လေ့လာရန် ဆောင်းပါး ၁၄
‘သူ့ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်ပါ’
“ခရစ်တော်ကိုယ်တိုင် ခင်ဗျားတို့အတွက် ဆင်းရဲဒုက္ခခံပြီး သူ့ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်စေဖို့ စံနမူနာထားခဲ့တယ်။”—၁ ပေ. ၂:၂၁။
သီချင်း ၁၃ စံနမူနာရှင် ခရစ်တော်
အကြိုသုံးသပ်ချက် *
၁-၂။ ၁ ပေတရု ၂:၂၁ မှာပါတဲ့ စကားတွေကို နားလည်ဖို့ ဘယ်ဥပမာက ကူညီပေးသလဲ။
အန္တရာယ် ထူပြောတဲ့ နှင်းတောထဲ လမ်းလျှောက်ထွက်တဲ့ အုပ်စုမှာ သင် ပါတယ်လို့ မြင်ယောင်ကြည့်ပါ။ အတွေ့အကြုံရှိ လမ်းပြက ရှေ့ကနေ ဦးဆောင်သွားလို့ နောက်မှာ ခြေရာတွေ ကျန်ရစ်ခဲ့တယ်။ သွားရင်းနဲ့ တစ်နေရာ ရောက်တော့ လမ်းပြကို မတွေ့ရတော့ဘူး။ ဒါပေမဲ့ မစိုးရိမ်ပါဘူး။ သူ့ခြေရာအတိုင်း လိုက်သွားနိုင်လို့ပဲ။
၂ ခရစ်ယာန်စစ်တွေအနေနဲ့ ကျွန်တော်တို့ဟာ အန္တရာယ် ထူပြောတဲ့ နှင်းတောလို ဆိုးသွမ်းတဲ့ လောကထဲမှာ လျှောက်လှမ်းနေကြတယ်။ ဒါပေမဲ့ ပြည့်ဝစုံလင်တဲ့ လမ်းပြအဖြစ် သားတော် ယေရှုခရစ်ကို ယေဟောဝါ ပြင်ဆင်ပေးထားတယ်။ သူ့ခြေရာကို ကျွန်တော်တို့ ထက်ကြပ်မကွာ လိုက်လျှောက်နိုင်တယ်။ (၁ ပေ. ၂:၂၁) အဲဒီကျမ်းချက်မှာ ပေတရုက ယေရှုကို လမ်းပြနဲ့ ခိုင်းနှိုင်းနေတာလို့ ကျမ်းစာ အကိုးအကား စာအုပ်တစ်အုပ်က ဆိုတယ်။ လမ်းပြလိုပဲ ယေရှုလည်း ကျွန်တော်တို့ လိုက်လျှောက်ဖို့ ခြေရာတွေ ချန်ရစ်ခဲ့တယ်။ ယေရှုရဲ့ ခြေရာကို လိုက်လျှောက်တယ်ဆိုတာ ဘာလဲ။ ဘာကြောင့် လိုက်လျှောက်သင့်သလဲ။ ဘယ်လို လိုက်လျှောက်နိုင်သလဲ။ အဲဒီမေးခွန်းသုံးခုကို ဆွေးနွေးကြည့်ကြစို့။
ယေရှုရဲ့ ခြေရာကို လိုက်လျှောက်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ
၃။ တစ်ယောက်ယောက်ရဲ့ ခြေရာကို လိုက်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။
၃ တစ်ယောက်ယောက်ရဲ့ ခြေရာကို လိုက်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ကျမ်းစာမှာ “လျှောက်လှမ်း၊” “လမ်း” ဆိုတဲ့ စကားလုံးတွေဟာ တစ်ခါတလေ လူတစ်ယောက်ရဲ့ ဘဝလမ်းစဉ်ကို ဆိုလိုတယ်။ (က. ၆:၉။ ပညာ. ၄:၂၆) လူတစ်ယောက်ရဲ့ အသက်ရှင်နေထိုင်ပုံကို လမ်းလျှောက်တဲ့အခါ ကျန်ရစ်ခဲ့တဲ့ ခြေရာ တွေနဲ့ နှိုင်းယှဉ်နိုင်တယ်။ ဒါကြောင့် တစ်ယောက်ယောက်ရဲ့ ခြေရာကို လိုက်တယ်ဆိုတာ သူ့ပုံသက်သေကို လိုက်တာ၊ တုပတာကို ဆိုလိုတယ်။
