သမ္မာကျမ်းစာနဲ့ သင့်အနာဂတ်
ညအမှောင်မှာ သင် လမ်းလျှောက်နေတယ် ဆိုပါစို့။ မှောင်သည်ထက် မှောင်လာပေမဲ့ လမ်းပျောက်နေတယ်လို့ မခံစားရဘူး။ အားကောင်းတဲ့ ဓာတ်မီးတစ်လက် ရှိနေလို့ပဲ။ ခြေထောက်ရှေ့ ဓာတ်မီးထိုးကြည့်တဲ့အခါ သွားမယ့်လမ်းကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ရှေ့ခပ်လှမ်းလှမ်းကို ထိုးကြည့်လိုက်တော့ အဝေးကြီးကို အထင်းသားမြင်နေရတယ်။
ကျမ်းစာကလည်း ဓာတ်မီးလိုပါပဲ။ ရှေ့ဆောင်းပါးတွေမှာ ဆွေးနွေးခဲ့တဲ့အတိုင်း မရေရာမသေချာတဲ့ ဒီလောကမှာ နေ့စဉ်ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကျမ်းစာက ကူညီပေးနိုင်တယ်။ ဒါတင်မကသေးဘူး။ အနာဂတ်ကိုလည်း သိမြင်စေတယ်။ ထာဝစဉ် ပျော်ရွှင်ကျေနပ်မှု ရနိုင်တဲ့ လမ်းစဉ်ကို သိမြင်ပြီး လိုက်လျှောက်စေတယ်။ (ဆာလံ ၁၁၉:၁၀၅) ဘယ်လိုနည်းနဲ့လဲ။
ကျမ်းစာက အနာဂတ်မျှော်လင့်ချက် ရှိစေတဲ့ နည်းနှစ်နည်းကို သုံးသပ်ကြည့်ကြစို့။ ၁ ဘဝရည်ရွယ်ချက် ရှာတွေ့ဖို့ ကူညီပေးတယ်။ ၂ ဘုရားသခင်နဲ့ ထာဝရမိတ်ဆွေဖွဲ့နိုင်ပုံကို သင်ပေးတယ်။
၁ ဘဝရည်ရွယ်ချက်
ကျမ်းစာက ပြဿနာဖြေရှင်းနိုင်ဖို့ အကြံဉာဏ်ကောင်းတွေ ပေးနိုင်တယ်။ အကြံပေးလမ်းညွှန်စာအုပ်လောက်ပဲ မဟုတ်ဘူး။ ကိုယ့်ကိစ္စတွေကိုပဲ အာရုံစိုက်စေမယ့်အစား ပိုအရေးကြီးတာတွေကို အာရုံစိုက်တတ်ဖို့ သင်ပေးတယ်။ ဒါမှ အဓိပ္ပာယ်ရှိတဲ့ဘဝ ပိုင်ဆိုင်နိုင်မယ်။
ဥပမာ၊ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်” ဆိုတဲ့ ကျမ်းစာအကြံဉာဏ်ကို သုံးသပ်ကြည့်ပါ။ (တမန်တော် ၂၀:၃၅) လိုအပ်နေသူကို ကူညီပေးလိုက်ရတယ် ဒါမှမဟုတ် မိတ်ဆွေတစ်ယောက် ရင်ဖွင့်တာကို နားထောင်ပေးလိုက်တယ် ဆိုပါစို့။ တစ်ယောက်ယောက်ကို ကူညီပေးလိုက်ရလို့ ပျော်ရွှင်ကျေနပ်မိတယ် မဟုတ်လား။
ပြန်ရဖို့ မမျှော်လင့်ဘဲ ပေးကမ်းတဲ့အခါ သိပ်ပျော်တယ်။ “ပြန်ရဖို့ မျှော်လင့်ချက်မထားဘဲ ပေးကမ်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး” လို့ စာရေးဆရာတစ်ဦး ပြောဖူးတယ်။ ဒါပေမဲ့ ကျေးဇူးမတုံ့ပြန်နိုင်သူကို ကူညီပေးမယ်ဆိုရင် အကျိုးရကိုရတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ပညာအလိမ္မာ ၁၉:၁၇) ဆင်းရဲသားတွေကို ကူညီပေးတာကို ဘုရား သိပ်တန်ဖိုးထားတယ်။ သာယာလှပတဲ့ ကမ္ဘာပေါ်မှာ ထာဝရအသက် ဆုချမယ်လို့ ကတိပြုထားတယ်။ သိပ်ကောင်းတဲ့ မျှော်လင့်ချက်ပါပဲ။—ဆာလံ ၃၇:၂၉။ လုကာ ၁၄:၁၂-၁၄။ *
ဘုရားနဲ့အတူ လုပ်ဆောင်နေကြတာ။ ဘုရားက အဲဒီလိုကူညီပေးတာကို သူ့ကို ချေးငှားတယ်လို့ သဘောထားတယ်။ (စစ်မှန်တဲ့ဘုရား ယေဟောဝါကို ဝတ်ပြုမယ်ဆိုရင် ဘဝရည်ရွယ်ချက် ရှာတွေ့နိုင်တဲ့အကြောင်း ကျမ်းစာ သွန်သင်တယ်။ ဘုရားသခင်ကို ချီးမွမ်းဖို့၊ ဂုဏ်တင်ဖို့၊ နာခံဖို့လည်း အားပေးတယ်။ (ဒေသနာ ၁၂:၁၃။ ဗျာဒိတ် ၄:၁၁) ဒီလိုလုပ်မယ်ဆိုရင် ဘုရားကိုတောင် အကျိုးသက်ရောက်မှု ရှိနိုင်တယ်။ ဘုရားကိုယ်တိုင်က “ဉာဏ်ပညာရှိပါ။ ငါ့စိတ်ကို ရွှင်လန်းစေပါ” လို့ တိုက်တွန်းထားတယ်။ (ပညာအလိမ္မာ ၂၇:၁၁) ကျမ်းစာအကြံဉာဏ်တွေအတိုင်း ဆုံးဖြတ်ချက်ချမယ်ဆိုရင် ဘုရားရဲ့ စိတ်ကို ရွှင်လန်းစေနိုင်တယ်။ ဘုရားက ကျွန်တော်တို့ကို ဂရုစိုက်တယ်။ လမ်းညွှန်ချက်တွေကို လိုက်နာပြီး အကျိုးခံစားစေချင်တယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) စကြဝဠာပိုင်ရှင် ဘုရားသခင်ကို ဝတ်ပြုပြီး သူ့စိတ်ကို ရွှင်လန်းစေတဲ့နည်းနဲ့ အသက်ရှင်ရတာထက် ပိုအဓိပ္ပာယ်ရှိတဲ့ဘဝမျိုး ရှိနိုင်ဦးမလား။
၂ ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်ခြင်း
ဘုရားသခင်နဲ့ မိတ်ဆွေဖွဲ့ဖို့လည်း ကျမ်းစာက သင်ပေးတယ်။ “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်” လို့ ကျမ်းစာပြောတယ်။ (ယာကုပ် ၄:၈) အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ မိတ်ဆွေဖွဲ့ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုပြီး သင် တွေးမိမှာပဲ။ ကျမ်းစာက ‘ဘုရားသခင်ကို ရှာမယ်ဆိုရင် တကယ်ပဲ တွေ့နိုင်မယ်၊’ “ဘုရားသခင်ဟာ ကျွန်တော်တို့ တစ်ယောက်နဲ့မှ မဝေးပါဘူး” လို့ အာမခံထားတယ်။ (တမန်တော် ၁၇:၂၇) ဘုရားရဲ့မိတ်ဆွေဖြစ်ပါဆိုတဲ့ ကျမ်းစာအကြံပြုချက်ဟာ အနာဂတ်အတွက် အလွန်လက်တွေ့ကျတယ်။ ဘယ်နည်းနဲ့လဲ။
ကျွန်တော်တို့ ဘယ်လိုပဲ ကြိုးစားပါစေ၊ အကြီးမားဆုံးရန်သူ သေခြင်းရဲ့လက်ကနေ ဘယ်သူမှ မလွတ်နိုင်ဘူး။ (၁ ကောရိန္သု ၁၅:၂၆) ဘုရားသခင်ကတော့ ထာဝစဉ်အသက်ရှင်တယ်။ သူ့မိတ်ဆွေတွေကိုလည်း ထာဝစဉ် အသက်ရှင်စေချင်တယ်။ ယေဟောဝါကို ရှာတဲ့သူတွေ “ဘဝကို ထာဝစဉ် ပျော်မွေ့နိုင်ကြပါစေ” လို့ ကျမ်းစာ ပြောတယ်။ ဒါဟာ ယေဟောဝါရဲ့ ဆန္ဒပဲ။—ဆာလံ ၂၂:၂၆။
ဘုရားသခင်နဲ့ ထာဝရမိတ်ဆွေဖြစ်အောင် ဘယ်လိုလုပ်နိုင်သလဲ။ ကျမ်းစာဖတ်ပြီး ဘုရားသခင်အကြောင်း လေ့လာပါ။ (ယောဟန် ၁၇:၃။ ၂ တိမောသေ ၃:၁၆) ကျမ်းစာနားလည်အောင် ဘုရားဆီ အကူအညီတောင်းပါ။ ဉာဏ်ပညာရဖို့ “ဘုရားသခင်ဆီ တောင်းမြဲတောင်း” မယ်ဆိုရင် ဉာဏ်ပညာပေးမယ်လို့ ကျမ်းစာ အာမခံတယ်။ * (ယာကုပ် ၁:၅) သိရှိလာတာတွေကို လက်တွေ့ကျင့်သုံးပါ၊ ကျမ်းစာကို သင့်ရဲ့ “ခြေကို လမ်းပြတဲ့ မီးခွက်၊” “လမ်းခရီးကို လင်းစေတဲ့ အလင်း” အမြဲ ဖြစ်စေပါ။—ဆာလံ ၁၁၉:၁၀၅။
^ စာပိုဒ်၊ 8 သာယာလှပတဲ့ ကမ္ဘာပေါ်မှာ ထာဝစဉ်အသက်ရှင်စေမယ်ဆိုတဲ့ ဘုရားရဲ့ ကတိအကြောင်း ပိုသိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာသွန်သင်ရာများ စာအုပ် အခန်း ၃ ကို ကြည့်ပါ။
^ စာပိုဒ်၊ 13 ယေဟောဝါသက်သေတွေဟာ ကျမ်းစာနားလည်ဖို့ အခမဲ့ သင်ပေးတယ်။ အဲဒီအစီအစဉ်အကြောင်း သိချင်ရင် www.pr418.com/mya မှာပါတဲ့ ကျမ်းစာလေ့လာမှုကို ဘယ်လိုလုပ်ကြသလဲ ဗီဒီယိုကို ကြည့်ပါ။ (စာအုပ်စာပေများ > ဗီဒီယိုများ ခေါင်းစဉ်အောက်မှာ ကြည့်ပါ။)
ထာဝစဉ်အသက်ရှင်တဲ့ ဘုရားဟာ သူ့မိတ်ဆွေတွေကိုလည်း ထာဝစဉ် အသက်ရှင်စေချင်တယ်