‘မေတ္တာကို လုပ်ရပ်နဲ့ တကယ်ပြကြပါ’
“ခင်ဗျားတို့ရဲ့ မေတ္တာကို အပြောလောက်သာ မဟုတ်ဘဲ လုပ်ရပ်နဲ့ တကယ်ပြကြပါ။”—၁ ယော. ၃:၁၈။
၁။ ဘယ်မေတ္တာမျိုးက အမြင့်မြတ်ဆုံးလဲ။ ဘာကြောင့်လဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
မှန်ကန်တဲ့ မူတွေအပေါ် အခြေခံတဲ့ မေတ္တာ (အဂါးပေး) ဟာ ယေဟောဝါဆီက လက်ဆောင် ဖြစ်တယ်။ ဘုရားက မေတ္တာရဲ့ ရင်းမြစ်ပဲ။ (၁ ယော. ၄:၇) ဒီမေတ္တာမျိုးက အမြင့်မြတ်ဆုံး မေတ္တာ ဖြစ်တယ်။ ဒီမေတ္တာမှာ ချစ်ခင်မှု၊ နွေးထွေးမှု ပါဝင်ပေမဲ့ အဓိက,ကတော့ တခြားသူတွေအပေါ် ပြသတဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့ လုပ်ရပ်တွေနဲ့ ခွဲခြားသတ်မှတ်တယ်။ အဂါးပေးကို “လုပ်ရပ်နဲ့ပဲ သိမြင်နိုင်တယ်” လို့ စာအုပ်တစ်အုပ်က ဖော်ပြထားတယ်။ ကိုယ်ကျိုးစွန့်မေတ္တာ ပြတဲ့အခါ၊ အပြခံရတဲ့အခါ ကျွန်တော်တို့ရဲ့ဘဝ ကြွယ်ဝတယ်၊ ရွှင်လန်းတယ်၊ အဓိပ္ပာယ်ရှိတယ်။
၂၊ ၃။ လူသားတွေကို ယေဟောဝါ ကိုယ်ကျိုးစွန့်မေတ္တာ ဘယ်လို ပြခဲ့သလဲ။
၂ အာဒံနဲ့ ဧဝကို မဖန်ဆင်းခင်ကတည်းက လူသားတွေကို ယေဟောဝါ မေတ္တာပြခဲ့တယ်။ အသက်ရှင်နိုင်ရုံလောက်သာ မဟုတ်ဘဲ ဘဝကို အပြည့်အဝ ပျော်မွေ့နိုင်ဖို့ လူသားတွေရဲ့ ထာဝရစံအိမ်အဖြစ် ကမ္ဘာမြေကို ဖန်ဆင်းပေးခဲ့တယ်။ ဒါကို ကိုယ်ကျိုးအတွက် မဟုတ်ဘဲ လူသားတို့အကျိုးသက်သက်အတွက် လုပ်ဆောင်ပေးခဲ့တယ်။ ပြင်ဆင်ထားတဲ့ ပရဒိသုမှာ ထာဝစဉ် အသက်ရှင်နိုင်တဲ့ အလားအလာနဲ့ ကောင်းချီးပေးခြင်းအားဖြင့် ကိုယ်ကျိုးစွန့်မေတ္တာ ထပ်ပြခဲ့တယ်။
က. ၃:၁၅။ ၁ ယော. ၄:၁၀) အနာဂတ် ကယ်တင်ရှင်အကြောင်း ကတိပေးခဲ့တဲ့ အဲဒီအချိန်ကစပြီး ရွေးဖိုး ပေးပြီးသားလို့ ဘုရား ယူဆခဲ့တယ်။ နှစ်ပေါင်း ၄,၀၀၀ လောက် ကြာပြီးတဲ့နောက် အကြီးအကျယ် အဆုံးၡုံးခံပြီး တစ်ဦးတည်းသောသားကို လူသားတွေအတွက် ရွေးဖိုးအဖြစ် ပေးခဲ့တယ်။ (ယော. ၃:၁၆) ယေဟောဝါရဲ့ ကိုယ်ကျိုးစွန့် မေတ္တာအတွက် ကျေးဇူးတင်စရာကောင်းလှပါတယ်။
