အချင်းချင်း အားပေးဖို့ “ပိုကြိုးစားအားထုတ်ကြပါ”
“အချင်းချင်း ထောက်ထားစာနာကြစို့။ . . . အချင်းချင်း အားပေးကြပါ။ ဘုရားသခင်ရဲ့နေ့ရက် နီးလာတာကို သိနေတဲ့အတွက် ပိုကြိုးစားအားထုတ်ကြပါ။” —ဟီ. ၁၀:၂၄၊ ၂၅။
၁။ အချင်းချင်း အားပေးရာမှာ “ပိုကြိုးစားအားထုတ်” ဖို့ ဟီဘရူးခရစ်ယာန်တွေကို တမန်တော်ပေါလု ဘာကြောင့် တိုက်တွန်းသလဲ။
အားပေးဖို့ ဘာကြောင့် ပိုကြိုးစားအားထုတ်သင့်သလဲ။ အကြောင်းရင်းကို ဟီဘရူးခရစ်ယာန်တွေဆီ ရေးတဲ့စာမှာ တမန်တော်ပေါလု ဒီလို ပြောတယ်– “မေတ္တာစိတ် ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေးပြီး အချင်းချင်း ထောက်ထားစာနာကြစို့။ လူတချို့မှာ အတူတကွ စည်းဝေးတာကို လျစ်လျူရှုတဲ့ထုံးစံ ရှိနေတယ်။ ခင်ဗျားတို့ကတော့ အတူတကွ စည်းဝေးတာကို လျစ်လျူမရှုကြပါနဲ့။ အချင်းချင်း အားပေးကြပါ။ ဘုရားသခင်ရဲ့နေ့ရက် နီးလာတာကို သိနေတဲ့အတွက် ပိုကြိုးစားအားထုတ်ကြပါ။” (ဟီ. ၁၀:၂၄၊ ၂၅) ငါးနှစ်အတွင်းမှာပဲ ဂျေရုဆလင်မှာရှိတဲ့ ခရစ်ယာန်တွေဟာ ‘ယေဟောဝါရဲ့ နေ့’ နီးလာတာကို မြင်ရပြီး ယေရှုပြောတဲ့အတိုင်း မြို့ကနေ ထွက်ပြေးရတော့မယ့် နိမိတ်ကို တွေ့ရမှာ ဖြစ်တယ်။ (တ. ၂:၁၉၊ ၂၀။ လု. ၂၁:၂၀-၂၂) အေဒီ ၇၀ မှာ ဂျေရုဆလင်ကို ရောမတွေ ဖျက်ဆီးတဲ့အခါ ယေဟောဝါရဲ့နေ့ ရောက်လာတယ်။
၂။ အခုအချိန်မှာ အချင်းချင်း အားပေးဖို့ ဘာကြောင့် ပိုလိုအပ်သလဲ။
ယောလ ၂:၁၁) ပရောဖက် ဇေဖနိက “ယေဟောဝါရဲ့နေ့ကြီး နီးနေပြီ။ နီးနေပြီ။ အလျင်အမြန် လာနေပြီ” လို့ပြောတယ်။ (ဇေ. ၁:၁၄) အဲဒီသတိပေးချက်ဟာ ကျွန်တော်တို့နဲ့လည်း သက်ဆိုင်တယ်။ ယေဟောဝါရဲ့နေ့ နီးကပ်လာတဲ့အတွက် ပေါလုက “မေတ္တာစိတ်ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေးပြီး အချင်းချင်း ထောက်ထားစာနာ” ဖို့ ပြောခဲ့တယ်။ (ဟီ. ၁၀:၂၄) ဒါကြောင့် လိုအပ်တဲ့အခါတိုင်း အားပေးနိုင်ဖို့ ညီအစ်ကိုတွေကို ပိုပြီးစိတ်ဝင်စားသင့်တယ်။
၂ အခုအချိန်မှာလည်း ယေဟောဝါရဲ့ “ကြောက်ရွံ့ထိတ်လန့်ဖွယ် နေ့ကြီး” နီးကပ်နေပြီ။ (ဘယ်သူတွေ အားပေးမှု လိုအပ်သလဲ