၄။ ယေရှုရဲ့ ခြေရာကို လိုက်လျှောက်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။
၄ ယေရှုရဲ့ ခြေရာကို လိုက်လျှောက်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ရိုးရိုးလေး ပြောရရင်တော့ ယေရှုရဲ့ ပုံသက်သေအတိုင်း အသက်ရှင်နေထိုင်တာကို ဆိုလိုတယ်။ ဒီဆောင်းပါးရဲ့ အဓိက ကျမ်းချက်မှာ တမန်တော် ပေတရုက ယေရှုရဲ့ ခံနိုင်ရည်အကြောင်း အဓိက ပြောနေတာ။ ဒါပေမဲ့ တခြားကဏ္ဍတွေမှာလည်း ယေရှုကို တုပနိုင်ပါတယ်။ (၁ ပေ. ၂:၁၈-၂၅) ယေရှု ပြောဆိုပြုမူသမျှ ဘဝလမ်းစဉ် တစ်ခုလုံးဟာ ကျွန်တော်တို့ လိုက်လျှောက်နိုင်တဲ့ စံနမူနာ ဖြစ်တယ်။
၅။ မစုံလင်တဲ့ လူသားတွေဟာ ယေရှုရဲ့ ပြည့်ဝစုံလင်တဲ့ ပုံနမူနာကို တုပနိုင်သလား။ ရှင်းပြပါ။
၅ မစုံလင်တဲ့ လူသားတွေမို့ ယေရှုရဲ့ ပုံနမူနာကို တုပနိုင်ပါ့မလား။ တုပနိုင်ပါတယ်။ တစ်ထပ်တည်းတော့ တုပနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ယေရှုရဲ့ ခြေရာကို အတတ်နိုင်ဆုံး အနီးကပ် လိုက်လျှောက်မယ်ဆိုရင် ‘[ယေရှု] လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်အတိုင်း အမြဲ လျှောက်လှမ်းပါ’ ဆိုတဲ့ တမန်တော် ယောဟန်ရဲ့ စကားကို နာခံနိုင်ပါလိမ့်မယ်။—၁ ယော. ၂:၆။
ယေရှုရဲ့ ခြေရာကို ဘာကြောင့် လိုက်လျှောက်ရမလဲ
၆-၇။ ယေရှုရဲ့ ခြေရာကို လိုက်လျှောက်တာက ယေဟောဝါနဲ့ ပိုရင်းနှီးစေတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။
၆ ယေရှုရဲ့ ခြေရာကို လိုက်လျှောက်တာက ယေဟောဝါနဲ့ ပိုရင်းနှီးစေတယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ပထမ၊ ဘုရား နှစ်သက်တဲ့ နည်းအတိုင်း ဘယ်လို အသက်ရှင်ရမယ်ဆိုတာ ယေရှု ပုံနမူနာ ပြခဲ့တယ်။ (ယော. ၈:၂၉) ဒါကြောင့် ယေရှုရဲ့ ခြေရာကို လိုက်လျှောက်မယ်ဆိုရင် ယေဟောဝါရဲ့ မျက်နှာသာ ရပါလိမ့်မယ်။ မိမိနဲ့ မိတ်ဆွေ ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေသူတွေနဲ့ ဘုရား ရင်းနှီးလာမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—ယာ. ၄:၈။