၃ အာဒံနဲ့ ဧဝ ပုန်ကန်ပြီးတဲ့နောက်မှာ ယေဟောဝါက အကြီးမားဆုံး ကိုယ်ကျိုးစွန့် မေတ္တာ ပြခဲ့တယ်။ ပုန်ကန်သူနှစ်ယောက်ရဲ့ နောင်လာနောက်သားတွေအတွက် ရွေးဖိုး စီစဉ်ပေးခဲ့တယ်။ သူတို့ထဲကတချို့ ဘုရားရဲ့ မေတ္တာကို လက်ခံတုံ့ပြန်ကြတယ်။ (၄။ မစုံလင်တဲ့ လူသားတွေ ကိုယ်ကျိုးစွန့်မေတ္တာ ပြနိုင်စွမ်းရှိကြောင်း ဘာက ဖော်ပြသလဲ။
၄ ဘုရားသခင့် ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံထားရလို့ ကျွန်တော်တို့လည်း ကိုယ်ကျိုးစွန့်မေတ္တာ တင်ပြနိုင်ကြတယ်။ အပြစ်ကို အမွေရထားလို့ မေတ္တာပြဖို့ ခက်ခဲနိုင်ပေမဲ့ မေတ္တာပြနိုင်တဲ့စွမ်းရည် ရှိနေဆဲပါပဲ။ အာဗေလဟာ မိမိမှာ ရှိတဲ့ အကောင်းဆုံးအရာကို ကိုယ်ကျိုးမဲ့ ပူဇော်ခြင်းအားဖြင့် ဘုရားသခင်ကို ချစ်ကြောင်း ပြခဲ့တယ်။ (က. ၄:၃၊ ၄) နောဧဟာ တုံ့ပြန်မှု မရှိတဲ့လူတွေကို ဆယ်စုနှစ်ချီ ဘုရားသခင့် သတင်းစကား ဟောပြောခြင်းအာဖြင့် ကိုယ်ကျိုးစွန့်မေတ္တာ တင်ပြခဲ့တယ်။ (၂ ပေ. ၂:၅) အာဗြဟံဟာ သားအိဇက်ကို ပူဇော်ဖို့ မိန့်မှာခံရတဲ့အခါ ကိုယ့်ခံစားချက်ထက် ဘုရားကို ချစ်တဲ့မေတ္တာကို ရှေ့တန်းတင်ခဲ့တယ်။ (ယာ. ၂:၂၁) အဲဒီသစ္စာရှိအမျိုးသားတွေလို အခက်အခဲတွေကြားမှာ မေတ္တာ တင်ပြချင်ကြပါတယ်။
မေတ္တာစစ်နဲ့ မေတ္တာတု
၅။ ဘယ်နည်းတွေနဲ့ မေတ္တာစစ် တင်ပြနိုင်သလဲ။
၅ မေတ္တာစစ်ကို “အပြောလောက်သာ မဟုတ်ဘဲ လုပ်ရပ်နဲ့ တကယ်ပြ” ရတယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။ (၁ ယော. ၃:၁၈) မေတ္တာကို အပြောနဲ့ ဖော်ပြလို့ မရဘူးဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ (၁ သက်. ၄:၁၈) လုပ်ရပ်နဲ့ မေတ္တာပြရမယ့် အခြေအနေမျိုးမှာ အပြောလောက်နဲ့ပဲ မပြဖို့ ဆိုလိုနေတာပါ။ ဥပမာ၊ ခရစ်ယာန်ချင်းတစ်ယောက် စားဝတ်နေရေးအတွက် အခက်ကြုံနေတယ်ဆိုရင် စိတ်ကောင်းရှိရုံနဲ့ပဲ မလုံလောက်ဘူး။ (ယာ. ၂:၁၅၊ ၁၆) အဲဒီလိုပဲ ယေဟောဝါနဲ့ လူသားချင်းတွေကို ချစ်တဲ့မေတ္တာက “လုပ်သားတွေ စေလွှတ်ပေးဖို့” ဘုရားသခင်ဆီ တောင်းဆိုရုံထက်မက ဟောပြောခြင်းလုပ်ငန်းမှာ အပြည့်အဝ ပါဝင်ဖို့ လှုံ့ဆော်ပေးတယ်။—မ. ၉:၃၈။