၃။ အားပေးမှုအကြောင်း တမန်တော်ပေါလု ဘာပြောသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၃ “စိုးရိမ်ပူပန်မှုဟာ စိတ်ဓာတ်ကျစေတယ်။ ကောင်းတဲ့စကားကတော့ စိတ်အားတက်စေတယ်။” (ပညာ. ၁၂:၂၅) ကျွန်တော်တို့အားလုံး မကြာမကြာ အားပေးမှု လိုအပ်တယ်။ တခြားသူတွေကို အားပေးဖို့ တာဝန်ရှိသူတွေလည်း အားပေးမှု လိုအပ်တယ်လို့ ပေါလု ပြောတယ်။ ရောမမြို့က ခရစ်ယာန်တွေကို သူဒီလိုရေးတယ်– “ခင်ဗျားတို့ကို သိပ်တွေ့ချင်တယ်။ ဘုရားသခင်ဆီက ဆုကျေးဇူးကို ဝေမျှပေးပြီး ခင်ဗျားတို့ကို မြဲမြံခိုင်ခံ့စေချင်လို့ပါ။ တစ်နည်းအားဖြင့် ခင်ဗျားတို့ရော ကျွန်တော်ပါ ကိုယ့်ရဲ့ယုံကြည်ခြင်းအားဖြင့် အပြန်အလှန် အားပေးခွင့်ရချင်လို့ပါ။” (ရော. ၁:၁၁၊ ၁၂) တခြားသူတွေကို အထူးတလည် အားပေးခဲ့တဲ့ ပေါလုတောင်မှ အားပေးမှု လိုအပ်တယ်။—ရောမ ၁၅:၃၀-၃၂ ကိုဖတ်ပါ။
၄၊ ၅။ ဒီနေ့ ဘယ်သူတွေကို အားပေးနိုင်သလဲ။ ဘာကြောင့်လဲ။
၄ ကိုယ်ကျိုးစွန့်သူတွေကို ချီးမွမ်းသင့်တယ်။ ဥပမာ၊ သစ္စာရှိရှေ့ဆောင်တွေပေါ့။ ရှေ့ဆောင်လုပ်နိုင်ဖို့ သူတို့ အတော် ကိုယ်ကျိုးစွန့်ခဲ့ရတယ်။ သာသနာပြု၊ ဗေသလအိမ်သား၊ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီး၊ ဘာသာပြန်ရုံးခွဲမှာ အမှုဆောင်သူတွေလည်း အလားတူပါပဲ။ အမှုတော်မြတ်မှာ ဘဝကို မြှုပ်နှံနိုင်ဖို့ အတော်လေး ကိုယ်ကျိုးစွန့်ခဲ့ကြရတယ်။ ဒါကြောင့် သူတို့ကို အားပေးဖို့ လိုတယ်။ အခြေအနေအရ အချိန်ပြည့် အမှုမဆောင်နိုင်သူတွေကိုလည်း အားပေးဖို့ လိုတယ်။
၅ “သခင့် နောက်လိုက်ဖြစ်သူနဲ့ပဲ” လက်ထပ်ပါဆိုတဲ့ မိန့်မှာချက်ကို လိုက်နာချင်လို့ တစ်ကိုယ်ရေ နေကြတဲ့ ညီအစ်ကို/မတွေကိုလည်း အားပေးသင့်ပါတယ်။ (၁ ကော. ၇:၃၉) အလုပ်ကြိုးစားတဲ့ ဇနီးတွေဟာ ခင်ပွန်းရဲ့ အားပေးစကားတွေကို ကြားချင်ကြတယ်။ (ပညာ. ၃၁:၂၈၊ ၃၁) ညှဉ်းပန်းနှိပ်စက်မှုခံရတဲ့၊ ဖျားနာနေတဲ့ သစ္စာရှိ ခရစ်ယာန်တွေလည်း အားပေးစကားတွေ ကြားချင်ကြတယ်။ (၂ သက်. ၁:၃-၅) ယေဟောဝါနဲ့ ယေရှုက သစ္စာရှိကျေးကျွန်အားလုံးကို နှစ်သိမ့်ပေးတယ်။—၂ သက်သာလောနိတ် ၂:၁၆၊ ၁၇ ကို ဖတ်ပါ။
အကြီးအကဲတွေ ကြိုးစားအားပေးကြ
၆။ အကြီးအကဲတွေရဲ့ တာဝန်ကို ဟေရှာယ ၃၂:၁၊ ၂ မှာ ဘယ်လို ဖော်ပြထားသလဲ။