ယော. ၁၄:၉) အနာကြီး ရောဂါသည်ကို သနားတာ၊ ရောဂါဝေဒနာ အပြင်းအထန် ခံစားနေရတဲ့ အမျိုးသမီးကို စာနာတာ၊ ဝမ်းနည်းပူဆွေးနေတဲ့ ကျန်ရစ်သူ မိသားစုကို ထောက်ထားစာနာတာ စတဲ့ တခြားသူတွေနဲ့ ဆက်ဆံရာမှာ ယေရှု ပြခဲ့တဲ့ အရည်အသွေးတွေ၊ နည်းလမ်းတွေကို တုပတာဟာ ယေဟောဝါကို တုပရာ ရောက်တယ်။ (မာ. ၁:၄၀၊ ၄၁။ ၅:၂၅-၃၄။ ယော. ၁၁:၃၃-၃၅) ယေဟောဝါရဲ့ အရည်အသွေးတွေကို ပိုတုပလေ ဘုရားနဲ့ ပိုရင်းနှီးလေ ဖြစ်ပါလိမ့်မယ်။
၇ ဒုတိယ၊ ယေရှုဟာ ဖခင်ကို ပြည့်ဝစုံလင်စွာ တုပတယ်။ ဒါကြောင့်လည်း “ကျွန်တော့်ကို မြင်တာဟာ အဖဘုရားကို မြင်တာပဲ” လို့ ပြောနိုင်ခဲ့တယ်။ (၈။ ယေရှုရဲ့ ခြေရာကို လိုက်လျှောက်တာက ‘လောကကို အောင်နိုင်’ ဖို့ ကျွန်တော်တို့ကို ဘယ်လို ကူညီပေးမလဲ။
၈ ယေရှုရဲ့ ခြေရာကို လိုက်လျှောက်တာက ဆိုးညစ်တဲ့ လောကကြောင့် အာရုံမလွဲသွားအောင် ကျွန်တော်တို့ကို ကူညီပေးတယ်။ “ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ” လို့ မြေကြီးအသက်တာ နောက်ဆုံးညမှာ ယေရှု ပြောနိုင်ခဲ့တယ်။ (ယော. ၁၆:၃၃) ဒါက လောက အတွေးအခေါ်၊ ရည်မှန်းချက်၊ လုပ်ရပ်တွေရဲ့ ဩဇာလွှမ်းမိုးမှု မခံတာကို ဆိုလိုတယ်။ ယေဟောဝါရဲ့ နာမည် သံသယ ကင်းရှင်းစေဖို့ဆိုတဲ့ မြေကြီးပေါ် လာရတဲ့ အဓိက အကြောင်းရင်းကို ယေရှု ဘယ်တော့မှ မမေ့ဘူး။ ကျွန်တော်တို့ကော။ ဒီလောကမှာ ကျွန်တော်တို့ကို အာရုံလွဲစေနိုင်တဲ့ အရာများစွာ ရှိတယ်။ ဒါပေမဲ့ ယေရှုလိုပဲ ယေဟောဝါရဲ့ အလိုတော် ဆောင်ခြင်းကို အာရုံစိုက်မယ်ဆိုရင် ‘လောကကို အောင်နိုင်’ ပါလိမ့်မယ်။—၁ ယော. ၅:၅။
၉။ ထာဝရအသက် လမ်းပေါ် ဆက်ရှိနေဖို့ ဘာလုပ်ရမလဲ။
