မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ယေဟောဝါ​သက်သေ​တွေ​ရဲ့ စာပေတွေကို ကိုယ်ပိုင် ဝက်ဘ်ဆိုက်၊ လူမှု​မီဒီယာ​တွေ​မှာ ဘာကြောင့် တင်ခွင့်​မပြု​တာ​လဲ။

ကျမ်းစာအခြေပြု​စာပေတွေကို အခမဲ့ ဖြန့်ဝေနေတာ​ဖြစ်တဲ့​အတွက် ကူးယူပြီး တခြား​ဝက်ဘ်ဆိုက်​တွေ၊ လူမှု​မီဒီယာ​တွေ​ပေါ် တင်​တာ မမှား​ဘူးလို့ တချို့​ယူဆကြတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာက ကျွန်တော်တို့ ဝက်ဘ်ဆိုက်​ရဲ့ လိုက်နာ​ရန် စည်းကမ်းများ *​ကို ချိုးဖောက်​ရာ​ရောက်​တယ်။ အဲဒါတွေကြောင့် ပြဿနာတွေ တက်​ခဲ့​တယ်။ လိုက်နာ​ရန်​စည်းကမ်း​မှာ ဖော်ပြထား​သလို ဘယ်သူမှ “ဒီ​ဝက်ဘ်ဆိုက်​မှာ တင်ထားတဲ့ ပန်းချီ​တွေ၊ အီလက်ထရောနစ်​စာပေ​တွေ၊ အမှတ်တံဆိပ်​တွေ၊ တေးဂီတ၊ ဓာတ်ပုံတွေ၊ ဗီဒီယို​တွေ၊ ဆောင်းပါး​တွေကို တခြား​ဝက်ဘ်ဆိုက်၊ ဖိုင်​တွေ ဖြန့်ဝေပေး​နိုင်​တဲ့ ဆိုက်၊ လူမှုဆက်သွယ်ရေး ကွန်ရက်​အပေါ် တင်​ခြင်း မပြု​ရ​ပါ။” ဒီစည်းကမ်းချက်​တွေ ချမှတ်​ဖို့ ဘာကြောင့် လိုအပ်​သလဲ။

ကျွန်တော်တို့ရဲ့ မူပိုင်​စာပေတွေကို တခြား​ဝက်ဘ်ဆိုက်​တွေ​ပေါ် တင်ခွင့်​မရှိဘူး

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်​မှာ တင်ထား​သမျှ​ဟာ မူပိုင်​ဖြစ်တယ်။ အယူဖောက်ပြန်သူတွေ၊ ဆန့်ကျင်သူ​တွေ​က သူတို့ရဲ့ ဝက်ဘ်ဆိုက်​မှာ ကျွန်တော်တို့ရဲ့ စာပေတွေကို​တင်ပြီး ယေဟောဝါ​သက်သေ​တွေ​နဲ့ တခြား​သူတွေကို ထင်ယောင်ထင်မှား ဖြစ်စေတယ်။ အဲဒီ​ဝက်ဘ်ဆိုက်​တွေ​က စာဖတ်​သူတွေကို သံသယစိတ်​ဝင်​လာစေဖို့ ဖြစ်တယ်။ (ဆာ. ၂၆:၄။ ပညာ. ၂၂:၅) တချို့ကျတော့ ကျွန်တော်တို့ရဲ့ စာပေ​တွေ​နဲ့ jw.org တံဆိပ်​ကို ကြော်ငြာတွေမှာ၊ ကုန်ပစ္စည်း ရောင်းချ​ရာမှာ၊ မို​ဘိုင်း app​s တွေ​မှာ သုံး​ကြ​တယ်။ မူပိုင်ခွင့်နဲ့ အမှတ်တံဆိပ်​တွေကို ကာကွယ်​ထားတဲ့အတွက် အဲဒီလို တလွဲသုံး​တာကို ဥပဒေ​အရ တား​ဆီး​ပိတ်ပင်​နိုင်တယ်။ (ပညာ. ၂၇:၁၂) ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်​မှာ တင်​ထားတာတွေကို တခြား​ဝက်ဘ်ဆိုက်​တွေ​မှာ​တင်​ဖို့၊ ကုန်ပစ္စည်း​ရောင်းချ​ရာမှာ jw.org တံဆိပ်​ကို သုံး​ဖို့ ညီအစ်ကိုတွေနဲ့ တခြား​သူတွေကို တမင်​ခွင့်ပြု​ထားခဲ့​မယ်ဆိုရင် ဆန့်ကျင်သူ​တွေ​နဲ့ စီးပွားရေး​လုပ်ငန်း​တွေကို ကျွန်တော်တို့ တားမြစ်​တဲ့​အ​ခါ တရားရုံး​က ကူညီပေးမှာ မဟုတ်ဘူး။