၆ ဟေရှာယ ၃၂:၁၊ ၂ ကိုဖတ်ပါ။ ယေရှုခရစ်က ဘိသိက်ခံ ညီတွေနဲ့ အခြားသိုးဝင် အကြီးအကဲ “မင်းညီမင်းသားတွေ” ကတစ်ဆင့် စိတ်ဓာတ်ကျနေသူတွေကို အားပေး လမ်းညွှန်တယ်။ အဲဒီအကြီးအကဲတွေဟာ တခြားသူတွေရဲ့ ယုံကြည်ခြင်းကို “ထိန်းချုပ်” နေသူတွေ မဟုတ်ဘဲ ညီအစ်ကိုတွေကို ပျော်ရွှင်စေချင်တဲ့ “လုပ်ဖော်ဆောင်ဖက်တွေ” ဖြစ်လို့ အဲဒီအတိုင်း လုပ်ဆောင်သင့်တယ်။—၂ ကော. ၁:၂၄။
၇၊ ၈။ အကြီးအကဲတွေဟာ အားပေးစကား ပြောရုံသာမက ဘယ်လို တည်ဆောက်ပေးနိုင်သလဲ။
၇ တမန်တော် ပေါလု ပုံသက်သေပြခဲ့တယ်။ သက်သာလောနိတ်မြို့က နှိပ်စက်ခံနေရတဲ့ ခရစ်ယာန်တွေကို ဒီလို စာရေးခဲ့တယ်– “ခင်ဗျားတို့ကို ချစ်ခင်မြတ်နိုးလွန်းလို့ ဘုရားသခင်ရဲ့ သတင်းကောင်းကို ဝေမျှဖို့သာမက အသက်ကိုပေးဖို့တောင် အသင့်ပါပဲ။ ခင်ဗျားတို့ဟာ ကျွန်တော်တို့ ချစ်မြတ်နိုးရသူတွေ ဖြစ်လာလို့ပါ။”—၁ သက်. ၂:၈။
တ. ၂၀:၃၅) ပေါလုက အားပေးစကား ပြောရုံလောက်ပဲ မဟုတ်ဘူး။ “ကိုယ့်မှာရှိသမျှကိုသာမက ကိုယ့်ကိုယ်ကိုယ်တောင် ပေးအပ်ဖို့ အသင့်” ရှိခဲ့တယ်။ (၂ ကော. ၁၂:၁၅) အဲဒီလိုပဲ အကြီးအကဲတွေက ညီအစ်ကိုတွေကို အားပေးနှစ်သိမ့်စကား ပြောရုံသာမက စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားကြောင်းပြပြီး တည်ဆောက်ပေးသင့်တယ်။—၁ ကော. ၁၄:၃။
၈ အားပေးစကား ပြောရုံနဲ့ မလုံလောက်ဘူး။ ဧဖက်အသင်းတော်က အကြီးအကဲတွေကို ပေါလုက “အားနည်းသူတွေကို ထောက်မပေးဖို့၊ ‘ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်’ ဆိုတဲ့ သခင်ယေရှုရဲ့စကားကို အမြဲအမှတ်ရနေ” ဖို့ ပြောခဲ့တယ်။ (၉။ အကြီးအကဲတွေဟာ အားပေးမှုဖြစ်စေတဲ့နည်းနဲ့ ဘယ်လို အကြံပေးနိုင်သလဲ။
၉ အချင်းချင်း အားပေးတည်ဆောက်ရာမှာ အကြံပေးတာလည်း ပါနိုင်တယ်။ ဒါပေမဲ့ အားရှိစရာဖြစ်အောင် အကြံပေးနိုင်ပုံနဲ့ပတ်သက်တဲ့ ကျမ်းစာပုံနမူနာကို အကြီးအကဲတွေ လိုက်နာသင့်တယ်။ သေဆုံးပြီး ရှင်ပြန်ထမြောက်လာတဲ့ ယေရှုက ထူးခြားတဲ့ ပုံသက်သေပြခဲ့တယ်။ အာရှမိုင်းနား အသင်းတော်တချို့ကို ကြပ်ကြပ်မတ်မတ် ဆုံးမဖို့ လိုနေပေမဲ့ ဘယ်လို အကြံပေးခဲ့တယ်ဆိုတာ သတိပြုကြည့်ပါ။ ဧဖက်၊ ပေရဂံ၊ သွာတိရအသင်းတော်တွေကို ချီးမွမ်းပြီးမှ အကြံပေးခဲ့တယ်။ (ဗျာ. ၂:၁-၅၊ ၁၂၊ ၁၃၊ ၁၈၊ ၁၉) လောဒိကိ အသင်းတော်ကို “ငါက ချစ်ခင်မြတ်နိုးသူ အားလုံးကို ဆုံးမပဲ့ပြင်တတ်တယ်။ ဒါကြောင့် စိတ်အားထက်သန်ပါ။ နောင်တရပါ” လို့ ပြောခဲ့တယ်။ (ဗျာ. ၃:၁၉) အကြီးအကဲတွေလည်း အကြံပေးတဲ့အခါ ယေရှုရဲ့ ပုံနမူနာကို လိုက်သင့်တယ်။
