မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကို ဘုရား ဂရုစိုက်

သင့်ကို ဘုရား ဂရုစိုက်

ကျမ်းစာဟာ ဘုရားဆီက လာတာ ဖြစ်လို့ အကောင်းဆုံး အကြံဉာဏ်တွေ ပါတယ်။ ကျန်းမာရေး လက်စွဲစာစောင် မဟုတ်ပေမဲ့ စိတ်ဖိစီးစရာ အခြေအနေတွေ၊ ကယောက်ကယက် ဖြစ်နေတဲ့ အတွေးတွေ၊ စိတ်ဒဏ်ရာတွေ၊ အတိတ်ဆိုးကြောင့် စိတ်နဲ့ ခန္ဓာ မကျန်းမာတာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ လက်တွေ့ကျ အကြံဉာဏ်တွေ ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ရဲ့ အတွေး၊ ခံစားချက်တွေကို ဘယ်သူ့ထက်မဆို ယေဟောဝါဘုရား a နားလည်တယ်၊ ကြုံတွေ့နေရတဲ့ ဘယ်ပြဿနာကိုမဆို ကူညီဖြေရှင်းပေးချင်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းပိုဒ် နှစ်ပိုဒ်ကို သုံးသပ်ကြည့်ပါ။

“ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်။”—ဆာလံ ၃၄:၁၈

“မင်းရဲ့ဘုရား ယေဟောဝါဟာ မင်းရဲ့ ညာလက်ကို ဆုပ်ကိုင်ပြီး ‘မကြောက်နဲ့။ ငါ ကူညီမယ်’ လို့ ပြောတဲ့အရှင်ပဲ။”—ဟေရှာယ ၄၁:၁၃

စိတ်ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းဖို့ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ၊ ကျွန်တော်တို့ကို အမှန်တကယ် ဂရုစိုက်ကြောင်း နည်းအမျိုးမျိုးနဲ့ ဘယ်လို ဖော်ပြသလဲဆိုတာ နောက်ဆောင်းပါးတွေမှာ သိရပါမယ်။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်ပါတယ်။—ဆာလံ ၈၃:၁၈