဲ့ အထောက်အထားပါပဲ။ (၂ တိ. ၃:၁-၅၊ ၁၃) စာတန်ရဲ့ ဉာဏ်နီဉာဏ်နက်တွေဟာ တကယ် ယုတ်မာတယ်။ စာတန့်အကြိုက်အတိုင်း လူတွေ ပြုမူနေကြတာ ဝမ်းနည်းစရာပါပဲ။ ဒါပေမဲ့ ယေဟောဝါက စာတန်နဲ့ စာတန့်နောက်လိုက်တွေထက် ပိုတန်ခိုးကြီးတယ်။ စာတန်ရဲ့ ဉာဏ်နီဉာဏ်နက် အားလုံးကို သိတယ်။ ကျွန်တော်တို့ ခံစားရတဲ့ နာကျင်မှုတွေကို သိပြီး နှစ်သိမ့်ပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ “ဘုရားသခင်ဟာ . . . နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်ပဲ။ ကျွန်တော်တို့ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ ဘုရားသခင် နှစ်သိမ့်ပေးတယ်။ ကျွန်တော်တို့ကလည်း ဘုရားပေးတဲ့ နှစ်သိမ့်မှုအားဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုး ခံရသူတွေကို ပြန်နှစ်သိမ့်ပေးနိုင်တယ်။” (၂ ကော. ၁:၃၊ ၄) နှစ်သိမ့်မှုပေးဖို့ ဘယ်သူ့ကို ယေဟောဝါ သုံးနေသလဲ။
ဘယ်သူ နှစ်သိမ့်ပေးနိုင်မလဲ
၉။ ဆာလံ ၂၇:၁၀ ပါ ဒါဝဒ်ရဲ့စကားတွေအရ မိသားစုရဲ့ စွန့်ပစ်မှု ခံရသူတွေကို ယေဟောဝါ ဘာလုပ်ပေးမလဲ။
၉ ရင်းနှီးသူတွေရဲ့ မတော်မတရားပြုခံရသူတွေ၊ မိဘ စွန့်ပစ်ခံရသူတွေဟာ အထူးသဖြင့် နှစ်သိမ့်မှု လိုအပ်နိုင်တယ်။ ယေဟောဝါ အမြဲ နှစ်သိမ့်ပေးမယ်ဆိုတာ စိတ်ချနိုင်ကြောင်း ဆာလံဆရာ ဒါဝိဒ် သိတယ်။ (ဆာလံ ၂၇:၁၀ ကိုဖတ်ပါ။) စွန့်ပစ်ခံရသူတွေကို ယေဟောဝါ လက်ခံမယ်ဆိုတာ ဒါဝိဒ် ယုံကြည်တယ်။ ဘယ်နည်းအားဖြင့်လဲ။ သစ္စာရှိ ကျေးကျွန်တွေအားဖြင့် ဖြစ်တယ်။ အသင်းတော်မှာရှိတဲ့ ညီအစ်ကို/မတွေဟာ ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေပါပဲ။ ဥပမာ၊ ယေဟောဝါကို ဝတ်ပြုတဲ့သူတွေဟာ မိမိရဲ့ အမေ၊ ညီအစ်ကိုမောင်နှမတွေပဲလို့ ယေရှု ပြောခဲ့တယ်။—မ. ၁၂:၄၈-၅၀။
၁၀။ တမန်တော် ပေါလုက မိမိရဲ့ အကြီးအကဲ တာဝန်အကြောင်း ဘာပြောသလဲ။