၉ ယေရှုရဲ့ ခြေရာကို လိုက်လျှောက်တာက ထာဝရအသက် ရစေမယ်။ ထာဝရအသက် ရဖို့ ဘာလုပ်ရမလဲလို့ ချမ်းသာတဲ့ လူငယ် မေးတဲ့အခါ “ကျွန်တော့်နောက်လိုက် လုပ်ပါ” လို့ ယေရှု ဖြေတယ်။ (မ. ၁၉:၁၆-၂၁) မိမိကို ခရစ်တော်အဖြစ် မယုံတဲ့ ဂျူးတချို့ကို ‘ကျွန်တော့်သိုးတွေက ကျွန်တော့်နောက်ကို လိုက်ကြတယ်။ ကျွန်တော်က သူတို့ကို ထာဝရအသက် ပေးတယ်’ လို့ ယေရှု ပြောတယ်။ (ယော. ၁၀:၂၄-၂၉) ယေရှုရဲ့ သွန်သင်ချက်တွေကို စိတ်ဝင်စားတဲ့ ဂျူးတရားရုံးချုပ် အဖွဲ့ဝင် နိကောဒင်ကိုလည်း ‘မိမိကို ယုံကြည်သက်ဝင်သူတိုင်း ထာဝရအသက် ရမယ်’ လို့ ယေရှု ပြောတယ်။ (ယော. ၃:၁၆) အပြောနဲ့ရော လုပ်ရပ်နဲ့ပါ ယေရှု သွန်သင်ပေးတာတွေကို ကျွန်တော်တို့ လိုက်လျှောက်ခြင်းအားဖြင့် ယေရှုကို ယုံကြည်ကြောင်း ပြကြတယ်။ ဒီနည်းအားဖြင့် ထာဝရအသက် လမ်းပေါ် ဆက်ရှိနေနိုင်ပါလိမ့်မယ်။—မ. ၇:၁၄။
ယေရှုရဲ့ ခြေရာကို ဘယ်လိုနည်းနဲ့ ထက်ကြပ်မကွာ လိုက်လျှောက်နိုင်သလဲ
၁၀။ ယေရှုအကြောင်း “သိကျွမ်း” ဖို့ ဘာလုပ်ရမလဲ။ (ယောဟန် ၁၇:၃)
၁၀ ယေရှုအကြောင်း ကောင်းကောင်း သိမှ ယေရှုရဲ့ ခြေရာကို ထက်ကြပ်မကွာ လိုက်နိုင်မယ်။ (ယောဟန် ၁၇:၃ ကိုဖတ်ပါ။) “သိကျွမ်း” ဖို့ဆိုတာ အဆက်မပြတ် လုပ်ဆောင်နေရမယ့်အရာ ဖြစ်တယ်။ ယေရှုရဲ့ အရည်အသွေး၊ အတွေးအခေါ်၊ စံနှုန်းတွေအကြောင်း သင်ယူလေ့လာခြင်း အားဖြင့် ယေရှုအကြောင်း ပိုသိအောင် လုပ်ရမယ်။ အမှန်တရားထဲမှာ ရှိတာ ဘယ်လောက်ပဲ ကြာနေပါစေ ယေဟောဝါနဲ့ သားတော်အကြောင်း “သိကျွမ်း” ဖို့ ဆက်ကြိုးစားနေရမယ်။
၁၁။ ခရစ်ဝင်ကျမ်း လေးစောင်ထဲမှာ ဘာတွေ ပါသလဲ။
၁၁ သားတော်အကြောင်း ကျွန်တော်တို့ သိကျွမ်းနိုင်ဖို့ ခရစ်ဝင်ကျမ်း လေးစောင်ကို ကျမ်းစာထဲမှာ ယေဟောဝါ ထည့်သွင်းထားတယ်။ ခရစ်ဝင်ကျမ်းတွေမှာ ယေရှုရဲ့ ဘဝအသက်တာနဲ့ အမှုဆောင်လုပ်ငန်းအကြောင်း မှတ်တမ်းတွေ ပါဝင်တယ်။ အဲဒီမှတ်တမ်းတွေက ယေရှုရဲ့ သွန်သင်ချက်၊ လုပ်ရပ်နဲ့ ခံစားချက်တွေအကြောင်း သိဖို့၊ ယေရှုရဲ့ ပုံသက်သေကို “အသေအချာ စဉ်းစား” နိုင်ဖို့ ကူညီပေးတယ်။ (ဟီ. ၁၂:၃) ခရစ်ဝင်ကျမ်းတွေထဲမှာ ယေရှုရဲ့ ခြေရာတွေ ရှိတယ်ဆိုတဲ့ သဘောပါပဲ။ ဒါကြောင့် ခရစ်ဝင်ကျမ်းတွေကို လေ့လာဆန်းစစ်ခြင်းအားဖြင့် ယေရှုအကြောင်း သိကျွမ်းလာပြီး ခြေရာကို ထက်ကြပ်မကွာ လိုက်နိုင်မယ်။
၁၂။ ခရစ်ဝင်ကျမ်းတွေကနေ ဘယ်လို အကျိုး အပြည့်အဝ ရနိုင်မလဲ။