၆၊ ၇။ (က) “ဟန်ဆောင်မှုကင်းတဲ့ မေတ္တာ” ဆိုတာ ဘာလဲ။ (ခ) မေတ္တာအတုအယောင် နမူနာတချို့က ဘာတွေလဲ။
၆ မေတ္တာကို “လုပ်ရပ်နဲ့ တကယ်ပြ” ဖို့ တမန်တော် ယောဟန် ရေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မေတ္တာဟာ “ဟန်ဆောင်မှု ကင်း” ရမယ်။ (ရော. ၁၂:၉။ ၂ ကော. ၆:၆) တစ်ခါတလေ မျက်နှာဖုံး စွပ်ထားသလို ဟန်ဆောင်ပန်ဆောင် မေတ္တာ ပြတာမျိုး ရှိနိုင်တယ်။ ‘ဟန်ဆောင်မေတ္တာဆိုတာ ရှိလို့လား’ လို့စဉ်းစားမိနိုင်တယ်။ ဟန်ဆောင်မေတ္တာဆိုတာ လုံးဝ အကျိုးမရှိပါဘူး။
၇ မေတ္တာအတုအယောင် နမူနာတချို့ သုံးသပ်ကြည့်ပါ။ ဧဒင်ဥယျာဉ်မှာ စာတန်ဟာ ဧဝရဲ့ အကောင်းဆုံးအကျိုးကို လိုလားသယောင် ဟန်ဆောင်ခဲ့တယ်။ တကယ်တော့ ကိုယ်ကျိုးရှာတဲ့၊ အရေခြုံတဲ့လုပ်ရပ်ပေပဲ။ (က. ၃:၄၊ ၅) ဒါဝိဒ်ခေတ်မှာ အဟိသောဖေလဟာ မိတ်ဆွေတု ဖြစ်ခဲ့တယ်။ အကျိုးအမြတ်အတွက် ဒါဝိဒ်အပေါ် သစ္စာဖောက်ခဲ့တယ်။ (၂ ရှ. ၁၅:၃၁) ဒီနေ့လည်း အသင်းတော်ထဲမှာ စိတ်ဝမ်းကွဲစေတဲ့ အယူဖောက်ပြန်သူတွေဟာ မေတ္တာရှင်တွေလို “ချိုချိုသာသာ မြှောက်ပင့်ပြောဆို” ကြပေမဲ့ တကယ်တော့ တစ်ကိုယ်ကောင်းသမားတွေပဲ။—ရော. ၁၆:၁၇၊ ၁၈။
၈။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို မေးသင့်သလဲ။
၈ ဟန်ဆောင်တဲ့ မေတ္တာဆိုတာ ဘုရားပေးအရည်အသွေးဖြစ်တဲ့ ကိုယ်ကျိုးစွန့် မေတ္တာအတု ဖြစ်နေလို့ အလွန်ရှက်စရာ ကောင်းပါတယ်။ ဟန်ဆောင်မှုက လူကို လှည့်စားလို့ ရပေမဲ့ ယေဟောဝါကိုတော့ လှည့်စားလို့ မရဘူး။ ဟန်ဆောင်မ. ၂၄:၅၁) ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ ဟန်ဆောင်တဲ့မေတ္တာကို ဘယ်တော့မှ ပြချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ‘ငါ့မေတ္တာ အမြဲ စစ်မှန်သလား၊ တစ်ကိုယ်ကောင်းဆန်မှု၊ လှည့်စားမှု ပါနေသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ “ဟန်ဆောင်မှုကင်းတဲ့ မေတ္တာ” ပြနိုင်တဲ့ နည်းလမ်းကိုးမျိုးကို သုံးသပ်ကြည့်ရအောင်။