၁၀ အသင်းတော်ဟာ မိသားစုနဲ့ ဘယ်လိုတူကြောင်း သုံးသပ်ကြည့်ရအောင်။ ပေါလုဟာ အလုပ်ကြိုးစားပြီး သစ္စာရှိတဲ့ အကြီးအကဲ ဖြစ်တယ်။ ပုံသက်သေကောင်းပြပြီး “ခရစ်တော်ကို ကျွန်တော် အတုယူသလို ခင်ဗျားတို့လည်း ကျွန်တော့်ကို အတုယူကြပါ” လို့တောင် ရေးခဲ့တယ်။ (၁ ကော. ၁၁:၁) “နို့တိုက်မိခင်က ရင်သွေးကို တယုတယ ပြုစုသလို ကျွန်တော်တို့လည်း ခင်ဗျားတို့ကို တယုတယ ဆက်ဆံခဲ့တယ်” ဆိုပြီး မိမိရဲ့ အကြီးအကဲတာဝန်အကြောင်း ပြောခဲ့တယ်။ (၁ သက်. ၂:၇) ဒီနေ့ခေတ် သစ္စာရှိ အကြီးအကဲတွေလည်း အကူအညီလိုတဲ့သူတွေကို ကျမ်းစာသုံးပြီး ညင်သာတဲ့စကားတွေနဲ့ နှစ်သိမ့်ပေးကြတယ်။
၁၁။ အကြီးအကဲတွေပဲ နှစ်သိမ့်ပေးနိုင်တာ မဟုတ်ကြောင်း ဘာက ဖော်ပြသလဲ။
၁၁ မတော်မတရား ပြုခံရသူကို အကြီးအကဲတွေပဲ နှစ်သိမ့်ပေးရမှာလား။ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး “အချင်းချင်း ၁ သက်. ၄:၁၈) အထူးသဖြင့် ရင့်ကျက်တဲ့ ခရစ်ယာန် ညီအစ်မတွေက နှစ်သိမ့်မှု လိုတဲ့ ညီအစ်မတွေကို အားပေးနိုင်တယ်။ သားကို နှစ်သိမ့်ပေးတဲ့ မိခင်နဲ့ မိမိကိုယ်ကို ယေဟောဝါ နှိုင်းယှဉ်ထားတာ သင့်လျော်ပါတယ်။ (ဟေရှာ. ၆၆:၁၃) စိတ်ဓာတ်ကျနေသူတွေကို နှစ်သိမ့်ပေးတဲ့ အမျိုးသမီးတွေအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယောဘ ၄၂:၁၁) ဒီနေ့ခေတ် ခရစ်ယာန်အမျိုးသမီးတွေဟာ စိတ်ဒဏ်ရာရနေတဲ့ ညီအစ်မတွေကို နှစ်သိမ့်ပေးနေကြောင်း ယေဟောဝါ မြင်တဲ့အခါ သိပ်ဝမ်းသာမှာပဲ။ စိတ်ဒဏ်ရာရနေတဲ့ ညီအစ်မကို နှစ်သိမ့်ပေးဖို့ ရင့်ကျက်တဲ့ ညီအစ်မတစ်ယောက်ကို အကြီးအကဲတွေ တစ်ခါတလေ အကူအညီတောင်းနိုင်တယ်။ *
နှစ်သိမ့်ပေး” ဖို့ တာဝန်ရှိတယ်။ (ဘယ်လို နှစ်သိမ့်ပေးနိုင်သလဲ
၁၂။ ဘာမလုပ်မိဖို့ သတိထားရမလဲ။
၁၂ ကူညီပေးတဲ့အခါ အတွင်းရေးတွေကို မစပ်စုမိဖို့ သတိထားရမယ်။ (၁ သက်. ၄:၁၁) အကူအညီနဲ့ နှစ်သိမ့်မှု လိုအပ်သူ၊ လိုချင်သူတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။ ကျမ်းစာကနေ သိရတဲ့ နှစ်သိမ့်ပေးနိုင်တဲ့ နည်းငါးနည်းကို သုံးသပ်ကြည့်ကြစို့။
