မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ သွန်သင်ရာ

သမ္မာကျမ်းစာ သွန်သင်ရာ

နတ်ဆိုးဆိုတာ ဘာလဲ၊ ဘယ်သူလဲ

သင် ဘယ်လိုထင်သလဲ နတ်ဆိုးဆိုတာ . . .

  • နာမ်ဝိညာဉ်သားလား

  • လူ့ခန္ဓာကိုယ်ထဲက ဉာဉ်ဆိုးလား

  • လူတွေ စိတ်ကူးယဉ်ဖန်တီးထားတာလား

သမ္မာကျမ်းစာ သွန်သင်ရာ

နတ်ဆိုးက ယေရှုနဲ့စကားပြောပြီး ကိုယ်တော့်ကို “သွေးဆောင်” ခဲ့တယ်။ (မဿဲ ၄:၁-၄) ဒါကြောင့် နတ်ဆိုးဟာ စိတ်ကူးယဉ်ဖန်တီးထားရာ၊ လူ့ကိုယ်ထဲက ဉာဉ်ဆိုးမဟုတ်ဘဲ ဆိုးညစ်တဲ့နာမ်ဝိညာဉ်သားတစ်ဦး ဖြစ်တယ်။

ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ

  • နတ်ဆိုးဟာ အရင်တုန်းက သန့်ရှင်းတဲ့ကောင်းကင်တမန် ဖြစ်ခဲ့ဖူးပေမဲ့ “အမှန်တရား၌ မတည်မနေ” ခဲ့ဘူး။ (ယောဟန် ၈:၄၄) သူဟာ မုသာကောင်ဖြစ်လာပြီး ဘုရားသခင်ကို ပုန်ကန်ခဲ့တယ်။

  • နတ်ဆိုးစာတန်ပုန်ကန်မှုမှာ တခြားကောင်းကင်တမန်တွေလည်း ပါဝင်ခဲ့တယ်။—ဗျာဒိတ် ၁၂:၉

  • နတ်ဆိုးက သူရှိမှန်း လူတွေမသိအောင် လှည့်စားထားတယ်။ —၂ ကောရိန္သု ၄:၄

နတ်ဆိုးက လူတွေကို ထိန်းချုပ်နိုင်လား

လူတချို့ပြောဆိုရာ နတ်ဆိုး ထိန်းချုပ်ထားတယ်ဆိုတာဟာ လှည့်ကွက်တစ်ခုပဲလို့ ယုံသူတွေရှိသလို နတ်ဆိုး ထိန်းချုပ်ဒုက္ခပေးမှာကို ထိတ်လန့်ကြောက်ရွံ့နေသူတွေလည်း ရှိတယ်။ သင်ကော ဘယ်လိုထင်ပါသလဲ။

သမ္မာကျမ်းစာ သွန်သင်ရာ

“တစ်လောကလုံးသည် ဆိုးညစ်သူ၏ဩဇာအောက်တွင် ရှိနေ” တယ်။ (၁ ယောဟန် ၅:၁၉) နတ်ဆိုးဟာ လူသားထုတစ်ရပ်လုံးအပေါ် အကြီးအကျယ်သြဇာလွှမ်းမိုးနိုင်ပေမဲ့ လူတိုင်းကိုတော့ မထိန်းချုပ်နိုင်ဘူး။

ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ

  • လူသားတွေကို ပိုပြီးသြဇာလွှမ်းမိုးဖို့ နတ်ဆိုးက လိမ်ညာလှည့်စားတယ်။—၂ ကောရိန္သု ၁၁:၁၄

  • တချို့ကိစ္စတွေမှာ နတ်ဆိုးတွေက လူတွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်။—မဿဲ ၁၂:၂၂

  • ဘုရားသခင့်အကူအညီနဲ့ “မာရ်နတ်ကို” သင် အောင်မြင်စွာ “ခုခံတွန်းလှန်” နိုင်ပါတယ်။—ယာကုပ် ၄:၇