သူတွေ “အပြင်းအထန်” ဒဏ်စီရင်ခံရမယ်လို့ ယေရှု ပြောခဲ့တယ်။ (“မေတ္တာကို . . . လုပ်ရပ်နဲ့ တကယ်ပြ” နိုင်ပုံ
၉။ မေတ္တာစစ်က ဘာလုပ်ဖို့ လှုံ့ဆော်ပေးမလဲ။
၉ ကွယ်ရာမှာလည်း ပျော်ရွှင်စွာ အမှုဆောင်ပါ။ ဖြစ်နိုင်တဲ့အခါတိုင်း “ဆိတ်ကွယ်ရာ” ကနေ၊ လူမသိပေမဲ့ ညီအစ်ကိုတွေအပေါ် လိုလိုလားလား မေတ္တာ ပြသင့်တယ်။ (မဿဲ ၆:၁-၄ ကိုဖတ်ပါ။) အာနနိနဲ့ ရှဖိရေတို့ အဲဒီလို မလုပ်ခဲ့ဘူး။ အမည်မဖော်ဘဲ လှူဒါန်းမယ့်အစား ကိုယ့်အလှူကို ချဲ့ကားပြောဆိုခဲ့လို့ ဟန်ဆောင်မှုအတွက် ဘေးဆိုး ကြုံခဲ့ကြတယ်။ (တ. ၅:၁-၁၀) မေတ္တာစစ်ကတော့ လူသိရှင်ကြား မဟုတ်ဘဲ၊ အလေးပေးခြင်း မခံရဘဲ ညီအစ်ကိုအတွက် အစေခံဖို့ လှုံ့ဆော်ပေးတယ်။ ဥပမာ၊ ကျမ်းစာ အခြေပြု အကြောင်းအရာတွေ ပြင်ဆင်ရာမှာ အုပ်ချုပ်ရေးအဖွဲ့ကို ကူညီပေးနေတဲ့ ညီအစ်ကိုတွေဟာ အမည်မဖော်ဘဲ လုပ်ဆောင်ကြတယ်။ သူတို့ကို အရေးစိုက်လာအောင် မလုပ်ဆောင်ဘူး။ သူတို့ လုပ်ဆောင်နေတာတွေကို မဖော်ပြဘူး။
၁၀။ တခြားသူတွေကို ဘယ်လို ကိုယ်တိုင်အစပြု ဂုဏ်တင်နိုင်သလဲ။
၁၀ တခြားသူတွေကို ကိုယ်တိုင်အစပြု ဂုဏ်တင်ပါ။ (ရောမ ၁၂:၁၀ ကိုဖတ်ပါ။) အနိမ့်ကျဆုံး အလုပ်တွေကို လုပ်ခြင်းအားဖြင့် တခြားသူတွေကို ဂုဏ်တင်ရာမှာ ယေရှု ပုံသက်သေ ပြခဲ့တယ်။ (ယော. ၁၃:၃-၅၊ ၁၂-၁၅) ဒီနည်းနဲ့ တခြားသူတွေကို ဂုဏ်တင်ဖို့ နှိမ့်ချမှုအရည်အသွေးကို ကြိုးစားပျိုးထောင်ရမယ်။ တမန်တော်တွေတောင် သန့်ရှင်းသော စွမ်းအားတော် မရမချင်း ယေရှုရဲ့ လုပ်ရပ်ကို အပြည့်အဝ နားမလည်ခဲ့ကြဘူး။ (ယော. ၁၃:၇) ပညာရေး၊ ဥစ္စာပစ္စည်း၊ ယေဟောဝါရဲ့ အမှုတော်မှာ ရရှိထားတဲ့ အခွင့်ထူးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အထင်မကြီးလွန်းခြင်းအားဖြင့် တခြားသူတွေကို ဂုဏ်တင်နိုင်တယ်။ (ရော. ၁၂:၃) ကိုယ်လည်း ချီးမွမ်းခံထိုက်တယ်လို့ ခံစားရရင်တောင် တခြားသူတွေ ချီးမွမ်းခံရတာကို မနာလို မဖြစ်ဘဲ သူတို့နဲ့အတူ ဝမ်းမြောက်နိုင်တယ်။