၁၃။ ၁ ဘုရင်များ ၁၉:၅-၈ အရ ဧလိယအတွက် ယေဟောဝါရဲ့ ကောင်းကင်တမန် ဘာလုပ်ပေးသလဲ။ ကောင်းကင်တမန်ကို ကျွန်တော်တို့ ဘယ်လို တုပနိုင်သလဲ။
၁၃ လက်တွေ့ကျကျ ကူညီပါ။ ပရောဖက် ဧလိယဟာ အသက်ဘေးကနေ လွတ်အောင် ထွက်ပြေးရတဲ့အခါ သေချင်လောက်အောင် စိတ်ဓာတ်ကျခဲ့တယ်။ သူ့ဆီကို ကောင်းကင်တမန်တစ်ပါး ယေဟောဝါ စေလွှတ်တယ်။ အဲဒီကောင်းကင်တမန်က ဧလိယကို လက်တွေ့ကျကျ ကူညီပေးတယ်။ စားစရာ ပူပူနွေးနွေး ပြင်ဆင်ပေးပြီး စားဖို့ တိုက်တွန်းတယ်။ (၁ ဘုရင်များ ၁၉:၅-၈ ကိုဖတ်ပါ။) ဒီမှတ်တမ်းက အရေးပါတဲ့ အချက်ကို ဖော်ပြတယ်။ တစ်ခါတလေ ကြင်နာတဲ့ လုပ်ရပ်လေးတစ်ခုက အလွန် အထောက်အကူ ပြုနိုင်တယ်။ ထမင်းတစ်နပ်၊ လက်ဆောင်သေးသေးလေး ဒါမှမဟုတ် ကတ်လေးတစ်ခုက စိတ်ဓာတ်ကျနေတဲ့ ညီအစ်ကို/မကို ချစ်ကြောင်း၊ စိုးရိမ်ပူပန်ကြောင်း သိစေနိုင်တယ်။ အတွင်းရေးတွေ၊ ရင်နာစရာတွေကို ကိုယ့်ဘက်က ပြောဆိုဖို့ ခက်နေရင်တောင် အဲဒီလို လက်တွေ့ကျ အကူအညီတွေ ပေးနိုင်တယ်။
၁၄။ ဧလိယ မှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။
၁၄ ဘေးကင်းလုံခြုံတယ်၊ သက်သောင့်သက်သာ ရှိတယ်လို့ စိတ်ဓာတ်ကျနေသူ ခံစားရအောင် ကူညီပေးပါ။ ဧလိယမှတ်တမ်းကနေ နောက်သင်ခန်းစာတစ်ခု သင်ယူနိုင်တယ်။ ဟောရပ်တောင်အထိ သွားနိုင်ဖို့ လိုအပ်တဲ့ ခွန်အားကို အံ့ဖွယ်နည်းနဲ့ ယေဟောဝါ ပေးခဲ့တယ်။ အတိတ်က မိမိလူမျိုးနဲ့ ယေဟောဝါ ပဋိညာဉ်ဖွဲ့ခဲ့တဲ့ အဲဒီနေရာမှာ ဘေးကင်းလုံခြုံပြီ၊ မိမိကို သတ်ချင်သူတွေ လက်ကနေ လွတ်ပြီလို့ ဧလိယ ခံစားခဲ့ရမှာပဲ။ ဘာသင်ခန်းစာ သင်ယူနိုင်သလဲ။ မတော်မတရား ပြုခံရသူကို နှစ်သိမ့်ပေးချင်ရင် အရင်ဆုံး သူ ဘေးကင်းလုံခြုံတယ်လို့ ခံစားရအောင် ကူညီပေးပါ။ ဥပမာ၊ စိတ်ဒုက္ခရောက်နေတဲ့ ညီအစ်မဟာ နိုင်ငံတော်ခန်းမမှာထက် အိမ်မှာ ပိုလုံခြုံပြီး သက်သောင့်သက်သာ ဖြစ်တယ်လို့ ခံစားရနိုင်ကြောင်း အကြီးအကဲတွေ အမှတ်ရသင့်တယ်။ တချို့ကျတော့လည်း ဆန့်ကျင်ဘက် ဖြစ်နိုင်တယ်။
၁၅-၁၆။ ကောင်းကောင်း နားထောင်ပေးခြင်းမှာ ဘာတွေ ပါဝင်သလဲ။