၁၂ ခရစ်ဝင်ကျမ်းတွေကနေ အကျိုး အပြည့်အဝ ရဖို့ ဖတ်ရုံထက်မက လုပ်ရမယ်။ အချိန်ယူပြီး အသေအချာ လေ့လာ၊ တွေးတောဆင်ခြင်ရမယ်။ (ယောရှု ၁:၈ နဲ့ နှိုင်းယှဉ်ပါ။) ခရစ်ဝင်ကျမ်းတွေကို တွေးတောဆင်ခြင်ဖို့၊ သိလာတာတွေကို လက်တွေ့ကျင့်သုံးဖို့ ကူညီပေးမယ့် အကြံပြုချက် နှစ်ခုကို ဆွေးနွေးကြည့်ကြစို့။
၁၃။ ခရစ်ဝင်ကျမ်း မှတ်တမ်းတွေကို ဘယ်လိုနည်းနဲ့ အသက်ဝင်စေနိုင်သလဲ။
၁၃ ပထမ၊ ခရစ်ဝင်ကျမ်း မှတ်တမ်းတွေကို အသက်ဝင်စေပါ။ ဖြစ်နေတာတွေကို မြင်ယောင်၊ ကြားယောင်ပါ။ ဝင်ခံစားကြည့်ပါ။ အဲဒီလိုလုပ်နိုင်ဖို့ ယေဟောဝါရဲ့ အဖွဲ့အစည်းက လေ့လာမှု အထောက်အကူတွေ ပြင်ဆင်ပေးထားတယ်။ ရှေ့နောက်စကားကို လေ့လာပါ။ နောက်ခံ၊ အခြေအနေတွေအကြောင်း ရှင်းပြထားတဲ့ အချက်အလက်တွေ ရှာပါ။ တခြား ခရစ်ဝင်ကျမ်းရဲ့ ကျမ်းပြိုင်မှတ်တမ်းနဲ့ နှိုင်းယှဉ်ပါ။ တစ်ခါတလေ ခရစ်ဝင်ကျမ်းရေးသူတစ်ယောက် ချန်လှပ်ခဲ့တာကို နောက်တစ်ယောက်က အသေးစိတ် ဖော်ပြထားတာမျိုး ရှိတယ်။
၁၄-၁၅။ ခရစ်ဝင်ကျမ်း မှတ်တမ်းတွေကနေ သိလာတာတွေကို လက်တွေ့ကျင့်သုံးဖို့ ဘာလုပ်ရမလဲ။
ယော. ၁၃:၁၇) ခရစ်ဝင်ကျမ်း မှတ်တမ်းတစ်ခုကို လေ့လာဆန်းစစ်ပြီးနောက် ‘ဒီမှတ်တမ်းမှာ ပါတဲ့ သင်ခန်းစာကို ငါ့ဘဝမှာ ဘယ်လို လက်တွေ့ကျင့်သုံးမလဲ။ တခြားသူကို ကူညီဖို့ ဘယ်လို သုံးမလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ သိလာတာတွေအကြောင်း ဘယ်သူ့ကို ပြောပြရင် ကောင်းမလဲဆိုတာ စဉ်းစားပါ။ ပြီးနောက် မေတ္တာပါပါ၊ လိမ္မာပါးနပ်စွာ ဝေမျှပေးပါ။
၁၄ ဒုတိယ၊ ခရစ်ဝင်ကျမ်း မှတ်တမ်းတွေကို ဘဝမှာ လက်တွေ့ကျင့်သုံးပါ။ (၁၅ အထက်မှာ ဆွေးနွေးခဲ့တဲ့ အကြံပြုချက် နှစ်ခုကို သုံးပြီး ကျမ်းမှတ်တမ်းတစ်ခု သုံးသပ်ကြည့်ကြစို့။ ဗိမာန်တော်မှာ ယေရှု သတိပြုမိတဲ့ ဆင်းရဲတဲ့ မုဆိုးမအကြောင်း ဖြစ်တယ်။
ဆင်းရဲတဲ့ မုဆိုးမ
၁၆။ မာကု ၁၂:၄၁ မှာ မှတ်တမ်းတင်ထားတဲ့ ဖြစ်ရပ်ကို ပြောပြပါ။