၁၁။ ဘာကြောင့် စိတ်ရင်းမှန်နဲ့ ချီးမွမ်းရမလဲ။
၁၁ ညီအစ်ကိုတွေကို စိတ်ရင်းမှန်နဲ့ ချီးမွမ်းပါ။ ချီးမွမ်းစကား ပြောဆိုတာက “အပြုသဘော ပါ” လို့ အချင်းချင်းကို ချီးမွမ်းဖို့ အခွင့်အရေး ရှာယူသင့်တယ်။ (ဧ. ၄:၂၉) ဒါပေမဲ့ စိတ်ရင်းမှန်ရမယ်။ မဟုတ်ရင် မြှောက်ပင့်တာ၊ အကြံပေးရမယ့်တာဝန်ကို ရှောင်လွှဲတာ ဖြစ်သွားမယ်။ (ပညာ. ၂၉:၅) လူတစ်ယောက်ကို ရှေ့မှာ ချီးမွမ်းပြီးမှ နောက်ကွယ်မှာ ဝေဖန်ခြင်းဟာ ဟန်ဆောင်ခြင်းတစ်မျိုးပဲ။ အဲဒီထောင်ချောက်ကို တမန်တော် ပေါလု ရှောင်ခဲ့တယ်။ တခြားသူတွေကို စိတ်ရင်းမှန်နဲ့ ချီးမွမ်းခြင်းအားဖြင့် ပုံသက်သေကောင်း ပြခဲ့တယ်။ ဥပမာ၊ ကောရိန္သုမြို့က ခရစ်ယာန်တွေရဲ့ အမူအကျင့်ကောင်းတချို့ကို စိတ်ရင်းမှန်နဲ့ ချီးမွမ်းခဲ့တယ်။ (၁ ကော. ၁၁:၂) ဒါပေမဲ့ ချီးမွမ်းမခံထိုက်တဲ့ လုပ်ရပ်မျိုး လုပ်မိတဲ့အခါ အကျိုးအကြောင်းကို ကြင်ကြင်နာနာ၊ ရှင်းရှင်းလင်းလင်း ပြောပြခဲ့တယ်။—၁ ကော. ၁၁:၂၀-၂၂။
လိုအပ်နေတဲ့ ညီအစ်ကိုတွေကို ပေးကမ်းခြင်းဟာ မေတ္တာနဲ့ ဧည့်ဝတ်ပျူငှာမှု တင်ပြနိုင်တဲ့ နည်းတစ်နည်းဖြစ် (အပိုဒ် ၁၂ ကိုကြည့်ပါ)
၁၂။ ဧည့်ဝတ်ပြုတဲ့အခါ မေတ္တာစစ် ဘယ်လို တင်ပြနိုင်သလဲ။
၁၂ ဧည့်ဝတ်ကျေပွန်ပါ။ ညီအစ်ကို/မတွေကို ရက်ရောဖို့ ယေဟောဝါ မိန့်မှာထားတယ်။ (၁ ယောဟန် ၃:၁၇ ကိုဖတ်ပါ။) အဲဒါကို စိတ်ရင်းမှန်နဲ့ ကိုယ်ကျိုးမငဲ့ဘဲ လုပ်ဆောင်ရမယ်။ ‘မိတ်ဆွေရင်းတွေ၊ ထင်ပေါ်ကျော်ကြားသူတွေ၊ ပြန်ဧည့်ဝတ်ပြုနိုင်တဲ့သူတွေကိုပဲ ငါ ဧည့်ဝတ်ပြုသလား။ ကိုယ်နဲ့ သိပ်မသိသူတဲ့၊ ကိုယ့်ကို ပြန်မပေးကမ်းနိုင်တဲ့ ညီအစ်ကို/မတွေအပေါ် ရက်ရောဖို့ နည်းလမ်း ရှာသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်နိုင်တယ်။ (လု. ၁၄:၁၂-၁၄) ခရစ်ယာန်ချင်းတစ်ယောက်က ပညာမဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် အကူအညီ လိုအပ်တာ၊ ဧည့်ဝတ်ပြုမှုကို ကျေးဇူးမတင်တာမျိုး ရှိနိုင်တယ်။ ဒီလိုအခြေအနေမျိုးမှာ “မညည်းမညူဘဲ ဧည့်ဝတ်ပြု ကြပါ” ဆိုတဲ့ အကြံပြုချက်ကို ကျင့်သုံးသင့်တယ်။ (၁ ပေ. ၄:၉) ဒီအကြံပြုချက်ကို လိုက်နာတယ်ဆိုရင် စိတ်ရင်းမှန်နဲ့ ပေးကမ်းခြင်းကြောင့် ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။—တ. ၂၀:၃၅။
၁၃။ (က) အားနည်းသူတွေကို ကူညီပေးဖို့ ဘယ်အချိန်မှာ အထူးခက်ခဲနိုင်သလဲ။ (ခ) အားနည်းသူကို ထောက်မပေးဖို့ ဘယ်လက်တွေ့ကျအရာတွေ လုပ်ဆောင်နိုင်သလဲ။
၁၃ အားနည်းသူတွေကို ထောက်မပေးပါ။ ကျွန်တော်တို့ရဲ့ မေတ္တာစစ်မှန်မှုဟာ ‘အားနည်းသူတွေကို ထောက်မပေးပါ။ လူတိုင်းကို စိတ်ရှည်ပါ’ ဆိုတဲ့ ကျမ်းစာမိန့်မှာချက်အားဖြင့် စမ်းသပ်ခံရနိုင်တယ်။ (၁ သက်. ၅:၁၄) အားနည်းသူတွေ နောက်ပိုင်းမှာ ယုံကြည်ခြင်း ခိုင်မာလာကြပေမဲ့ တချို့ကတော့ စိတ်ရှည်ဖို့၊ မပြတ်ထောက်မပေးဖို့ လိုအပ်တယ်။ တည်ဆောက်မှုဖြစ်စေတဲ့ ကျမ်းချက်တွေ ပြောပြတာ၊ အမှုဆောင်မှာ တွဲလုပ်ဆောင်ဖို့ ဖိတ်ခေါ်တာ၊ သူတို့ပြောတာကို အချိန်ပေးနားထောင်တာတွေ ပါဝင်တယ်။ အဲဒီအပြင် ညီအစ်ကို/မတစ်ယောက် “အားသာ” တယ်၊ “အားနည်း” တယ်လို့ မစဉ်းစားဘဲ ယောက်တိုင်းမှာ အားသာချက်၊ အားနည်းချက်တွေ ရှိကြောင်း အသိအမှတ်ပြုသင့်တယ်။ တမန်တော် ပေါလုတောင် ကိုယ်တိုင်ရဲ့ အားနည်းချက်တွေကို အသိအမှတ်ပြုခဲ့တယ်။ (၂ ကော. ၁၂:၉၊ ၁၀) ဒါကြောင့် ခရစ်ယာန်ချင်းတွေရဲ့ ထောက်မမှုကနေ ယောက်တိုင်း အကျိုးရရှိနိုင်ပါတယ်။
၁၄။ ညီအစ်ကိုတွေနဲ့ သင့်မြတ်ဖို့ ဘယ်လောက် ကြိုးစားချင်စိတ် ရှိသင့်သလဲ။