၁၅ ကောင်းကောင်း နားထောင်ပေးပါ။ “လူတိုင်းဟာ နားထောင်ဖို့ အမြဲအသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး” လို့ ကျမ်းစာ အကြံပေးတယ်။ (ယာ. ၁:၁၉) သင်ဟာ ကောင်းကောင်း နားထောင်ပေးတတ်သူလား။ နားထောင်တယ်ဆိုတာ ဘာမှ ပြန်မပြောဘဲ ငြိမ်ငြိမ်လေး ထိုင်နားထောင်တာလို့ ယူဆမိနိုင်တယ်။ ဒါပေမဲ့ ဒီထက်မကဘူး။ ဥပမာ၊ ဧလိယက ခံစားချက်တွေကို ရင်ဖွင့်တဲ့အခါ ယေဟောဝါ နားထောင်ပေးတယ်။ ဧလိယ ကြောက်လန့် ပြီး အထီးကျန်နေတာ၊ လုပ်သမျှ အလကားပဲလို့ ထင်နေတာကို နားလည်ပေးတယ်။ အဲဒီခံစားချက် တစ်ခုစီကို ကျော်လွှားနိုင်အောင် ကူညီပေးတယ်။ ဒီနည်းတွေအားဖြင့် တကယ် နားထောင်ပေးကြောင်း ယေဟောဝါ ဖော်ပြခဲ့တယ်။—၁ ဘု. ၁၉:၉-၁၁၊ ၁၅-၁၈။
၁၆ နားထောင်ပေးတဲ့အခါ ကိုယ်ချင်းစာနာမှု၊ သနားကြင်နာမှု ဘယ်လို ဖော်ပြနိုင်သလဲ။ လိမ္မာပါးနပ်ပြီး ကြင်နာတဲ့စကားအားဖြင့် ဖော်ပြနိုင်တယ်။ “တကယ် စိတ်မကောင်းပါဘူး။ ကလေးတွေကို အဲဒီလို မလုပ်သင့်ပါဘူး” လို့ ပြောနိုင်တယ်။ သူ့ခံစားချက်ကို အသေအချာ နားလည်အောင် မေးခွန်းတစ်ခု နှစ်ခု မေးနိုင်တယ်။ “ဘာကို ပြောချင်တာလဲ။” ဒါမှမဟုတ် “ကျွန်တော်/မက ဒီလိုနားလည်တာ . . . အဲဒါ မှန်ရဲ့လား။” အဲဒီလို အသုံးအနှုန်းတွေက သင် တကယ် နားထောင်နေကြောင်း၊ နားလည်အောင် ကြိုးစားနေကြောင်း သူ့ကို စိတ်ချစေနိုင်တယ်။—၁ ကော. ၁၃:၄၊ ၇။
၁၇။ စိတ်ရှည်ဖို့၊ “မစဉ်းစားမဆင်ခြင်ဘဲ မပြော” ဖို့ ဘာကြောင့် လိုသလဲ။
၁၇ “မစဉ်းစားမဆင်ခြင်ဘဲ မပြော” ဖို့ သတိထားပါ။ အကြံပေးဖို့ဖြစ်စေ၊ တစ်ဖက်သားရဲ့ အတွေးအခေါ်ကို ပြင်ပေးဖို့ဖြစ်စေ ကြားဖြတ်မပြောပါနဲ့။ စိတ်ရှည်ပါ။ ဧလိယဟာ ယေဟောဝါဆီ ရင်ဖွင့် ဆုတောင်းချိန်မှာ ခံစားချက်ပြင်းတဲ့ စကားလုံးတွေ သုံးခဲ့တယ်။ ယုံကြည်ခြင်း ခိုင်ခံ့အောင် ယေဟောဝါ ကူညီပေးပြီးနောက်မှာတောင် အဲဒီစကားလုံးတွေပဲ သုံးပြီး ထပ်ရင်ဖွင့်တယ်။ (၁ ဘု. ၁၉:၉၊ ၁၀၊ ၁၃၊ ၁၄) သင်ခန်းစာက ဘာလဲ။ စိတ်ဓာတ်ကျနေသူဟာ တစ်ခါတလေ တစ်ကြိမ်ထက်မက ရင်ဖွင့်ဖို့ လိုတယ်။ ယေဟောဝါလိုပဲ စိတ်ရှည်ရှည် နားထောင်ပေးပါ။ ဖြေရှင်းနည်းတွေ ပြောပြမယ့်အစား ကိုယ်ချင်းစာကြောင်း၊ သနားကြင်နာကြောင်း ဖော်ပြပါ။—၁ ပေ. ၃:၈။