၁၆ မှတ်တမ်းကို အသက်ဝင်စေပါ။ (မာကု ၁၂:၄၁ ကိုဖတ်ပါ။) ဖြစ်ရပ်ကို မြင်ယောင်ကြည့်ပါ။ အေဒီ ၃၃၊ နိသန်လ ၁၁ ရက်၊ ယေရှု မသေဆုံးခင် တစ်ပတ်လောက်မှာ ဖြစ်တယ်။ ဘာသာရေး ခေါင်းဆောင်တွေရဲ့ ဆန့်ကျင်မှုတွေကြား ဗိမာန်တော်မှာ ယေရှု တစ်နေ့လုံး သွန်သင်ဆုံးမတယ်။ စောစောတုန်းကပဲ တချို့က ယေရှုရဲ့ အခွင့်အာဏာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ကြတယ်။ တချို့ကလည်း ချောင်ပိတ်မိစေတဲ့ မေးခွန်းတွေနဲ့ အကဲစမ်းကြတယ်။ (မာ. ၁၁:၂၇-၃၃။ ၁၂:၁၃-၃၄) အဲဒါတွေ ဖြစ်ပြီးနောက် ဗိမာန်တော်ထဲက နောက်တစ်နေရာကို ယေရှု ထွက်သွားတယ်။ အမျိုးသမီး ရင်ပြင် ဖြစ်နိုင်တယ်။ ရင်ပြင် လမ်းတစ်လျှောက်မှာ အလှူငွေပုံးတွေ ရှိတယ်။ အလှူငွေပုံးတွေကို လှမ်းမြင်ရတဲ့နေရာမှာ ယေရှု ထိုင်ပြီး လူတွေ အလှူငွေ ထည့်တာကို ကြည့်နေတယ်။ ချမ်းသာသူတွေက ဒင်္ဂါး အများကြီး ထည့်ကြတယ်။ ဒင်္ဂါးတွေ များလွန်းလို့ တချွင်ချွင် ကျတဲ့အသံကို ယေရှု ကြားမှာပဲ။
၁၇။ မာကု ၁၂:၄၂ မှာ ဆင်းရဲတဲ့ မုဆိုးမ ဘာလုပ်ခဲ့သလဲ။
၁၇ မာကု ၁၂:၄၂ ကိုဖတ်ပါ။ ခဏကြာတော့ အမျိုးသမီးတစ်ယောက်ကို ယေရှု သတိထားမိတယ်။ “ဆင်းရဲတဲ့ မုဆိုးမ” ဖြစ်တယ်။ (လု. ၂၁:၂) ဆင်းရဲလွန်းလို့ အခြေခံ လိုအပ်ရာလေးတွေ ဝယ်ဖို့တောင် မနည်း ရုန်းကန်နေရပုံ ပေါ်တယ်။ အမျိုးသမီးက အလှူငွေပုံး တစ်ခုနား သွားပြီး ဒင်္ဂါးငယ်နှစ်ပြားကို အသာလေး ထည့်လိုက်တယ်။ ဒင်္ဂါး နှစ်ပြားတည်း ဖြစ်လို့ အလှူငွေပုံးထဲ ကျတဲ့အခါ ဘာအသံမှတောင် မြည်လိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ ဘယ်လောက် ထည့်လိုက်တယ်ဆိုတာ ယေရှု သိတယ်။ အဲဒီခေတ်တုန်းက သုံးနေတဲ့ ငွေကြေးမှာ တန်ဖိုး အနည်းဆုံး လက်တာ ဒင်္ဂါး နှစ်ပြားပါ။ အဲဒီငွေနဲ့ ဈေးအပေါဆုံး စာငှက် တစ်ကောင်ကိုတောင် ဝယ်လို့ မရဘူး။
၁၈။ မာကု ၁၂:၄၃၊ ၄၄ အရ မုဆိုးမရဲ့ အလှူငွေအကြောင်း ယေရှု ဘာပြောသလဲ။
၁၈ မာကု ၁၂:၄၃၊ ၄၄ ကိုဖတ်ပါ။ ဆင်းရဲတဲ့ မုဆိုးမကို ယေရှု သိပ်အထင်ကြီးလေးစားသွားတယ်။ ဒါကြောင့် တပည့်တွေကို ခေါ်ပြီး “ဒီမုဆိုးမရဲ့ အလှူငွေဟာ တခြားသူအားလုံးရဲ့ အလှူငွေထက် ပိုများတယ်” လို့ ပြောတယ်။ “တခြားသူတွေ [ချမ်းသာသူတွေ] က ပိုလျှံတဲ့ ငွေကို ထည့်ကြတာ။ ဒီမုဆိုးမကတော့ ဆင်းရဲပေမဲ့ ရှိစုမဲ့စု ဝမ်းစာကို အကုန် ထည့်လိုက်တာ” လို့ ဆက်ပြောတယ်။ သစ္စာရှိတဲ့ ဒီမုဆိုးမဟာ မိမိကို ယေဟောဝါ ဂရုစိုက်စောင့်ရှောက်မယ်ဆိုတာ ယုံကြည်စိတ်ချပြီး အဲဒီနေ့အတွက် ရှိစုမဲ့စု ငွေလေးကို အကုန်ပေးလိုက်တာ ဖြစ်တယ်။—ဆာ. ၂၆:၃။