၁၄ သင့်မြတ်စေပါ။ ညီအစ်ကိုတွေ နားလည်မှုလွဲနေတယ်၊ မတရားဆက်ဆံတယ်လို့ ခံစားနေရရင်တောင် အတတ်နိုင်ဆုံး သင့်မြတ်အောင်နေဖို့ ကြိုးစားကြတယ်။ (ရောမ ၁၂:၁၇၊ ၁၈ ကိုဖတ်ပါ။) တောင်းပန်တာက စိတ်ထိခိုက်တာကို ကုစားပေးနိုင်တယ်။ ဒါပေမဲ့ စိတ်ရင်းမှန်ရမယ်။ ဥပမာ၊ “ခင်ဗျား အဲဒီလို ခံစားနေရတာ စိတ်မကောင်းပါဘူး” လို့ပဲ ပြောမယ့်အစား ကိုယ့်ကြောင့် ဖြစ်တဲ့ ပြဿနာကို ဝန်ခံပြီး “ကျွန်တော့်စကားကြောင့် ခင်ဗျား စိတ်ထိခိုက်သွားတာ စိတ်မကောင်းပါဘူး” လို့ပြောနိုင်တယ်။ အထူးသဖြင့် အိမ်ထောင်မှာ သင့်မြတ်ဖို့ အရေးကြီးတယ်။ လူရှေ့သူရှေ့မှာတော့ အချင်းချင်း ချစ်ယောင်ဆောင်ပြီး အိမ်မှာ စကားမပြောဘဲနေတာ၊ ကြမ်းတမ်းတဲ့စကား ပြောတာ၊ ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုး မလုပ်သင့်ဘူး။
၁၅။ စိတ်ရင်းမှန်နဲ့ ခွင့်လွှတ်ကြောင်း ဘယ်လို တင်ပြနိုင်သလဲ။
၁၅ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပါ။ ကိုယ့်ကို စိတ်ဆိုးအောင် လုပ်တဲ့သူကို ဗွေမယူခြင်း၊ အငြိုးမထားခြင်းအားဖြင့် ခွင့်လွှတ်ကြတယ်။ “အချင်းချင်း မေတ္တာထားပြီး သည်းခံပါ။ အချင်းချင်း သင့်သင့်မြတ်မြတ်ရှိကြပါ။ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ရလာတဲ့ စည်းလုံးမှုနှောင်ကြိုးကို ကြိုးစားထိန်းသိမ်းပါ။” ဒါဆိုရင် ကျွန်တော်တို့ စိတ်ဆိုးအောင် လုပ်နေမှန်း သတိမထားမိသူတွေကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်နိုင်တယ်။ (ဧ. ၄:၂၊ ၃) စိတ်ရင်းမှန်နဲ့ ခွင့်လွှတ်တယ်ဆိုရင် “နစ်နာမှုတွေကို မမှတ်ထား” ဖို့ ကိုယ့်အတွေးကို ထိန်းချုပ်နိုင်မယ်။ (၁ ကော. ၁၃:၄၊ ၅) အငြိုးအာဃာတ ထားနေမယ်ဆိုရင် ညီအစ်ကို/မတွေနဲ့ ဆက်ဆံရေးသာမက ယေဟောဝါ နဲ့ ဆက်ဆံရေးကိုပါ ထိခိုက်နိုင်တယ်။ (မ. ၆:၁၄၊ ၁၅) ကိုယ့်အပေါ် ပြစ်မှားတဲ့သူတွေအတွက် ဆုတောင်းပေးခြင်းအားဖြင့် စိတ်ရင်းမှန်နဲ့ ခွင့်လွှတ်ကြောင်း ဖော်ပြနိုင်တယ်။—လု. ၆:၂၇၊ ၂၈။
၁၆။ ယေဟောဝါရဲ့ အမှုတော်မှာ ရရှိတဲ့ အခွင့်ထူးတွေကို ဘယ်လို ရှုမြင်သင့်သလဲ။