၁၈။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်က စိတ်ထိခိုက်နေသူကို ဘယ်လို နှစ်သိမ့်မှု ဖြစ်စေနိုင်သလဲ။
၁၈ စိတ်ထိခိုက်နေသူနဲ့အတူ ထက်သန်စွာ ဆုတောင်းပါ။ စိတ်ဓာတ်ကျနေသူဟာ ဆုတောင်းဖို့ အခက်တွေ့နိုင်တယ်။ ယေဟောဝါဆီ ဆုတောင်းဖို့ မထိုက်တန်ဘူးလို့ ခံစားရနိုင်တယ်။ သူနဲ့အတူ ဆုတောင်းတဲ့အခါ သူ့နာမည် ထည့်တောင်းခြင်းအားဖြင့် နှစ်သိမ့်ပေးနိုင်တယ်။ ကျွန်တော်တို့ကော အသင်းတော်ကယာ. ၅:၁၆။
ပါ သူ့ကို အလွန် ချစ်ကြောင်း ထည့်တောင်းနိုင်တယ်။ ဒီအဖိုးတန်တဲ့ သိုးကို နှစ်သိမ့်ပေးဖို့ ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။ အဲဒီလို ဆုတောင်းချက်က အလွန် နှစ်သိမ့်မှု ဖြစ်စေနိုင်တယ်။—၁၉။ တခြားသူကို နှစ်သိမ့်ဖို့ ဘာတွေ ပြင်ဆင်နိုင်သလဲ။
၁၉ စိတ်ဒဏ်ရာကို ကုစားပေးနိုင်တဲ့၊ နှစ်သိမ့်မှုဖြစ်စေတဲ့ စကားလုံးတွေကို ရွေးပြောပါ။ မပြောခင် စဉ်းစားပါ။ မစဉ်းစားဘဲ ပြောတဲ့စကားက ထိခိုက်စေတယ်။ ကြင်နာတဲ့စကားကတော့ ဒဏ်ရာကိုတောင် ကုစားပေးနိုင်တယ်။ (ပညာ. ၁၂:၁၈) ဒါကြောင့် ကြင်နာတဲ့၊ နှစ်သိမ့်မှု ဖြစ်စေတဲ့ စကားတွေ ပြောနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ကျမ်းစာမှာပါတဲ့ ယေဟောဝါရဲ့ စကားတွေဟာ အထိရောက်ဆုံးဖြစ်ကြောင်း အမှတ်ရပါ။—ဟီ. ၄:၁၂။
၂၀။ အဖြစ်ဆိုးတွေကြောင့် တချို့ ဘယ်လို ခံစားရနိုင်သလဲ။ သူတို့ကို ဘယ်အချက်တွေ သိစေချင်သလဲ။
၂၀ မတော်မတရား ပြုခံရသူဟာ မသန့်ရှင်းဘူး၊ တန်ဖိုးမရှိဘူး၊ အချစ်မခံရဘူး၊ ချစ်စရာမကောင်းဘူးလို့ ခံစားရနိုင်တယ်။ ဆိုးရွားတဲ့ အလိမ်အညာပါပဲ။ ဒါပေမဲ့ သူဟာ ယေဟောဝါရှေ့မှာ တကယ် တန်ဖိုးရှိကြောင်း သိစေဖို့ ကျမ်းစာကို သုံးပါ။ (“ ကျမ်းစာထဲက နှစ်သိမ့်မှု” လေးထောင့်ကွက်ကို ကြည့်ပါ။) ပရောဖက် ဒံယေလ စိတ်ဓာတ်ကျအားငယ်နေချိန်မှာ ကောင်းကင်တမန် ဘယ်လို အားပေးခဲ့ကြောင်း သတိရပါ။ သူဟာ တန်ဖိုးရှိသူဖြစ်ကြောင်း ယေဟောဝါ သိစေချင်တယ်။ (ဒံ. ၁၀:၂၊ ၁၁၊ ၁၉) အလားတူပဲ စိတ်သောကရောက်နေတဲ့ ညီအစ်ကို/မတွေလည်း ယေဟောဝါရှေ့မှာ တန်ဖိုးရှိတယ်။