အကြီးအကဲတွေရဲ့ တာဝန်ပဲ မဟုတ်
မိဘတို့၊ အားပေးတတ်ဖို့ သားသမီးတွေကို လေ့ကျင့်ပေးနေသလား (အပိုဒ် ၁၀ ကိုကြည့်ပါ)
၁၀။ အချင်းချင်း ဘယ်လို အားပေးတည်ဆောက်နိုင်မလဲ။
၁၀ အကြီးအကဲတွေမှာပဲ အားပေးရတဲ့တာဝန် ရှိတာမဟုတ်ဘူး။ “အကျိုးရှိစေတဲ့စကား ဖြစ်နိုင်ဖို့ အချိန်အခါကိုကြည့်ပြီး ကောင်းတဲ့စကားကိုပဲ အပြုသဘောပါပါ ပြောကြပါ” လို့ ခရစ်ယာန်အားလုံးကို ပေါလု တိုက်တွန်းတယ်။ (ဧ. ၄:၂၉) တခြားသူတွေရဲ့ လိုအပ်ရာကို မြင်တတ်ဖို့ ကြိုးစားသင့်တယ်။ ပေါလုက ဟီဘရူး ခရစ်ယာန်တွေကို “အားလျော့နေတဲ့ လက်တွေ၊ တုန်ယင်နေတဲ့ ဒူးတွေကို ခိုင်ခံ့စေပါ။ ကိုယ်သွားမယ့်လမ်းတွေကို အမြဲဖြောင့်ဖြူးစေပါ။ ဒါမှ ခြေမသန်တဲ့သူတွေဟာ အဆစ်လွဲသွားမယ့်အစား ပြန်ကောင်းလာနိုင်လိမ့်မယ်” လို့ ပြောတယ်။ (ဟီ. ၁၂:၁၂၊ ၁၃) လူငယ်တွေ အပါအဝင် ကျွန်တော်တို့အားလုံး အားပေးစကား ပြောနိုင်ပါတယ်။
၁၁။ စိတ်ကျဝေဒနာ ခံစားနေရတဲ့ အချိန်မှာ ညီအစ်မမာသ ဘယ်လို အကူအညီ ရခဲ့သလဲ။
၁၁ စိတ်ကျဝေဒနာ ခံစားနေရတဲ့ ညီအစ်မ မာသ * ဒီလိုရေးတယ်– “တစ်နေ့၊ အားပေးမှုရဖို့ ဆုတောင်းနေတုန်း သက်ကြီးညီအစ်မတစ်ယောက် ကျွန်မကို ကြင်ကြင်နာနာ စကားလာပြောတယ်။ ကျွန်မလိုပဲ သူလည်း ကြုံခဲ့ဖူးတယ်လို့ ပြောပြတယ်။ ဒါနဲ့ ကျွန်မတစ်ယောက်တည်း မဟုတ်ပါလားဆိုပြီး အားရှိလာတယ်။” သူ့စကားကြောင့် ညီအစ်မမာသ ဘယ်လောက် အားရှိသွားတယ်ဆိုတာ သက်ကြီးညီအစ်မ သိချင်မှသိမယ်။
၁၂၊ ၁၃။ ဖိလိပ္ပိ ၂:၁-၄ မှာပါတဲ့ အကြံဉာဏ်ကို ဘယ်လို ကျင့်သုံးနိုင်သလဲ။
၁၂ ဖိလိပ္ပိအသင်းတော်ကို ပေါလု ဒီလို အကြံပြုတယ်– “ခင်ဗျားတို့က ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိမယ်ဆိုရင်၊ မေတ္တာစိတ်နဲ့ သူတစ်ပါးကို နှစ်သိမ့်ပေးမယ်ဆိုရင်၊ သူတစ်ပါးကို ချစ်ခင်စာနာပြီး စိုးရိမ်ပေးမယ်ဆိုရင်၊ တစ်စိတ်တစ်သဘောတည်း ရှိကြပါ။ အပြန်အလှန် ချစ်ကြပါ။ တစ်စည်းတစ်လုံးတည်း ရှိကြပါ။ စိတ်သဘော တညီတညွတ်တည်း ရှိကြပါ။ ဒီနည်းနဲ့ ကျွန်တော် အပြည့်အဝ ပျော်ရွှင်သွားအောင် လုပ်ကြပါ။ ငြင်းခုံရန်တွေ့ချင်တဲ့စိတ်၊ အတ္တစိတ်နဲ့ ဘာမှမလုပ်ကြပါနဲ့။ စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။ ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။”—ဖိ. ၂:၁-၄။