၁၆ စွန့်လွှတ်အနစ်နာခံပါ။ ယေဟောဝါရဲ့ အမှုတော်မှာ အခွင့်ထူးတွေ ရရှိထားတယ်ဆိုရင် မေတ္တာစစ် တင်ပြနိုင်တဲ့ အခွင့်အရေးအဖြစ် ရှုမြင်ပြီး “ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာ” သင့်တယ်။ (၁ ကော. ၁၀:၂၄) ဥပမာ၊ အစည်းအဝေးပွဲတွေ၊ အစည်းအဝေးကြီးတွေမှာ တခြားသူတွေထက် တာဝန်ကျဧည့်ကြိုတွေ အရင်ဝင်ရတယ်။ ကိုယ့်တာဝန်ကို ကိုယ်တိုင်နဲ့ မိသားစုတွေအတွက် အကောင်းဆုံးထိုင်ခုံ ဦးဖို့ အခွင့်အရေးအဖြစ် မရှုမြင်ဘဲ ဒီညီအစ်ကိုများစွာဟာ ကိုယ်တာဝန်ကျတဲ့နေရာမှာ၊ သိပ်အဆင်မပြေတဲ့ထိုင်ခုံမှာ ထိုင်ကြတယ်။ ဒီလိုစွန့်လွှတ်အနစ်နာခံခြင်းအားဖြင့် ကိုယ်ကျိုးမရှာတဲ့ မေတ္တာ တင်ပြကြတယ်။ သူတို့ရဲ့ ပုံသက်သေကောင်းကို ဘယ်လို တုပနိုင်သလဲ။
၁၇။ မေတ္တာစစ်က ကြီးလေးတဲ့အပြစ် ကျူးလွန်သူကို ဘာလုပ်ဖို့ လှုံ့ဆော်ပေးမလဲ။
၁၇ တိတ်တဆိတ် ကျူးလွန်တဲ့အပြစ်တွေကို ဝန်ခံပါ၊ စွန့်ပစ်ပါ။ ခရစ်ယာန်တချို့ဟာ အရှက်ရမှာစိုးလို့၊ တခြားသူတွေ စိတ်ပျက်မှာစိုးလို့ ကြီးလေးတဲ့အပြစ်တွေကို ဖုံးကွယ်ဖို့ ကြိုးစားကြတယ်။ (ပညာ. ၂၈:၁၃) အဲဒါက အပြစ်ကျူးလွန်သူကိုသာမက တခြားသူတွေကိုပါ ထိခိုက်နစ်နာစေလို့ မေတ္တာမဲ့ရာကျတယ်။ ဘုရားသခင့် စွမ်းအားတော် စီးဆင်းမှုကို အတားအဆီး ဖြစ်စေတယ်၊ အသင်းတော်တစ်ခုလုံးရဲ့ ငြိမ်သက်မှုကို ထိခိုက်စေတယ်။ (ဧ. ၄:၃၀) အကြီးအကဲတွေကို ဖွင့်ပြောဖို့၊ လိုအပ်တဲ့ အကူအညီတွေ ရယူဖို့ မေတ္တာစစ်က လှုံ့ဆော်ပေးတယ်။—ယာ. ၅:၁၄၊ ၁၅။
၁၈။ မေတ္တာစစ် ဘယ်လောက် အရေးကြီးသလဲ။
၁၈ အရည်အသွေးအားလုံးထဲမှာ မေတ္တာဟာ အကြီးမြတ်ဆုံးပဲ။ (၁ ကော. ၁၃:၁၃) ယေရှုရဲ့ နောက်လိုက်တွေဖြစ်ကြောင်း၊ မေတ္တာရဲ့ ပင်ရင်း ယေဟောဝါကို တုပသူတွေဖြစ်ကြောင်း ခွဲခြားဖော်ပြပေးတယ်။ (ဧ. ၅:၁၊ ၂) “မေတ္တာမရှိရင် အချည်းနှီးပဲ” လို့ ပေါလု ရေးခဲ့တယ်။ (၁ ကော. ၁၃:၂) ကျွန်တော်တို့ရဲ့ မေတ္တာကို “အပြော” လောက်နဲ့သာ မဟုတ်ဘဲ “လုပ်ရပ်နဲ့ တကယ်ပြ” ကြစို့။