၂၁။ မကြာခင် နောင်တမယူတဲ့ အပြစ်ပြုသူတွေ ဘာကြုံရမလဲ။ ဒီအတောအတွင်း ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။
၂၁ တခြားသူတွေကို နှစ်သိမ့်တဲ့အခါ သူတို့ကို ယေဟောဝါ ချစ်ကြောင်း အမှတ်ရစေပါ။ ယေဟောဝါဟာ တရားမျှတတဲ့ဘုရား ဖြစ်ကြောင်းကိုလည်း မမေ့သင့်ဘူး။ ဆိုးညစ်တဲ့လုပ်ရပ် မှန်သမျှကို ယေဟောဝါ မြင်တယ်။ နောင်တမယူတဲ့ အပြစ်ပြုသူကို ပြစ်ဒဏ်မပေးဘဲ မနေဘူး။ (တော. ၁၄:၁၈) မတော်မတရား ပြုခံရသူကို မေတ္တာပြဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပါစို့။ စာတန်နဲ့ ဒီလောကရဲ့ မတော်မတရား ပြုခံရသူအားလုံးကို ယေဟောဝါ ထာဝစဉ် ကုစားပေးမယ်ဆိုတာ သိရလို့ စိတ်သက်သာစရာပါပဲ။ မကြာခင် အဲဒီနာကျင်စရာတွေကို မေ့ပျောက်သွားပါလိမ့်မယ်။—ဟေရှာ. ၆၅:၁၇။
သီချင်း ၁၀၉ နှစ်နှစ်ကာကာ ချစ်ကြပါ
^ အပိုဒ်၊ 5 ကလေးဘဝမှာ လိင်ဆိုင်ရာ မတော်မတရား ပြုခံခဲ့ရသူတွေဟာ နှစ်တွေကြာပြီးနောက်မှာတောင် စိန်ခေါ်ချက်များစွာ ရင်ဆိုင်ရနိုင်တယ်။ အဲဒီအကြောင်းရင်းကို နားလည်အောင် ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။ သူတို့ကို ဘယ်သူတွေ နှစ်သိမ့်ပေးနိုင်ကြောင်း၊ နှစ်သိမ့်ပေးနိုင်တဲ့ ထိရောက်တဲ့ နည်းတချို့အကြောင်းကိုလည်း ဆွေးနွေးကြမယ်။
^ အပိုဒ်၊ 11 မတော်မတရား ပြုခံရသူဟာ ဆေးကုသမှု ခံယူမယ်၊ မခံယူဘူးဆိုတာ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်တယ်။
^ အပိုဒ်၊ 76 ပုံအညွှန်း– စိတ်ဒဏ်ရာရနေတဲ့ ညီအစ်မကို ရင့်ကျက်တဲ့ ညီအစ်မ နှစ်သိမ့်ပေးနေ။
^ အပိုဒ်၊ 78 ပုံအညွှန်း– စိတ်ဒဏ်ရာ ရနေတဲ့ ညီအစ်မဟာ အကြီးအကဲ နှစ်ဦး လည်ပတ်ချိန်မှာ ရင့်ကျက်တဲ့ညီအစ်မကို ဖိတ်ခေါ်ထား။