၁၃ ကျွန်တော်တို့အားလုံး သူတစ်ပါးအကျိုးကို ထည့်စဉ်းစားပေးသင့်တယ်။ ညီအစ်ကို/မတွေကို အားပေးနိုင်ဖို့ ‘မေတ္တာစိတ်နဲ့ နှစ်သိမ့်’ ပေးသင့်တယ်၊ ‘ချစ်ခင်စာနာပြီး စိုးရိမ်ပေး’ သင့်တယ်။
အားပေးမှု ရနိုင်တဲ့နည်းများ
၁၄။ ဘာက အားပေးမှုဖြစ်စေနိုင်သလဲ။
၁၄ “ကျွန်တော့်ရဲ့ သားသမီးတွေ အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေတဲ့အကြောင်း ကြားသိရတာထက် ပိုဝမ်းသာစရာကောင်းတဲ့သတင်း မရှိတော့ပါဘူး” လို့ တမန်တော် ယောဟန် ရေးခဲ့တယ်။ အဲဒီလိုပဲ ကိုယ်ကူညီပေးခဲ့သူတွေ သစ္စာရှိနေတဲ့အကြောင်း ကြားသိရတဲ့အခါ ကျွန်တော်တို့ အားရှိကြတယ်။ (၃ ယော. ၄) ရှေ့ဆောင်အတော်များများလည်း ဟိုးအရင်က အမှန်တရားရဖို့ သူတို့ ကူညီပေးခဲ့တဲ့သူတွေ ဆက်သစ္စာရှိနေပြီး ရှေ့ဆောင်လုပ်နေကြတယ်ဆိုတဲ့ သတင်းကြားရတဲ့အခါ အားရှိကြတယ်။ စိတ်ဓာတ်ကျနေတဲ့ ရှေ့ဆောင်တစ်ယောက်ကို အရင်ကပျော်ရွှင်မှုတွေအကြောင်း ပြောလိုက်တာနဲ့ ပြန်အားရှိသွားနိုင်တယ်။
၁၅။ သစ္စာရှိရှိ အမှုဆောင်နေသူတွေကို ဘယ်လို အားပေးနိုင်သလဲ။
၁၅ တိုက်နယ်ကြီးကြပ်မှူး ဇနီးမောင်နှံတွေဟာ အသင်းတော်ကို လည်ပတ်ပြီးနောက် ကျေးဇူးတင်စာ ရတဲ့အခါ သိပ်အားရှိသွားတယ်လို့ ပြောကြတယ်။ အဲဒီလိုပဲ အကြီးအကဲတွေ၊ သာသနာပြုတွေ၊ ရှေ့ဆောင်တွေနဲ့ ဗေသလအိမ်သားတွေလည်း သစ္စာရှိရှိအမှုဆောင်တဲ့အတွက် ကျေးဇူးတင်စကားတွေ ကြားရတဲ့အခါ အားရှိသွားကြတယ်။
အားလုံး အားပေးနိုင်ကြ
၁၆။ တခြားသူကို အားပေးဖို့ ခက်သလား။
၁၆ ကိုယ်က သိပ်စကားမပြောတတ်တဲ့သူ ဖြစ်တဲ့အတွက် အားမပေးနိုင်ဘူးလို့ ထင်ရင် မှားမယ်။ အားပေးဖို့ ဘာမှ မခက်ပါဘူး။ ကိုယ့်ဘက်က ပြုံးပြနှုတ်ဆက် လိုက်ရုံပဲ။ တစ်ဖက်က ပြန်မပြုံးပြရင် သူ့မှာ ပြဿနာရှိနေလို့ ဖြစ်မယ်။ အဲဒီအခါ သူရင်ဖွင့်တာကို နားထောင်ပေးလိုက်ရုံနဲ့ နှစ်သိမ့်မှုဖြစ်စေနိုင်တယ်။—ယာ. ၁:၁၉။