၁၉။ ဆင်းရဲတဲ့ မုဆိုးမနဲ့ပတ်သက်တဲ့ ယေရှုရဲ့ စကားတွေကနေ ဘယ်အရေးကြီး သင်ခန်းစာ သင်ယူနိုင်သလဲ။
၁၉ မှတ်တမ်းကို ဘဝမှာ လက်တွေ့ကျင့်သုံးပါ။ ‘ဆင်းရဲတဲ့ မုဆိုးမနဲ့ပတ်သက်တဲ့ ယေရှုရဲ့ စကားတွေကနေ ဘာသင်ယူနိုင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ မုဆိုးမအကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါကို ဒီ့ထက်မက ပေးချင်ပေမဲ့ ရှိထားတဲ့ အကောင်းဆုံးကို ပေးခဲ့တယ်။ မုဆိုးမရဲ့ အလှူငွေဟာ ဖခင် ယေဟောဝါအတွက် တန်ဖိုးရှိမ. ၂၂:၃၇။ ကော. ၃:၂၃) ကျွန်တော်တို့ အတတ်နိုင်ဆုံး လုပ်ဆောင်နေတာကို ကြည့်ပြီး ယေဟောဝါ သိပ်ပျော်တယ်။ ဒါက အမှုဆောင်လုပ်ငန်း၊ အစည်းအဝေး အပါအဝင် ဝတ်ပြုရေးအတွက် ကျွန်တော်တို့ သုံးတဲ့ အချိန်၊ ခွန်အားတွေနဲ့လည်း သက်ဆိုင်တယ်။
မှန်း ယေရှု သိတယ်။ အရေးကြီးတဲ့ သင်ခန်းစာကတော့ အမှုတော်မှာ ကျွန်တော်တို့ စိတ်နှလုံး အကြွင်းမဲ့ အတတ်နိုင်ဆုံး ပေးဆက်တာကို ယေဟောဝါ နှစ်သက်တယ် ဆိုတာပါပဲ။ (၂၀။ ဆင်းရဲတဲ့ မုဆိုးမ မှတ်တမ်းကနေ ရတဲ့ သင်ခန်းစာကို ဘယ်လို လက်တွေ့ကျင့်သုံးနိုင်သလဲ။ ဥပမာပေးပါ။
၂၀ ဆင်းရဲတဲ့ မုဆိုးမ မှတ်တမ်းကနေ ရတဲ့ သင်ခန်းစာကို ဘယ်လို လက်တွေ့ကျင့်သုံးနိုင်သလဲ။ ကိုယ့်လုပ်ဆောင်မှုတွေကို ယေဟောဝါ နှစ်သက်ရဲ့လားလို့ စိုးရိမ်နေသူ တစ်ယောက်ယောက်ကို သိသလား။ ဥပမာ၊ ကျန်းမာရေး မကောင်းလို့၊ ခွန်အား သိပ်မရှိလို့ အရင်ကလောက် အမှုဆောင်မှာ မပါဝင်နိုင်တဲ့အတွက် အပြစ်ရှိတယ်၊ အသုံးမကျဘူးလို့ ခံစားနေရတဲ့ သက်ကြီး ညီအစ်မ တစ်ယောက်ယောက်ကို သိသလား။ နာတာရှည် ရောဂါ ခံစားနေရလို့ အစည်းအဝေး မတက်နိုင်ဘဲ စိတ်ဓာတ်ကျနေတဲ့ ညီအစ်ကို တစ်ယောက်ယောက်ကို သိသလား။ “ကောင်းတဲ့စကားကိုပဲ အပြုသဘောပါပါ” ပြောခြင်းအားဖြင့် သူတို့ကို ကူညီပေးပါ။ (ဧ. ၄:၂၉) ဆင်းရဲတဲ့ မုဆိုးမ မှတ်တမ်းကနေ သိလာတာတွေအကြောင်း ပြောပြပါ။ အားပေးမှု ဖြစ်စေတဲ့ သင့်စကားတွေက မိမိတို့ရဲ့ အတတ်နိုင်ဆုံး ပေးဆက်မှုကို ယေဟောဝါ နှစ်သက်ကြောင်း စိတ်ချလာအောင် ကူညီပေးနိုင်တယ်။ (ပညာ. ၁၅:၂၃။ ၁ သက်. ၅:၁၁) ဘယ်လောက် သေးငယ်တာလေးပဲ ဖြစ်ပါစေ ယေဟောဝါကို အတတ်နိုင်ဆုံး ပေးဆက်နေတာတွေအတွက် ချီးမွမ်းပေးတာဟာ ယေရှုရဲ့ ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်ရာ ရောက်တယ်။
၂၁။ ဘာလုပ်ဖို့ သင် စိတ်ပိုင်းဖြတ်ထားသလဲ။
၂၁ ခရစ်ဝင်ကျမ်းတွေက ယေရှုရဲ့ ဘဝအသက်တာနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်တွေကို ဖော်ပြပေးလို့ ကျေးဇူးတင်စရာပါပဲ။ အဲဒီကျမ်းတွေကြောင့် ယေရှုကို ကျွန်တော်တို့ တုပနိုင်ပြီး ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်နိုင်တယ်။ ဒါကြောင့် ခရစ်ဝင်ကျမ်းတွေကို ကိုယ်ပိုင် ဖြစ်စေ၊ မိသားစု ဝတ်ပြုမှုမှာ ဖြစ်စေ လေ့လာဖို့ အစီအစဉ် ဆွဲပါ။ လေ့လာမှုကနေ အကျိုး အပြည့်အဝ ရဖို့ မှတ်တမ်းကို အသက်ဝင်စေပါ။ ဘဝမှာ လက်တွေ့ကျင့်သုံးပါ။ ယေရှု လုပ်ဆောင်တာကို တုပရုံသာမက ပြောတဲ့ စကားကို နားထောင်ဖို့လည်း လိုတယ်။ လူသားတစ်ယောက်အနေနဲ့ ယေရှု ပြောခဲ့တဲ့ နောက်ဆုံးစကားတွေကနေ ဘာသင်ယူနိုင်ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
သီချင်း ၁၅ ယေဟောဝါရဲ့ သားဦးကို ကြိုဆိုဂုဏ်ပြု
^ အပိုဒ်၊ 5 ခရစ်ယာန်စစ်တွေဟာ ယေရှုရဲ့ “ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်” ဖို့ လိုတယ်။ ကျွန်တော်တို့ လိုက်လျှောက်ဖို့ ဘယ် “ခြေရာ” ယေရှု ချန်ထားခဲ့သလဲ။ အဲဒီမေးခွန်းကို ဒီဆောင်းပါးမှာ ဖြေပေးပါမယ်။ ယေရှုရဲ့ ခြေရာကို ဘာကြောင့် လိုက်လျှောက်သင့်ကြောင်း၊ ဘယ်လို လိုက်လျှောက်နိုင်ကြောင်းကိုလည်း ဆွေးနွေးကြပါမယ်။
^ အပိုဒ်၊ 60 ပုံအညွှန်း– ဆင်းရဲတဲ့ မုဆိုးမနဲ့ပတ်သက်ပြီး ယေရှု ပြောခဲ့တာကို တွေးတောဆင်ခြင်ပြီးနောက် ညီအစ်မတစ်ယောက်ဟာ အမှုတော်မှာ စိတ်နှလုံး အကြွင်းမဲ့ ပါဝင်နေတဲ့ သက်ကြီး ညီအစ်မကို ချီးမွမ်းနေ။