သင် ဘယ်လိုထင်ပါသလဲ
ဘုရားရဲ့ မိတ်ဆွေဖြစ်အောင် ကျမ်းစာ ကူညီပေးနိုင်သလား
လူတချို့ယုံကြည်ရာ . . .
အပြစ်သားတွေဖြစ်တဲ့ လူတွေဟာ ဘုရားရဲ့မိတ်ဆွေ မဖြစ်နိုင်ဘူး။ တချို့ကျတော့ ဘုရားက လူတွေကို ဂရုမစိုက်ပါဘူးလို့ ပြောကြတယ်။ သင် ဘယ်လို ထင်ပါသလဲ။
ကျမ်းစာသွန်သင်ရာ
ဘုရားသခင်ဟာ “ရိုးဖြောင့်သူကိုတော့ ခင်မင်ရင်းနှီးတယ်။” (ပညာအလိမ္မာ ၃:၃၂) ဘုရားကို နာခံမယ်ဆိုရင် ဘုရားရဲ့မိတ်ဆွေ ဖြစ်နိုင်တယ်။
ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ
ဘုရားသခင်က ကျွန်တော်တို့နဲ့ မိတ်ဆွေဖြစ်ချင်တယ်။ —ယာကုပ် ၄:၈။
ကျွန်တော်တို့ရဲ့ မိတ်ဆွေ ဘုရားသခင်ဟာ ကျွန်တော်တို့ကို ကူညီဖို့၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။—ဆာလံ ၈၆:၅။
ဘုရားရဲ့မိတ်ဆွေတွေဟာ ဘုရားနှစ်သက်တာကို နှစ်သက်တယ်။ ဘုရားရွံမုန်းတာကို ရွံမုန်းတယ်။—ရောမ ၁၂:၉။