၁၇။ ညီအစ်ကိုငယ်တစ်ယောက် စိတ်ဓာတ်ကျချိန်မှာ ဘယ်လို အကူအညီ ရခဲ့သလဲ။
ဆာလံ ၄၆၊ ဇေဖနိ ၃:၁၇ နဲ့ မာကု ၁၀:၂၉၊ ၃၀ ကိုဖတ်ပြီး သူအားရှိသွားတယ်။
၁၇ ဟင်နရီဆိုတဲ့ ညီအစ်ကိုငယ်တစ်ယောက်ဟာ အကြီးအကဲဖြစ်ခဲ့ဖူးတဲ့ ဖခင်နဲ့ ဆွေမျိုးတွေ အသင်းတော်ကနေ ထွက်သွားတဲ့အခါ အတော် စိတ်ဓာတ်ကျခဲ့တယ်။ ဒါနဲ့ တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်က ဟင်နရီကို ဆိုင်ခေါ်သွားပြီး ကော်ဖီသောက်ရင်း ရင်ဖွင့်စကားပြောတာကို နားထောင်ပေးတယ်။ ဆွေမျိုးတွေ အမှန်တရားထဲ ပြန်ဝင်လာအောင် ကူညီပေးနိုင်တဲ့ တစ်ခုတည်းသော နည်းကတော့ ကိုယ်တိုင် သစ္စာရှိနေဖို့ပဲဆိုတာ သဘောပေါက်သွားတယ်။ကျွန်တော်တို့အားလုံး အချင်းချင်း အားပေးတည်ဆောက်နိုင်ကြ (အပိုဒ် ၁၈ ကိုကြည့်ပါ)
၁၈။ (က) ဘုရင် ရှောလမုန် ဘာပြောခဲ့သလဲ။ (ခ) တမန်တော် ပေါလု ဘယ်လို အကြံပေးခဲ့သလဲ။
၁၈ နှစ်သိမ့်မှုလိုတဲ့ ညီအစ်ကို/မတွေကို အားပေးနိုင်ကြောင်း မာသနဲ့ ဟင်နရီတို့ရဲ့ အဖြစ်ကနေ သိရတယ်။ “သင့်တော်တဲ့စကားနဲ့ ပြန်ပြောတဲ့အခါ ဝမ်းမြောက်ရတယ်။ သတင်းကောင်းက အရိုးတွေကို သန်စွမ်းစေတယ်” လို့ ဘုရင်ရှောလမုန် ရေးခဲ့တယ်။ (ပညာ. ၁၅:၂၃၊ ၃၀) ကင်းမျှော်စင် နဲ့ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ထဲက ဆောင်းပါးတွေကို ဖတ်ပြခြင်းအားဖြင့်လည်း စိတ်ဓာတ်ကျနေတဲ့သူတွေကို ပြန်အားတက်စေနိုင်တယ်။ ဘုရားနိုင်ငံတော်သီချင်း အတူသီဆိုတာကလည်း အားပေးမှုဖြစ်စေနိုင်တယ်။ ပေါလု ဒီလိုပြောတယ်– “ဆာလံသီချင်းတွေ၊ ဘုရားသခင်ကို ချီးမွမ်းတဲ့ သီချင်းတွေ သီဆိုပြီး၊ ဓမ္မသီချင်းတွေကို ကျေးဇူးတင်စိတ်နဲ့သီဆိုပြီး အချင်းချင်း သွန်သင်အားပေးကြပါ။ ယေဟောဝါကို လှိုက်လှိုက်လှဲလှဲ သီဆိုချီးမွမ်းကြပါ။”—ကော. ၃:၁၆။ တ. ၁၆:၂၅။
၁၉။ ရှေ့လျှောက် အချင်းချင်းအားပေးဖို့ ဘာကြောင့် ပိုအရေးကြီးလာသလဲ။ ဘာလုပ်သင့်သလဲ။
၁၉ ယေဟောဝါရဲ့နေ့ “နီးလာ” ပြီဖြစ်လို့ အချင်းချင်း အားပေးဖို့ ပိုအရေးကြီးလာတယ်။ (ဟီ. ၁၀:၂၅) ခရစ်ယာန်ချင်းတွေကို ပေါလုပြောခဲ့သလို “အခုလိုပဲ အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေးနေကြပါ။”—၁ သက်. ၅:၁၁။
^ အပိုဒ်၊ 11 အမည်လွှဲ။