ကျွန်တော်တို့ရဲ့ စာပေတွေကို jw.org က​နေ မဟုတ်ဘဲ တခြား​နေရာ​က​နေ ကူးယူ​တာ​က အန္တရာယ်​ရှိ​နိုင်တယ်။ ယေဟောဝါ​က အချိန်တန်​အစာကို ပေးဖို့ “သစ္စာနဲ့​သတိ​ပညာရှိ​တဲ့ ကျွန်” ကိုပဲ တာဝန်​ပေးထားတယ်။ (မ. ၂၄:၄၅) အဲဒီ “ကျွန်” က အချိန်တန်အစာ ဝေငှ​ပေးဖို့ www.pr418.comtv.pr418.comwol.pr418.com ကိုပဲ အသုံးပြု​နေတယ်။ မို​ဘိုင်း​ကိရိယာတွေ​အတွက် တရားဝင် app​s သုံးခု​ဖြစ်တဲ့ JW Language®JW Library®JW Library Sign Language® ကိုပဲ အသုံးပြု​နေတယ်။ အဖွဲ့အစည်း​သုံး​နေတဲ့ ဝက်ဘ်ဆိုက်​တွေ​မှာ ကြော်ငြာတွေ၊ စာတန့်​လောကရဲ့ ညစ်ညမ်းမှု​တွေ​နဲ့ လုံးဝ​ကင်း​တယ်။ တခြား​ဝက်ဘ်ဆိုက်​တွေကနေ အချိန်တန်​အစာကို ကူးယူ​မယ်ဆိုရင် ပြုပြင်ပြောင်းလဲ​ထားတာ​တွေ ပါ​လာနိုင်တယ်။—ဆာ. ၁၈:၂၆။ ၁၉:၈

ကျွန်တော်တို့ရဲ့ စာပေတွေကို တခြား​ဝက်ဘ်ဆိုက်​ပေါ် တင်​မယ်ဆိုရင် အယူဖောက်ပြန်သူတွေ​နဲ့ အပြစ်ရှာသူ​တွေ​ရဲ့ မှတ်ချက်​တွေ ပါ​လာပြီး ယေဟောဝါ​အဖွဲ့အစည်း​ကို သံသယဝင်​စေနိုင်တယ်။ တချို့​ညီအစ်ကို​တွေ​က အွန်လိုင်း​မှာ ဆွေးနွေး​ငြင်းခုံမှု​တွေ လုပ်ပြီး ယေဟောဝါ​ဘုရားရဲ့​နာမည်ကို ရှုတ်ချ​စ​ရာ ဖြစ်စေခဲ့​ကြ​တယ်။ အမှန်​တော့ အွန်လိုင်း​ဖိုရမ်​က “သဘောချင်း​မတူ​တဲ့​သူ​ကို နူးညံ့သိမ်မွေ့စွာ သွန်သင်” ပေး​တဲ့​နေရာ မဟုတ်ဘူး။ (၂ တိ. ၂:၂၃-၂၅။ ၁ တိ. ၆:၃-၅) အဖွဲ့အစည်း၊ အုပ်ချုပ်ရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးစီ​ရဲ့​နာမည်​နဲ့ လူမှု​မီဒီယာ​အကောင့် အတု​တွေ၊ ဝက်ဘ်ဆိုက်​တွေ ဖွင့်​ထားတာ​လည်း ရှိတယ်။ တကယ်တော့ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ယောက်​မှ ကိုယ်ပိုင် ဝက်ဘ်ပေ့ခ်ျ မ​ဖွင့်​ထား​သလို လူမှု​မီဒီယာ​ဆိုက် တစ်ခုခု​မှာ ပါဝင်​တာ​လည်း မရှိပါဘူး။

jw.org ကို ဝင်​ကြည့်ဖို့ လူတွေကို အား​ပေးတာ​က “သတင်း​ကောင်း” ကို ပျံ့နှံ့​စေတယ်။ (မ. ၂၄:၁၄) အမှုဆောင်မှာ​ အသုံး​ပြု​တဲ့​ ဒီဂျစ်တယ် နည်းပညာ​တွေကို အမြဲ​အဆင့်မြှင့်​တင်​ပေးနေ​တယ်။ အဲဒါတွေ​က​နေ အားလုံးကို အကျိုး​ရစေ​ချင်​တယ်။ ဒါကြောင့် လိုက်နာ​ရန် စည်းကမ်းများ​မှာ ပါတဲ့​အတိုင်း jw.org က စာပေ​တစ်ခုကို အီမေးလ်​နဲ့ ပို့ပေး​နိုင်တယ်၊ ဒါမှမဟုတ် လင့်ခ်​ကို ပို့ပေး​နိုင်တယ်။ ကျွန်တော်တို့ရဲ့ တရားဝင်​ဝက်ဘ်ဆိုက်ကို ဝင်ကြည့်​ဖို့ စိတ်​ဝင်​စား​သူတွေကို အား​ပေးတာ​က အချိန်တန်​အစားအစာ ဝေပေး​နေတဲ့ “သစ္စာနဲ့ သတိ​ပညာရှိ ကျေးကျွန်” နဲ့ ဆက်သွယ်​ပေး​နေတာ​ဖြစ်တယ်။

^ အပိုဒ်၊ 3 jw.org/mya ပင်မ​စာမျက်နှာ​ရဲ့ အောက်ခြေ​မှာ လိုက်နာ​ရန် စည်းကမ်းများ​ကို ချိတ်ဆက်​ပေး​တဲ့ လင့်​ခ် ပါတယ်။ အဲဒီ​မှာပါတဲ့ တားမြစ်ချက်​တွေ​ဟာ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်​မှာ တင်ထား​ရာ​မှန်သမျှ​နဲ့ သက်ဆိုင်​တယ်။